Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, December 31, 2015

ညီမလေး ဖတ်ဖို့ (၈)

ညီမလေး ဖတ်ဖို့ (၈)

•~•~•~•~•~•~•~•
ပညာရွှေအိုး လူမခိုး
•~•~•~•~•~•~•~•

ညီမလေးရေ ဒီတစ်ခါ ပညာသင်တာနဲ့ ပတ်သက်ပြီး ပြောပြချင်တယ်၊ ပညာသင်ရတယ်ဆိုတာ ဘ၀ခရီးလမ်းလျှောက်လှမ်းတဲ့ အခါ မမောမပန်းပဲ ရွှင်ရွှင်လန်းလန်း လျှောက်လှမ်းဖို့ရယ်။

သာသာ ယာယာ အေးအေးချမ်း ဝေဖန်ပိုင်းခြားပြီး အခက်အခဲတွေကို ရင်ဆိုင်တတ်ဖို့ ကြိုတင်ပြင်ဆင်ထားရတာလို့ ပြောရင် မှားမယ် မထင်ဘူး ညီမလေးရေ၊ ကျောင်းသားဘ၀မှာ လွတ်လပ်တယ်၊

အိမ်က မိဘတွေကလဲ ကျောင်းသားမို့ ကျောင်းသူမို့ အိမ်အလုပ်တွေ မခိုင်းပဲ အခွင့်အရေးပေးပြီးထားတာကို တခြားမှာ သွားအသုံးမချလိုက်နဲ့နော်၊

အိမ်ကိုကျတော့ ကျောင်းကို သွားတယ်လို့ပြောခဲ့ပြီး ကျောင်းက လစ်ထွက်စာသင်ခန်းက လစ်ထွက်ပြီး ပန်းခြံထဲရောက်နေတာ ကစားကွင်းထဲသွားနေတာ၊

ဂိမ်းဆော့နေတာတွေ မလုပ်ရဘူးနော် ညီမလေး၊ ကျောင်းသားဘ၀ဆိုတာ နှစ်ခါပြန်မရတဲ့ အခွင့်အရေး တစ်ခုပဲ ညီမလေး၊ ငယ်တုန်းရွယ်တုန်းမှာ တစ်ချိန်တစ်ခါသာရတဲ့ အခွင့်အရေးလေ၊

ရလာတဲ့ အခွင့်အရေးကို အကြိုးရှိရှိ အသုံးချပြီး ကိုယ့်ဘ၀တစ်လျှောက်လုံး အသုံးဝင်တဲ့ ပညာတွေ ရဖို့ ကြိုးစားပစ်လိုက်စမ်းပါ ။

"ပညာကိုဘယ်လူဆိုးတို့ယူခိုးလို့ပါပါ့မယ်။ အတတ်ကယ်အလိမ္မာနှင့်၊ ဥစ္စာဘယ်တူကြလိမ့်၊ လောကလူဝယ်။ ။

သိ,ကြား, မြင် လုံလောက်က၊ မျက်မှောက်ကယ် သည်ကိုယ်ဝယ်၊ ရလွယ်၏ ခင်ပွန်း။ ။

တမလွန် နောင်ခါကောင့်၊ မြိုက်ချမ်းသာပိုမိုမြင့်၊ ကဲဆင့်တောက်ထွန်း" လို့ ပညာရဲ့ အရာရောက် ခရီးတွင်ပုံကို စဉ့်ပါဆရာတော်က လင်္ကာလေးနဲ့ သတိပေးခဲ့တယ် ညီမလေးရ၊ လင်္ကာလေးဆိုလိုတာက ပစ္စည်းဥစ္စာတွေဟာ သူခိုးခိုးလို့ရတယ်၊

ကိုယ့်ရင်ထဲ စိတ်ထဲမှာ တတ်ကျွမ်းထားတဲ့ ပညာတွေကိုတော့ သူခိုးတွေ မခိုးနိုင်ဘူးတဲ့ ညီမလေးရ၊

အသိ၊ အကြား၊ အမြင်တွေနဲ့ ပြည့်စုံတဲ့ ပညာဟာ အခုလက်ရှိဘ၀မှာတင် မိတ်ကောင်း ဆွေကောင်းတွေ ရနိုင်အောင် စွမ်းဆောင်ပေးနိုင်တယ်တဲ့ ညီမလေးရေ၊

နောက်တစ်ခါ ပညာသင်ရတဲ့ အဓိက ရည်ရွယ်ချက်တွေက-----

(၁) critical thinking skill = ဝေဖန်ပိုင်းခြားသုံးသပ်နိုင်တဲ့စွမ်းရည်ရှိဖို့

(၂) decision making skill = ဆုံးဖြတ်နိုင်တဲ့ ကျွမ်းကျင်မှုရှိဖို့

(၃) problem solving skill = ပြသနာဖြေရှင်းနိုင်တဲ့ ကျွမ်းကျင်မှုရှိဖို့

(၄) creative skill = တီထွင်ကြံဆနိုင်တဲ့ ကျွမ်းကျင်မှုရှိဖို့

(၅) synthesis skill = ပေါင်းစပ်နိုင်တဲ့ ကျွမ်းကျင်မှုရှိဖို့

(၆) analytical skill = ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ ကျွမ်းကျင်မှုရှိဖို့

(၇) self-study skill = ကိုယ်တိုင်လေ့လာနိုင်တဲ့ ကျွမ်းကျင်မှုရှိဖို့

(၈) communication skill = ပြောဆိုဆက်သွယ်နိုင်တဲ့ ကျွမ်းကျင်မှုရှိဖို့

(၉) consideration skill = စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်တဲ့ ကျွမ်းကျင်မှုရှိဖို့

(၁၀) control skill = ထိန်းသိမ်းနိုင်တဲ့ ကျွမ်းကျင်မှုရှိဖို့

(၁၁) leadership skill = ခေါင်းဆောင်နိုင်တဲ့ ကျွမ်းကျင်မှုရှိဖို့

(၁၂) management skill = စီမံခန့်ခွဲနိုင်တဲ့ ကျွမ်းကျင်မှုရှိုဖို့ ဆိုတဲ့ အချက်တွေနဲ့ ပြည့်စုံဖို့ ပဲဖြစ်တယ် ညီမလေးရ၊

ပညာမသင်ထားတဲ့ လူတစ်ယောက်ဟာ ပြောပြခဲ့တဲ့ အချက်တွေနဲ့ ပြည့်စုံဖို့ ခဲယဉ်းပါတယ် ညီမလေးရေ၊ ဒါကြောင့် ညီမလေးက ငယ်တုန်း အချိန်ရှိတုန်းမှာ ပညာကို ကြိုးကြိုးစားစားသင်နော်၊ အမှတ်ကောင်းကောင်းရအောင်လဲ ကြိုးစားနော် ညီမလေး၊

ငယ်စဉ်အခါက ပညာမကြိုးစားခဲ့လို့ ကြီးတဲအခါ အဆက်အခဲတွေနဲ့ ရင်ဆိုင်ရပြီး အိမ်မှာခိုင်းတဲ့ အခိုင်းစေတွေက ပစ္စည်းတွေ ညာယူသွားခံရ စီးပွားရေး မလုပ်တတ်လို့ ဆင်းရဲသွားတဲ့ ကုဋေရှစ်ဆယ် သူဌေးသားလေးဆိုတာ ရှိခဲ့ဖူးတယ် ညီမလေးရ။ ဒီလို ညီမလေးရ အဲဒီသူဌေးသားလေးဟာ ငယ်ငယ်လေးကတည်း မိဘတွေကလဲ ချမ်းသာတော့ အစစအရာရာ အလိုလိုက် အကြိုက်ဆောင်ပေးထားတာပေါ့ ၊

ပညာသင်ရင် သူတို့သား လေးကို ပင်ပန်းမှာစိုးတာနဲ့ ကျောင်းမတက်စေပဲ အိမ်မှာနေခိုင်းသတဲ့၊ အဲဒီလိုနဲ့ အိမ်မှာပဲ ဆော့စကားလိုက်၊ စားလိုက်သောက်လိုက်၊ ပျော်လိုက်ပါးလိုက်နဲ့ အသက်တွေ ကြီးလာသတဲ့၊

သူ ဆယ်ခြောက်နှစ်လောက်ရောက်တဲ့အခါ မိဘတွေက သူတို့သားလေးကို သူတို့နဲ့ အဆင့်အတန်းခြင်း တူတဲ့ သူဌေးသမီးလေးနဲ့ လက်ဆက်ပေးစားလိုက်သတဲ့၊ ထူးခြးတာက အဲဒီသူဌေးသမီးကလဲ ကုဋေလေးဆယ် ချမ်းသာသတဲ့ ဒါပေမယ့် အဲဒီသူဌေးသမီးလေးကလဲ ပညာမတတ်ဘူးတဲ့ ညီမလေးရေ၊

သူဌေးသားလေး အိမ်ထောင်ကျပြီး ကြာတဲ့အချိန်မှာ သူဌေးသားလေးရဲ့ မိဘတွေဟာလဲ ရှေ့ဆင့်နောက်ဆင့် ဆိုသလို သေဆုံးသွားကြသတဲ့ ၊

မိဘတွေ သေဆုံးသွားကြတော့ ပညာမတတ်တဲ့ သူဌေးသားလေးဟာ မိဘတွေလက်ငုပ် လက်ရင်းဖြစ်တဲ့ စီးပွားရေးတွေလဲ မလုပ်တတ်လေတော့ တစ်စတစ်စနဲ့ လုံးပါးပါးလာပြီး စီးပွားရေးတွေကျလာသတဲ့ ညီမလေးရေ၊

ဒီကြားထဲ အရက်ကလေးက တမြမြဆိုတော့ ပိုးဆိုးတာပေါ့ ၊ အရက်သောက်တော့ အရက်သမား သူငယ်ချင်းတွေက အိမ်လာလိုက် ချော့ပြီးစားလိုက်၊ လိမ်ယူသွားလိုက်နဲ့ အတွင်းပစ္စည်းတွေကလဲ တဖြေးဖြေးနဲ့ ကုန်ကုန်လိုက်လာသတဲ့၊ တိုတိုကျဉ်းကျဉ်း လိုရင်းပြောရရင် နောက်ဆုံး သူဌေးသားလေးဟာ အိမ်တွေကို ရောင်း၊ ရှိသမျှတွေ ထုခွဲရောင်းချပြီး လင်မယားနှစ်ယောက် ခွက်ဆွဲပြီး တောင်းစားရတဲ့ ဘ၀ရောက် သွားသတဲ့ ညီမလေးရေ၊ တကယ်တမ်းစဉ်းစားကြည့်ရင် သူတို့လင်မယားနှစ်ယောက်ဟာ ကုဋေရှစ်ဆယ်တောင် ချမ်းသာတာနော် ဒါပေမယ့် ပညာမတတ်တော့၊ စီးပွားရေးအမြင်လဲ မရှိတော့ ဘယ်လောက်ချမ်းသာ ချမ်းသာ ကုန်သွားတာပဲ မဟုတ်လား၊

နောက်တစ်ခု စဉ်စားကြည့်စေချင်တာက ပညာဆိုတာ ကျောင်းနေလို့ တတ်မြောက်တဲ့ အတန်းပညာတစ်ခုတည်းတင် မဟုတ်ပါဘူး ညီမလေးရယ်၊ လက်မှုပညာလို့ခေါ်တဲ့ စက်ချုပ်တာ ပန်းချီဆွဲတာ၊ လက်သမားပညာတွေလဲ ပညာပါပဲ၊ ဒါအပြင် နှုတ်မှုပညာလို့ခေါ်တဲ့ စကားအပြောအဆို တတ်ကျွမ်းတာ၊

ဘိသိက်ဟောတတ်တာ၊ လူအများကို ပညာရအောင်ဟောတတ်ပြောတတ်တဲ့ ပညာတွေဟာလဲ ပညာပါပဲ အဲဒီလို နှုတ်မှု လက်မှု ပညာ တစ်ခု တတ်ရင်လဲ ဘ၀မှာ နေလို့ထိုင်လို့ အဆင်ပြေအေးချမ်းတာပါပဲ၊ ဒါကြောင့် ပြောချင်တာကတော့ ညီမလေးရယ်၊ ငယ်တုန်းအရွယ်မှာ ဘယ်ပညာပဲ ဖြစ်ဖြစ် တတ်မြောက်အောင် သင်ထားသင့်တယ်လို့ အကြံပေးချင်တယ်လေ၊

ငယ်တုန်း သန်တုန်း မြန်တုန်းမှာ ကြိုးကြိုးစားစား ပညာတွေမသင်ရင်တော့ အပေါ်က ပြောပြခဲ့တဲ့ ကုဋေရှစ်ဆယ် သူဌေးသား လင်မယားလို တစ်နေ့ ဒုက္ခတွေနဲ့ လှလှပပကြုံတွေရမယ်ဆိုတာ သဘောပေါက်ထားလိုက်နော်၊ အခု ကျောင်းတက်နေတုန်းအချိန်မှာ စာတွေကျက်ရလို့ ပျင်းလာရင်၊ သင်္ချာတွေတွက်ရလို့ ခေါင်းတွေပူလာရင် ခနနားပြီး ပြောပြခဲ့တဲ့ ပုံပြင်လေးကို သတိရလိုက်နော်၊

ပြီးသွားရင် ပြန်အားတင်းပြီး ချက်ချင်း လက်ငင်း စိတ်ဓာတ်တွေလင်းလက်ဖို့ အသက်သွင်းပြီး သွက်သွက်လက်လက် ထက်ထက် မျက်မျက်နဲ့ အခက်အခဲတွေကို ကျော်ဖြတ်လိုက်ပါ ၊

ဒါဆိုရင် ညီမလေးဘ၀ သာယာလှပပြီး အမြဲတမ်းအေးချမ်းနေလိမ့်မယ်လို့ ပြောပါရစေ။ ။

ရွှေမန်းသား အရှင်အကုင်္ရ
မေတ္တာဖြင့် မျှဝေသူ
The Precious Time

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။