Nay Ko Ko and KhingKhing Su shared Royal Hero Media's photo.
ညီမလေးရေ.....
လူတွေနဲ့နေမှတော့ လူတွေနဲ့ သင့်မြတ်ဖို့ လိုအပ်ပါတယ်။ စည်းလုံးဖို့ လိုအပ် တယ်။ တစ်ယောက်နဲ့ တစ်ယောက် ဖေးမဖို့လိုတယ်။ တစ်ယောက် အခက် အခဲကို တစ်ယောက်က အကူအညီ မတောင်းဘဲ ကူညီဖို့ အဆင်သင့်ဖြစ် နေရမယ်။
သူတစ်ပါးကို ကူညီဖို့အမြဲ အသင့်ဖြစ်နေတဲ့လူပာာ သာမန်လူထက် ပိုပြီး မြင့်မြတ်ပါတယ်။ ဒီလိုလူတွေ မြန်မာပြည်မှာ အများကြီးရှိပါတယ်။ သိပ်ပြီး လေးစား အားကျဖို့ကောင်းပါတယ်။
သူတစ်ပါးကို ကူညီတယ်ဆိုတာ ငွေမရှိလည်းရပါတယ် ညီမလေးရယ်။ တတ်နိုင်တဲ့နည်းလမ်းနဲ့ ဘက်ပေါင်းစုံက ကူညီလို့ရပါတယ်။ ဒုက္ခိတဖြစ်နေတဲ့ သူတောင်းစားတစ်ယောက်ကို ငွေလေးတစ်ရာလောက် လှူလိုက်တာ ပာာလည်း ကူညီတာပါပဲ။
တစ်ချို့လူတွေပာာ စိတ်ထားအင်မတန် အောက်တန်းကျတယ်။ လဖက်ရည်ဆိုင်မှာ သူငယ်ချင်း ငါးယောက်လောက်ကို တကာခံ
ပြီး ကျွေးဖို့တော့ငွေရှိတယ်။ ငွေငါးဆယ်လောက် လာတောင်းတဲ့ အဘွားအိုကျတော့ ကန်တော့ ပါသေးတယ်လို့ ပြောရက်တယ်။ အဲ့လို စိတ်ထားမျိုးကို ဘယ်တော့မှ မမွေးမိဖို့ အစ်ကို အထူး သတိပေးချင်တယ်။
တစ်ချို့ကတော့ တစ်နေ့ကိုငွေသိန်းဂဏန်းလောက် ဖြုန်းနေပြီး ကုသိုလ်ပြုဖို့ တော့ ရက်ရွေးနေတဲ့လူတွေလည်း ရှိတယ်။အပောာင်းစားတွေပေါ့ ညီမလေးရယ်။ အဲလိုလည်း စေတနာ မမွဲရဘူး။
သက်ကြီးရွယ်အိုတစ်ယောက် လမ်းဖြတ်ကူးဖို့ ကူညီလိုက်တာလည်း ကုသိုလ်ပါပဲ။ စာလောင် နေတဲ့လူကို မုန့်လေးတစ်ခု ငှက်ပျောသီးလေး တစ်လုံး ကျွေးလိုက်တာလည်း ကုသိုလ်ပါပဲ။ ညီမလေးပာာ တစ်သက်လုံး ပရပိာတ စိတ်ဓာတ်ကို မွေးမြူထားပါလို့ တောင်းဆိုပါရစေ။
နောက်တစ်ချက်က အချင်းချင်း သင့်မြတ်ဖို့ပါ။ ကိုယ့်ထက်သာ မနာလို ဆိုတဲ့ စိတ်ကို မမွေးရဘူး။ အင်မတန် အောက်တန်းကျတယ်။ အားလုံးကို နားလည် ပေးတတ်အောင် လေ့ကျင့်ယူပါ။
အစ်ကိုက ညီမလေးကို ပစ္စည်းတစ်ခု ပေးမယ်။ အဲ့ဒီပစ္စည်းကို ညီမလေးက လက်မခံရင် ပိုင်ရှင်ပာာ ဘယ်သူဖြစ်မလဲ။ ဘယ်သူ့ပစ္စည်း ဖြစ်မလဲ။ အစ်ကို့ ပစ္စည်းပဲပေါ့။
ဒီလိုပဲ တစ်ဖက်လူက ကိုယ့်ကို နာကျည်းမုန်းတီးနေလို့ သူ့အမုန်းကို လက်မခံ
ဘဲ နားလည်ပေးပြီး မေတ္တာ ထားလိုက်ရင် သူ့ရဲ့ အ ကုသိုလ်ပာာ သူ့ဆီပဲ ပြန်ရောက်တယ်ညီမလေး။ သူ့အမုန်းပာာ ကိုယ့်အပေါ် မရိုက်ခတ်နိုင်ဘူး။
ဘယ်သူ့ကိုပဲဖြစ်ဖြစ် မေတ္တာထားပါ။ ကူညီပါ။ ဖေးမပါ။ တစ်လောကလုံးပာာ ကိုယ့်မိတ်ဆွေတွေလို့ သဘောထားပါလို့ အစ်ကို တောင်းဆိုပါတယ်။ နောက်မှ ဆက်ပြောပါ့မယ်။
အားလုံးကို ခင်မင်လေးစားလျက်
ပြည်ငြိမ်း

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။