Followers အားေပးသူမ်ား အထူး အထူးပဲ ေက်းဇူးတင္ပါသည္။

✩✩ ✩ ✩ ✩ ✩ ✩သီခ်င္းခ်စ္သူ ✪ မွ ✪ သီခ်င္းခ်စ္သူသို႔✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ္႔ခ်စ္ AhMoon&အမြန္း AhNaing&အႏိုင္ AhNge&အငဲ Akuk Alex&အဲလက္စ္ AnnHellar&အန္ဟဲလာ Ar-T AungHtet&ေအာင္ထက္ AungLa&ေအာင္လ AungNaing&ေအာင္ႏိုင္ AungThu&ေအာင္သူ AungYin&ေအာင္ရင္ AuraLi&အာ္ရာလီ AyeChanMay&ေအးခ်မ္းေမ AyeTinChoShwe&ေအသင္ခ်ိဳေဆြ AyeWuttYiThaung&ေအးဝတ္ရည္ေသာင္း BaDin&ဗဒင္ Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန္ BoPhyu&ဘိုျဖဴ Breaky&ဘရိတ္ကီ BunnyPhyoe&ဘန္နီၿဖိဳး ChanChan&ခ်မ္းခ်မ္း ChanChann&ခ်မ္ခ်မ္း ChawSuKhin&ေခ်ာစုခင္ ChinSong&ခ်င္းသီခ်င္း ChitKaung&ခ်စ္ေကာင္း ChitThuWai&ခ်စ္သုေဝ ChoLayLung&ခ်ိဳေလးလုန္ ChoPyone&ခ်ိဳၿပံဳး ChristmasSong&ခရစၥမတ္သီခ်င္း CityFm Dawn&ဒြန္း DiraMore&ဓီရာမိုရ္ DoeLone&ဒိုးလံုး Dway&ေဒြး EainEain&အိန္အိန္း G.Latt&ဂ်ီလတ္ GaeGae&ေဂေဂး GirlLay&ဂဲ(လ္)ေလး Graham&ဂေရဟမ္ Group&အဖြဲ႔လိုက္ GuRawng&ကူးေရာင္ GyoGyar&ႀကိဳးၾကာ HanTun&ဟန္ထြန္း HaymarNayWin&ေဟမာေနဝင္း He`Lay&ဟဲေလး HlonMoe&လႊမ္းမိုး HlwanPaing&လႊမ္းပိုင္ HtamHkay&ထ်န္ေခး HTDTunYin&ဟသာၤတထြန္းရင္ HtetAung&ထက္ေအာင္ HtetHtetMyintAung&ထက္ထက္ျမင္႔ေအာင္ HtetSaung&ထက္ေလွ်ာင္း HtooEainThin&ထူးအိမ္သင္ HtooHtooSet&ထူးထူးဆက္ HtooL.Lin&ထူးအယ္လင္း HtunHtun&ထြဏ္းထြဏ္း HtunYati&ထြန္းရတီ IreneZinMarMyint&အိုင္ရင္းဇင္မာျမင္႔ J.LingMawng&ေဂလိန္းေမာင္း J.MgMg&ေဂ်ေမာင္ေမာင္ JarSan&ဂ်ာဆန္ JetSanHtun&ဂ်က္ဆန္ထြန္း JMe&ေဂ်းမီ KabarPhone&ကမၻာဖုန္း KaiZar&ကိုင္ဇာ KapyaBoiHmu&ကဗ်ာဘြဲ႔မွဴး KaungKaung&ေကာင္းေကာင္း KhaingHtoo&ခိုင္ထူး KhinBone&ခင္ဘုဏ္း khinMgHtoo&ခင္ေမာင္ထူး KhinMgToe&ခင္ေမာင္တိုး KhinSuSuNaing&ခင္စုစုႏိုင္ KhupPi&ခုပ္ပီး KKT&ေကေကတီ KoKoGyi&ကိုကိုႀကီး KoNi&ေကာ္နီ KyingLianMoong L.KhunYe&L.ခြန္းရီ L.LwinWar&L.လြန္းဝါ L.SengZi&L.ဆိုင္းဇီ LaShioTheinAung&လားရႈိးသိန္းေအာင္ LaWi&လဝီ LayLayWar&ေလးေလး၀ါ LayPhyu&ေလးျဖဴ LDKyaw&L.ဒီေက်ာ္ LiLiMyint&လီလီျမင္႔ LinNit&လင္းနစ္ LynnLynn&လင္းလင္း Madi&မဒီ MaNaw&မေနာ Marritza&မာရဇၨ MayKhaLar&ေမခလာ MaySweet&ေမဆြိ MayThu&ေမသူ MgThitMin&ေမာင္သစ္မင္း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင္းေဖ MinAung&မင္းေအာင္ Misandi&မိဆႏၵီ MMGospelSong&ခရစ္ယာန္ဓမၼေတး MMLoveSong&ျမန္မာသီခ်င္း MoMo&မို႔မို႔ MoonAung&မြန္းေအာင္ Music&ဂီတ Myanmar-Kid-Songs MyayPeYo&ေျမပဲယို MyoGyi&မ်ိဳးႀကီး MyoMyo&မ်ိဳးမ်ိဳး NangKhinZayYar&နန္းခင္ေဇယ်ာ Naung&ေနာင္ NawLiZar&ေနာ္လီဇာ NawNaw&ေနာေနာ္ NgeNgeLay&ငဲ႔ငယ္ေလး NiNiKhinZaw&နီနီခင္ေဇာ္ NiNiWinShwe&နီနီဝင္းေရႊ NO&ႏိုး NweYinWin&ႏြဲ႔ယဥ္ဝင္ NyanLinAung&ဥာဏ္လင္းေအာင္ NyiMinKhine&ညီမင္းခိုင္ NyiZaw&ညီေဇာ္ PannEiPhyu&ပန္းအိျဖဴ PanYaungChel&ပန္းေရာင္ျခယ္ Pb.ThanNaing&သန္းႏိုင္ PhawKa&ေဖာ္ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ္ PhyoGyi&ၿဖိဳးႀကီး PhyoKyawHtake&ၿဖိဳးေက်ာ္ထိုက္ PhyuPhyuKyawThein&ျဖဴျဖဴေက်ာ္သိန္း PhyuThi&ျဖဴသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည္ RainMoe&ရိန္မိုး RebeccaWin&ေရဗကၠာ၀င္း Ringo&ရင္ဂို SaiHteeSaing&စိုင္းထီးဆိုင္ SaiLay&စိုင္းေလး SaiSaiKhanHlaing&စိုင္းစိုင္းခမ္းလႈိင္ SaiSaiMaw&စိုင္းဆိုင္ေမာ၀္ SaiSan&ဆိုင္စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင္းဂၽြန္သင္ဇမ္း SalaiSunCeu&ဆလိုင္းဆြန္က်ဲအို SalaiThuahAung&ဆလိုင္းသႊေအာင္ SalaiZamLain&ဆလိုင္းသွ်မ္းလ်န္ SandyMyintLwin&စႏၵီျမင့္လြင္ SangPi&စံပီး SaungOoHlaing&ေဆာင္းဦးလႈိင္ SawBweHmu&စာဘြဲ႔မွဴး SawKhuSe&ေစာခူဆဲ She&သွ်ီ ShinPhone&ရွင္ဖုန္း ShweHtoo&ေရႊထူး SinPauk&ဆင္ေပါက္ SiThuLwin&စည္သူလြင္ SithuWin&စည္သူဝင္း SiYan&စီယံ Snare SoeLwinLwin&စိုးလြင္လြင္ SoeNandarKyaw&စိုးနႏၵာေက်ာ္ SoePyaeThazin&စိုးျပည္႔သဇင္ SoeSandarTun&စိုးစႏၵာထြန္း SoTay&ဆိုေတး SungTinPar&ဆုန္သင္းပါရ္ SuNit&ဆူးနစ္ TekatawAyeMg&တကၠသိုလ္ေအးေမာင္ ThangPaa&ထန္းပါး TharDeeLu&သာဒီးလူ ThawZin&ေသာ္ဇင္ ThiriJ.MgMg&သီရိေဂ်ေမာင္ေမာင္ Thoon&သြန္း TinGyanSong&သႀကၤန္သီခ်င္း TintTintTun&တင္႔တင္႔ထြန္း TinZarMaw&တင္ဇာေမာ္ TunEaindraBo&ထြန္းအိျႏၵာဗို TunKham&ထြဏ္းခမ္ TunTun&ထြန္းထြန္း TuTu&တူးတူး V.NoTun&V.ႏိုထြန္း WaiLa&ေဝလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင္းစုခိုင္သိန္း WyneLay&ဝိုင္းေလး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင္ YadanaOo&ရတနာဦး YairYintAung&ရဲရင္႔ေအာင္ YanAung&ရန္ေအာင္ YarZarWinTint&ရာဇာဝင္းတင္႔ YeTwin&ရဲသြင္ YummyRookie YuZaNa&ယုဇန YY&၀ိုင္၀ိုင္း Z.DiLa&Z.ဒီးလာ ZamNu&ဇမ္ႏူး ZawOne&ေဇာ္ဝမ္း ZawPaing&ေဇာ္ပိုင္ ZawWinHtut&ေဇာ္ဝင္းထြဋ္ ZawWinShing&ေဇာ္ဝင္းရွိန္ ZayYe&ေဇရဲ ZwePyae&ဇြဲျပည္႔
သီခ်င္းနားေထာင္ရန္ အေပၚက အဆိုေတာ္ နာမည္ Click ပါေနာ္

Facebook မွာ ဖတ္ခ်င္ရင္ Like တစ္ခ်က္ေလာက္ နဲ႔ အားေပးႏိုင္ပါသည္

Friday, April 22, 2016

Low hanging fruit သုိ႔မဟုတ္ လက္တစ္ကမ္းစာက သားေကာင္မ်ား (IT Security)

Low hanging fruit သုိ႔မဟုတ္ လက္တစ္ကမ္းစာက သားေကာင္မ်ား (IT Security)

တစ္ေန႔ေတာ့ ကြ်န္ေတာ္ဟာ အေမရိကန္က နာမည္ၾကီး ဘဏ္ကို ေဖာက္ခဲ့ဖူးတဲ့ ဟက္ကာတစ္ေယာက္ရဲ႕ ေဟာေျပာပြဲကို တက္ျဖစ္ခဲ့ ပါတယ္။ သူဟာ အေမရိကန္မွ နာမည္ၾကီး ဟက္ကာ တစ္ဦး ျဖစ္ျပီး ဘဏ္မ်ားကေနျပီးေတာ့ သူ႔ကို ဘဏ္နည္းပညာ ဆုိင္ရာ လံုျခံဳေရး စစ္ေဆးေရး အရာရွိတစ္ဦးအျဖစ္ ခန္႔ထားျခင္း ျဖစ္ပါတယ္။ ယင္း ရာထူးတာဝန္ဟာ ဘဏ္မွာ ရွိတဲ့ ဝန္ထန္းအခိ်ဳ႕ေတာင္ မသိပါဘူး။ သူ႔ရဲ႕ တာဝန္က သာမန္လူတစ္ေယာက္လို ဘဏ္ေတြဆီသြားျပီးေတာ့ လံုျခံုေရး ဘယ္ေလာက္ထိ ေကာင္းတယ္ ဆုိတာကို စစ္ေဆးရတာ ျဖစ္ပါတယ္။ အေမရိကန္ နယူးေယာက္ျမိဳ႕က နာမည္ၾကီး ဘဏ္ကို သူ႔ လုပ္သက္ သက္တန္းကာလ တစ္ခုမွာ ေဖာက္ခဲ့ ပါတယ္။ သူ႔ရဲ႕ ေဖာက္ခဲ့ပံုကဒီလိုပါ။

ဘဏ္ကို ပထမရက္ သြားေလ့လာပါတယ္။ လံုျခံုေရး ကင္မရာမ်ားက အေပါက္ဝကေန အတြင္းက ေလွ်ာက္လမ္းေတြအဆံုး ေနရာလြတ္မရွိေအာင္ တပ္ဆင္ထားပါတယ္။ ဘဏ္လံုျခံဳေရး ဝန္ထမ္းမ်ားလည္း ေနရာတိုင္း ေတာက္ေလွ်ာက္ရွိပါတယ္။ ရုပ္ရွင္ေတြထဲမွာ ဘဏ္ေဖာက္တာေတြက နည္းပညာေတြ သံုးပါတယ္။ ဟုိေက်ာ္ဒီေက်ာ္လုပ္ပါတယ္။ အမွန္ေတာ့ ရုပ္ရွင္ထဲကအတိုင္း အသံုးခ်ျပီးေတာ့ ဘဏ္ေဖာက္ဖို႔ဆုိတာ လြယ္ကူတဲ့ ကိစၥ မဟုတ္ပါဘူး။ ယခု ဟက္ကာက တကယ့္ လက္ေတြ႔က်က် ဘဝမွာ ေဖာက္ျပမယ့္သူ ျဖစ္ပါတယ္။ အေမရိကန္မွာရွိတဲ့ ဘဏ္ေတြဟာ ေငြသားေတြ သိမ္းဆည္းထည့္သြင္းမွုအျပင္ နည္းပညာဆိုင္ရာ သိမ္းဆည္းမွုကလည္း ၾကီးပါတယ္။ ခလုပ္တစ္ခ်က္ႏွိပ္ရံုနဲ႔ ဘဏ္မွာရွိသမွ်ေငြေတြ ပါသြားႏိုင္ေစတဲ့အထိ နည္းပညာကို အေတာ္ေလး အားကိုး ပါတယ္။ ဒီလိုနဲ႔ ပထမ ရက္မွာ စစ္ေတာ့ ဘယ္လိုမွ နည္းလမ္းရွာမေတြ႔ပါဘူး။ တစ္ပတ္ေလာက္ ေစာင့္ၾကည့္ျပီး သူ႔မွာ အေျဖတစ္ခုရသြားပါတယ္။ ယင္းကေတာ့ လိပ္စာကဒ္ ျပဳလုပ္ျခင္း ျဖစ္ပါတယ္။ ယင္းဘဏ္မွာ လုပ္ကိုင္တဲ့ လူတစ္ဦးနဲ႔ ပါတီတစ္ခုမွာ ရုတ္တရက္ေတြ႔သလိုလုပ္ သြားႏွုတ္ဆက္ျပီး လိပ္စာကဒ္ယူပါတယ္။ ယင္း လိပ္စာကဒ္ကို ရရွိတဲ့အခါ သူ႔ထဲက layout ေတြ၊ စတိုင္ေတြကို ယူျပီးေတာ့ ျပန္ဆြဲပါတယ္။ ဆြဲျပီးေတာ့ အမည္ေနရာမွာ သူ႔အမည္ထည့္ျပီးေတာ့ ရာထူးမွာ ဘဏ္ နည္းပညာ ဝန္ေဆာင္မွု တာဝန္ခံ မန္ေနဂ်ာ (IT Manager) အျဖစ္ ေျပာင္းလိုက္ပါတယ္။ ျပီးေတာ့ လိပ္စာကဒ္ ထုတ္လိုက္ ပါတယ္။

ေနာက္ရက္က်ေတာ့ ဘဏ္ကို သြားပါျပီ။ ဝတ္စားဆင္ယင္မွုကလည္း Manager တစ္ဦးလို ပီပီသသ ျဖစ္ေအာင္ ဝတ္ဆင္ျပီးေတာ့ သြားပါတယ္။ ဝင္ျပီးေတာ့ Reception မွာ ဝန္ထမ္းအမ်ိဳးသမီးကို ရုပ္တည္နဲ႔ ေျပာပါတယ္။ ဘဏ္ ဌာနခ်ဳပ္ကေန လြတ္လိုက္တဲ့ IT Manager တစ္ဦးပါတဲ့။ ဒီဘဏ္ရဲ႕ နည္းပညာ ပစၥည္းေတြကို Troubleshoot လုပ္ေပးဖို႔ ေရာက္လာတာပါလို႔ ေျဖပါတယ္။ လိပ္စာကဒ္ပါ ေပးလိုက္ပါတယ္။ ဒီေတာ့ အမ်ိဳးသမီးဟာ နည္းပညာ ဌာနခန္းကို ဝင္ခြင့္ကဒ္ ထုတ္ေပးလိုက္ပါတယ္။ ဘဏ္ဆုိေတာ့ အလုပ္မ်ားေနတာလည္း ပါတာေၾကာင့္ တစ္ဦးခ်င္းစီကို ဂရုသိပ္ မစိုက္ႏုိင္တာလည္း ပါပါလိမ့္မယ္။ ဒီလိုနဲ႔ ရုတ္တည္တည္နဲ႔ နည္းပညာ ဌာန ကြန္ျပဴတာခန္းကို ဝင္သြားပါတယ္။ ကြန္ျပဴတာခန္းထဲမွာ ဘဏ္တစ္ခုလံုးရဲ႕ လံုျခံဳေရး စနစ္ ထိ္န္းခ်ဳပ္တဲ့ ကြန္ျပဴတာ၊ မီးခံသတၱာနဲ႔ ေငြထားတဲ့ ေနရာမ်ားရဲ႕ လံုျခံဳေရး အစတို႔အျပင္ အြန္လိုင္း ေငြလြဲမွုဆိုင္ရာမ်ားလည္း ရွိပါတယ္။ အဲ့ဒီအလႊာေတြကို password ေတြနဲ႔ ခံထားေပမယ့္ ယင္း password ေတြကို ေက်ာ္လႊားဖို႔ အတြက္ သူ႔လို ဟက္ကာ တစ္ေယာက္ အတြက္ မခက္ပါဘူး။ သူကေတာ့ သူခိုးမဟုတ္တာေၾကာင့္ ဘာမွေတာ့ မယူပါ။ သူအထဲထိ ေရာက္သြားႏုိင္ေၾကာင္း လံုျခံဳေရး အဆင့္မ်ားကို သူေက်ာ္လႊားႏိုင္ေၾကာင္း ဘဏ္ရဲက ဘုတ္အဖြဲ႔ကို တင္ျပလိုက္ပါတယ္။ ဒါနဲ႔ပဲ အေမရိကန္မွ နာမည္ၾကီး ဘဏ္တစ္ခုကို ေဖာက္ႏုိင္သူ အျဖစ္ နာမည္ၾကီးသြားပါေတာ့တယ္။ ယင္းဟာ သူ႔အတြက္ ယေန႔တိုင္ ေျပာစမွတ္ျပဳတဲ့အေၾကာင္းအရာ ျဖစ္သြားျပီးေတာ့ ကမၻာတစ္ဝန္း သူ ေရာက္ရွိတဲ့ေနရာတိုင္းမွာ ေျပာစရာေတြ ျဖစ္ေနခဲ့ပါတယ္။

သံုးသပ္ခ်က္

အေမရိကန္ႏုိင္ငံဆုိတာ တစ္ႏုိင္ငံလံုး အတိုင္းအတာနဲ႔ ယွဥ္ျပီးေတာ့ ၾကည့္ရင္ နည္းပညာအရ အသိပညာ ျပည့္ဝမွုက ၇၀ ရာခိုင္ႏွုန္း အထက္မွာ ရွိပါတယ္။ ဒါေပမယ့္ အသက္ ၄၀ ေနာက္ပိုင္းျဖစ္သြားၾကတဲ့ လူဦးေရထဲမွ အနည္းငယ္မွ်သာ နည္းပညာ ဆိုင္ရာ အသိနည္းျပီး သူတို႔ဟာ လက္ေတြ႔လုပ္ငန္းခြင္ေတြမွာလည္း လုပ္ကိုင္ေနၾက ပါတယ္။ ဒါေတာင္ အေမရိကန္ပါ။ ကြ်န္ေတာ္တုိ႔ ျမန္မာျပည္နဲ႔ ယွဥ္မယ္ဆုိရင္ အေတာ္ေလး ဆုိးပါလိမ့္မယ္။ လက္ရွိ တစ္ဦးတစ္ေယာက္ခ်င္းစီရဲ႕ နည္းပညာ ဆိုင္ရာ အသိပညာ ဗဟုသုတ ရွိမွုက အေတာ္ေလး နည္းျပီး လူနည္းစုသာ နည္းပညာ အသိ ရွိျခင္း ျဖစ္ပါတယ္။ တစ္ခုခု လိုအပ္ရင္ ဖုန္းဆုိင္ကို သြားျပီး ျပျပ ေနရာတဲ့ ေနရာေဒသ ျဖစ္တာေၾကာင့္ လံုျခံုေရးနဲ႔ သက္ဆိုင္တဲ့ ျပႆနာက အေတာ္ေလး ျဖစ္ရန္ လြယ္ကူပါတယ္။ ဒီေတာ့ ယင္းကဲ့သုိ႔ အသိပညာ နည္းသူေတြကို low hanging fruit လို႔ အမည္ေပးထားပါတယ္။ ခူးရန္ လြယ္ကူတဲ့ အသီး ျဖစ္ပါတယ္။ ယင္းကဲ့သုိ႔ ခူးရန္ လြယ္ကူတဲ့ အသီးမ်ားဟာ မသမာသူမ်ားရဲ႕ ခူးဆြတ္မွုမွာ ပါဝင္သြားႏိုင္တာေၾကာင့္ အင္မတန္ ေၾကာက္စရာ ေကာင္းတဲ့အေျခအေန ျဖစ္ပါတယ္။ ကုမၺဏီၾကီး တစ္ခုနဲ႔ ယွဥ္ေျပာၾကစုိ႔။ လက္ရွိ ျမန္မာျပည္က ကုမၺဏီေတြဟာ နည္းပညာအေပၚ မွီခို အသံုးျပဳရမွု နည္းေနပါတယ္။ ကဣအလိုက္ ၾကည့္မယ္ဆုိရင္ ဘဏ္လုပ္ငန္း၊ စားေသာက္ဆုိင္နဲ႔ ကုန္ေရာင္းတဲ့ ဝန္ေဆာင္မွု လုပ္ငန္း၊ ဆိပ္ကမ္းလုပ္ငန္း အစရွိသျဖင့္ အနည္းငယ္ေသာ ကုမၺဏီေတြသာ နည္းပညာ ကို အသံုးျပဳျခင္း ျဖစ္ပါတယ္။ က်န္တဲ့ ကုမၺဏီေသးေသးေလးမ်ားဟာလည္း နည္းပညာကို တျဖည္းျဖည္းနဲ႔ မွီခုို အသံုးျပဳလာအံုးမွာ ျဖစ္ပါတယ္။ ဒီေတာ့ ကုမၺဏီက နည္းပညာကို စတင္ အသံုးျပဳလိုက္ျပီဆုိတာနဲ႔ လံုျခံုေရး ဆိုင္ရာ အသိပညာေပးမွု ကို အဓိကထားျပီးေတာ့ အရင္ဆံုး ျပဳလုပ္ေပးရမွာ ျဖစ္ပါတယ္။ အသီးေတြ နိမ့္နိမ့္ေလးမွာ သီးမေနေတာ့ေအာင္ ျဖစ္ပါတယ္။ မုိဘိုင္းဖုန္းကို လံုျခံဳေအာင္ အသံုးျပဳမွု၊ ကြန္ျပဴတာကို လံုျခံဳေအာင္ အသံုးျပဳမွု တို႔ အျပင္ ကုမၺဏီဆိုင္ရာ နည္းပညာ အခ်က္အလက္မ်ားကို အျပင္ေပါက္ၾကားျခင္း မရွိေအာင္ ဘယ္လို လံုျခံုေအာင္ သံုးရမယ္ ဆုိတာ သင္ၾကားေပးထားရမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ သူစိမ္းတစ္ရံေတြက approach လုပ္တဲ့အခါ ေမးရမယ့္ ေမးခြန္းအဆင့္ဆင့္၊ ယင္းအတြက္ ျပန္လည္ စစ္ေဆး အကဲခတ္တဲ့ နည္း အစရွိသျဖင့္ အေသးစိတ္ကို သင္ရန္လိုအပ္ပါတယ္။ ငါးခံုးမ တစ္ေကာင္ေၾကာင့္ တစ္ေလွလံုး ပုပ္သလိုပါပဲ နိမ့္နိမ့္ေလးမွာ သီးေနတဲ့ အသီးက ကုမၺဏီတစ္ခုလံုးကို ပါသြားေစႏုိင္မွာ ျဖစ္ပါတယ္။

G-Mail ေတာင္ မသိတဲ့ ျပႆနာ

လက္ရွိ ျမန္မာျပည္မွာ Facebook အသံုးျပဳသူ ၇သန္းရွိျပီး ၅၀ ရာခိုင္ႏွုန္းအထက္ေသာ လူမ်ားဟာ G-Mail, E-Mail ဆုိတာ ဘာကို ဆုိလုိတာလည္းကို မသိသူမ်ား ျဖစ္ပါတယ္။ G-Mail နဲ႔ E-Mail ဘာကြာသလိုလဲ ေမးယူၾကတဲ့အထိ အသိနည္းသူမ်ား အင္မတန္ မ်ားပါတယ္။ E-Mail ဟာ အသက္ေၾကာ ျဖစ္ျပီး သူေပါက္ၾကားလိုက္တာနဲ႔ မိမိ ဖြင့္ထားတဲ့ ယင္း e-mail အေျခခံ Facebook နဲ႔ အျခားေသာ အေကာင့္အားလံုး ပ်က္သြားပါလိမ့္မယ္။ ယခုေတာ့ Google ကေနျပီးေတာ့ Google Photos ဆုိတာကို မိတ္ဆက္လိုက္တာေၾကာင့္ အကယ္၍ မိမိရဲ႕ ကြန္ျပဴတာ သို႔မဟုတ္ ဖုန္းမွာ အသံုးျပဳထားမိရင္ အလိုအေလ်ာက္ Sync ျဖစ္တာေၾကာင့္ ပံုေတြ၊ ဗီဒီယိုေတြ တင္ေနပါလိမ့္မယ္။ တစ္စံုတစ္ေယာက္ကေနျပီးေတာ့ g-mail ကို ရသြားလို႔ ဖြင့္လိုက္ရင္ အီးေမးလ္ အခ်က္အလက္၊ အျခား အေကာင့္ေတြတင္ ပါသြားမွာ မဟုတ္ပဲ မိမိရဲ႕ ကိုယ္ေရး ဓာတ္ပံု၊ ဗီဒီယို မွတ္တမ္းအားလံုး ပါသြားပါလိမ့္မယ္။ အကယ္၍ မိမိမွာ အမ်ားျပရန္ မသင့္တဲ့ အခ်က္အလက္မ်ားသာ ဖန္တီးယူထားမိတယ္ ဆုိရင္ ျဖစ္လာမယ့္ ဆုိးက်ိဳးက မနည္းပါဘူး။ ဒါေၾကာင့္မို႔ G-Mail ကို ဘယ္လို လံုလံုျခံုျခံဳ အသံုးျပဳရမယ္ ဆုိတာကိုလည္း ေသခ်ာသိရန္ လိုအပ္ ပါေသးတယ္။

ဖုန္းနဲ႔ ကြန္ျပဴတာေတြကို အလြယ္တကူ ေပးကိုင္တဲ့ ျပႆနာ

မိမိရဲ႕ ဖုန္းက တစ္ခုခု ျဖစ္လို႔ Service သြားျပရင္ အကယ္၍ မိမိရဲ႕ ကိုယ္ေရးအခ်က္လက္မ်ားက အျခားလူသိရန္ ေၾကာက္ရတယ္ဆုိရင္ သူ႔ေဘးကေန ေတာက္ေလွ်ာက္ၾကည့္ေနသင့္ ပါတယ္။ အကယ္၍ ကြန္ျပဴတာနဲ႔ ထုိးျပီးေတာ့ အခ်က္အလက္ေတြယူေနလားဆုိတာ သိရေအာင္ပါ။ တစ္ခါတည္းလည္း ၾကိဳေျပာရပါမယ္။ ေနာက္တစ္ခ်က္က မိမ္ိရဲ႕ နည္းပညာ ပစၥည္းေတြကို အျခား သူတစ္ေယာက္ေယာက္ကို လြယ္တကူ ေပးကိုင္တတ္မွု ျဖစ္ပါတယ္။ ယင္းေၾကာင့္လည္း မိမိရဲ႕ အခ်က္အလက္ေတြ ဆံုးရွံုးရပါလိမ့္မယ္။ ဖုန္းေတြ ကြန္ျပဴတာေတြ ယံုလို႔ ေပးကိုင္မိရာကေန မိမိရဲ႕ အခ်က္အလက္မ်ား ပါသြားတဲ့ ဇာတ္လမ္းေတြလည္း မနည္းပါဘူး။ ဒါကိုလည္း သတိထားရန္ လိုအပ္ပါတယ္။

ဖုန္းလံုျခံဳေရး အသိ နည္းမွု

ဖုန္းမွာ ဘယ္ App ေတြကေတာ့ အျမဲ update လုပ္သင့္တယ္။ ဘယ္ app ေတြကေတာ့ သံုးလိုက္ရင္ မိမိရဲ႕ အခ်က္အလက္ကို ယူတယ္ အစရွိသျဖင့္ သိထားသင့္ပါတယ္။ ဒါ့အျပင္ မိမိရဲ႕ ဖုန္းကို အျခားလူ ဝင္လုိ႔ မရေအာင္ ဘယ္လို ပိတ္ထားရမယ္။ ဖုန္းကို ဘယ္ အီးေမးလ္နဲ႔ ဝင္ထားတယ္။ ဘယ္လိုထြက္ရတယ္။ ဖုန္းကို မသံုးေတာ့ဘူး အသစ္သံုးေတာ့မယ္ဆုိရင္ အခ်က္အလက္ေတြ ဘယ္လို ယူတယ္။ ဘယ္လို ဖ်က္ သင့္တယ္ အစရွိသျဖင့္တုိ႔ကို အေျခခံအားျဖင့္သိထားရန္ လိုအပ္ ပါတယ္။ ဒါဟာ ဖုန္းဆုိင္ကို သြားျပီး လုပ္ခိုင္းရမယ့္ အရာေတြ မဟုတ္ပါ။ မိမိပါ မိမိ ျပဳလုပ္ရမယ့္ အရာေတြ ျဖစ္ပါတယ္။ ဒါေလးေတြကိုေတာင္မွ မိမိပါ မိမိ မလုပ္ႏုိင္ဘူး ဆုိရင္ သားေကာင္ ျဖစ္ဖို႔အတြက္ ေသခ်ာေနပါျပီ။

အႏွစ္ခ်ဳပ္

နည္းပညာ ပစၥည္းေတြ၊ App ေတြကို သံုးျပီဆုိရင္ သူတုိ႔မွာ ေရးသားထားတဲ့ စာေတြကို ဖတ္ရွုတတ္ဖို႔ လုိအပ္ပါတယ္။ သင္ agree ျဖစ္ပါသလားလို႔ ေမးတာနဲ႔ agree ျဖစ္ပါတယ္ဆုိျပီးေတာ့ ဇြတ္ျပီးေတာ့ yes ႏွိပ္တတ္တဲ့ အက်င့္ဟာလည္း ဆုိးက်ိဳးျဖစ္လာေစပါလိမ့္္မယ္။ ခလုပ္တစ္ခ်က္ႏွိပ္ေတာ့မယ္ သုိ႔မဟုတ္ တစ္ခ်က္ တုိ႔ထိေတာ့မယ္ ဆုိရင္ ေပၚေပၚလာတဲ့ စာမ်ားကို စိတ္ရွည္ရွည္နဲ႔ ဖတ္ရွုတတ္ဖု႔ိ႔ လိုအပ္ ပါတယ္။ နားလည္ရန္လိုအပ္ပါတယ္။ မိမိရဲ႕ ပစၥည္း လံုျခံဳေရးအတြက္ သာမက မိမိရဲ႕ လုပ္ငန္း လက္ေအာက္မွာ လုပ္ကိုင္ေနတဲ့ တစ္ဥိးတစ္ေယာက္ခ်င္းစီရဲ႕ နည္းပညာဆိုင္ရာ လံုျခံဳေရးကိုလည္း ျပည့္ဝေအာင္ ေဆာင္ရြက္ဖုိ႔ မိမိမွာ တာဝန္အျပည့္ရွိပါတယ္။ အကယ္၍ မဟုတ္ရင္ ဆုိးက်ိဳးရလဒ္ကို ကုမၺဏီကပဲ ရရွိမွာ ျဖစ္တာေၾကာင့္ မိမိပဲ ျပန္ျပီးေတာ့ ႏွစ္နာမွာ ျဖစ္ပါတယ္။ IT Security Policy မ်ားကို ခ်မွတ္လို႔ လုပ္ငန္းေတြမွာ ေသခ်ာ ေဆာင္ရြက္ရန္လိုအပ္ျပီး မိမိကုိ မိမိ အရင္ဆံုး train ရပါမယ္။ ထုိ႔ေနာက္ အျခား ေအာက္လက္ငယ္သားနဲ႔လုပ္ေဖာ္ ကိုင္ဖက္မ်ားကို Train ေပးထားျခင္းျဖင့္ နည္းပညာ လံုျခံဳေရး ရပ္ဝန္းမွာ Low Hanging Fruits (အနိမ့္မွာ သီးေနေသာ အသီးမ်ား) ေပ်ာက္ကြယ္သြားမွာ ျဖစ္ေၾကာင္း အၾကံေပးလို႔ ေရးသား တိုက္တြန္းလိုက္ရ ပါတယ္။
.
ေအာင္ခမ္း (ရိုးရာေလး)

Mobile Guide Journal တြင္ ေဖာ္ျပျပီး ျဖစ္ပါသည္။

#aungkham_yyl
#news_yyl
www.yoyarlay.com

(Unicode version)

Low hanging fruit သို့မဟုတ် လက်တစ်ကမ်းစာက သားကောင်များ (IT Security)

တစ်နေ့တော့ ကျွန်တော်ဟာ အမေရိကန်က နာမည်ကြီး ဘဏ်ကို ဖောက်ခဲ့ဖူးတဲ့ ဟက်ကာတစ်ယောက်ရဲ့ ဟောပြောပွဲကို တက်ဖြစ်ခဲ့ ပါတယ်။ သူဟာ အမေရိကန်မှ နာမည်ကြီး ဟက်ကာ တစ်ဦး ဖြစ်ပြီး ဘဏ်များကနေပြီးတော့ သူ့ကို ဘဏ်နည်းပညာ ဆိုင်ရာ လုံခြုံရေး စစ်ဆေးရေး အရာရှိတစ်ဦးအဖြစ် ခန့်ထားခြင်း ဖြစ်ပါတယ်။ ယင်း ရာထူးတာဝန်ဟာ ဘဏ်မှာ ရှိတဲ့ ဝန်ထန်းအချို့တောင် မသိပါဘူး။ သူ့ရဲ့ တာဝန်က သာမန်လူတစ်ယောက်လို ဘဏ်တွေဆီသွားပြီးတော့ လုံခြုံရေး ဘယ်လောက်ထိ ကောင်းတယ် ဆိုတာကို စစ်ဆေးရတာ ဖြစ်ပါတယ်။ အမေရိကန် နယူးယောက်မြို့က နာမည်ကြီး ဘဏ်ကို သူ့ လုပ်သက် သက်တန်းကာလ တစ်ခုမှာ ဖောက်ခဲ့ ပါတယ်။ သူ့ရဲ့ ဖောက်ခဲ့ပုံကဒီလိုပါ။

ဘဏ်ကို ပထမရက် သွားလေ့လာပါတယ်။ လုံခြုံရေး ကင်မရာများက အပေါက်ဝကနေ အတွင်းက လျှောက်လမ်းတွေအဆုံး နေရာလွတ်မရှိအောင် တပ်ဆင်ထားပါတယ်။ ဘဏ်လုံခြုံရေး ဝန်ထမ်းများလည်း နေရာတိုင်း တောက်လျှောက်ရှိပါတယ်။ ရုပ်ရှင်တွေထဲမှာ ဘဏ်ဖောက်တာတွေက နည်းပညာတွေ သုံးပါတယ်။ ဟိုကျော်ဒီကျော်လုပ်ပါတယ်။ အမှန်တော့ ရုပ်ရှင်ထဲကအတိုင်း အသုံးချပြီးတော့ ဘဏ်ဖောက်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါဘူး။ ယခု ဟက်ကာက တကယ့် လက်တွေ့ကျကျ ဘဝမှာ ဖောက်ပြမယ့်သူ ဖြစ်ပါတယ်။ အမေရိကန်မှာရှိတဲ့ ဘဏ်တွေဟာ ငွေသားတွေ သိမ်းဆည်းထည့်သွင်းမှုအပြင် နည်းပညာဆိုင်ရာ သိမ်းဆည်းမှုကလည်း ကြီးပါတယ်။ ခလုပ်တစ်ချက်နှိပ်ရုံနဲ့ ဘဏ်မှာရှိသမျှငွေတွေ ပါသွားနိုင်စေတဲ့အထိ နည်းပညာကို အတော်လေး အားကိုး ပါတယ်။ ဒီလိုနဲ့ ပထမ ရက်မှာ စစ်တော့ ဘယ်လိုမှ နည်းလမ်းရှာမတွေ့ပါဘူး။ တစ်ပတ်လောက် စောင့်ကြည့်ပြီး သူ့မှာ အဖြေတစ်ခုရသွားပါတယ်။ ယင်းကတော့ လိပ်စာကဒ် ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ယင်းဘဏ်မှာ လုပ်ကိုင်တဲ့ လူတစ်ဦးနဲ့ ပါတီတစ်ခုမှာ ရုတ်တရက်တွေ့သလိုလုပ် သွားနှုတ်ဆက်ပြီး လိပ်စာကဒ်ယူပါတယ်။ ယင်း လိပ်စာကဒ်ကို ရရှိတဲ့အခါ သူ့ထဲက layout တွေ၊ စတိုင်တွေကို ယူပြီးတော့ ပြန်ဆွဲပါတယ်။ ဆွဲပြီးတော့ အမည်နေရာမှာ သူ့အမည်ထည့်ပြီးတော့ ရာထူးမှာ ဘဏ် နည်းပညာ ဝန်ဆောင်မှု တာဝန်ခံ မန်နေဂျာ (IT Manager) အဖြစ် ပြောင်းလိုက်ပါတယ်။ ပြီးတော့ လိပ်စာကဒ် ထုတ်လိုက် ပါတယ်။

နောက်ရက်ကျတော့ ဘဏ်ကို သွားပါပြီ။ ဝတ်စားဆင်ယင်မှုကလည်း Manager တစ်ဦးလို ပီပီသသ ဖြစ်အောင် ဝတ်ဆင်ပြီးတော့ သွားပါတယ်။ ဝင်ပြီးတော့ Reception မှာ ဝန်ထမ်းအမျိုးသမီးကို ရုပ်တည်နဲ့ ပြောပါတယ်။ ဘဏ် ဌာနချုပ်ကနေ လွတ်လိုက်တဲ့ IT Manager တစ်ဦးပါတဲ့။ ဒီဘဏ်ရဲ့ နည်းပညာ ပစ္စည်းတွေကို Troubleshoot လုပ်ပေးဖို့ ရောက်လာတာပါလို့ ဖြေပါတယ်။ လိပ်စာကဒ်ပါ ပေးလိုက်ပါတယ်။ ဒီတော့ အမျိုးသမီးဟာ နည်းပညာ ဌာနခန်းကို ဝင်ခွင့်ကဒ် ထုတ်ပေးလိုက်ပါတယ်။ ဘဏ်ဆိုတော့ အလုပ်များနေတာလည်း ပါတာကြောင့် တစ်ဦးချင်းစီကို ဂရုသိပ် မစိုက်နိုင်တာလည်း ပါပါလိမ့်မယ်။ ဒီလိုနဲ့ ရုတ်တည်တည်နဲ့ နည်းပညာ ဌာန ကွန်ပြူတာခန်းကို ဝင်သွားပါတယ်။ ကွန်ပြူတာခန်းထဲမှာ ဘဏ်တစ်ခုလုံးရဲ့ လုံခြုံရေး စနစ် ထိ်န်းချုပ်တဲ့ ကွန်ပြူတာ၊ မီးခံသတ္တာနဲ့ ငွေထားတဲ့ နေရာများရဲ့ လုံခြုံရေး အစတို့အပြင် အွန်လိုင်း ငွေလွဲမှုဆိုင်ရာများလည်း ရှိပါတယ်။ အဲ့ဒီအလွှာတွေကို password တွေနဲ့ ခံထားပေမယ့် ယင်း password တွေကို ကျော်လွှားဖို့ အတွက် သူ့လို ဟက်ကာ တစ်ယောက် အတွက် မခက်ပါဘူး။ သူကတော့ သူခိုးမဟုတ်တာကြောင့် ဘာမှတော့ မယူပါ။ သူအထဲထိ ရောက်သွားနိုင်ကြောင်း လုံခြုံရေး အဆင့်များကို သူကျော်လွှားနိုင်ကြောင်း ဘဏ်ရဲက ဘုတ်အဖွဲ့ကို တင်ပြလိုက်ပါတယ်။ ဒါနဲ့ပဲ အမေရိကန်မှ နာမည်ကြီး ဘဏ်တစ်ခုကို ဖောက်နိုင်သူ အဖြစ် နာမည်ကြီးသွားပါတော့တယ်။ ယင်းဟာ သူ့အတွက် ယနေ့တိုင် ပြောစမှတ်ပြုတဲ့အကြောင်းအရာ ဖြစ်သွားပြီးတော့ ကမ္ဘာတစ်ဝန်း သူ ရောက်ရှိတဲ့နေရာတိုင်းမှာ ပြောစရာတွေ ဖြစ်နေခဲ့ပါတယ်။

သုံးသပ်ချက်

အမေရိကန်နိုင်ငံဆိုတာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ယှဉ်ပြီးတော့ ကြည့်ရင် နည်းပညာအရ အသိပညာ ပြည့်ဝမှုက ၇၀ ရာခိုင်နှုန်း အထက်မှာ ရှိပါတယ်။ ဒါပေမယ့် အသက် ၄၀ နောက်ပိုင်းဖြစ်သွားကြတဲ့ လူဦးရေထဲမှ အနည်းငယ်မျှသာ နည်းပညာ ဆိုင်ရာ အသိနည်းပြီး သူတို့ဟာ လက်တွေ့လုပ်ငန်းခွင်တွေမှာလည်း လုပ်ကိုင်နေကြ ပါတယ်။ ဒါတောင် အမေရိကန်ပါ။ ကျွန်တော်တို့ မြန်မာပြည်နဲ့ ယှဉ်မယ်ဆိုရင် အတော်လေး ဆိုးပါလိမ့်မယ်။ လက်ရှိ တစ်ဦးတစ်ယောက်ချင်းစီရဲ့ နည်းပညာ ဆိုင်ရာ အသိပညာ ဗဟုသုတ ရှိမှုက အတော်လေး နည်းပြီး လူနည်းစုသာ နည်းပညာ အသိ ရှိခြင်း ဖြစ်ပါတယ်။ တစ်ခုခု လိုအပ်ရင် ဖုန်းဆိုင်ကို သွားပြီး ပြပြ နေရာတဲ့ နေရာဒေသ ဖြစ်တာကြောင့် လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ ပြဿနာက အတော်လေး ဖြစ်ရန် လွယ်ကူပါတယ်။ ဒီတော့ ယင်းကဲ့သို့ အသိပညာ နည်းသူတွေကို low hanging fruit လို့ အမည်ပေးထားပါတယ်။ ခူးရန် လွယ်ကူတဲ့ အသီး ဖြစ်ပါတယ်။ ယင်းကဲ့သို့ ခူးရန် လွယ်ကူတဲ့ အသီးများဟာ မသမာသူများရဲ့ ခူးဆွတ်မှုမှာ ပါဝင်သွားနိုင်တာကြောင့် အင်မတန် ကြောက်စရာ ကောင်းတဲ့အခြေအနေ ဖြစ်ပါတယ်။ ကုမ္ဗဏီကြီး တစ်ခုနဲ့ ယှဉ်ပြောကြစို့။ လက်ရှိ မြန်မာပြည်က ကုမ္ဗဏီတွေဟာ နည်းပညာအပေါ် မှီခို အသုံးပြုရမှု နည်းနေပါတယ်။ ကဣအလိုက် ကြည့်မယ်ဆိုရင် ဘဏ်လုပ်ငန်း၊ စားသောက်ဆိုင်နဲ့ ကုန်ရောင်းတဲ့ ဝန်ဆောင်မှု လုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်း အစရှိသဖြင့် အနည်းငယ်သော ကုမ္ဗဏီတွေသာ နည်းပညာ ကို အသုံးပြုခြင်း ဖြစ်ပါတယ်။ ကျန်တဲ့ ကုမ္ဗဏီသေးသေးလေးများဟာလည်း နည်းပညာကို တဖြည်းဖြည်းနဲ့ မှီခို အသုံးပြုလာအုံးမှာ ဖြစ်ပါတယ်။ ဒီတော့ ကုမ္ဗဏီက နည်းပညာကို စတင် အသုံးပြုလိုက်ပြီဆိုတာနဲ့ လုံခြုံရေး ဆိုင်ရာ အသိပညာပေးမှု ကို အဓိကထားပြီးတော့ အရင်ဆုံး ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ အသီးတွေ နိမ့်နိမ့်လေးမှာ သီးမနေတော့အောင် ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းကို လုံခြုံအောင် အသုံးပြုမှု၊ ကွန်ပြူတာကို လုံခြုံအောင် အသုံးပြုမှု တို့ အပြင် ကုမ္ဗဏီဆိုင်ရာ နည်းပညာ အချက်အလက်များကို အပြင်ပေါက်ကြားခြင်း မရှိအောင် ဘယ်လို လုံခြုံအောင် သုံးရမယ် ဆိုတာ သင်ကြားပေးထားရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သူစိမ်းတစ်ရံတွေက approach လုပ်တဲ့အခါ မေးရမယ့် မေးခွန်းအဆင့်ဆင့်၊ ယင်းအတွက် ပြန်လည် စစ်ဆေး အကဲခတ်တဲ့ နည်း အစရှိသဖြင့် အသေးစိတ်ကို သင်ရန်လိုအပ်ပါတယ်။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်သလိုပါပဲ နိမ့်နိမ့်လေးမှာ သီးနေတဲ့ အသီးက ကုမ္ဗဏီတစ်ခုလုံးကို ပါသွားစေနိုင်မှာ ဖြစ်ပါတယ်။

G-Mail တောင် မသိတဲ့ ပြဿနာ

လက်ရှိ မြန်မာပြည်မှာ Facebook အသုံးပြုသူ ၇သန်းရှိပြီး ၅၀ ရာခိုင်နှုန်းအထက်သော လူများဟာ G-Mail, E-Mail ဆိုတာ ဘာကို ဆိုလိုတာလည်းကို မသိသူများ ဖြစ်ပါတယ်။ G-Mail နဲ့ E-Mail ဘာကွာသလိုလဲ မေးယူကြတဲ့အထိ အသိနည်းသူများ အင်မတန် များပါတယ်။ E-Mail ဟာ အသက်ကြော ဖြစ်ပြီး သူပေါက်ကြားလိုက်တာနဲ့ မိမိ ဖွင့်ထားတဲ့ ယင်း e-mail အခြေခံ Facebook နဲ့ အခြားသော အကောင့်အားလုံး ပျက်သွားပါလိမ့်မယ်။ ယခုတော့ Google ကနေပြီးတော့ Google Photos ဆိုတာကို မိတ်ဆက်လိုက်တာကြောင့် အကယ်၍ မိမိရဲ့ ကွန်ပြူတာ သို့မဟုတ် ဖုန်းမှာ အသုံးပြုထားမိရင် အလိုအလျောက် Sync ဖြစ်တာကြောင့် ပုံတွေ၊ ဗီဒီယိုတွေ တင်နေပါလိမ့်မယ်။ တစ်စုံတစ်ယောက်ကနေပြီးတော့ g-mail ကို ရသွားလို့ ဖွင့်လိုက်ရင် အီးမေးလ် အချက်အလက်၊ အခြား အကောင့်တွေတင် ပါသွားမှာ မဟုတ်ပဲ မိမိရဲ့ ကိုယ်ရေး ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်းအားလုံး ပါသွားပါလိမ့်မယ်။ အကယ်၍ မိမိမှာ အများပြရန် မသင့်တဲ့ အချက်အလက်များသာ ဖန်တီးယူထားမိတယ် ဆိုရင် ဖြစ်လာမယ့် ဆိုးကျိုးက မနည်းပါဘူး။ ဒါကြောင့်မို့ G-Mail ကို ဘယ်လို လုံလုံခြုံခြုံ အသုံးပြုရမယ် ဆိုတာကိုလည်း သေချာသိရန် လိုအပ် ပါသေးတယ်။

ဖုန်းနဲ့ ကွန်ပြူတာတွေကို အလွယ်တကူ ပေးကိုင်တဲ့ ပြဿနာ

မိမိရဲ့ ဖုန်းက တစ်ခုခု ဖြစ်လို့ Service သွားပြရင် အကယ်၍ မိမိရဲ့ ကိုယ်ရေးအချက်လက်များက အခြားလူသိရန် ကြောက်ရတယ်ဆိုရင် သူ့ဘေးကနေ တောက်လျှောက်ကြည့်နေသင့် ပါတယ်။ အကယ်၍ ကွန်ပြူတာနဲ့ ထိုးပြီးတော့ အချက်အလက်တွေယူနေလားဆိုတာ သိရအောင်ပါ။ တစ်ခါတည်းလည်း ကြိုပြောရပါမယ်။ နောက်တစ်ချက်က မိမိ်ရဲ့ နည်းပညာ ပစ္စည်းတွေကို အခြား သူတစ်ယောက်ယောက်ကို လွယ်တကူ ပေးကိုင်တတ်မှု ဖြစ်ပါတယ်။ ယင်းကြောင့်လည်း မိမိရဲ့ အချက်အလက်တွေ ဆုံးရှုံးရပါလိမ့်မယ်။ ဖုန်းတွေ ကွန်ပြူတာတွေ ယုံလို့ ပေးကိုင်မိရာကနေ မိမိရဲ့ အချက်အလက်များ ပါသွားတဲ့ ဇာတ်လမ်းတွေလည်း မနည်းပါဘူး။ ဒါကိုလည်း သတိထားရန် လိုအပ်ပါတယ်။

ဖုန်းလုံခြုံရေး အသိ နည်းမှု

ဖုန်းမှာ ဘယ် App တွေကတော့ အမြဲ update လုပ်သင့်တယ်။ ဘယ် app တွေကတော့ သုံးလိုက်ရင် မိမိရဲ့ အချက်အလက်ကို ယူတယ် အစရှိသဖြင့် သိထားသင့်ပါတယ်။ ဒါ့အပြင် မိမိရဲ့ ဖုန်းကို အခြားလူ ဝင်လို့ မရအောင် ဘယ်လို ပိတ်ထားရမယ်။ ဖုန်းကို ဘယ် အီးမေးလ်နဲ့ ဝင်ထားတယ်။ ဘယ်လိုထွက်ရတယ်။ ဖုန်းကို မသုံးတော့ဘူး အသစ်သုံးတော့မယ်ဆိုရင် အချက်အလက်တွေ ဘယ်လို ယူတယ်။ ဘယ်လို ဖျက် သင့်တယ် အစရှိသဖြင့်တို့ကို အခြေခံအားဖြင့်သိထားရန် လိုအပ် ပါတယ်။ ဒါဟာ ဖုန်းဆိုင်ကို သွားပြီး လုပ်ခိုင်းရမယ့် အရာတွေ မဟုတ်ပါ။ မိမိပါ မိမိ ပြုလုပ်ရမယ့် အရာတွေ ဖြစ်ပါတယ်။ ဒါလေးတွေကိုတောင်မှ မိမိပါ မိမိ မလုပ်နိုင်ဘူး ဆိုရင် သားကောင် ဖြစ်ဖို့အတွက် သေချာနေပါပြီ။

အနှစ်ချုပ်

နည်းပညာ ပစ္စည်းတွေ၊ App တွေကို သုံးပြီဆိုရင် သူတို့မှာ ရေးသားထားတဲ့ စာတွေကို ဖတ်ရှုတတ်ဖို့ လိုအပ်ပါတယ်။ သင် agree ဖြစ်ပါသလားလို့ မေးတာနဲ့ agree ဖြစ်ပါတယ်ဆိုပြီးတော့ ဇွတ်ပြီးတော့ yes နှိပ်တတ်တဲ့ အကျင့်ဟာလည်း ဆိုးကျိုးဖြစ်လာစေပါလိမ့်မယ်။ ခလုပ်တစ်ချက်နှိပ်တော့မယ် သို့မဟုတ် တစ်ချက် တို့ထိတော့မယ် ဆိုရင် ပေါ်ပေါ်လာတဲ့ စာများကို စိတ်ရှည်ရှည်နဲ့ ဖတ်ရှုတတ်ဖို့ လိုအပ် ပါတယ်။ နားလည်ရန်လိုအပ်ပါတယ်။ မိမိရဲ့ ပစ္စည်း လုံခြုံရေးအတွက် သာမက မိမိရဲ့ လုပ်ငန်း လက်အောက်မှာ လုပ်ကိုင်နေတဲ့ တစ်ဥိးတစ်ယောက်ချင်းစီရဲ့ နည်းပညာဆိုင်ရာ လုံခြုံရေးကိုလည်း ပြည့်ဝအောင် ဆောင်ရွက်ဖို့ မိမိမှာ တာဝန်အပြည့်ရှိပါတယ်။ အကယ်၍ မဟုတ်ရင် ဆိုးကျိုးရလဒ်ကို ကုမ္ဗဏီကပဲ ရရှိမှာ ဖြစ်တာကြောင့် မိမိပဲ ပြန်ပြီးတော့ နှစ်နာမှာ ဖြစ်ပါတယ်။ IT Security Policy များကို ချမှတ်လို့ လုပ်ငန်းတွေမှာ သေချာ ဆောင်ရွက်ရန်လိုအပ်ပြီး မိမိကို မိမိ အရင်ဆုံး train ရပါမယ်။ ထို့နောက် အခြား အောက်လက်ငယ်သားနဲ့လုပ်ဖော် ကိုင်ဖက်များကို Train ပေးထားခြင်းဖြင့် နည်းပညာ လုံခြုံရေး ရပ်ဝန်းမှာ Low Hanging Fruits (အနိမ့်မှာ သီးနေသော အသီးများ) ပျောက်ကွယ်သွားမှာ ဖြစ်ကြောင်း အကြံပေးလို့ ရေးသား တိုက်တွန်းလိုက်ရ ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

Mobile Guide Journal တွင် ဖော်ပြပြီး ဖြစ်ပါသည်။

No comments:

Post a Comment

မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။