Shwe Eaim Si
မွန်ဘာသာမှာ ယောကျာ်းလေးရဲ့နာမည်ရှေ့က ‘မ’တပ်ခေါ်ပြီး မြန်မာလို ‘မောင်’ဆိုတဲ့ အသုံးနဲ့တူတယ်လို့ ဖတ်ရှုရပါတယ်။ မဂဒူးဆိုတော့ မောင်ဂဒူး။ ဂဒူးဆိုတာက ခမောက်ရှည်တဲ့။ ငယ်ငယ်တုန်းက မိဘတွေ ကောက်စိုက်နေချိန်မှာ သူ့ကို ဂဒူးခမောင်ရှည် တစ်ခုထဲထည့်၊ နောက်တစ်ခုနဲ့ အုပ်ထားရတာ အစွဲပြုပြီး ဂဒူး … မဂဒူးလို့ မိဘများက အမည်ပေးလိုက်ကြတယ်လို့ ဆိုပါတယ်။
မဂဒူးဟာ အညတြ လယ်သမားဆင်းရဲသာ...း မိဘတို့က ဖွားမြင်တဲ့ တကော့ဝန်းဇာတိသားပါ။ ဒါပေမဲ့ သူဟာမွန်ရာဇ၀င်မှာ ကြီးစွာသော မှတ်တိုင်ဖြစ်တဲ့ ၀ါရီရူးမင်းဆက်ကို စတင်တည်ထောင်နိုင်ခဲ့သူ ဖြစ်လာပါတယ်။ ‘မဇ၊ မုန်ဇုန်၊ မပ်ဇပ်’ဆိုတဲ့ စကားသုံးခွန်းဟာလည်း အမှတ်တရ စကားသုံးခွန်းလို့ ဆိုနိုင်ပါတယ်။
မဂဒူးရဲ့ ဘ၀ဖြစ်စဉ်က စိတ်ဝင်စားစရာပါ။ သူ့ဖခင်ဟာ လယ်ယာအလုပ်ကနေ သောက္ကတဲမြို့ကို အထမ်းသမားများ ငှားပြီး ရောင်းဝယ်ဖောက်ကားတဲ့ ကုန်သည်အလုပ်ပါပဲ။ မင်္ဂဒူလည်း ကြီးလာတော့ ကုန်သည်အလုပ်ကို ဆက်ခံပါတယ်။ တစ်ခေါက်မှာတော့ အထမ်းသမား နာဖျားလို့ မဂဒူးက ၀င်ထမ်းရင်း မိုးကြီးလေကြီးကျ။ သူ့ ပခုံးထက်က တံပိုး မိုးကြိုးပစ်ခံရ၊ သတိရလို့ ကြည့်လိုက်တော့ တောင်ထိပ်မှာ ရွှေပြာသာဒ်ပုံတစ်ခု လျှပ်စီးအလယ်မှာ မြင်လိုက်ရနဲ့၊ နိမိတ်ထူးများ ကြုံခဲ့ပါသတဲ့။ ရွာကြီးတစ်ရွာရောက်တော့ နိမိတ်ဖတ် ဆရာတစ်ယောက်ဆီ သွားမေးရာ ဟိုက ညွှန်ကြားလိုက်တဲ့အတိုင်း သောက္ကတဲမင်းရဲ့ ဆင်ကဲထံ ၀င်အလုပ်လုပ်ပါတယ်။ ကုန်သည်အလုပ်ကို စွန့်လိုက်ပါတယ်။ ဆင်ကျုံး အလုပ်ကြမ်းတွေကို ကြိုးစားလုပ်ရင်းနဲ့ ကြံရည်ဖန်ရည် ကိုယ်ရည်ကိုယ်သွေးထက်တဲ့ မဂဒူးကို ပြည့်ရှင်မင်းက မျက်စိကျပြီး ဆင်တင်းကုပ်ကနေ စားတော်ကဲထံ ရောက်ပါတယ်။ နောက် ၀င်မှူးအဖြစ်ပါ တိုးမြှင့် သူကောင်းပြုခြင်းခံရပါတယ်။ သောက္ကတဲမင်းက မဂဒူးကို သိပ်သဘောကျတယ်လို့ ဆိုတယ်။
ဝင်းမှူးရာထူးနဲ့ ဘုရင့်ထံ ခစားရင်း မဂဒူးဟာ သမီးတော် မေနှင်းတွယ်တာနဲ့ ချစ်ကြိုးသွယ်မိကြပါရော။ နောက်တော့ သမီးတော်ကို ဆင်နဲ့တင်ပြီး ဇာတိ တကော့ဝန်းကို ပြေးပါတယ်။ ဘုရင့်သမီးတော်ကို အရယူလာခဲ့တဲ့ မဂဒူးထံကို အရင် သူ့တပည့်အထမ်းသမားတွေက ကျွန်ခံလာကြပါတယ်။ သူကလည်း တကော့ဝန်းကို မြို့တည်လိုက်ပါတယ်။ နောင် ရာဇာဓိရာဇ်အရေးတော်ပုံမှာ သမိုင်းဝင်လာမယ့် ဒုန်ဝန်းမြို့သစ်ပါပဲ။
မဂဒူးဟာ ပိုအမြင်ကျယ်လာပြီး ထီးနန်းအထိ ရည်ရွယ်ချက်ထားလာပါပြီ။ မုတ္တမစား အလိမ္မာမင်းက မဂဒူးရဲ့နှမ ‘နှင်းဥရိုင်’ကို သဘောကျ စွဲလမ်းသွားပါတယ်။ မဂဒူးကလည်း နှမကို အလိမ္မာမင်းထံ ပို့ခဲ့ချိန်မှာ မဂဒုးဟာ မုတ္တမ ငါ့လက်ထဲရောက်ရမယ်လို့ အကြံရှိနေပါပြီ။
အလိမ္မာမင်းနဲ့နှင်းဥရိုင်တို့ မင်္ဂလာပွဲကို တောင်လွဲသောင်ပြင်မှာ ကျင်းပဖို့ ချိန်းဆိုစီစဉ်ကြတယ်။ မဂဒူးအကြံရှိသလို အလိမ္မာမင်းကလည်း အကြံနဲ့လေ။ မဂဒူးကို သူမယုံပါဘူး။ သောက္ကတဲမင်းထံမှာလည်း သမီးတော်နဲ့ဘဏ္ဍာတွေကို ခိုးပြေးလာတဲ့ မဂဒူးဟာ နှမပေးရာမှာလည်း စေတနာ ရိုးရိုးနဲ့မဟုတ်ဘူး။ ဒီတော့ နှင်းဥရိုင်ကိုလည်းငါရ၊ မဂဒူးကိုလည်း ရှင်းပစ်မယ်ဆိုပြီး အလိမ္မာမင်းက စီစဉ်ထားပါသတဲ့။
စီစဉ်ပုံက သောင်ပြင်မင်္ဂလာပွဲည၊ မဏ္ဍပ်ကြီးမှာ ကခုန်သောက်စား မူးယစ်ကြချိန်၊ ဓားမြှောင်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ အလိမ္မာမင်းရဲ့ လူတွေက ညဥ့်မှောင်တာနဲ့ မဂဒူးကို ၀ိုင်းဖမ်းကြဖို့ပါပဲ။
ဒီလျှို့ဝှက်အကြံကို မဂဒူးရဲ့ မိခင်နဲ့နှမတို့က ထောက်လှမ်းပြီး မဂဒူးထံ အကြောင်းကြားလိုက်ကြပါတယ်။ မဂဒူး၊ လက်ဦးမှုရယူဖို့ အစီအစဉ်ဆွဲပြီး သူ့ရဲ့ ကျွန်တွေကို ခေါ်၊ သစ္စာဆိုခိုင်းပြီးမှ အသေးစိတ် ညွှန်ကြားချက်အတိုင်း အရက်ကိုငုံပြီး လူမသိအောင် ထွေးပစ်ကြသတဲ့။ အလိမ္မာမင်းရဲ့ လူတွေကိုတော့ အရက်တွေ များများခပ်ငှဲ့ တိုက်ကြသတဲ့။ တစ်နေကုန် သောက်ကြပျော်ကြဆိုပဲ။
နေမွန်းတိမ်းပြီး ညနေစောင်း ဒီရေ ကမ်းထက်ဝက်လောက်အထိ တက်လာချိန်မှာတော့ အလိမ္မာမင်းရဲ့ လူတွေ အလွန်အကျွံမူးယစ် နေကြပါပြီ။ သောင်ပြင်နဲ့ကမ်းခြေအကြား ဒီရေရောက်ပြီး ချောင်းအမောက်လို ရေလျှံပြီး ဆင်တစ်ရပ်မြုပ်လောက်အထိ ရေနက်လာပါတယ်။
ဒီအချိန်က နေ၀င်လုပါပြီ။ ဒီအချိန်မှာ မဂဒူးက အမှတ်မထင်ပဲ ဆိုလိုကပါတယ်။ ‘မဇ’ တဲ့။ အရိပ်အကဲကို အစဉ်တစိုက်ကြည့်နေတဲ့ သူ့လူတွေအတွက် ပထမ အချက်ပေးစကးပါ။ သူ့လူတွေက သောက်စားခြင်းကို ရပ်ပြီး အသင့်အနေအထား ယူလိုက်ကြပါတယ်။ နောက် မဂဒူးက ဒုတိယမြောက် အချက်ပေးစကားကို ဆိုလိုက်ပါတယ်။ ‘မုန်ဇုန်’တဲ့။ သူ့လူတွေ ထမင်းစားကြပါတယ်။ နောက် မဂဒူးရဲ့ တတိယမြောက် အချက်ပေး စကားက ‘မပ်ဇပ်’။ မဂဒူးရဲ့ သူရဲ ‘ရ၀’ တို့ဟာ မပ်ဇပ်လဲ ကြားရရော ဓားဆွဲပြီး ထခုတ်ပစ်လိုက်ကြတာ။ ဟိုသေအယစ် လွန်နေတဲ့ အလိမ္မာမင်းရဲ့လူတွေ သေကုန်ကြပါတယ်။
အလိမ္မာမင်းကတော့ ဆင်တစ်စီးထက် ခုန်တက်ပြီး ကိုယ်လွတ်ရုန်းပြေး ပါသေးတယ်။ ဒါပေမယ့် ဆင်က ချောင်းကမောက် အကူးမှာ ရေမြှပ်ပြီး မပြေးနိုင်တော့ပါဘူး။ မဂဒူးရဲ့လူတွေလိုက်လာပြီး အလိမ္မာမင်းကို သုတ်သင်၊ အဲဒီ တောင်လွဲသောင်ပြင်မှာပဲ အလောင်းကို မြှပ်ပစ်လိုက်ကြပါတယ်။
မဂဒူးကို ဓားမြှောင်ထောင်ဖမ်းဖို့ အလိမ္မာမင်း စီစဉ်ထားချိန်က ညဥ့်မှောင်မှ။ မဂဒူးရဲ့အစီအစဉ်က နေ၀င်ရီတရော။ မဂဒူး လုံးဝ လက်ဦးမှုရလိုက်ပါတယ်။ မုတ္တမကိုလည်း သိမ်းလိုက်ပြီး မြို့သစ်တည်ပါတယ်။
မဂဒူးဟာ အမြော်အမြင်၊ အကြံဥာဏ်ကောင်းသူဖြစ်ပြီး အကွက်ကျကျနဲ့ တစေ့တစပ် စီစဉ်တတ်သူပါ။ ယောက္ခမသောက္ကတဲ့မင်းထံ အကြည်အသာ သ၀ဏ်လွှာစေပါတယ်။ မုတ္တမမြို့တည် နန်းသစ်ဆောက်ပြီးပါပြီ။ သောက္ကတဲ ထီးဖြူရိပ်မှာ ခိုလှုံပါရစေ။ မင်းမြောက်တန်ဆာငါးပါးနဲ့ မင်းဘွဲ့ အမည်ချီးမြှင့်ပါ။ ရာဇဘိသေက ခံခွင့်ပြုပါလို့ အနူးအညွတ် ခွင့်ပန်ပါတယ်။ သောက္ကတဲမင်းကလည်း သမီးကို မဂဒူးခိုးပြေးစဉ်က အမျက်ထားခဲ့ပေမယ့် ခုလိုဆိုတော့ သမီးလည်းရနေပြီ၊ မုတ္တမကိုလည်း နန်းသစ် တည်နိုင်ပြီမို့ မဂဒူးတောင်းသမျှ ပေးလိုက်ပါတယ်။ သမက်ကို သဘောကျ သွားပါပြီ။ ဒီမှာပဲ မဂဒူးဟာ ဗညားဝါးရူးဘွဲ့ရပါတယ်။ ဗညားဝါရူးကနေ ၀ါရီရူး ဖြစ်ပါတယ်။
နောက်ခြောက်နှစ်အကြာမှာ ဆင်ဖြူတော်ရပြီး ဆင်ဖြူရှင်ဖြစ်ပြန်ပါတယ်။ မင်းဖြစ်ပြီးနောက် အနှစ်နှစ်ဆယ်ခန့်အတွင်းမှာ ကမ္ဗာလာနီမင်း၊ တရဖျားမင်းနဲ့ ငေါ်ဒေါမင်းတို့ကိုလည်း အောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ …
ဝါရီရူးမင်းဟာ မင်းစည်းစိမ် ၁၉နှစ်အရောက် အသက် ၅၄နှစ်မှာ မြေးတော်များဖြစ်တဲ့ ရှင်ကြီးနဲ့ရှင်ငယ်တို့ရဲ့ လုပ်ကြံမှုကို ခံလိုက်ရပါတယ်။ အကြောင်းကတော့ ရှင်ကြီးနဲ့ရှင်ငယ်တို့ရဲ့ဖ ခင် တရဖျားကို ၀ါရီရူးမင်းအမိန့်နဲ့ ကွပ်မျက်ခဲ့လို့ ပြန်လက်စားချေကြတာပါ။ မြေးနှစ်ပါးလည်း ဘိုးတော်ကို လုပ်ကြံအပြီး ထွက်အပြေးမှာ ဖမ်းမိပြီး ကွပ်မျက် ခံလိုက်ရပါတယ်။ ဘိုးရဲ့ သင်္ချိုင်းခြေရင်းမှာပဲ မြေးနှစ်ယောက်တို့ရဲ့ အလောင်းများကို မြှုပ်လိုက်ကြတယ်လို့ ဆိုပါတယ်။
မှူးမတ် ပညာရှိတွေ တိုင်ပင်ကြပြီး ၀ါရီရူးမင်းရဲ့ သင်္ချိုင်းဂူမှာ ရွှေငှက်ရုပ်နဲ့ ကမ္ပည်းစာတစ်ခု ထွင်းထားကြပါတယ်။ အဲဒီစာက ‘ကြိမ် ခုတ်လျှင် ဆူးကိုမထားရာ၊ အဖကို ခုတ်လျှင် သားကိုမထားရာ’တဲ့။သူ့ကို မဂဒူးဘ၀ကနေ ၀ါရီရူးမင်းဘ၀ ပို့ဆောင်ပေးခဲ့တဲ့ ‘မဇ၊ မုန်ဇုန်၊ မပ်ဇပ်’ သုံးခွန်းကိုတော့ ရေးထိုးမထားခဲ့ကြပါဘူး။ အကယ်၍များ ဒီစကားသုံးခွန်းနဲ့ ဖွင့်ပြီး ‘ကြိမ်ခုတ်လျှင် …’နဲ့ ပိတ်လို့ ကမ္ပည်းထိုးထားခဲ့မယ်ဆိုရင် မဂဒူးခေါ် ဗညားဝါရီရူးမင်းရဲ့ ဘ၀ဖြစ်စဉ် တစ်ကြောကြီးကို ထင်မြင်ဆင်ခြင် သံဝေဂပွားစရာ ဖြစ်လာမလားလို့ တွေးမိပါတော့တယ်။ ရာဇ၀င်သမိုင်း ဆိုတာလည်း ကြည့်တတ်ရင် ဘာဝနာမဟုတ်ပါလား။
သမိုင်းမတွင်ပေမယ့် သမိုင်းဝင်နေတဲ့စကားများ
ချစ်ဦးညို ......ထဲ မှကောက်နှုတ်တင်ပြသည်။
ရွှေအိမ်စည်
http://www.facebook.com/ shweaeimsi
မွန်ဘာသာမှာ ယောကျာ်းလေးရဲ့နာမည်ရှေ့က ‘မ’တပ်ခေါ်ပြီး မြန်မာလို ‘မောင်’ဆိုတဲ့ အသုံးနဲ့တူတယ်လို့ ဖတ်ရှုရပါတယ်။ မဂဒူးဆိုတော့ မောင်ဂဒူး။ ဂဒူးဆိုတာက ခမောက်ရှည်တဲ့။ ငယ်ငယ်တုန်းက မိဘတွေ ကောက်စိုက်နေချိန်မှာ သူ့ကို ဂဒူးခမောင်ရှည် တစ်ခုထဲထည့်၊ နောက်တစ်ခုနဲ့ အုပ်ထားရတာ အစွဲပြုပြီး ဂဒူး … မဂဒူးလို့ မိဘများက အမည်ပေးလိုက်ကြတယ်လို့ ဆိုပါတယ်။
မဂဒူးဟာ အညတြ လယ်သမားဆင်းရဲသာ...း မိဘတို့က ဖွားမြင်တဲ့ တကော့ဝန်းဇာတိသားပါ။ ဒါပေမဲ့ သူဟာမွန်ရာဇ၀င်မှာ ကြီးစွာသော မှတ်တိုင်ဖြစ်တဲ့ ၀ါရီရူးမင်းဆက်ကို စတင်တည်ထောင်နိုင်ခဲ့သူ ဖြစ်လာပါတယ်။ ‘မဇ၊ မုန်ဇုန်၊ မပ်ဇပ်’ဆိုတဲ့ စကားသုံးခွန်းဟာလည်း အမှတ်တရ စကားသုံးခွန်းလို့ ဆိုနိုင်ပါတယ်။
မဂဒူးရဲ့ ဘ၀ဖြစ်စဉ်က စိတ်ဝင်စားစရာပါ။ သူ့ဖခင်ဟာ လယ်ယာအလုပ်ကနေ သောက္ကတဲမြို့ကို အထမ်းသမားများ ငှားပြီး ရောင်းဝယ်ဖောက်ကားတဲ့ ကုန်သည်အလုပ်ပါပဲ။ မင်္ဂဒူလည်း ကြီးလာတော့ ကုန်သည်အလုပ်ကို ဆက်ခံပါတယ်။ တစ်ခေါက်မှာတော့ အထမ်းသမား နာဖျားလို့ မဂဒူးက ၀င်ထမ်းရင်း မိုးကြီးလေကြီးကျ။ သူ့ ပခုံးထက်က တံပိုး မိုးကြိုးပစ်ခံရ၊ သတိရလို့ ကြည့်လိုက်တော့ တောင်ထိပ်မှာ ရွှေပြာသာဒ်ပုံတစ်ခု လျှပ်စီးအလယ်မှာ မြင်လိုက်ရနဲ့၊ နိမိတ်ထူးများ ကြုံခဲ့ပါသတဲ့။ ရွာကြီးတစ်ရွာရောက်တော့ နိမိတ်ဖတ် ဆရာတစ်ယောက်ဆီ သွားမေးရာ ဟိုက ညွှန်ကြားလိုက်တဲ့အတိုင်း သောက္ကတဲမင်းရဲ့ ဆင်ကဲထံ ၀င်အလုပ်လုပ်ပါတယ်။ ကုန်သည်အလုပ်ကို စွန့်လိုက်ပါတယ်။ ဆင်ကျုံး အလုပ်ကြမ်းတွေကို ကြိုးစားလုပ်ရင်းနဲ့ ကြံရည်ဖန်ရည် ကိုယ်ရည်ကိုယ်သွေးထက်တဲ့ မဂဒူးကို ပြည့်ရှင်မင်းက မျက်စိကျပြီး ဆင်တင်းကုပ်ကနေ စားတော်ကဲထံ ရောက်ပါတယ်။ နောက် ၀င်မှူးအဖြစ်ပါ တိုးမြှင့် သူကောင်းပြုခြင်းခံရပါတယ်။ သောက္ကတဲမင်းက မဂဒူးကို သိပ်သဘောကျတယ်လို့ ဆိုတယ်။
ဝင်းမှူးရာထူးနဲ့ ဘုရင့်ထံ ခစားရင်း မဂဒူးဟာ သမီးတော် မေနှင်းတွယ်တာနဲ့ ချစ်ကြိုးသွယ်မိကြပါရော။ နောက်တော့ သမီးတော်ကို ဆင်နဲ့တင်ပြီး ဇာတိ တကော့ဝန်းကို ပြေးပါတယ်။ ဘုရင့်သမီးတော်ကို အရယူလာခဲ့တဲ့ မဂဒူးထံကို အရင် သူ့တပည့်အထမ်းသမားတွေက ကျွန်ခံလာကြပါတယ်။ သူကလည်း တကော့ဝန်းကို မြို့တည်လိုက်ပါတယ်။ နောင် ရာဇာဓိရာဇ်အရေးတော်ပုံမှာ သမိုင်းဝင်လာမယ့် ဒုန်ဝန်းမြို့သစ်ပါပဲ။
မဂဒူးဟာ ပိုအမြင်ကျယ်လာပြီး ထီးနန်းအထိ ရည်ရွယ်ချက်ထားလာပါပြီ။ မုတ္တမစား အလိမ္မာမင်းက မဂဒူးရဲ့နှမ ‘နှင်းဥရိုင်’ကို သဘောကျ စွဲလမ်းသွားပါတယ်။ မဂဒူးကလည်း နှမကို အလိမ္မာမင်းထံ ပို့ခဲ့ချိန်မှာ မဂဒုးဟာ မုတ္တမ ငါ့လက်ထဲရောက်ရမယ်လို့ အကြံရှိနေပါပြီ။
အလိမ္မာမင်းနဲ့နှင်းဥရိုင်တိ
စီစဉ်ပုံက သောင်ပြင်မင်္ဂလာပွဲည၊ မဏ္ဍပ်ကြီးမှာ ကခုန်သောက်စား မူးယစ်ကြချိန်၊ ဓားမြှောင်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ အလိမ္မာမင်းရဲ့ လူတွေက ညဥ့်မှောင်တာနဲ့ မဂဒူးကို ၀ိုင်းဖမ်းကြဖို့ပါပဲ။
ဒီလျှို့ဝှက်အကြံကို မဂဒူးရဲ့ မိခင်နဲ့နှမတို့က ထောက်လှမ်းပြီး မဂဒူးထံ အကြောင်းကြားလိုက်ကြပါတယ်။ မဂဒူး၊ လက်ဦးမှုရယူဖို့ အစီအစဉ်ဆွဲပြီး သူ့ရဲ့ ကျွန်တွေကို ခေါ်၊ သစ္စာဆိုခိုင်းပြီးမှ အသေးစိတ် ညွှန်ကြားချက်အတိုင်း အရက်ကိုငုံပြီး လူမသိအောင် ထွေးပစ်ကြသတဲ့။ အလိမ္မာမင်းရဲ့ လူတွေကိုတော့ အရက်တွေ များများခပ်ငှဲ့ တိုက်ကြသတဲ့။ တစ်နေကုန် သောက်ကြပျော်ကြဆိုပဲ။
နေမွန်းတိမ်းပြီး ညနေစောင်း ဒီရေ ကမ်းထက်ဝက်လောက်အထိ တက်လာချိန်မှာတော့ အလိမ္မာမင်းရဲ့ လူတွေ အလွန်အကျွံမူးယစ် နေကြပါပြီ။ သောင်ပြင်နဲ့ကမ်းခြေအကြား ဒီရေရောက်ပြီး ချောင်းအမောက်လို ရေလျှံပြီး ဆင်တစ်ရပ်မြုပ်လောက်အထိ ရေနက်လာပါတယ်။
ဒီအချိန်က နေ၀င်လုပါပြီ။ ဒီအချိန်မှာ မဂဒူးက အမှတ်မထင်ပဲ ဆိုလိုကပါတယ်။ ‘မဇ’ တဲ့။ အရိပ်အကဲကို အစဉ်တစိုက်ကြည့်နေတဲ့ သူ့လူတွေအတွက် ပထမ အချက်ပေးစကးပါ။ သူ့လူတွေက သောက်စားခြင်းကို ရပ်ပြီး အသင့်အနေအထား ယူလိုက်ကြပါတယ်။ နောက် မဂဒူးက ဒုတိယမြောက် အချက်ပေးစကားကို ဆိုလိုက်ပါတယ်။ ‘မုန်ဇုန်’တဲ့။ သူ့လူတွေ ထမင်းစားကြပါတယ်။ နောက် မဂဒူးရဲ့ တတိယမြောက် အချက်ပေး စကားက ‘မပ်ဇပ်’။ မဂဒူးရဲ့ သူရဲ ‘ရ၀’ တို့ဟာ မပ်ဇပ်လဲ ကြားရရော ဓားဆွဲပြီး ထခုတ်ပစ်လိုက်ကြတာ။ ဟိုသေအယစ် လွန်နေတဲ့ အလိမ္မာမင်းရဲ့လူတွေ သေကုန်ကြပါတယ်။
အလိမ္မာမင်းကတော့ ဆင်တစ်စီးထက် ခုန်တက်ပြီး ကိုယ်လွတ်ရုန်းပြေး ပါသေးတယ်။ ဒါပေမယ့် ဆင်က ချောင်းကမောက် အကူးမှာ ရေမြှပ်ပြီး မပြေးနိုင်တော့ပါဘူး။ မဂဒူးရဲ့လူတွေလိုက်လာပြီး အလိမ္မာမင်းကို သုတ်သင်၊ အဲဒီ တောင်လွဲသောင်ပြင်မှာပဲ အလောင်းကို မြှပ်ပစ်လိုက်ကြပါတယ်။
မဂဒူးကို ဓားမြှောင်ထောင်ဖမ်းဖို့ အလိမ္မာမင်း စီစဉ်ထားချိန်က ညဥ့်မှောင်မှ။ မဂဒူးရဲ့အစီအစဉ်က နေ၀င်ရီတရော။ မဂဒူး လုံးဝ လက်ဦးမှုရလိုက်ပါတယ်။ မုတ္တမကိုလည်း သိမ်းလိုက်ပြီး မြို့သစ်တည်ပါတယ်။
မဂဒူးဟာ အမြော်အမြင်၊ အကြံဥာဏ်ကောင်းသူဖြစ်ပြီး အကွက်ကျကျနဲ့ တစေ့တစပ် စီစဉ်တတ်သူပါ။ ယောက္ခမသောက္ကတဲ့မင်းထံ အကြည်အသာ သ၀ဏ်လွှာစေပါတယ်။ မုတ္တမမြို့တည် နန်းသစ်ဆောက်ပြီးပါပြီ။ သောက္ကတဲ ထီးဖြူရိပ်မှာ ခိုလှုံပါရစေ။ မင်းမြောက်တန်ဆာငါးပါးနဲ့ မင်းဘွဲ့ အမည်ချီးမြှင့်ပါ။ ရာဇဘိသေက ခံခွင့်ပြုပါလို့ အနူးအညွတ် ခွင့်ပန်ပါတယ်။ သောက္ကတဲမင်းကလည်း သမီးကို မဂဒူးခိုးပြေးစဉ်က အမျက်ထားခဲ့ပေမယ့် ခုလိုဆိုတော့ သမီးလည်းရနေပြီ၊ မုတ္တမကိုလည်း နန်းသစ် တည်နိုင်ပြီမို့ မဂဒူးတောင်းသမျှ ပေးလိုက်ပါတယ်။ သမက်ကို သဘောကျ သွားပါပြီ။ ဒီမှာပဲ မဂဒူးဟာ ဗညားဝါးရူးဘွဲ့ရပါတယ်။ ဗညားဝါရူးကနေ ၀ါရီရူး ဖြစ်ပါတယ်။
နောက်ခြောက်နှစ်အကြာမှာ ဆင်ဖြူတော်ရပြီး ဆင်ဖြူရှင်ဖြစ်ပြန်ပါတယ်။ မင်းဖြစ်ပြီးနောက် အနှစ်နှစ်ဆယ်ခန့်အတွင်းမှာ ကမ္ဗာလာနီမင်း၊ တရဖျားမင်းနဲ့ ငေါ်ဒေါမင်းတို့ကိုလည်း အောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ …
ဝါရီရူးမင်းဟာ မင်းစည်းစိမ် ၁၉နှစ်အရောက် အသက် ၅၄နှစ်မှာ မြေးတော်များဖြစ်တဲ့ ရှင်ကြီးနဲ့ရှင်ငယ်တို့ရဲ့ လုပ်ကြံမှုကို ခံလိုက်ရပါတယ်။ အကြောင်းကတော့ ရှင်ကြီးနဲ့ရှင်ငယ်တို့ရဲ့ဖ
မှူးမတ် ပညာရှိတွေ တိုင်ပင်ကြပြီး ၀ါရီရူးမင်းရဲ့ သင်္ချိုင်းဂူမှာ ရွှေငှက်ရုပ်နဲ့ ကမ္ပည်းစာတစ်ခု ထွင်းထားကြပါတယ်။ အဲဒီစာက ‘ကြိမ် ခုတ်လျှင် ဆူးကိုမထားရာ၊ အဖကို ခုတ်လျှင် သားကိုမထားရာ’တဲ့။သူ့ကို မဂဒူးဘ၀ကနေ ၀ါရီရူးမင်းဘ၀ ပို့ဆောင်ပေးခဲ့တဲ့ ‘မဇ၊ မုန်ဇုန်၊ မပ်ဇပ်’ သုံးခွန်းကိုတော့ ရေးထိုးမထားခဲ့ကြပါဘူး။ အကယ်၍များ ဒီစကားသုံးခွန်းနဲ့ ဖွင့်ပြီး ‘ကြိမ်ခုတ်လျှင် …’နဲ့ ပိတ်လို့ ကမ္ပည်းထိုးထားခဲ့မယ်ဆိုရင် မဂဒူးခေါ် ဗညားဝါရီရူးမင်းရဲ့ ဘ၀ဖြစ်စဉ် တစ်ကြောကြီးကို ထင်မြင်ဆင်ခြင် သံဝေဂပွားစရာ ဖြစ်လာမလားလို့ တွေးမိပါတော့တယ်။ ရာဇ၀င်သမိုင်း ဆိုတာလည်း ကြည့်တတ်ရင် ဘာဝနာမဟုတ်ပါလား။
သမိုင်းမတွင်ပေမယ့် သမိုင်းဝင်နေတဲ့စကားများ
ချစ်ဦးညို ......ထဲ မှကောက်နှုတ်တင်ပြသည်။
ရွှေအိမ်စည်
http://www.facebook.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။