Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, December 28, 2015

ဝေဖန်မှုတွေ များခဲ့တဲ့ မင်္ဂလာပွဲတက် ဝတ်စုံ နဲ့ ပတ်သက်ပြီး ဝတ်မှုံရွှေရည် ရဲ့ ခံစားချက်


ဝတ်မှုံရွှေရည် က ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ “ချစ်လှစွာသော အမုန်း” ရုပ်ရှင် ဇာတ်ကားမှာ လူ့လောက အကြောင်း ဘာမှ မသိတဲ့ ခပ်အအကောင်မလေး “အမုန်း” ဆိုတဲ့ ဇာတ်ရုပ်နေရာက သရုပ်ဆောင်ထားပါတယ်။  ဒီဇာတ်ကားမှာ အသက်ငယ်ငယ် နဲ့ ဇင်ဝိုင်းရဲ့ ဇနီးဖြစ်ခဲ့ရပြီး သက်မွန်မြင့် ရဲ့ မိထွေးနေရာက နေ သရုပ်ဆောင်ခဲ့တာကြောင့် ဝတ်မှုံရွှေရည် ရိုက်ကူးနေကျ ဇာတ်လမ်းတွေနဲ့ မတူဘဲ ကွဲထွက်နေတဲ့ ဇာတ်ကား တစ်ကားပဲဖြစ်ပါတယ်။
ဒီဇာတ်ကားထဲက “အမုန်း” ဇာတ်ရုပ်ပီပြင်ဖို့ အားစိုက်ခဲ့ ရကြောင်းကို ဝတ်မှုံရွှေရည် က “တအား စိတ်နှစ်ပြီး ကြိုးစား သရုပ်ဆောင်ခဲ့ပါတယ်။ ကြိုးစားခဲ့သမျှ အတွက် ပရိသတ်တွေ ကြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကစ်အနေ နဲ့အပြိုင် အဆိုင်ဆိုတာထက် “အမုန်း” ဇာတ်ရုပ်ကို ပီပြင်ဖို့ပဲ ကြိုးစားခဲ့ပါတယ်” လို့ ပြောပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားက ဝတ်မှုံရွှေရည် အတွက်နောက်ထပ် အနုပညာမှတ်တိုင် တစ်ခု စိုက်ထူနိုင်လိမ့်မယ်လို့ လာ ရောက် ကြည့်ရှု အားပေးတဲ့ ပရိသတ်တွေ အားလုံးက ထင်ကြေးပေးနေကြ သလို ၂ဝ၁၄ ခုနှစ်အတွက် အကယ်ဒမီ စာရင်းဝင် ဖြစ်တဲ့ “နှလုံးသား ဖြင့် ပြုလုပ်သည်” ဇာတ်ကား ဖြင့် လည်း ဇာတ်ပို့နဲ့ အကယ်ဒမီ ရရှိလိမ့်မယ် လို့လည်း ထင်ကြေးပေး ခံနေရတာကြောင့် အကယ် ဒမီနဲ့ ပတ်သက်ပြီး ဝတ် မှုံရွှေရည်က “နှလုံးသားဖြင့် ပြုလုပ်သည် ဇာတ်ကားက ပွင့်ပွင့်လင်းလင်း ပြောရရင် ကစ်လုပ်ကွက် သိပ်မရပါဘူး။ ဇာတ်ပို့ နေရာလောက်ပဲ လုပ်ထား တာပါ။ ဇာတ်ပို့ မှာလည်း ကစ် သရုပ်ဆောင်ရတဲ့ နေရာကို အတတ်နိုင်ဆုံး အကောင်းဆုံး သရုပ်ဆောင် ထားတာပါ။ ချစ်လှစွာသော အမုန်း မှာလည်း ကြိုးစားထားတယ်။
“ကစ်ကို အကယ်ဒမီ ရဖို့အတွက် မျှော်မှန်းပေးတဲ့ သူတွေ အားလုံးကို ကျေး ဇူးတင်ပါတယ်။ ပျော်လည်း ပျော်ပါတယ်။ ကစ်ကတော့ အများကြီး မမျှော်လင့်ထားပါဘူး”လို့ ပြောပါတယ်။ “ချစ်လှစွာသော အမုန်း” ရုပ်ရှင် ဇာတ်ကားကို လာအားပေးမယ့် ပရိသတ်တွေ ဒီဇာတ်ကား ကိုကြည့်ပြီး ငိုမှာတော့ စိုးတယ်ဆိုတဲ့ ဝတ်မှုံရွှေရည် က ကြည့်တဲ့ ပရိသတ်တွေ ခံစားမှုအသစ် တစ်မျိုးရမယ်လို့ ယုံ ကြည်ကြောင်း ပြောပါတယ်။ ဝတ်မှုံရွှေရည်က ဒါရိုက်တာဝိုင်း မင်္ဂလာဆောင်ကို တက် ရောက်ခဲ့တဲ့ ဝတ်စုံနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒီဝတ်စုံ နဲ့ပတ်သက်ပြီး ဝတ်မှုံရွှေရည်က “ဘာမှ ပြောစရာ မလိုပါဘူး။ ကစ်အနေ နဲ့ ထွေထွေ ထူးထူး ဖြေရှင်းရမယ့် ကိစ္စလို့လည်း မထင်ပါဘူး။ အမှတ်တမဲ့ ကနေ အထင်မှား၊ အမြင် မှားဖြစ်တဲ့ကိစ္စပါ။ ကစ်ကိုယ်တိုင် လည်းသိတယ်။ ရည်ရွယ်ချက်ကြီးနဲ့ ဝတ်တာလည်း မဟုတ်ဘူး။ ကင်မရာအလင်း အမှောင်နဲ့ အဝတ်အစား ရဲ့ ချုပ်ရိုးချုပ်သား နဲ့ ဖြစ်သွား တာဆိုတော့ အမှန်ဆိုရင် ကစ်အနေ နဲ့ အခုလိုတောင် ရှင်းစရာမလို ပါဘူး။ ပထမ တစ်ရက်ကတော့ ဖေ့စ်ဘုတ်က comment တွေ ဖတ်ရတော့ စိတ်မကောင်း ဖြစ်သွားတယ်။ ကိုယ်လည်း မမှားဘဲ နဲ့လို့ ကိုယ့်လိပ်ပြာ ကိုယ်လုံတယ်။ ကစ်လည်း ဒါပထမဆုံး အတွေ့ အကြုံပဲ။ ဖြစ်တတ်ပါတယ် လို့ တွေးလိုက်ပါတယ်”လို့ ပြောပါတယ်။ ဝတ်မှုံရွှေရည်ရဲ့ အမာခံ ပရိသတ်တွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး အွန်လိုင်းမှာ သူတို့ချစ်တဲ့ အနုပညာရှင်ဘက်က ရပ်တည် ကာ ကာကွယ်ဖြေရှင်း ပေးကြတာလည်း တွေ့ရပါတယ်။ ကိုယ့်ဘက်က ရပ်တည်ပေးတဲ့ ပရိသတ်တွေ ရှိနေတာ တွေ့ရတာ ကြောင့် ဘာနဲ့မှ မတူအောင် ကျေးဇူးတင်သလို ကျေနပ် ပျော်ရွှင်ခဲ့ရပြီး ပရိသတ်မေတ္တာ ရခဲ့တာ အမြတ်ပဲဖြစ်ကြောင်း ပြောပါတယ်။ ဝတ်မှုံရွှေ ရည်က ၂ဝ၁၆နှစ်ဆန်းပိုင်း မှာ ပရိသတ်တွေ နဲ့တွေ့ဖို့ အစီ အစဉ်ရှိ ပြီး တစ်နှစ်မှာနှစ်ကြိမ် အနည်း ဆုံးတွေ့ဆုံဖို့ စဉ်းစားထားကြောင်း ဝတ်မှုံရွှေရည်က ပြောပါတယ်။
ခိုင်ဝေလွင်၊
ဓာတ်ပုံ – မင်းမင်းထွန်း
 http://popularmyanmar.com/afpopular/?p=10983

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။