ပုံပြင် နှစ်ပုဒ်
=========
ပုံပြင်(၁)
ဟိုးရှေးရှေးတုန်းက မြို့တစ်မြို့ကလူတွေဟာ အခြားမြို့ကလူတွေနဲ့ စစ်ဖြစ်ခဲ့ကြတယ်။ စစ်ပွဲက နှစ်အတော်ကြာခဲ့တယ်။ ဒီမြို့နှစ်မြို့မှာ တစ်မြို့ကတောင်ကုန်းပေါ်မှာရှိပြီး တစ်မြို့က လွင်ပြင်မှာရှိခဲ့တယ်။ တောင်ကုန်းပေါ်မှာရှိတဲ့မြို့ က ရက်စက်တဲ့အကြံတစ်ခုထုတ်ပြီး ကိုယ့်တောင်ကုန်းပေါ်မှာရှိတဲ့ ဆည်ကိုဖွင့်ချလိုက်တယ်။ ဆည်ကိုဖွင့်ချလိုက်တယ်ဆိုရင်ပဲ
လွင်ပြင်မှာရှိတဲ့မြို့က ရေလွှမ်းသွားပြီး အော်ဟစ်ငိုညည်းသံတွေနဲ့
သေကြေပျက်ဆီးကြရတော့မယ်။ ဒီလိုအခြေအနေမှာ မြို့စားမင်းက လှေတွေနဲ့
ရေနစ်သူတွေကိုကယ်ဖို့ အမိန့်ထုတ်လိုက်တယ်။ ဒါပေမယ့် လှေအစီးရေ
မများတဲ့အတွက် လူတချို့ကိုပဲ ကယ်စေခဲ့တယ်။ မြို့စားမင်းက
မိန်းမနှစ်သက်သူဖြစ်တာကြောင့် မိန်းမတွေကိုပဲ ကယ်စေခဲ့တယ်။ အဲဒီမိန်းမတွေက သူတို့နှစ်သက်တဲ့ပစ္စည်းတစ်ခုကိုပဲ ယူရမှာဖြစ်တယ်။
နှစ်သက်တဲ့ပစ္စည်းတစ်ခု ဆိုတာကြောင့် မိန်းမအများက လက်ဝတ်လက်စား၊ ရွှေငွေ၊ ကျောက်သံ ပတ္တမြားတွေယူပြီး လှေပေါ်တက်ကြတယ်။ မိန်းမတစ်ယောက်တည်းပဲ သူ့ယောက်ျားကိုထမ်းပြီး လှေပေါ်တက်တော့ ရဲမက်တွေက "လှေပေါ်ကို မိန်းမတွေပဲတက်ခွင့်ရှိတယ်။ ယောက်ျားတွေ မတက်ရဘူး" လို့ဆိုတယ်။ "ကိုယ့်အကြိုက်ဆုံးပစ္စည်းတစ်ခု ယူခွင့်ရှိတယ်ဆိုလို့ ဒါဟာ ကျွန်မအကြိုက်ဆုံးအရာမို့ပါ " လို့ မိန်းမကပြန်ပြောပါတယ်။ အဲဒီရေဘေးမှာ ယောက်ျားတစ်ဦးပဲ အသက်ရှင်ကျန်ရစ်ခဲ့တယ်။ အဲဒီမိန်းမရဲ့ ယောက်ျားပဲဖြစ်တယ်။
ပုံပြင်(၂)
ဒီပုံပြင်ကတော့ တီဗွီအစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ဒီအစီအစဉ်က ယောက်ျားသားတွေက မျက်စိကို အဝတ်စည်းပြီး ကိုယ့်မိန်းမကို ရွေးထုတ်ရမယ့် ကစားနည်းဖြစ်တယ်။
ဒီကစားနည်းမှာ လင်မယားစုံတွဲ (၆)တွဲ ပါဝင်ခဲ့တယ်။ ယောက်ျား(၆)ဦးက မျက်စိကို အဝတ်စည်းပြီး မိန်းမ(၆)ဦးရဲ့လက်တွေကို သွားစမ်းရတယ်။ ပြီးမှ ကိုယ့်မိန်းမကို ရွေးထုတ်ရတယ်။ ရှေ့ယောက်ျား(၃)ဦး မမြင်မစမ်းနဲ့ စမ်းတော့ ပရိသတ်တွေက တဝါးဝါးပွဲကျကြတယ်။
(၄)ယောက်မြောက်မှာ အစီအစဉ်တင်ဆက်သူက အရင်အတိုင်း သူ့မျက်စိကို အဝတ်စနဲ့စည်းပြီး နေရာမှာတင် (၃)ပတ် ပတ်ခိုင်းလိုက်တယ်။ ပြီးမှ မိန်းမ(၆)ယောက်ကို ရွေးစေခဲ့တယ်။ အဲဒီလူက ပထမမိန်းမရှေ့ရပ်ပြီး လက်ကိုကိုင်ကြည့်တယ်။ သုံးလေးစက္ကန့်အတွင်းမှာ "ဒါ ကျွန်တော့်မိန်းမ မဟုတ်ဘူး" လို့ဆိုတယ်။ နောက် ဒုတိယမိန်းမရှေ့ရပ်ပြီး လက်ကိုကိုင်ကြည့်တယ်။ ဒီတစ်ကြိမ်ကိုင်တာ အချိန်နည်းနည်း ပိုကြာတယ်။ ဆယ်စက္ကန့်ကြာတော့ "ဒါ ကျွန်တော့်မိန်းမ"လို့ သူကဆိုတယ်။
တင်ဆက်သူက သူ့မျက်နှာပေါ်ကအဝတ်စကို ဖြုတ်ပေးလိုက်တယ်။ တကယ်ပဲ ဒုတိယအမျိုးသမီးက သူ့မိန်းမဖြစ်နေခဲ့တာကြောင့် 
ပရိသတ်ဆီက လက်ခုပ်သံတွေ သူရခဲ့တယ်။ တွေဝေမှုမရှိဘဲ ကိုယ့်မိန်းမကို
ရွေးထုတ်နိုင်ခဲ့တဲ့သူ့ကို တင်ဆက်သူက "ဒီလောက်ထိ တိကျအောင်
ရွေးထုတ်နိုင်ခဲ့တာ ဘာလျှို့ဝှက်ချက်များ ရှိလို့လဲ" လို့မေးတယ်။
အဲဒီအချိန်မှာ သူက "ဘာလျှိုဝှက်ချက်မှ မရှိပါဘူး။ လက်ရဲ့ခံစားချက်နဲ့ ကျွန်တော်ရွေးခဲ့တာပါ။ အိမ်ထောင်သက် (၁ဝ)နှစ်အတွင်းမှာ ကျင့်သားရခဲ့တဲ့ လက်ခံစားချက်ကြောင့်ပါ" လို့ ဆိုပါတယ်။ နောက်ခံပိတ်ကားပေါ်မှာ သူ့မိန်းမရဲ့မျက်နှာက မျက်ရည်အဝဲသားနဲ့ ထင်ဟပ်လာခဲ့တယ်။ (၁ဝ)နှစ်လုံးလုံး မဖြုတ်ခဲ့တဲ့တွဲလက်ကြောင့် လက်ရဲ့ခံစားချက်နဲ့ လူအများကြား
မှာ ကိုယ့်မိန်းမကို သူရွေးထုတ်နိုင်ခဲ့ပါတယ်။
Credit to >>> Nine Nine Sanay
=========
ပုံပြင်(၁)
ဟိုးရှေးရှေးတုန်းက မြို့တစ်မြို့ကလူတွေဟာ အခြားမြို့ကလူတွေနဲ့ စစ်ဖြစ်ခဲ့ကြတယ်။ စစ်ပွဲက နှစ်အတော်ကြာခဲ့တယ်။ ဒီမြို့နှစ်မြို့မှာ တစ်မြို့ကတောင်ကုန်းပေါ်မှာရ
နှစ်သက်တဲ့ပစ္စည်းတစ်ခု ဆိုတာကြောင့် မိန်းမအများက လက်ဝတ်လက်စား၊ ရွှေငွေ၊ ကျောက်သံ ပတ္တမြားတွေယူပြီး လှေပေါ်တက်ကြတယ်။ မိန်းမတစ်ယောက်တည်းပဲ သူ့ယောက်ျားကိုထမ်းပြီး လှေပေါ်တက်တော့ ရဲမက်တွေက "လှေပေါ်ကို မိန်းမတွေပဲတက်ခွင့်ရှိတယ်။
ပုံပြင်(၂)
ဒီပုံပြင်ကတော့ တီဗွီအစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ဒီအစီအစဉ်က ယောက်ျားသားတွေက မျက်စိကို အဝတ်စည်းပြီး ကိုယ့်မိန်းမကို ရွေးထုတ်ရမယ့် ကစားနည်းဖြစ်တယ်။
ဒီကစားနည်းမှာ လင်မယားစုံတွဲ (၆)တွဲ ပါဝင်ခဲ့တယ်။ ယောက်ျား(၆)ဦးက မျက်စိကို အဝတ်စည်းပြီး မိန်းမ(၆)ဦးရဲ့လက်တွေကို သွားစမ်းရတယ်။ ပြီးမှ ကိုယ့်မိန်းမကို ရွေးထုတ်ရတယ်။ ရှေ့ယောက်ျား(၃)ဦး မမြင်မစမ်းနဲ့ စမ်းတော့ ပရိသတ်တွေက တဝါးဝါးပွဲကျကြတယ်။
(၄)ယောက်မြောက်မှာ အစီအစဉ်တင်ဆက်သူက အရင်အတိုင်း သူ့မျက်စိကို အဝတ်စနဲ့စည်းပြီး နေရာမှာတင် (၃)ပတ် ပတ်ခိုင်းလိုက်တယ်။ ပြီးမှ မိန်းမ(၆)ယောက်ကို ရွေးစေခဲ့တယ်။ အဲဒီလူက ပထမမိန်းမရှေ့ရပ်ပြီး လက်ကိုကိုင်ကြည့်တယ်။ သုံးလေးစက္ကန့်အတွင်းမှာ "ဒါ ကျွန်တော့်မိန်းမ မဟုတ်ဘူး" လို့ဆိုတယ်။ နောက် ဒုတိယမိန်းမရှေ့ရပ်ပြီး လက်ကိုကိုင်ကြည့်တယ်။ ဒီတစ်ကြိမ်ကိုင်တာ အချိန်နည်းနည်း ပိုကြာတယ်။ ဆယ်စက္ကန့်ကြာတော့ "ဒါ ကျွန်တော့်မိန်းမ"လို့ သူကဆိုတယ်။
တင်ဆက်သူက သူ့မျက်နှာပေါ်ကအဝတ်စကို ဖြုတ်ပေးလိုက်တယ်။ တကယ်ပဲ ဒုတိယအမျိုးသမီးက သူ့မိန်းမဖြစ်နေခဲ့တာကြောင်
အဲဒီအချိန်မှာ သူက "ဘာလျှိုဝှက်ချက်မှ မရှိပါဘူး။ လက်ရဲ့ခံစားချက်နဲ့ ကျွန်တော်ရွေးခဲ့တာပါ။ အိမ်ထောင်သက် (၁ဝ)နှစ်အတွင်းမှာ ကျင့်သားရခဲ့တဲ့ လက်ခံစားချက်ကြောင့်ပါ" လို့ ဆိုပါတယ်။ နောက်ခံပိတ်ကားပေါ်မှာ သူ့မိန်းမရဲ့မျက်နှာက မျက်ရည်အဝဲသားနဲ့ ထင်ဟပ်လာခဲ့တယ်။ (၁ဝ)နှစ်လုံးလုံး မဖြုတ်ခဲ့တဲ့တွဲလက်ကြောင့် လက်ရဲ့ခံစားချက်နဲ့ လူအများကြား
မှာ ကိုယ့်မိန်းမကို သူရွေးထုတ်နိုင်ခဲ့ပါတယ်။
Credit to >>> Nine Nine Sanay
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။