တိုးတိုးကျယ်ကျယ်စကားများ
+++++++++++++++++
တစ်ခါက တရုတ်ပြည်ရဲ့ ရွာငယ်လေးတစ်ခုမှာ လယ်ယာလုပ်ကိုင်စားသောက်ကြတဲ့  ညီအစ်ကိုနှစ်ယောက်ရှိပါသတဲ့ ..။ အစ်ကိုကြီးဟာ အရာရာမှာ နှိုင်းနှိုင်းချိန်ချိန်စဉ်း စဉ်းစားစား ပြုတတ်သလောက် ညီငယ်ဟာ အဆင်အခြင်မရှိ၊ အတွေးအတောမရှိ ပြုလုပ်တတ်လေ့ရှိတယ်..။ အဲဒီညီအစ်ကိုနှစ်ယောက်နေထို င်တဲ့ ရွာဟာလည်း အင်မတန်မှ သူခိုးသူဝှက် ပေါများပါသတဲ့..။ အပြင်မှာလှမ်းထားတဲ့ ထမီ၊ အင်္ကျီ တွေအပြင် အိုးစုတ်၊ ခွက်စုတ် ကအစ စိတ်မချရအောင် သူခိုးထူ တယ်။
တစ်နေ့တော့ ညီငယ်ဟာ သူတို့ညီအစ်ကိုနှစ်ယောက်ပို င်ဆိုင်တဲ့ ဥယျာဉ်ထဲမှာ ပေါင်းသင်ခြင်း၊ မြက်နှုတ်ခြင်း၊ မြေတူးဆွခြင်းများကို ပြုလုပ်နေပါသတဲ့..။ အဲဒီအချိန်မှာပဲ
"ညီလေးရေ.. ထမင်းစားချိန်ရောက်ပြီ ထမင်းစားကြရအောင်" လို့ အော်ခေါ်လိုက်တဲ့ အစ်ကိုကြီးရဲ့အသံကို ကြားလိုက်တယ်။ အဲဒီအခါ ညီငယ်က
"ခဏလေးဗျို့ သူခိုးခိုးမှာစိုးလို့ ဂေါ်ပြားကို ဖွက်ထားလိုက်ဦးမယ်" လို့ ပြန်အော်ပြောခဲ့တယ်..။
ညီငယ်ဟာ ထမင်းစားဖို့ အိမ်ထဲကို ရောက်လာတဲ့အခါမှာတော့ အစ်ကိုကြီးက သူ့ကို ဆူပူပြန်တယ်..။
"မင်းဟာ အထူအပါးနားမလည်ဘူးလို့ပြောလ ည်း စိတ်ဆိုးသင့်တယ်။ စကားတိုင်းက တိုးတိုးပြောရမယ့်စကားရှိသလို၊ ကျယ်ကျယ်ပြောရမယ့်စကားလည်းရှိတယ်.။
နောင်ဆို တိုးတိုးပြောသင့်တာကို တိုးတိုးပြောကွ..။ နားလည်လား၊
မင်းဂေါ်ပြားဖွက်တဲ့ဟာကို တစ်လောကလုံးကြားအောင် အော်နေဖို့မလိုဘူး"လို့ပြော ဆို ဆူပူပြန်တယ်..။
အဲဒီလိုနဲ့ သူတို့ရဲ့ နေ့လည်စာစားအပြီးမှာ ညီငယ်ဟာ အလုပ်ပြန်လည်လုပ်ဖို့အတွက် ဥယျာဉ်ထဲကို ပြန်လည် ထွက်ခွာသွားတယ်..။ ခဏအကြာမှာတော့ ပြာယီးပြာယာနဲ့ပြန်လာပြီး သူ့အစ်ကိုကြီးကို တိုးတိုးလေးကပ်ပြောခဲ့တယ်..
"ကျွန်..တော်..တို့ ဂေါ်ပြားကို.. သူခိုးခိုးသွားပြီ..အစ်ကြို ကီးရေ..."
ဒီပုံပြင်လေးက ကျွန်တော်တို့ကို ပြောပြထားတာတွေရှိတယ်..။ တစ်ကယ်တော့ ကျွန်တော်တို့အသက်ရှင်နေထို င်နေတဲ့ ၀န်းကျင်မှာ Public and Private ဆိုတဲ့ ၀န်းကျင်နှစ်ခု တွဲလျက်ရှိနေတယ်..။
ကိုယ်နဲ့ ကိုယ့်မိသားစု၊ သူငယ်ချင်း၊ ချစ်သူ၊ ဇနီးမယား စတဲ့ Private (အတွင်း)၊ နဲ့ လူအများ၊ လူတစ်ကာ၊ ပတ်ဝန်းကျင်တစ်ခုလုံး နဲ့တူတဲ့ Public (အပြင်) ဆိုတဲ့ဝန်းကျင်နှစ်ခုပဲဖြစ် တယ်.။
ကျွန်တော်တို့ ပြောတဲ့စကားတွေ၊ လူမှုကွန်ယက်မှာ တင်တဲ့ Post
တွေမှာတောင်မှပဲ.. ဘယ်သူ့ကို မြင်စေချင်သလဲဆိုတဲ့ Who should see this?
ဆိုတဲ့ မေးခွန်းနဲ့အတူ Public, Friends, Only Me ဆိုပြီး
အ၀န်းအ၀ိုင်းတွေကို ကန့်သတ်ပေးထားတာကို တွေ့နိုင်သေးတယ်..။ အဲဒီလို
ကျွန်တော်တို့ရဲ့ ပြောစကားတွေမှာလည်း Private အ၀န်းအ၀ိုင်း သာကြားသင့်တဲ့
(အတွင်းစကား) တွေရှိသလို၊ အများသူငါ၊ လူတစ်ကာ ကြားသင့်တဲ့ (ဗျိုးဟစ်)
တဲ့စကားတွေလည်းရှိနေကြပြန်တ ယ်..။
အဲဒီလို တိုးတိုးပြောခြင်း၊ ကြယ်ကြယ်ပြောခြင်းနဲ့တူတဲ့ အတွင်းစကားနဲ့ အပြင်စကားကို "ဘယ်နေရာမှာ ၊ ဘယ်လိုစကား၊ ဘယ်လို Post ကို တင်သင့်သလဲ" ဆိုတဲ့ ကြောင်းကျိုးဆင်ခြင်သုံးသပ် နိုင်ခြင်း (အထူအပါးနားလည်ခြင်း) နဲ့ ခွဲခြားသုံးနှုန်းသင့်တယ်လို့ ဆိုချင်တယ်..။
တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ ပုံပြင်ထဲက ညီငယ်နဲ့အလားတူစွာပဲ နှစ်ကိုယ်ကြားပြောသင့်တဲ့စကားဖြစ်ပါရက်နဲ့ အများသူငါကို ချပြတတ်သလိုမျိုး မိမိရဲ့ လျှို့ဝှက်အပ်တဲ့အတွင်းရေးကိစ္စတွေကို
လူမှုကွန်ယက်မှာတင်ပြီး ဗျိုးဟစ်တတ်ကြပြန်တယ်..။ အဲဒီလို ဗျိုးဟစ်ကြတဲ့အခါ
သူခိုးနဲ့တူတဲ့ မိမိကို ဒုက္ခပေးချင်၊ ချောက်ချခြင်သူတွေဟာ မိမိရဲ့
ဂေါ်ပြားနဲ့တူတဲ့ အရှက်သိက္ခာကို ခိုးယူဖျက်ဆီးသွားကြလိမ့်မယ်လို့ဆိုတယ်..။
မိမိရဲ့ လျှို့ဝှက်အပ်တဲ့ စကား၊ ဓါတ်ပုံတွေဟာ. နာရီပိုင်း၊ ရက်ပိုင်းနဲ့
လူမှုကွန်ယက်မှာ လွယ်လွယ်လေးပဲ ပြန့်သွားတတ်တာကို သတိပြုသင့်တယ်..။
ယခုခေတ်မှာခေတ်စားနေတဲ့စကား တစ်ခွန်းလို
Privacy is dead, and social media hold smoking gun.
လူမှုကွန်ယက်ဟာ မီးခိုးထွက်နေတဲ့ သေနတ်ကို ကိုင်ထားချိန်မှာ ကျွန်တော်တို့ရဲ့တစ်ကိုယ်ရေ တစ်ကာယ လွတ်လပ်ခွင့်က သေဆုံးခဲ့ပြီ လို့ဆိုတယ်..။
အဲဒီလို တစ်ချက်မှားလိုက်တာနဲ့ အရှက်သိက္ခာတွေ ရေစုန်မြောရမယ့် အခြေနေမှာ အထက်ကပြောခဲ့တဲ့ တိုးတိုးပြောမလား၊ ကျယ်ကျယ်ပြောမလားဆိုတဲ့ အခြေအနေတစ်ခုကို ကောင်းမွန်စွာ သုံးသပ်ကြရမှာပဲဖြစ်တယ်..။
တကယ်တော့ မိမိရဲ့ဂေါ်ပြားကို ဘယ်နေရာမှာဖွက်ထားသလဲဆိုတာဟာ.. မိမိသာလျင် သိသင့်တဲ့ ကိစ္စတစ်ခုပဲဖြစ်တယ်..
(ဖြိုးသုတ)
+++++++++++++++++
တစ်ခါက တရုတ်ပြည်ရဲ့ ရွာငယ်လေးတစ်ခုမှာ လယ်ယာလုပ်ကိုင်စားသောက်ကြတဲ
တစ်နေ့တော့ ညီငယ်ဟာ သူတို့ညီအစ်ကိုနှစ်ယောက်ပို
"ညီလေးရေ.. ထမင်းစားချိန်ရောက်ပြီ ထမင်းစားကြရအောင်" လို့ အော်ခေါ်လိုက်တဲ့ အစ်ကိုကြီးရဲ့အသံကို ကြားလိုက်တယ်။ အဲဒီအခါ ညီငယ်က
"ခဏလေးဗျို့ သူခိုးခိုးမှာစိုးလို့ ဂေါ်ပြားကို ဖွက်ထားလိုက်ဦးမယ်" လို့ ပြန်အော်ပြောခဲ့တယ်..။
ညီငယ်ဟာ ထမင်းစားဖို့ အိမ်ထဲကို ရောက်လာတဲ့အခါမှာတော့ အစ်ကိုကြီးက သူ့ကို ဆူပူပြန်တယ်..။
"မင်းဟာ အထူအပါးနားမလည်ဘူးလို့ပြောလ
အဲဒီလိုနဲ့ သူတို့ရဲ့ နေ့လည်စာစားအပြီးမှာ ညီငယ်ဟာ အလုပ်ပြန်လည်လုပ်ဖို့အတွက် ဥယျာဉ်ထဲကို ပြန်လည် ထွက်ခွာသွားတယ်..။ ခဏအကြာမှာတော့ ပြာယီးပြာယာနဲ့ပြန်လာပြီး သူ့အစ်ကိုကြီးကို တိုးတိုးလေးကပ်ပြောခဲ့တယ်..
"ကျွန်..တော်..တို့ ဂေါ်ပြားကို.. သူခိုးခိုးသွားပြီ..အစ်ကြို
ဒီပုံပြင်လေးက ကျွန်တော်တို့ကို ပြောပြထားတာတွေရှိတယ်..။ တစ်ကယ်တော့ ကျွန်တော်တို့အသက်ရှင်နေထို
ကိုယ်နဲ့ ကိုယ့်မိသားစု၊ သူငယ်ချင်း၊ ချစ်သူ၊ ဇနီးမယား စတဲ့ Private (အတွင်း)၊ နဲ့ လူအများ၊ လူတစ်ကာ၊ ပတ်ဝန်းကျင်တစ်ခုလုံး နဲ့တူတဲ့ Public (အပြင်) ဆိုတဲ့ဝန်းကျင်နှစ်ခုပဲဖြစ်
အဲဒီလို တိုးတိုးပြောခြင်း၊ ကြယ်ကြယ်ပြောခြင်းနဲ့တူတဲ့ အတွင်းစကားနဲ့ အပြင်စကားကို "ဘယ်နေရာမှာ ၊ ဘယ်လိုစကား၊ ဘယ်လို Post ကို တင်သင့်သလဲ" ဆိုတဲ့ ကြောင်းကျိုးဆင်ခြင်သုံးသပ်
တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ ပုံပြင်ထဲက ညီငယ်နဲ့အလားတူစွာပဲ နှစ်ကိုယ်ကြားပြောသင့်တဲ့စက
ယခုခေတ်မှာခေတ်စားနေတဲ့စကား
Privacy is dead, and social media hold smoking gun.
လူမှုကွန်ယက်ဟာ မီးခိုးထွက်နေတဲ့ သေနတ်ကို ကိုင်ထားချိန်မှာ ကျွန်တော်တို့ရဲ့တစ်ကိုယ်ရေ
အဲဒီလို တစ်ချက်မှားလိုက်တာနဲ့ အရှက်သိက္ခာတွေ ရေစုန်မြောရမယ့် အခြေနေမှာ အထက်ကပြောခဲ့တဲ့ တိုးတိုးပြောမလား၊ ကျယ်ကျယ်ပြောမလားဆိုတဲ့ အခြေအနေတစ်ခုကို ကောင်းမွန်စွာ သုံးသပ်ကြရမှာပဲဖြစ်တယ်..။
တကယ်တော့ မိမိရဲ့ဂေါ်ပြားကို ဘယ်နေရာမှာဖွက်ထားသလဲဆိုတာဟ
(ဖြိုးသုတ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။