လူတွေမကြိုက်တဲ့ လူတစ်ချို့ရဲ့အမူအကျင့်များ
•~•~•~•~•~•~•~•~•~•~•~•~•~ •~•~•~•
အကြွားသန်တဲ့သူ
တစ်စုံတစ်ယောက်နဲ့ တွေ့ပြီဆိုတာ ဘာတွေ ပိုင်ဆိုင်ကြောင်း၊ ဘာတွေ ဝယ်ထားကြောင်း၊ ဘယ်လို ကုန်ပစ္စည်းတွေသုံးကြောင်း ထပ်ခါထပ်ခါ ကြွားဝါတဲ့ အမူအကျင့်တွေကို လူတွေက မကြိုက်ကြပါဘူး။ ဒါကြောင့် လူတွေက သူ့ကိုမြင်တာနဲ့ စကားဖက်ပြီး မပြောချင်တော့ဘဲ ရှောင်ကြပါလိမ့်မယ်။
ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို အခြားသူ မမြင်မြင်အောင် ပြနေတတ်တဲ့သူ
သူတို့ ပိုင်ဆိုင်တဲ့ တန်ဖိုးကြီး ပစ္စည်းတွေကို အခြားသူတွေ မမြင်မြင်အောင် ဖော်ထုတ်ပြသကြတဲ့ သူတွေကို မြင်ဖူးကြမယ်ထင်ပါတယ်။ သူတို့ရဲ့ ပစ္စည်းတွေကို အခြားသူ မြင်ပြီး အံ့သြသွားမလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ မမြင်မြင်အောင် ပြသခြင်း ဖြစ်ပါတယ်။ ဒီအချက်ကလည်း လူတွေမကြိုက်တဲ့ လူတစ်ချို့ရဲ့ အမူအကျင့် ဖြစ်ပါတယ်။
သူတစ်ပါးကို အထင်သေးတတ်တဲ့သူ
တစ်စုံတစ်ခုဆိုရင် မိမိသိ၊ မိမိသာတတ် သူများတွေဟာ မိမိလောက် မသိ မတတ်ဘူးလို့ တစ်ပါးသူကို အမြဲတန်း အထင်သေး အမြင်သေးတတ်တဲ့သူတွေကိုလည်း လူတွေက မကြိုက်ကြပါဘူး။
အတင်းပြောတတ်တဲ့သူ
ရှေ့မှာ တစ်မျိုး ကွယ်ရာရောက်ရင် တစ်မျိုး အတင်းပြောတတ်တဲ့ လူတစ်ချို့ရဲ့ အမူအကျင့်တွေကိုလည်း လူတွေကို မကြိုက်နှစ်သက်ကြပါဘူး။ ဒီအတွက် အဲလိုလူတွေကို လူတွေက ပေါင်းသင်းမယ်ဆိုရင်တောင် ကိုယ်ပေါင်း စိတ်ခွာ သဘောသာ ပေါင်းသင်းတော့မှာ ဖြစ်ပါတယ်။
Credit - ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com
•~•~•~•~•~•~•~•~•~•~•~•~•~
အကြွားသန်တဲ့သူ
တစ်စုံတစ်ယောက်နဲ့ တွေ့ပြီဆိုတာ ဘာတွေ ပိုင်ဆိုင်ကြောင်း၊ ဘာတွေ ဝယ်ထားကြောင်း၊ ဘယ်လို ကုန်ပစ္စည်းတွေသုံးကြောင်း ထပ်ခါထပ်ခါ ကြွားဝါတဲ့ အမူအကျင့်တွေကို လူတွေက မကြိုက်ကြပါဘူး။ ဒါကြောင့် လူတွေက သူ့ကိုမြင်တာနဲ့ စကားဖက်ပြီး မပြောချင်တော့ဘဲ ရှောင်ကြပါလိမ့်မယ်။
ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို အခြားသူ မမြင်မြင်အောင် ပြနေတတ်တဲ့သူ
သူတို့ ပိုင်ဆိုင်တဲ့ တန်ဖိုးကြီး ပစ္စည်းတွေကို အခြားသူတွေ မမြင်မြင်အောင် ဖော်ထုတ်ပြသကြတဲ့ သူတွေကို မြင်ဖူးကြမယ်ထင်ပါတယ်။ သူတို့ရဲ့ ပစ္စည်းတွေကို အခြားသူ မြင်ပြီး အံ့သြသွားမလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ မမြင်မြင်အောင် ပြသခြင်း ဖြစ်ပါတယ်။ ဒီအချက်ကလည်း လူတွေမကြိုက်တဲ့ လူတစ်ချို့ရဲ့ အမူအကျင့် ဖြစ်ပါတယ်။
သူတစ်ပါးကို အထင်သေးတတ်တဲ့သူ
တစ်စုံတစ်ခုဆိုရင် မိမိသိ၊ မိမိသာတတ် သူများတွေဟာ မိမိလောက် မသိ မတတ်ဘူးလို့ တစ်ပါးသူကို အမြဲတန်း အထင်သေး အမြင်သေးတတ်တဲ့သူတွေကိုလည်း
အတင်းပြောတတ်တဲ့သူ
ရှေ့မှာ တစ်မျိုး ကွယ်ရာရောက်ရင် တစ်မျိုး အတင်းပြောတတ်တဲ့ လူတစ်ချို့ရဲ့ အမူအကျင့်တွေကိုလည်း လူတွေကို မကြိုက်နှစ်သက်ကြပါဘူး။ ဒီအတွက် အဲလိုလူတွေကို လူတွေက ပေါင်းသင်းမယ်ဆိုရင်တောင် ကိုယ်ပေါင်း စိတ်ခွာ သဘောသာ ပေါင်းသင်းတော့မှာ ဖြစ်ပါတယ်။
Credit - ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။