" ကြေကွဲဖွယ် မနက်စာ " - အောင်ဆန်းစုကြည်
ဒီကနေ့ မြန်မာပြည်မှာ လူတွေ စကားစမြည် ပြောကြပြီဆိုရင် အများဆုံးပြောတဲ့ အကြောင်းအရာကတော့ တရိပ်ရိပ် တက်နေတဲ့ ကုန်ဈေးနှုန်းအကြောင်းပါပဲ။
လူစုမိပြီး တိုင်းရေးပြည်ရေး အကြောင်း ဆွေးနွေးကြတဲ့အခါ ဒီကနေ့
ကုန်ဈေးနှုန်းနဲ့ ၁၉၉၀ ပြည့်နှစ် မတိုင်မီက ကုန်ဈေးနှုန်းတွေအကြောင်း
နှိုင်းယှဉ်ပြီး ပြောကြ တဲ့ဘက်ကို ရောက်သွားကြပါတယ်။
ဒီလို နှိုင်းယှဉ်မိတဲ့အခါကျရင် ဟိုတုန်းက ဈေးနှုန်းတွေဟာ ဒီကနေ့ ဈေးနှုန်းတွေထက် သက်သာတဲ့အတွက် ရော်ရမ်းတမ်းတပုံ၊ မကျေမနပ်ဖြစ်ပုံ၊ မယုံကြည်နိုင်လောက်အောင် ဖြစ်နေပုံ၊ ဒေါသထွက်နေပုံ အမူအရာများ ပေါ်လာပါတော့တယ်။ ဘာမှ ပူပင်ကြောင့်ကြစရာမလိုတဲ့၊ အရေအတွက် အင်မတန်နည်းပါးတဲ့ လက်တစ်ဆုပ်စာမျှသော အလွန် ချမ်းသာနေသူတွေကလွဲပြီး ကုန်ဈေးနှုန်းအကြောင်း မပြောတဲ့သူ မရှိပါဘူး။
ကိုယ့်မိသားစုဝင်ငွေလေးနဲ့ မိသားစုနေ့စဉ်လိုအပ်ချက်တွေ အတွက်
သုံးစွဲရမယ့်ငွေကြေးကို အမြဲတမ်းတွက်ချက်နေရတဲ့ အိမ်ရှင်မရဲ့
အဆိုးဆုံးရန်သူကတော့ ကုန်ဈေးနှုန်းပါပဲ။ ဈေးတစ်ခါသွားပြီ ဆိုရင်
ဈေးဝယ်ထွက်တဲ့သူဟာ ခေါင်ခိုက်နေတဲ့ ဈေးနှုန်းနဲ့ အရည်အသွေး သိပ်မကောင်းတဲ့
ကုန်ပစ္စည်းတွေအကြား သေသေချာချာ တွက်ချက်ပြီး ၀ယ်ကြရတဲ့ အခက်အခဲကို
ရင်ဆိုင်ရပါတယ်။
ခေါင်းခြောက်ရလောက်အောင် ပင်ပင်ပန်းပန်းနဲ့ တွက်ချက် ၀ယ်ယူပြီး ပြန်လာတဲ့အိမ်ရှင်မဟာ မိသားစုတွေ အရသာရှိရှိနဲ့ စားသောက်နိုင်အောင် ချက်ပြုတ်ဖို့ မ၀ယ်နိုင်လို့ ထားရစ်ခဲ့ရတဲ့ ဈေးကြီးတဲ့ ဟင်းလျာအစား တခြားချက်ပြုတ်ဖို့ တွေးတောရတာကလည်း တော်တော့ကို မလွယ်ပါဘူး။ အိမ်မှုကိစ္စ ထိန်းသိမ်းရတဲ့အခက်အခဲတွေကို သိရှိနားလည် ဖို့အတွက် နေ့တစ်နေ့ရဲ့ ပထမဦးဆုံး မနက်စာ ပြင်ဆင်တာတွေကို ကြည့်ကြရအောင်။
မြန်မာပြည်က လူအများစုရဲ့ မနက်စာကတော့ ထမင်းကြော်ပါပဲ။ မနေ့ညနေက ကျန်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ သားငါးပုစွန်တစ်ခုခု နဲ့ရောပြီး ကြော်ထားတဲ့ထမင်းကို စားတာပဲ ဖြစ်ပါတယ်။ တစ်ခါတလေမှာတော့ ကြက်ဥတစ်လုံး နှစ်လုံးထည့်ပြီး ရောမွှေ လိုက်တာလည်း ရှိပါတယ်။ တစ်ခါတလေတော့ ၀က်အူချောင်းကို ပါးပါးလေးလှီးထည့်တာလည်း ရှိပါတယ်။ တစ်ခါတလေ မနက်စောစောလှည့်ပြီးရောင်းတဲ့ ပဲပြုတ်သည်တွေဆီက ပဲပြုတ်ဝယ်ပြီး ရောကြော်ပါတယ်။ ဗိုက်ပြည့်ပြီး အရသာရှိတဲ့ မနက်စာပါပဲ။
ယခုအခါမှာတော့ မိသားစု တော်တော်များများရဲ့ မနက်စာ ထမင်းကြော်ဟာ ဖွယ်ဖွယ်ရာရာ မဟုတ်တော့ပါဘူး။ ယခုအခါမှာ မနက်စာကို မုန့်ဟင်းခါးပဲ စားစား၊ ထမင်းကြော်ပဲ စားစား၊ တကယ်ကောင်းမွန်တဲ့ပစ္စည်းတွေ သုံးတာ
လျော့လာလို့ အရသာလျော့လာသလို အာဟာရဖြစ်မှုကလည်း လျော့လာပါ တယ်။
ဈေးကြီးလွန်းတဲ့ အသား၊ ငါး၊ ပဲ တွေကို ၀ယ်မသုံးနိုင်တော့ ပရိုတိန်းဓာတ်တွေ
နည်းလာတာကြောင့်ချည်း မဟုတ်ပါဘူး။ ဒီမုန့်ဟင်းခါးရော၊ ထမင်းကြော်ပါ
သုံးနေတာကတော့ စားအုန်းဆီပဲ ဖြစ်ပါ တယ်။ မြေပဲဆီကတော့ ဈေးကြီးလွန်းလို့
အနားမကပ်နိုင်ပါဘူး။ ဒီလို အရသာရှိတဲ့ ပစ္စည်းတွေ အပြည့်အ၀မသုံးနိုင်တော့
အဲဒါတွေအစား အချိုမှုန့်ကို ပိုပြီးသုံးလာကြပါတယ်။
အာဟာရဓာတ်လည်း ပြည့်ဝ၊ ကျန်းမာရေးနဲ့လည်း ညီညွတ်၊ အရသာလည်းရှိတဲ့ မနက်စာကို စားလာခဲ့ကြတဲ့ မြန်မာတွေအဖို့ ယခုအခါမှာတော့ အားရတင်းတိမ်မှုမရှိတဲ့အပြင် ကျန်းမာရေးအရပါ အန္တရာယ်ဖြစ်လာစေနိုင်ပါတယ်။ မနက်စာကို ထမင်းကြော် ဒါမှမဟုတ် မုန့်ဟင်းခါးစားသောက်နိုင်ရ င် ကျေနပ်အားရတင်းတိမ်မှုမရှိတောင်မှ
ဒီလိုစားနိုင်သူဟာ ကံကောင်းတဲ့သူလို့ပဲ ပြောရမှာပါ။ အကြောင်းကတော့
မနက်စာကို ဆန်ပြုတ်သောက်ပြီး နေရတဲ့သူတွေ အများကြီးရှိနေလို့ပါပဲ။
တချို့တွေဆိုရင် ဘာမှကို မစားနိုင်ကြပါဘူး။
အောင်ဆန်းစုကြည်
(Eternal Light Magazine May 2015 တွင် ပါဝင်သော
ဒေါ်အောင်ဆန်းစုကြည်ရေးသားသည့်
``ကြေကွဲဖွယ် မနက်စာ´´ဆောင်းပါးမှ ကောက်နုတ်ချက်)
ဒီကနေ့ မြန်မာပြည်မှာ လူတွေ စကားစမြည် ပြောကြပြီဆိုရင် အများဆုံးပြောတဲ့ အကြောင်းအရာကတော့ တရိပ်ရိပ် တက်နေတဲ့ ကုန်ဈေးနှုန်းအကြောင်းပါပဲ။
ဒီလို နှိုင်းယှဉ်မိတဲ့အခါကျရင် ဟိုတုန်းက ဈေးနှုန်းတွေဟာ ဒီကနေ့ ဈေးနှုန်းတွေထက် သက်သာတဲ့အတွက် ရော်ရမ်းတမ်းတပုံ၊ မကျေမနပ်ဖြစ်ပုံ၊ မယုံကြည်နိုင်လောက်အောင် ဖြစ်နေပုံ၊ ဒေါသထွက်နေပုံ အမူအရာများ ပေါ်လာပါတော့တယ်။ ဘာမှ ပူပင်ကြောင့်ကြစရာမလိုတဲ့၊ အရေအတွက် အင်မတန်နည်းပါးတဲ့ လက်တစ်ဆုပ်စာမျှသော အလွန် ချမ်းသာနေသူတွေကလွဲပြီး ကုန်ဈေးနှုန်းအကြောင်း မပြောတဲ့သူ မရှိပါဘူး။
ကိုယ့်မိသားစုဝင်ငွေလေးနဲ့ မိသားစုနေ့စဉ်လိုအပ်ချက်တွေ
ခေါင်းခြောက်ရလောက်အောင် ပင်ပင်ပန်းပန်းနဲ့ တွက်ချက် ၀ယ်ယူပြီး ပြန်လာတဲ့အိမ်ရှင်မဟာ မိသားစုတွေ အရသာရှိရှိနဲ့ စားသောက်နိုင်အောင် ချက်ပြုတ်ဖို့ မ၀ယ်နိုင်လို့ ထားရစ်ခဲ့ရတဲ့ ဈေးကြီးတဲ့ ဟင်းလျာအစား တခြားချက်ပြုတ်ဖို့ တွေးတောရတာကလည်း တော်တော့ကို မလွယ်ပါဘူး။ အိမ်မှုကိစ္စ ထိန်းသိမ်းရတဲ့အခက်အခဲတွေကိ
မြန်မာပြည်က လူအများစုရဲ့ မနက်စာကတော့ ထမင်းကြော်ပါပဲ။ မနေ့ညနေက ကျန်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ သားငါးပုစွန်တစ်ခုခု နဲ့ရောပြီး ကြော်ထားတဲ့ထမင်းကို စားတာပဲ ဖြစ်ပါတယ်။ တစ်ခါတလေမှာတော့ ကြက်ဥတစ်လုံး နှစ်လုံးထည့်ပြီး ရောမွှေ လိုက်တာလည်း ရှိပါတယ်။ တစ်ခါတလေတော့ ၀က်အူချောင်းကို ပါးပါးလေးလှီးထည့်တာလည်း ရှိပါတယ်။ တစ်ခါတလေ မနက်စောစောလှည့်ပြီးရောင်းတ
ယခုအခါမှာတော့ မိသားစု တော်တော်များများရဲ့ မနက်စာ ထမင်းကြော်ဟာ ဖွယ်ဖွယ်ရာရာ မဟုတ်တော့ပါဘူး။ ယခုအခါမှာ မနက်စာကို မုန့်ဟင်းခါးပဲ စားစား၊ ထမင်းကြော်ပဲ စားစား၊ တကယ်ကောင်းမွန်တဲ့ပစ္စည်းတွေ
အာဟာရဓာတ်လည်း ပြည့်ဝ၊ ကျန်းမာရေးနဲ့လည်း ညီညွတ်၊ အရသာလည်းရှိတဲ့ မနက်စာကို စားလာခဲ့ကြတဲ့ မြန်မာတွေအဖို့ ယခုအခါမှာတော့ အားရတင်းတိမ်မှုမရှိတဲ့အပြင်
အောင်ဆန်းစုကြည်
(Eternal Light Magazine May 2015 တွင် ပါဝင်သော
ဒေါ်အောင်ဆန်းစုကြည်ရေးသားသည
``ကြေကွဲဖွယ် မနက်စာ´´ဆောင်းပါးမှ ကောက်နုတ်ချက်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။