Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, February 26, 2013

ဒါဖတ်ပြီးမှ မန္တလေးမှာ ကားရပ်ပါ

Sa Maung shared Zaw Mintun Zawmintun's photo.
ဒါဖတ်ပြီးမှ မန္တလေးမှာ ကားရပ်ပါ 
..............................................
မန္တလေးသည်  နိုင်ငံတကာ မြို့ကြီးများနှင့် တဖြည်းဖြည်း တူစပြုလာသည်။ အထူးသဖြင့် ယာဉ်စည်းကမ်း တင်းကျပ်စွာ ကိုင်တွယ်သည့်နေရာတွင် တူစပြုလာသည်။

ရန်ကုန် - မန္တလေး အဝေးပြေး လမ်းမကြီး တလျှောက် အပါအ၀င်  တားမြစ်ထားသော နေရာတို့တွင် ရပ်နားမည့်ကားကို အဝေးသို့ ဆွဲသွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနမှူး ဒေါ်ခင်မေဌေးက ပြောသည်။
“ယာဉ်မရပ်ရ သတ်မှတ်ထားတဲ့ ဖြူနီကြားမှာ ရပ်တဲ့ယာဉ်တွေ၊ နှစ်ထပ်ရပ်ထားတဲ့ ယာဉ်တွေနဲ့ အလျားလိုက် ရပ်ထားတဲ့ယာဉ်တွေကြောင့် မန္တလေးမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ များနေပါပြီ။ အဲဒီစည်းကမ်းပျက် ယာဉ်တွေကို မော်တော်ယာဉ် ဆွဲကားများနဲ့ ဆွဲပြီး အရေးယူဆောင်ရွက်ဖို့ လုပ်နေပါပြီ”  ဟု ၄င်းက ပြောသည်။

ဌာနဆိုင်ရာယာဉ်များ၊  နာရေးယာဉ်များကိုလည်း စည်းကမ်းဖောက်ဖျက်ပါက အရေးယူမည်ဖြစ်ကြောင်း ၄င်းက ပြောသေးသည်။

မော်တော်ယာဉ်ဆွဲကားများမှာ ယာဉ်တစီး တန်ဖိုးငွေကျပ် သိန်း ၉၀၀ နီးပါး ရှိကြောင်း၊ တရုတ်နိုင်ငံမှ ထုတ်လုပ်ခြင်း ဖြစ်ပြီး  မန္တလေးအတွက်  ယာဉ်နှစ်စီးခန့်ကို မှာယူထားကြောင်း သိရသည်။

တားမြစ်သည့်နေရာတွင် ရပ်ထားသည့်ကားကို စည်ပင်က ဆွဲသွားလျှင် ယာဉ်ကြောပိတ်ဆို့မှု ပြေလည်မည်ဖြစ်သည်။

ယာဉ်မောင်းသူ/ကားပိုင်ရှင်က  ဒဏ်ကြေးငွေ ပေးဆောင်ပြီးမှ  အဆွဲခံရသည့်ကား ပြန်လည် ရယူနိုင်ဖွယ်ရှိသည်။

ဒဏ်ကြေးသတ်မှတ်ချက်အား အတည်ပြုနိုင်ရန် ဆောင်ရွက်ဆဲ ဖြစ်ကြောင်းလည်း သိရသည်။

စစ်ဆေးမယ်၊ ဖမ်းဆီးမယ်
မန္တလေးမြို့တွင် ပြီးခဲ့သည့်လ ဒုတိယပတ်စတင်ပြီး ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်းများကို ယခင်ကထက် ပိုမိုတင်းကြပ်စွာ ဆောင်ရွက်လျက် ရှိနေကြောင်း သိရသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့များသည် မြို့၏ အဓိက နေရာများနှင့် မီးပွိုင့်များတွင်  ယာဉ်လိုင်စင် စစ်ဆေးခြင်း၊ ဆိုင်ကယ်ဦးထုပ်  မဆောင်းသူများကို ဖမ်းဆီးခြင်း၊ ဆိုင်ကယ်နှစ်ယောက်ထက် ပိုစီးပါက ဖမ်းဆီးခြင်းများကို အစဉ်တစိုက် ပြုလုပ်လျက် ရှိသည်။

ယာဉ်ကြောရှုပ်ထွေးမှုများတွက် ရန်ကုန်နှင့် မန္တလေး အဝေးပြေးလမ်းမကြီး (သိပံ္ပလမ်းဆုံမှ ကျွဲဆည်ကန်ကားကြီးကွင်းထိ) ဆိုင်ကယ်နှင့် စက်ဘီးလမ်း သီးသန့် ဖောက်လုပ်ထားပြီး ဖြစ်သည်။

ဒစ်ဂျစ်တယ်ပွိုင့်

ဒစ်ဂျစ်တယ်ခေတ်တွင်  မီးပွိုင့်တချို့လည်း ဒစ်ဂျစ်တယ် ဖြစ်လာသဖြင့် မီးပွိုင့် "ဘယ်တော့စိမ်းမှာလဲ၊ ဘယ်တော့နီသွားမလဲ" ဟူသော သတင်းအချက်အလက်ကို အလွယ်တကူ သိရသဖြင့် ယာဉ်မောင်းတို့အတွက် အဆင်ပြေစေသည်။

မန္တလေးမြို့၏ အဓိက နေရာနှစ်နေရာတွင်လည်း ဒစ်ဂျစ်တယ်စနစ် အဆင့်မြင့်မီးပွိုင့် နှစ်စုံ တပ်ဆင်ထားသည်။

ရန်ကုန် - မန္တလေး လမ်းနှင့် စစ်ကိုင်းလမ်းဆုံတွင် တစုံ၊  ကျုံးအရှေ့ဘက်ထောင့် ၂၆လမ်း၊ ၆၆လမ်း ဆီဒိုးနားဟိုတယ်ထောင့်တွင် တစုံ ယခင်က အစပြု အသုံးပြုနေပြီ ဖြစ်သည်။

 မျက်နှာစာလေးခု ပြုလုပ်ပေးထားပြီး မီးဝါ၊ မီးနီ၊ မီးစိမ်းတို့၏ အချက်ပြကြာချိန်ကို LED မီးများနှင့် ဖော်ပြထားသည်။
ဒစ်ဂျစ်တယ်မီးပွိုင့် (Traffic Guidance ) တစုံလျှင် ကျပ်သိန်း ၃၁၅သိန်း ကုန်ကျကြောင်း သိရသည်။

စည်းကမ်း နဲ့ လိုက်နာမှု
မန္တလေးမြို့တွင်းရှိ လမ်းများ၏ ဘယ်ဘက်တလမ်းကို ဆိုင်ကယ်မမောင်းရ လမ်းအဖြစ် သတ်မှတ်ထားပြီး သတိပေး ပိုစတာများကို လမ်းမကြီးပေါ်တွင် ရေးသားကာ
 တားဆီးထားသေးသည်။ သို့သော်လည်း ဆိုင်ကယ်မောင်းနှင်သည့် မန္တလေးဒေသခံများမှာ လိုက်နာမှု အားနည်းနေသေးကြောင်း သိရသည်။ - See more at: http://blog.irrawaddy.org/2013/02/blog-post_1304.html#sthash.PJGeNyA1.dpuf
မန္တလေးတွင် ဆိုင်ကယ်မောင်းနှင်မှု ကန့်သတ်ထားသည့် ယာဉ်ကြောများ ရှိသည် (ဓာတ်ပုံ - မန်းသားလေး)

မန္တလေးတိုင်းဒေသကြီး  ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီ၏ ဦးဆောင်မှုဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ ၂၀၁၂ခုနှစ်ဇန်န၀ါရီလမှ ဒီဇင်ဘာလအထိ
စည်းကမ်းပျက် မော်တော်ယာဉ် ၇၀၄စီးအား အမှုပေါင်း ၁,၂၀၀ ဖြင့်လည်ကောင်း၊ စည်ပင်ဥပဒေပုဒ်မ ၂၆အရ မော်တော်ယာဉ် ၄,၇၉၃ စီးကိုလည်း တရားစွဲဆို အရေးယူခဲ့ပြီး ဖြစ်ကြောင်း
တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့မှ ထုတ်ပြန်သည့် သတင်းများအရ သိရသည်။

လက်ရှိ မန္တလေးတွင် ယာဉ်ကြောရှုပ်ထွေးမှုများပြားလျှက် ရှိနေပြီး ယာဉ်တိုက်မှုများလည်း တိုးလျက်ရှိသည်။

ပြီးခဲ့သည့် တနှစ်လုံး ဆိုင်ကယ်ပါသော ယာဉ်တိုက်မှု ၃၃၇မှုတွင် သေဆုံးသူ ၁၂၀၊ ဒဏ်ရာရရှိသူ ၃၈၅ ဦးရှိသည်။
ဒီဇင်ဘာ တလထဲတွင် ဆိုင်ကယ်ပါယာဉ်တိုက်မှု ၂၅မှုတွင် သေဆုံးသူ ၁၂ဦး ၊ ဒဏ်ရာရရှိသူ ၂၆ဦးထိ ရှိလာကြောင်း သိရသည်။

ယာဉ်အရေအတွက် တိုးပွားလာမှု နှင့် ဂျပန်အကူအညီ
ပြီးခဲ့သည့်နှစ် ဇွန်လ ၅ရက်နေ့ နိုဝင်ဘာလ ၄ရက်နေ့အထိ လိုင်စင်မဲ့ဆိုင်ကယ် အစီးရေ ၂၄၈,၀၆၀  ယာဉ်မှတ်ပုံတင် ပြုလုပ်ပေးခဲ့ပြီး ဖြစ်သည်။
အရစ်ကျစနစ်ဖြင့် ကားဝယ်လာနိုင်သည့်စနစ် တွင်ကျယ်နေသော  မန္တလေးတွင် မော်တော်ယာဉ် အရေအတွက် တိုးပွားလာသည်နှင့်အမျှ ယာဉ်ကြောများ ပိုမို ရှုပ်ထွေးလာသည်။

လမ်းကြောရှုပ်ထွေးမှုနှင့် ပတ်သက်ပြီး လမ်းတံတားဦးစီးဌာနမှူး ဒေါ်ခင်မေဌေးက

“မန္တလေးမှာ လမ်းကြောရှုပ်ထွေးတာတွေကို ဌာနပေါင်းစုံနဲ့ ပူးပေါင်းပြီး ကျွန်မတို့ လုပ်ဆောင်နေပါတယ်။
လိုင်းကားတွေဆိုလည်း မရပ်ရနေရာတွေ သတ်မှတ်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီက စောင့်ကြည့်ဆောင်ရွက်နေတာတွေ ရှိပါတယ်။
ဂျပန်နိုင်ငံကနေ လမ်းပိုင်းဆိုင်ရာကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး နည်းပညာပိုင်းဆိုင်ရာများ ပေးလျှင် ပေးခြင်း အကောင်ထည်ဖော် ဆောင်ရွက်သွားမှာပါ”
 ဟု ပြောကြားခဲ့သည်။

မန္တလေးမြို့ ခရိုင်(၇)မြို့နယ်အတွင်း ကားစီးရေ ၇၀,၀၀၀ ကျော် ရှိပြီး ဆိုင်ကယ်စီးရေ ၄,၀၀၀,၀၀၀ ကျော် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး  ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီးဌာနမှ တဆင့် သိရသည်။
မန်းသားလေး ~
- See more at: http://blog.irrawaddy.org/2013/02/blog-post_1304.html#sthash.PJGeNyA1.dpuf
The Irrawaddy (Burmese Version)

 မန္တလေးသည် နိုင်ငံတကာ မြို့ကြီးများနှင့် တဖြည်းဖြည်း တူစပြုလာသည်။ အထူးသဖြင့် ယာဉ်...စည်းကမ်း တင်းကျပ်စွာ ကိုင်တွယ်သည့်နေရာတွင် တူစပြုလာသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။