"နေရာနှင့်ရွေ့လျားမှုပြ Prepositions များ "
*********************************
in = အထဲမှာ ၊ အတွင်းမှာ
into = အတွင်းသို့ ၊ အထဲသို့
out of = အတွင်းမှ အပြင်သို့
on = အပေါ်မှာ
onto = အပေါ်သို့
off = (နေရာတစ်ခုမှ) လှမ်းသော၊ ကွာသော
inside = အတွင်းဘက်မှာ
outside = အပြင်ဘက်မှာ
Over = အပေါ်တည့်တည့်မှာ
Under = အောက်မှာ
Above = အပေါ်ဘက်မှာ။အပေါ်ပိုင်းမှာ
Below = အောက်ဘက်မှာ ။ အနိမ့်ပိုင်းမှာ
Underneath = အောက်တည့်တည့်မှာ
On top of = ထိပ်မှာ
အထက်ပါ နေရာရွေ့လျားမှုပြ Prepositions များကို ဥပမာလေးတွေနဲ့ လေ့လာကြည့်ကြရအောင်.......
(1) My mother is in her bedroom.
ကျွန်တော့်အမေသည် အိပ်ခန်းထဲမှာ ရှိသည်။
(2) He fell into the river.
သူ မြစ်ထဲသို့ ကျသွားသည်။
(3) He came out of the room and locked the door.
သူ အခန်းထဲမှ အပြင်သို့ ထွက်လာ၍ တံခါးကို သော့ပိတ်လိုက်သည်။
(4) Your keys are on the table.
မင်း သော့တွဲ စားပွဲပေါ်မှာ ရှိသည်။
(5) He jumped onto / on the horse.
သူ မြင်းပေါ်သို့ ခုန်တက်လိုက်သည်။
(6) Take your feet off the table.
မင်း ခြေထောက်ကို စားပွဲက ဖယ်လိုက်ပါ။
(7) She was sitting inside / in the cafe.
သူမ လက်ဖက်ရည်ဆိုင်ထဲမှာ ထိုင်နေသည်။
(8) There is a telephone box outside the bank.
ဘဏ်တိုက်အပြင်ဘက်မှာ တယ်လီဖုန်းရုံးငယ် ရှိသည်။
"သွားလာသောအခါ အသုံးပြုသော ယာဉ်ကို ဖော်ပြသောအခါ in ကို cars နှင့်သုံး၍ on ကို bus , trains တို့နှင့် သုံးသည်။"
(9) I usually go to work in my car.
ကျွန်တော် အလုပ်ကို ကိုယ်ပိုင်ကားနှင့် သွားလေ့ရှိတယ်။
(10) Did you come to school on the bus?
မင်း ကျောင်းကို ဘတ်စကားနဲ့ လာတာလား။
"Car ပေါ်သို့ တက်၊ ဆင်းလျှင် get into / out of a car ဟု သုံး၍ bus , train ပေါ်သို့တက် ၊ ဆင်းလျှင် get onto / got off a bus / a train ကိုသုံးသည်။"
(11) She got into her car and started the engine.
သူမ ကားပေါ်တက်ပြီး စက်နှိုးလိုက်သည်။
(12) The policeman got onto the train at Oxford.
အောက်စဖို့ဘူတာရုံမှာ ရဲသားတစ်ယောက် ရထားပေါ်သို့ တက်လာတယ်။
(13) Birds flew over our head.
ငှက်များသည် ကျွန်တော်တို့ ခေါင်းပေါ်မှာ ဖြတ်ကျော်ပျံသန်းသွားသည်။
(14) The pencil is under the book.
ခဲတံသည် စာအုပ်အောက်မှာ ရှိသည်။
(15) My name is above yours.
ကျွန်တော့်နာမည်က မင်း နာမည်ရဲ့ အပေါ်မှာ ရှိသည်။
(16) Write your name below the line.
မျဉ်းကြောင်းအောက်မှာ မင်းနာမည်ကို ရေးပါ။
(17) She was standing underneath the light.
သူမက မီးရောင်အောက်တည့်တည့်မှာ ရပ်နေတယ်။
(18) There's a building on top of the hill.
တောင်ကုန်းထိပ်တွင် အဆောက်အဦး တစ်ခုရှိတယ်။
"ဝေါဟာရများ တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ကြပြီး အင်္ဂလိပ်စာတိုးတက်ကြပါစေ........"

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။