မိမိမျောက်ကိုထိန်းသိမ်းပါ
+++++++++++++++++
တစ်ခါက နယ်တကာကိုလှည့်လည်ပြီး မြွေလမ္ပာယ်ပြပြီး အသက်မွေးရသူတစ်ဦး ရှိပါသတဲ့..။ သူဟာ မြွေလမ္ပာယ်တင်မက တခါတရံမှာလည်း မျောက်ပွဲပြလေ့ရှိတာကြောင့်
မျောက်တစ်ကောင်ကိုပါ မွေးမြူထားခဲ့တယ်..။ သူဟာ မျောက်နဲ့ မြွေတင်မက ဆိတ်
တစ်ကောင်ကိုပါ ပိုင်ဆိုင်တာကြောင့် သွားလေရာအရပ်ကို မြွေ၊ မျောက်၊ ဆိတ်
တို့ကို ခေါ်ဆောင်သွားလေ့ရှိတယ်..။
သူခရီးသွားလာတဲ့အခါမျိုးမှာ တော့ မြွေကို အဖုံးပါတဲ့ ခြင်းတောင်းတစ်ခုထဲကိုထည့်ြ ပီးခေါင်းပေါ်မှာရွက်၊
မျောက်ကို ပုခုံးပေါ်မှာတင်ပြီး၊ ဆိတ်ကို ကြိုးနဲ့ဆွဲခါ
ခရီးသွားလာလေ့ရှိတယ်..။ အဲဒီလိုနဲ့သူဟာ နယ်တကာလှည့်ပြီး မျောက်ပွဲတစ်လှည့်၊
မြွေလမ္ပာယ်တစ်လှည့်စီပြပြီး အသက်မွေးတယ်...။
တစ်နေ့တော့ သူဟာ မြို့တစ်မြို့မှာ သွားရောက်ဖျော်ဖြေဖို့ ခရီးထွက်လာခဲ့ပြန်တယ်..။ အဲသလို ခရီးထွက်လာရင်း လမ်းခုလတ်မှာတော့ အင်မတန်ရေစီးကြမ်းတဲ့ ချောင်းတစ်ခုကို ဖြတ်သန်းဖို့ဖြစ်လာတယ်..။ ချောင်းဟာ ရေစီးသန်ပေမယ့်.. ရေကတော့ ခါးလယ်လောက်သာ ရှိတဲ့အတွက်သူဟာ ချောင်းကို ဒီအတိုင်းပဲ ခြေကျင်ဖြတ်ကူးဖို့ ဆုံးဖြတ်လိုက်တယ်..
မြွေလမ္ပာယ်ဆရာဟာ မြွေထည့်ထားတဲ့ခြင်းတောင်းကို ခေါင်းပေါ်ရွက်လိုက်တယ်၊ မျောက်ကို ပုခုံးပေါ်တင်ပြီး ကြိုးနဲ့ဆွဲလာတဲ့ ဆိတ်ကိုတော့ ပွေ့ပိုက်ပြီးသယ်ဆောင်လာတယ် ..။
"ဒီအတိုင်းဆို အဆင်ပြေပြီ"
လို့ သူ့ကိုယ်သူပြောနေခဲ့ပြန်တယ် ..။
အဲဒီနောက်မှာတော့ မြွေလမ္ပာယ်ဆရာဟာ ချောင်းကို စတင်ဖြတ်ကူးတယ်..။
အတော်အတန်ဖြတ်ကူးမိတဲ့အခါမှာတော့ ချောင်းရေဟာ သူထင်ထားတာထက်ပိုပြီးရေစီးသ န်တယ်ဆိုတာ
သိလိုက်ရတယ်..။ ဒါကြောင့် သူဟာ ပွေ့ပိုက်လာတဲ့ ဆိတ်ကို ပိုမိုပြီး
ခပ်တင်းတင်း ပွေ့ဖက်ထားပြန်တယ်..။ အဲဒီအချိန်မှာပဲ ပြဿနာတစ်ခု
စဖြစ်လာခဲ့တယ်..။
မျောက်ဟာ ဘာသာဘာဝအလျောက် စပ်စုတတ်တဲ့အတွက် မြွေခြင်းတောင်းကို ဖွင့်ကြည့်တယ်..။ ခြင်းတောင်းကို ဖွင့်လိုက်တဲ့အတွက် မြွေဟာ ခြင်းတောင်းထဲက ခေါင်းပြူထွက်လာတယ်..။ တရှူးရှူးနဲ့ နှာမှုတ်ပြီး မျောက်ကို ရန်ရှာပြန်တယ်..။ မျောက်ဟာ ကြောက်လန့်တကြားနဲ့ ပုခုံးပေါ်ကနေ ဆိတ်ပေါ်ကို ခုန်ဆင်းတယ်.. ဆိတ်က ရုန်းကန်တဲ့အခါ.. မျောက် ရေထဲကို ပြုတ်ကျသွားပြန်တယ်..။ မြေလမ္ပာယ်ဆရာဟာ မျောက်ကို ဆယ်ယူဖို့အတွက်.. ဆိတ်ကိုပွေ့ထားတဲ့လက်တစ်ဖက် ကိုလွှတ်လိုက်တဲ့အခါ..
ရုန်းကန်နေတဲ့ဆိတ်ပါ ရေထဲကို ပြုတ်ကျသွားပြန်တယ်..။ မြွေလမ္ပာယ်ဆရာလည်း..
ဆိတ်ကိုလှမ်းအဆွဲမှာ ဟန်ချက်ပျက်ပြီး ခေါင်းပေါ်က မြွေတောင်းပါ ရေစီးထဲကို
မြောသွားခဲ့ရတယ်..။
ချောင်းတစ်ဘက်ကို ရောက်တဲ့အခါမှာတော့..သူရဲ့ပိုင်ဆိုင်မှုတွေဖြစ်တဲ့ မြွေ၊ မျောက်၊ နဲ့ ဆိတ်တို့ မရှိတော့တာကြောင့် .. သူဟာ ငိုကြွေးခဲ့တော့တယ်..။
-----------------------
တကယ့်လက်တွေ့ဘ၀မှာတော့.. ကျနော်တို့ရဲ့ "စိတ်" ဟာ မျောက်နဲ့ တူတယ်လို့ဆိုတယ်..။ ကျနော်တို့တွေဟာ ရေစီးကြမ်းတဲ့ချောင်းနဲ့တူတဲ့ ဘ၀ရဲ့ ရေစီးကြမ်းကို ဖြတ်ကူးနေရတဲ့ မြွေလမ္ပာယ်ဆရာတွေပဲဖြစ်တယ်. .။ စားဝတ်နေရေးတွေကို ပုခုံးပေါ်မှာထမ်းလို့တဖုံ၊ ရင်ခွင်မှာပိုက်လို့တသွယ်သယ်ဆောင်ရင်း.. ကြမ်းတမ်းတဲ့ ဘ၀ရေစီးကြောင်းကို အန်တု ဖြတ်သန်းနေကြသူများပဲဖြစ်တယ်..။ အဲဒီလေးလံတဲ့ စားဝတ်နေရေးတွေကြောင့်ပဲ ကိုယ့်ရဲ့ဘ၀ခရီးလမ်းဟာ ဟန်ချက်ညီဖို့အတွက် အလွန်ပဲခက်ခဲနေပြန်တယ်..။
အဲဒီလို ကြမ်းတမ်းခက်ခဲတဲ့..ဘ၀ရေစီး ကြောင်းထဲမှာ ဟန်ချက်ညီအောင်ကြိုးစားဖြတ် သန်းရင်းနဲ့..
ကျနော်တို့ရဲ့စိတ်အစဉ်ဟာ.. အငြိမ်မနေတဲ့ မျောက်လို..
လှည့်လည်ကျက်စားပြန်တယ်..။ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ
တစ်မျိုးမဟုတ်..တစ်မျိုးကို စမ်းသပ်ချင်၊ ခံစားပျော်မွေ့ချင်ကြပြန်တယ်..။ အဲဒီလို မျောက်နဲ့တူလှတဲ့ စိတ်အစဉ်ကို မထိန်းသိမ်းနိုင်ကြတဲ့အခါမှာတော့.. ကိုယ်ရဲ့ ပိုင်ဆိုင်တဲ့ လောကီ၊ လောကုတ္တရာ ကောင်းကျိုးတွေဟာ ဘ၀ရဲ့ ရေစီးကြောင်းနဲ့အတူ.. ရေစုန်မြောကြမယ်လို့ဆိုတယ်. .။
Mind is restless and difficult to predict. ဆိုတဲ့စကားလို ကျနော်တို့ရဲ့စိတ်ဟာ ဂနာမငြိမ်တဲ့အပြင် ကြိုတင်မှန်းဆရလည်း ခက်ခဲသေးတယ်.. ။ အဲဒီလိုဂနာမငြိမ်ခြင်းနဲ့ တွယ်ညိတတ်ခြင်းသဘောကို ဆင်ခြင်းသုံးသပ်ရင်း. တတ်နိုင်သမျှ ထိန်းချုပ်စောင့်စည်းကြရမှာ ပဲဖြစ်တယ်...။ ကောင်းသောအရာများမှာ ပျော်မွေ့တတ်အောင်.. လေ့ကျင့်ယူကြရမှာပဲဖြစ်တယ်. .။
တကယ်လို့ ကျနော်တို့တွေဟာ ဂနာမငြိမ်တဲ့စိတ်ရဲ့ လိုအင်တိုင်းကို မထိန်းသိမ်းနိုင်ခဲ့ရင်တော့ .. ဟန်ချက်ညီနေတဲ့ စီးပွားရေး၊ လူမှုရေး၊ မိသားစုအရေးတွေဟာ ဟန်ချက်ညီမှုတွေ ပျောက်ဆုံးကုန်ပြီး ရေစုန်မြောကြရမှာပဲဖြစ်တယ်. .။
ဒါတင်မကသေးဘဲ ချောင်းရဲ့တစ်ဖက်ကမ်းဖြစ်တဲ့  နောင်သံသရာဘ၀တွေမှာလည်း မြွေလမ္ပါယ်ဆရာရဲ့ ငိုကြွေးချင်းနဲ့တူတဲ့ ဒုက္ခဆင်းရဲတွေသာ စောင့်ကြိုနေမှာပဲဖြစ်တယ်..
မျောက်များကို ထိန်းကျောင်းနိုင်ကြပါစေ..
(ဖြိုးသုတ)
+++++++++++++++++
တစ်ခါက နယ်တကာကိုလှည့်လည်ပြီး မြွေလမ္ပာယ်ပြပြီး အသက်မွေးရသူတစ်ဦး ရှိပါသတဲ့..။ သူဟာ မြွေလမ္ပာယ်တင်မက တခါတရံမှာလည်း မျောက်ပွဲပြလေ့ရှိတာကြောင့်
သူခရီးသွားလာတဲ့အခါမျိုးမှာ
တစ်နေ့တော့ သူဟာ မြို့တစ်မြို့မှာ သွားရောက်ဖျော်ဖြေဖို့ ခရီးထွက်လာခဲ့ပြန်တယ်..။ အဲသလို ခရီးထွက်လာရင်း လမ်းခုလတ်မှာတော့ အင်မတန်ရေစီးကြမ်းတဲ့ ချောင်းတစ်ခုကို ဖြတ်သန်းဖို့ဖြစ်လာတယ်..။ ချောင်းဟာ ရေစီးသန်ပေမယ့်.. ရေကတော့ ခါးလယ်လောက်သာ ရှိတဲ့အတွက်သူဟာ ချောင်းကို ဒီအတိုင်းပဲ ခြေကျင်ဖြတ်ကူးဖို့ ဆုံးဖြတ်လိုက်တယ်..
မြွေလမ္ပာယ်ဆရာဟာ မြွေထည့်ထားတဲ့ခြင်းတောင်းက
"ဒီအတိုင်းဆို အဆင်ပြေပြီ"
လို့ သူ့ကိုယ်သူပြောနေခဲ့ပြန်တယ်
အဲဒီနောက်မှာတော့ မြွေလမ္ပာယ်ဆရာဟာ ချောင်းကို စတင်ဖြတ်ကူးတယ်..။
အတော်အတန်ဖြတ်ကူးမိတဲ့အခါမှ
မျောက်ဟာ ဘာသာဘာဝအလျောက် စပ်စုတတ်တဲ့အတွက် မြွေခြင်းတောင်းကို ဖွင့်ကြည့်တယ်..။ ခြင်းတောင်းကို ဖွင့်လိုက်တဲ့အတွက် မြွေဟာ ခြင်းတောင်းထဲက ခေါင်းပြူထွက်လာတယ်..။ တရှူးရှူးနဲ့ နှာမှုတ်ပြီး မျောက်ကို ရန်ရှာပြန်တယ်..။ မျောက်ဟာ ကြောက်လန့်တကြားနဲ့ ပုခုံးပေါ်ကနေ ဆိတ်ပေါ်ကို ခုန်ဆင်းတယ်.. ဆိတ်က ရုန်းကန်တဲ့အခါ.. မျောက် ရေထဲကို ပြုတ်ကျသွားပြန်တယ်..။ မြေလမ္ပာယ်ဆရာဟာ မျောက်ကို ဆယ်ယူဖို့အတွက်.. ဆိတ်ကိုပွေ့ထားတဲ့လက်တစ်ဖက်
ချောင်းတစ်ဘက်ကို ရောက်တဲ့အခါမှာတော့..သူရဲ့ပ
-----------------------
တကယ့်လက်တွေ့ဘ၀မှာတော့.. ကျနော်တို့ရဲ့ "စိတ်" ဟာ မျောက်နဲ့ တူတယ်လို့ဆိုတယ်..။ ကျနော်တို့တွေဟာ ရေစီးကြမ်းတဲ့ချောင်းနဲ့တူတ
အဲဒီလို ကြမ်းတမ်းခက်ခဲတဲ့..ဘ၀ရေစီး
Mind is restless and difficult to predict. ဆိုတဲ့စကားလို ကျနော်တို့ရဲ့စိတ်ဟာ ဂနာမငြိမ်တဲ့အပြင် ကြိုတင်မှန်းဆရလည်း ခက်ခဲသေးတယ်.. ။ အဲဒီလိုဂနာမငြိမ်ခြင်းနဲ့ တွယ်ညိတတ်ခြင်းသဘောကို ဆင်ခြင်းသုံးသပ်ရင်း. တတ်နိုင်သမျှ ထိန်းချုပ်စောင့်စည်းကြရမှာ
တကယ်လို့ ကျနော်တို့တွေဟာ ဂနာမငြိမ်တဲ့စိတ်ရဲ့ လိုအင်တိုင်းကို မထိန်းသိမ်းနိုင်ခဲ့ရင်တော့
ဒါတင်မကသေးဘဲ ချောင်းရဲ့တစ်ဖက်ကမ်းဖြစ်တဲ
မျောက်များကို ထိန်းကျောင်းနိုင်ကြပါစေ..
(ဖြိုးသုတ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။