အရူးလို့  အပြောခံခဲ့ရတဲ့ မာ့ခ်ဇူကာဘက် (Mark Zuckerberg)
=========
ရေးသူ - ဒေါက်တာထက်ဇံလင်း
မာ့ခ်ဇူကာဘက်လို့ ဆိုလိုက်တာနဲ့  လူဦးရေစုစုပေါင်း (၁.၅)ဘီလီယံကျော် သုံးစွဲနေတဲ့ လူမှုကွန်ယက်ဖြစ်တဲ့ ဖေ့စ်ဘုတ်ကို တည်ထောင်သူမှန်း သိကြမှာပါ။ တခါတရံမှာ စွန့် ဦးတီထွင်သူတွေဟာ လူမှုပါတ်ဝန်းကျင်မှာ လူထူးလူဆန်းတစ်ယောက်လို ဖြစ်တတ်တာကြောင့်လည်း သူ့ ကို ခပ်ကြောင်ကြောင်လူတစ်ဦးလို့  သတ်မှတ်ကြသူတွေနဲ့  ရင်ဆိုင်ခဲ့ရတဲ့ ဇူကာဘက်အကြောင်းက စိတ်ဝင်စားစရာပါ။ (Mark Zuckerberg: https://www.facebook.com/ zuck)
(၁၉၈၄)ခုနှစ်၊ မေလ (၁၄)ရက်နေ့ မှာ နယူးယောက်ပြည်နယ်က White Plains မြို့ လေးမှာ မွေးဖွားခဲ့တဲ့ ဇူကာဘက်ရဲ့  ဖခင်ဟာ ကွန်ပြူတာပညာရှင် တစ်ဦးဖြစ်တာကြောင့် သူ့ ကို ငယ်စဉ် ကတည်းက ကွန်ပြူတာ ပရိုဂရမ်ရေးနည်းကို သင်ကြားပေးခဲ့ပါတယ်။ အသက်(၁၂)နှစ်အရွယ်မှာ သူငယ်ချင်းတွေ ကစားဖို့  ဂိမ်းဆော့ဖ်ဝဲတွေ ရေးပေးနိုင်တဲ့ အဆင့်ထိ ကျွမ်းကျင်လာတဲ့ ဇူကာဘက်ဟာ ဟားဗက်တက္ကသိုလ်မှာ ကွန်ပြူတာပညာကို ဆက်လက်သင်ယူခဲ့ပါတယ်။
အသက်(၂၀)အရွယ် ဒုတိယနှစ်ကျောင်းသားဘဝမှာ ဇူကာဘက်ဟာ Facemash ဆိုတဲ့ ဝက်ဘ်ဆိုက်တစ်ခုကို ကျောင်းသားတွေ သုံးဖို့ ရည်ရွယ်ပြီး တည်ထောင်ခဲ့ပါတယ်။ ဟားဗက်တက္ကသိုလ် ကျောင်းသူနှစ်ဦးရဲ့  ဓါတ်ပုံကို နှိုင်းယှဉ်ပြီး ဘယ်သူက ဆွဲဆောင်မှုပိုရှိလဲဆိုတာကို
အမှတ်ပေးလို့ ရတဲ့ Facemash ဟာ ကျောင်းသားတွေအကြား ရေပန်းစားခဲ့သလို
တက္ကသိုလ်က တာဝန်ရှိသူတွေရဲ့  ခေါ်ယူသတိပေးမှုနဲ့ လည်း ကြုံတွေ့ ခဲ့ရပါတယ်။
ဟားဗက်တက္ကသိုလ်ကွန်ယက်ထဲက ဓါတ်ပုံတွေကို ထိုးဖောက်ဝင်ရောက်ကာ
ရယူခဲ့မှုကြောင့် Facemash ကို ပိတ်မပစ်ရင် ကျောင်းထုတ်ခံရမယ်လို့ 
သတိပေးခဲ့တာပါ။ အဲဒီနောက် Facemash ကမှတဆင့် The Facebook ဆိုတဲ့
လူမှုကွန်ယက်ကို တည်ထောင်ခဲ့ပါတယ်။ ဇူကာဘက်ဟာ အလုပ်ကို ဇောက်ချလုပ်ဖို
့အတွက် ကျောင်းထွက်ပြီး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေ အချင်းချင်း
ဆက်သွယ် နိုင်တဲ့ The Facebook ကို တည်ထောင်ခဲ့ရာကတဆင့် နောက်ပိုင်း
“The” ကိုဖြုတ်ပြီး Facebook အမည်နဲ့  တကမ္ဘာလုံး သုံးစွဲနိုင်တဲ့
လူမှုကွန်ယက်ကို တည်ထောင်ခဲ့ပါတယ်။
ဇူကာဘက်ဟာ အလုပ်နဲ့  ပါတ်သက်ရင် စိတ်ဆန္ဒပြင်းပြတဲ့ လူတစ်ယောက်ပါ။ ကျောင်းမှာရော၊ အပြင်မှာပါ အလုပ်ကိုပဲ အာရုံနှစ်မြှုပ်ထားလေ့ရှိသ လို ပါတီပွဲရော နိုက်ကလပ်မှာပါမရှောင် တွေ့ သမျှ မိတ်ဆွေတွေကို သူ့ စိတ်ကူးတွေကို ပြောပြအကြံတောင်းလေ့ရှိတြာေ ကာင့် လူမှုပါတ်ဝန်းကျင်နဲ့  သဟဇာတမဖြစ်တဲ့ ခပ်ကြောင်ကြောင် အရူးတစ်ယောက်လို့  မေးငေါ့တာ ခံရသူပါ။ ကွန်ပြူတာပရိုဂရမ်ရေးနေရရင် ဘာကိုမှ စိတ်ဝင်စားမှုမရှိဘဲ နေ့ မအိပ်၊ ညမအိပ်ကြိုးစားရေးသားခဲ့သူပါ။
တခါက သူ့ သူငယ်ချင်းတစ်ယောက်က ကောင်မလေးတစ်ယောက်အကြောင်း သူ့ ကို
လာပြောပြတာကို ဘာမှပြန်မပြောဘဲ တွေတွေကြီးစိုက်ကြည့်ပြီး
ကျောပိုးအိတ်ကောက်လွယ်ကာ အိမ်ကို အမြန်ပြန်ပြေးခဲ့ပါတယ်။
အိမ်လည်းရောက်ရော ချက်ချင်း ကွန်ပြူတာကို ဖွင့်ပြီး လူတွေသိချင်တဲ့
Relation Status ကို ရေးဆွဲထည့်သွင်းဖို့  ကြိုးစားပါတော့တယ်။
ဒါကိုကြည့်ရင် ဇူကာဘက်ရဲ့  အလုပ်အပေါ်မှာ ထားတဲ့
စိတ်ဝင်စားအာရုံစိုက်မှုကို ထင်ရှားစေပါတယ်။ ပေးဆပ်မှုမရှိဘဲ အောင်မြင်မှုဆိုတာ အလိုလို ရောက်လာမှာမဟုတ်ပါဘူး။
သူဟာ အသက် (၂၃)နှစ်အရွယ်မှာ ကမ္ဘာ့အသက်အငယ်ဆုံး ဘီလီယံနာ အဖြစ် Forbes မဂ္ဂဇင်းမှာ မှတ်တမ်းဝင်ခဲ့တဲ့ မာ့ခ်ဇူကာဘက်ဟာ လာမယ့် (၂၀၁၆)ခုနှစ် မေလ(၁၄) ရက်နေ့ မှာ အသက် (၃၂)ပြည့်မယ့် အားကျအတုယူဖွယ် လူငယ်တစ်ဦးဖြစ်ပါတယ်။
=========
ရေးသူ - ဒေါက်တာထက်ဇံလင်း
မာ့ခ်ဇူကာဘက်လို့ ဆိုလိုက်တာနဲ့  လူဦးရေစုစုပေါင်း (၁.၅)ဘီလီယံကျော် သုံးစွဲနေတဲ့ လူမှုကွန်ယက်ဖြစ်တဲ့ ဖေ့စ်ဘုတ်ကို တည်ထောင်သူမှန်း သိကြမှာပါ။ တခါတရံမှာ စွန့် ဦးတီထွင်သူတွေဟာ လူမှုပါတ်ဝန်းကျင်မှာ လူထူးလူဆန်းတစ်ယောက်လို ဖြစ်တတ်တာကြောင့်လည်း သူ့ ကို ခပ်ကြောင်ကြောင်လူတစ်ဦးလို
(၁၉၈၄)ခုနှစ်၊ မေလ (၁၄)ရက်နေ့ မှာ နယူးယောက်ပြည်နယ်က White Plains မြို့ လေးမှာ မွေးဖွားခဲ့တဲ့ ဇူကာဘက်ရဲ့  ဖခင်ဟာ ကွန်ပြူတာပညာရှင် တစ်ဦးဖြစ်တာကြောင့် သူ့ ကို ငယ်စဉ် ကတည်းက ကွန်ပြူတာ ပရိုဂရမ်ရေးနည်းကို သင်ကြားပေးခဲ့ပါတယ်။ အသက်(၁၂)နှစ်အရွယ်မှာ သူငယ်ချင်းတွေ ကစားဖို့  ဂိမ်းဆော့ဖ်ဝဲတွေ ရေးပေးနိုင်တဲ့ အဆင့်ထိ ကျွမ်းကျင်လာတဲ့ ဇူကာဘက်ဟာ ဟားဗက်တက္ကသိုလ်မှာ ကွန်ပြူတာပညာကို ဆက်လက်သင်ယူခဲ့ပါတယ်။
အသက်(၂၀)အရွယ် ဒုတိယနှစ်ကျောင်းသားဘဝမှာ ဇူကာဘက်ဟာ Facemash ဆိုတဲ့ ဝက်ဘ်ဆိုက်တစ်ခုကို ကျောင်းသားတွေ သုံးဖို့ ရည်ရွယ်ပြီး တည်ထောင်ခဲ့ပါတယ်။ ဟားဗက်တက္ကသိုလ် ကျောင်းသူနှစ်ဦးရဲ့  ဓါတ်ပုံကို နှိုင်းယှဉ်ပြီး ဘယ်သူက ဆွဲဆောင်မှုပိုရှိလဲဆိုတာက
ဇူကာဘက်ဟာ အလုပ်နဲ့  ပါတ်သက်ရင် စိတ်ဆန္ဒပြင်းပြတဲ့ လူတစ်ယောက်ပါ။ ကျောင်းမှာရော၊ အပြင်မှာပါ အလုပ်ကိုပဲ အာရုံနှစ်မြှုပ်ထားလေ့ရှိသ
သူဟာ အသက် (၂၃)နှစ်အရွယ်မှာ ကမ္ဘာ့အသက်အငယ်ဆုံး ဘီလီယံနာ အဖြစ် Forbes မဂ္ဂဇင်းမှာ မှတ်တမ်းဝင်ခဲ့တဲ့ မာ့ခ်ဇူကာဘက်ဟာ လာမယ့် (၂၀၁၆)ခုနှစ် မေလ(၁၄) ရက်နေ့ မှာ အသက် (၃၂)ပြည့်မယ့် အားကျအတုယူဖွယ် လူငယ်တစ်ဦးဖြစ်ပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။