ရုံး ၃ ရက်ခွဲပိတ်လို့ မြန်မာပြည်ခဏပြန်ရင် ကောင်းမလားတွေးပြီး လေယာဉ်လက်မှတ်ဈေးသိချင်တာနဲ့ အွန်လိုင်းမှာ ဝင်ကြည့်မိတယ်။
လေကြောင်းလိုင်း web site တွေထဲ ဝင်ပြီး လက်မှတ်ဝယ်တာလေ...
'Where do you want to go?' တဲ့ ပေါ်လာတယ်။
ဒါနဲ့ ကိုယ်က အိမ်ပြန်မှာဆိုတော့ ဘယ်ဘက်အပေါ်ထောင့်နားက 'Home' ဆိုတာကိုတွေ့လို့ နှိပ်လိုက်တာ...
အစက ပြန်စပါလေရော။
နောက်တခါထပ်လုပ်လည်း အတူတူပဲ
'Where do you want to go?' ဆိုလို့ 'Home' နှိပ်လိုက် အစက ပြန်စလိုက်။
ဒီလိုနဲ့ ရွာလည်နေလိုက်တာ ငွေချေတဲ့ အဆင့်ထိကို မရောက်ဘူး
ဒါ လေကြောင်းလိုင်းတွေ ကာစတမ်မာကို သက်သက် အရူးလုပ်တာ
မဝယ်ဘူးကွာ... ဘာဖြစ်လဲ
ဝန်ဆောင်မှုကောင်းကောင်း မပေးချင်နေ
လူကိုတော့ ပြောင်သလိုလို နောက်သလိုလို လာမလုပ်နဲ့

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။