အဲ့လို မိန်းမ
ရှိလိမ့်မယ်
သို့သော် ရှားမယ်...
သူမဟာ ခေးတွေလို စပ်စလူးနန့်တတ်တတ်စိန် အရွယ်မဟုတ်သလို တစ်ချိန်လုံး ဘုရားသွားကျောင်းတတ် အန်းဒိတ်ကြီးလည်း မဟုတ်သေးဘူး။
လူကြားထဲ ဖင်ကြားထိညှပ်နေတဲ့ ဘောင်းဘီအတိုတွေ ဝတ်ပြီး ယောင်္ကျားတကာ မျက်လုံးတွေအတွက် အလှူမပြုသလို ခြေမျက်စိထိဖုံးတဲ့ ထမီဝတ်ပြီးလည် ဣနြေ္ဒရှင်မဆန်ဘူး။ သူ့နေရာ အခြေအနေနဲ့ သင့်တင့်တဲ့ အဝတ်အစား သူမရွေးချယ်တတ်တယ်။
ကောင်ကလေးချောချောလေးတွေလား ? မြင်ရင် ကြည့်လိုက်မယ်။ ၅ စက္ကန့်ထက်မပိုဘူး။ အဆင်းရှိပြီး အချင်းမရှိတဲ့ ယောင်္ကျားတွေဆို ပိုလို့တောင် စိတ်မဝင်စားဘူး။
ပြိုင်ကားစီးပြီး အိုင်ဖုန်းကိုင် ပိုက်ဆံတွေ ရေလိုသုံးပြတဲ့ယောင်္ကျားလား? တစ်ချက်ပြုံးပြီး အဲ့လူစာရိတ္တကို ဆက်ကြည့်မယ်။ သုံးစားမရရင် လူမှုရေးအနေနဲ့တောင် ပြုံးမပြတတ်ဘူး။
သူဌေးသားကို ရှာကြိုက်မှာမဟုတ်ဘူး။
သူဌေးဖြစ်မယ့်သူနောက်မှာ support ပေးတတ်တဲ့ မိန်းမမျိုးဖြစ်တယ်။
သူမ crush ရမယ့် သူ မရှိဘူး။ crush ခံ လူတန်းစားဖြစ်တယ်။
သူမတို့မှာ ပညာရေးအပြင် စီးပွားရေးအကြောင်း သေးသေးလေးဖြစ်ဖြစ် ခေါင်းထဲထည့်ထားတတ်ကြတယ်။
မည်သူ့ အကြောင်းဖြစ်ဖြစ် ကြားသမျှကို နားထောင်တယ်။ ပြောသမျှကို သုံးသပ်တယ်။
ဒါပေမယ့် ဘယ်သူ့ကိစ္စမှ ဝင်မစွက်ဖက်တတ်ဘူး။
ကိုယ့်ကိုယ်စော်ကားလာရင်လည်း လှလှပပလေး နှိမ်ချိုး သတ်ပစ်တတ်တယ်။
ကိုယ်ချစ်တဲ့ ယောင်္ကျား၊ သူငယ်ချင်းအပေါ် ပျက်စီးဆုတ်ယုတ်မှာ မလိုလားသလို ကိုယ့်အပေါ် မကောင်းမှန်းသိလျက်နဲ့ တဖက်လူ လိပ်ပြာမလုံဖြစ်လောက်အောင် မျက်စိမှိတ်ပြီး ကောင်းပေးတတ်ပြန်သေးတယ်။
ကြောင်ကလေး၊ ခွေးကလေးတွေ ချစ်တတ်သလို ခလေးတွေကိုလည်း အချစ်ပိုတတ်သေးတယ်။ ဆင်းရဲနွမ်းပါးသူတွေကို သနားတတ်ပြီး မေတ္တာတရားလက်ကိုင်ထားတတ်ကြတ ယ်။
စာအုပ်တွေဟာ သူမရဲ့ အသိဉာဏ်ဖြစ်သလို သူမရဲ့ အဖော်ကောင်းသူငယ်ချင်းကောင်းတွေလည်း ဖြစ်တတ်တယ်။
အဲ့လိုမိန်းမမျိုးတွေဟာ တစ်ကိုယ်တည်းသမားတွေ များမယ်။ အပျိုကြီး ဖြစ်နိုင်ခြေ ရာခိုင်နှုန်းများတယ်။
ရည်းစားရှိသူများကြတော့လည်း .....
သူမတို့ဘေးမှာ ရှိနေတတ်တဲ့ ယောင်္ကျားမျိုးဟာ တည်ကြည်တယ်၊ အရည်အချင်းရှိတယ်၊ သစ္စာရှိတယ်၊ မိန်းမဆို သူမ ကလွဲ အခြားမိန်းမ ခေါင်းထဲမရှိတဲ့ သူမျိုးတွေသာ ဖြစ်တတ်တယ်။
ယောင်္ကျားတစ်ယောက်ကို နားလည်မှုနဲ့ ဆက်ဆံတတ်တယ်။ တစ်ဖက်လူစကား သိက္ခာကို အလေးထားသလို သူ့စည်းကမ်း သူ့ပုံစံထဲမှာ နေမှ ကြိုက်တယ်။
မေတ္တာပျက်အောင် သွားမလုပ်လေနဲ့။ တာ့တာပြဖို့ ဝန်မလေးဘူး။
အချစ်ကို ကိုးကွယ်တဲ့ မိန်းမမျိုးမဟုတ်ဘူး။
အချစ်ကို ယုံကြည်မှုနဲ့ လေးစားတတ်တဲ့ မိန်းမမျိုးသာ ဖြစ်တယ်။
အဲ့လိုမိန်းမမျိုးတွေက နားလည်ရလည်း ခက်တယ်။
သူဘာတွေးနေသလဲ ဘယ်သူမှမသိနိုင်လောက်အောင် လျို့ဝှက်တယ်။
တစ်ခါတစ်လေ သူမဘာသာ နားမလည်တဲ့ အခိုက်အတန့်မျိုးတွေ ရှိနေတတ်လို့ သူမကို နားလည်ဖို့သွားမကြိုးစားနဲ့ ။
Credit & Original Uploader
ရှိလိမ့်မယ်
သို့သော် ရှားမယ်...
သူမဟာ ခေးတွေလို စပ်စလူးနန့်တတ်တတ်စိန် အရွယ်မဟုတ်သလို တစ်ချိန်လုံး ဘုရားသွားကျောင်းတတ် အန်းဒိတ်ကြီးလည်း မဟုတ်သေးဘူး။
လူကြားထဲ ဖင်ကြားထိညှပ်နေတဲ့ ဘောင်းဘီအတိုတွေ ဝတ်ပြီး ယောင်္ကျားတကာ မျက်လုံးတွေအတွက် အလှူမပြုသလို ခြေမျက်စိထိဖုံးတဲ့ ထမီဝတ်ပြီးလည် ဣနြေ္ဒရှင်မဆန်ဘူး။ သူ့နေရာ အခြေအနေနဲ့ သင့်တင့်တဲ့ အဝတ်အစား သူမရွေးချယ်တတ်တယ်။
ကောင်ကလေးချောချောလေးတွေလား
ပြိုင်ကားစီးပြီး အိုင်ဖုန်းကိုင် ပိုက်ဆံတွေ ရေလိုသုံးပြတဲ့ယောင်္ကျားလား?
သူဌေးသားကို ရှာကြိုက်မှာမဟုတ်ဘူး။
သူဌေးဖြစ်မယ့်သူနောက်မှာ support ပေးတတ်တဲ့ မိန်းမမျိုးဖြစ်တယ်။
သူမ crush ရမယ့် သူ မရှိဘူး။ crush ခံ လူတန်းစားဖြစ်တယ်။
သူမတို့မှာ ပညာရေးအပြင် စီးပွားရေးအကြောင်း သေးသေးလေးဖြစ်ဖြစ် ခေါင်းထဲထည့်ထားတတ်ကြတယ်။
မည်သူ့ အကြောင်းဖြစ်ဖြစ် ကြားသမျှကို နားထောင်တယ်။ ပြောသမျှကို သုံးသပ်တယ်။
ဒါပေမယ့် ဘယ်သူ့ကိစ္စမှ ဝင်မစွက်ဖက်တတ်ဘူး။
ကိုယ့်ကိုယ်စော်ကားလာရင်လည
ကိုယ်ချစ်တဲ့ ယောင်္ကျား၊ သူငယ်ချင်းအပေါ် ပျက်စီးဆုတ်ယုတ်မှာ မလိုလားသလို ကိုယ့်အပေါ် မကောင်းမှန်းသိလျက်နဲ့ တဖက်လူ လိပ်ပြာမလုံဖြစ်လောက်အောင် မျက်စိမှိတ်ပြီး ကောင်းပေးတတ်ပြန်သေးတယ်။
ကြောင်ကလေး၊ ခွေးကလေးတွေ ချစ်တတ်သလို ခလေးတွေကိုလည်း အချစ်ပိုတတ်သေးတယ်။ ဆင်းရဲနွမ်းပါးသူတွေကို သနားတတ်ပြီး မေတ္တာတရားလက်ကိုင်ထားတတ်ကြတ
စာအုပ်တွေဟာ သူမရဲ့ အသိဉာဏ်ဖြစ်သလို သူမရဲ့ အဖော်ကောင်းသူငယ်ချင်းကောင်
အဲ့လိုမိန်းမမျိုးတွေဟာ တစ်ကိုယ်တည်းသမားတွေ များမယ်။ အပျိုကြီး ဖြစ်နိုင်ခြေ ရာခိုင်နှုန်းများတယ်။
ရည်းစားရှိသူများကြတော့လည်း
သူမတို့ဘေးမှာ ရှိနေတတ်တဲ့ ယောင်္ကျားမျိုးဟာ တည်ကြည်တယ်၊ အရည်အချင်းရှိတယ်၊ သစ္စာရှိတယ်၊ မိန်းမဆို သူမ ကလွဲ အခြားမိန်းမ ခေါင်းထဲမရှိတဲ့ သူမျိုးတွေသာ ဖြစ်တတ်တယ်။
ယောင်္ကျားတစ်ယောက်ကို နားလည်မှုနဲ့ ဆက်ဆံတတ်တယ်။ တစ်ဖက်လူစကား သိက္ခာကို အလေးထားသလို သူ့စည်းကမ်း သူ့ပုံစံထဲမှာ နေမှ ကြိုက်တယ်။
မေတ္တာပျက်အောင် သွားမလုပ်လေနဲ့။ တာ့တာပြဖို့ ဝန်မလေးဘူး။
အချစ်ကို ကိုးကွယ်တဲ့ မိန်းမမျိုးမဟုတ်ဘူး။
အချစ်ကို ယုံကြည်မှုနဲ့ လေးစားတတ်တဲ့ မိန်းမမျိုးသာ ဖြစ်တယ်။
အဲ့လိုမိန်းမမျိုးတွေက နားလည်ရလည်း ခက်တယ်။
သူဘာတွေးနေသလဲ ဘယ်သူမှမသိနိုင်လောက်အောင် လျို့ဝှက်တယ်။
တစ်ခါတစ်လေ သူမဘာသာ နားမလည်တဲ့ အခိုက်အတန့်မျိုးတွေ ရှိနေတတ်လို့ သူမကို နားလည်ဖို့သွားမကြိုးစားနဲ့
Credit & Original Uploader
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။