Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, April 28, 2016

နှစ်လိုဖွယ်မေမေ

နှစ်လိုဖွယ်မေမေ
(To Be A Wonderful Mom)
*************************************

အိမ်ထောင်ကျပြီး ပထမဆုံး ကလေးယူတဲ့ မေမေတိုင်းဟာ ဘဝရဲ့ အဓိက ကျတဲ့ အချိုးအဆစ်ကို ရင်ဆိုင်ရတာပါ။ ကိုယ်တစ်ယောက်တည်း စိတ်ကြိုက် လွတ်လွတ်လပ်လပ်၊လှလှပပနေလာရာကနေ မိခင်ဆိုတဲ့ တာဝန်ကြီးကို ယူလိုက်ရတာဟာ အပြောလွယ်သလောက် အလုပ်က မလွယ်လှပါဘူး။ plan baby မို့ အာဟာရတွေ ကြိုလေ့လာ၊ ကလေးအကြောင်းတွေ ကြိုဖတ်ထား၊ parenting တွေလေ့လာထား၊ကိုယ့်အိမ်ထောင်ဖက်နဲ့ ကြိုညှိုထားလဲ လက်တွေ့ကျရင် အနည်းနဲ့ အများအခက်အခဲ ဖြေရှင်းရတာပါပဲ။ ရုပ်ပိုင်းဆိုင်ရာ ၊စိတ်ပိုင်းဆိုင်ရာ challenges နဲ့ changes ဖြစ်တာပါပဲ။

အိမ်ထောင်ကျပြီး လပိုင်းလောက်နဲ့ ဘာမှ မပြင်ဆင်ထားပဲ ကိုယ်ဝန်ရှိသွားတယ်ဆို ပိုပြီး ဂရုပြုသင့်ပါတယ်။ ကိုယ့် ရင်သွေးမို့ ချစ်လို့ မွေးပေမယ့် မလွှဲမရှောင်သာ ကြုံတွေ့ရမယ့် ဟော်မုန်း အပြောင်းအလဲတွေကြောင့်လဲ မိခင်လောင်း၊ မိခင်သစ်များရဲ့ စိတ်တွေ ထိခိုက်နိုင်ပါတယ်။ ဒီ hormones changes တွေ၊ reality situation တွေကို မိခင်တွေ ကျော်လွှားဖို့ မိသားစုရဲ့ ဖေးမ ကူညီမှု၊ နားလည်ပေးနိုင်မှု၊ အာဟာရပြည့်ဝစွာ စားသုံးပြီး ကျန်းမာတဲ့ နေထိုင်မှုစနစ်တွေက အထောက်အကူပြုပေးပါတယ်။

အမျိုးသမီး 70%ဟာ မီးဖွားပြီး ပထမ နှစ်ပတ်သုံးပတ်လောက်မှာ baby blue လို့ခေါ်တဲ့ ဟော်မုန်းအပြောင်းအလဲ ကြောင့် အလွယ်တူ ဝမ်းနည်းတတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ခံစားလွယ်နေတတ်တာမျိုး ဖြစ်တတ်ပါတယ်။စိတ်နုနေတယ်ပေါ့။ ဒါကခဏပဲ ဖြစ်တတ်ပြီး သူဖာသာသူ ကောင်းသွားတတ်ပါတယ်။

ကလေးမွေးပြီးသွားရင် အရင်ဆုံး မြင်သာသိသာစွာပြောင်းလဲ သွားတာက မိခင်များရဲ့ ခန္ဓာကိုယ်ပါ။ အရင်က ချပ်ချပ်ရပ်ရပ် ရှိပြီးသား ဗိုက်ကလေးက လေပူဖောင်းလေလျှော့လိုက်သလို ရှုပ်တွတွ အိတွဲတွဲရယ်ပါ။ ဗိုက်ခွဲတဲ့ မေမေ တွေဆို ဗိုက်မှာ အနာရွတ်ရယ်၊ baby bump ရယ် နဲ့ ကောက်ညှင်းထုပ် ခပ်ပျော့ပျော့လို အရစ်ရစ် ဖြစ်နေတတ်သေးတာပါ။ ဒါက ကလေး တစ်နှစ် နီးပါးမှ tone ပြန်ဖြစ်ပြီး နည်းနည်းသက်သာကြည့်ကောင်းလာတတ်ပါတယ်။ နို့တိုက်တဲ့ မေမေ တွေဆို ရင်သားက အရင်လို မဟုတ်တော့တာ ကိုယ်ကိုယ်တိုင်သာ အသိဆုံးပါ။ ဒါတွေကို ညင်ညင်သာသာ လက်မခံနိုင်သေးတဲ့ မိခင်ငယ်များဆိုရင် အစားလျှော့တာတို့ ပိန်ဆေး သောက်တာတို့ လုပ်မိတတ်ပါတယ်။ အာဟာရမပြည့်၊ အိပ်ရေးပျက် ၊ ပင်ပန်းရတာမို့ နဂိုကတည်းက ဟော်မုန်းတွေ ပြောင်းနေတဲ့ ခန္ဓာကိုယ်က ဒီဒဏ်တွေကို မခံနိုင်ပဲ stress ဖြစ်တတ်ပါတယ်။

ကိုယ်ဝန်ရုတ်တရက်ရှိလို့ တက်နေတဲ့ ကျောင်းရပ်လိုက်ရတယ်၊ လစာ ကောင်းနေတဲ့ အလုပ် ထွက်လိုက်ရတယ်။ ကလေးထိန်းမယ့် သူမရှိလို့ အလုပ်ထွက်လိုက်ရတယ် စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရဲ တန်ဖိုးကြီးတဲ့အရာ တစ်ခုခုကို ကလေးကို ချစ်တဲ့ မိခင်စိတ်နဲ့ စွန့်လွှတ်လိုက်တယ်။ လုပ်တုန်းကတော့ သေချာစဉ်းစားပြီး မေတ္တာအပြည့်နဲ့ ပါပဲ။ ဒါပေမယ့် ကလေးထိန်းရင်း အိပ်ရေးပျက်လွန်းရင်၊ ပင်ပန်းလွန်းရင်၊ ကလေးဂျီကျလွန်းရင်၊ မိသားစု အရေး တခုတခု ဖြစ်လာရင် " ငါ အလုပ်ထွက်မိတာမှားတယ်။ ငါ့ကိုယ်ငါ အားကိုးရမှာ၊ ခုငါ့ဝင်ငွေ မရှိတော့ဘူး။ ငါ့ဘဝတော့ နောက်ကျပါပြီ" စသဖြင့် မသိစိတ်ကပဲ ဖြစ်ဖြစ်၊ သိစိတ်ကပဲ ဖြစ်ဖြစ် ပါးပါးလေးတွေးထင်နေတတ်ရင်လဲ stress ဖြစ်တတ်ပါတယ်။အလိုမကျစိတ်တွေ ဖြစ်နေတတ်တယ်။ ဒီစိတ်ဟာ မသိပဲ ပြင်းထန်လာရင် ကိုယ့်ကိုယ်ကို အဆိုးမြင်တာ၊ ပတ်ဝန်းကျင်ကို အဆိုးမြင်တာ၊စိတ်မထိန်းနိုင်ပဲ ကလေးကို မဲပြီး အော်မိ၊ရိုက်မိတာတွေ ဖြစ်တတ်ပါတယ်။ ဒီကလေးကြောင့် ငါ့အခွင့်အရေးတွေ ဆုံးရတာဆိုပြီး ကလေးကို အချစ်ပေါ့သလိုလိုခံစားလာရမယ်။ ကလေးကို မကြည့်ချင်တော့ဘူး။ ကလေး နည်းနည်း ငိုရင် များများရိုက်မယ်။ ကိုယ့် ရဲ့ စိတ်ဖိစီးမှုကို မထိန်းချုပ်နိုင်ပဲ "မခုခံနိုင်"တဲ့ ကလေးကို ရိုက်နှက်တဲ့ ထိဖြစ်လာနိုင်ပါတယ်။ ပြီးရင် နောင်တရမယ် feel guilty ဖြစ်မယ်။ ဒီguilty စိတ်ကြောင့်ပဲ ပိုပြီး မပျော်ရွှင်ဖြစ်လာတတ်ပါတယ်။** ဒါတွေဟာ မိမိ က အမေဆိုးမို့ ဖြစ်တာမဟုတ်ပဲ hormones changes, stress, possible postpartum depression တွေကြောင့်ဖြစ်တာမို့ ပြုပြင်လို့ရပါတယ်။

ကလေးမွေးပြီး ပြောင်းလဲသွားတဲ့ နေထိုင်မှု ပုံစံကြောင့် မိမိရဲ့ အိမ်ထောင်ဘက်နဲ့ လဲ အရင်လို နီးနီးကပ်ကပ် နေနိုင်ဖို့ရာ အခွင့်အရေး နည်းပါးသွားတတ်တယ်။ နို့တိုက်နေတဲ့ မိခင်နားကပ်လို့ ရှိရင် အရင်လို သနပ်ခါးနံ့ရဖို့ထက် ချွေးနံ့သာရဖို့ က ပိုများနေတတ်ပါတယ်။ ( ဒါကို နားလည်ပြီး အချစ်ပိုတတ်တဲ့ ဖေဖေ များကို ကျေးဇူးတင်ရမှာပါ) ။ နားလည်မှု သိပ်မရှိတတ်တဲ့ ဖေဖေတွေနဲ့ဆိုရင်တော့ ဒီမေမေတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့ရပြန်ပါတယ်။

ကလေးမွေးပြီးရင် ဆက်နွယ်နေတဲ့ နှစ်ဖက်မိဘဆွေမျိုးတွေရဲ့ အနေအထားက ပိုလို့ ဆက်နွယ်လာပါပြီ။ ဒီနေရာမှာ ကိုယ်ဟာ အမေသစ်မို့ ကိုယ့် ကလေးကို လုပ်ပေးချင်တာ၊ဖြည့်ဆည်းပေးချင်တာတွေနဲ့ စိတ်လှုပ်ရှားနေသလို မိဘများကလည်း သူတို့ရဲ့ သွေးသားမို့ သူတို့လဲ ပါဝင်ပတ်သက်ချင်လှပါတယ်။ ( ဒီနေရာမှာ သားအမိလို တကယ် ချစ်ကြတဲ့ သမီးယောက္ခမ၊ သမီးယောင်းမတွေရှိနိုင်သလို သိပ်မရင်းနှီးအဆင်မပြေတဲ့ သူတွေလဲ ရှိကြမှာပါ)။ ဒါပေမယ့် မိမိဟာ ကိုယ့်မိဘရော၊လင်ယောက်ျားမိဘရောနဲ့ အဆင်ပြေစွာ ဆက်ဆံနိုင်ဖို့ရာ အဓိကကျတဲ့ အလယ်ဗဟို နေရာမှာနေတယ်ဆိုတာ သတိရစေချင်ပါတယ်။မိမိကသာ အားလုံး အဆင်ပြေအောင် အဓိကကျပါတယ်။ ဒီနေရာမှာ အားလုံး balance ဖြစ်အောင် နေရတဲ့ မေမေတို့ဟာ လဲ စိတ်ဖိစီးပြီး stress ဖြစ်နိုင်ပါတယ်။

ကိုယ့်ကလေးကို "ကလေးက သေးတယ်နော်။"" ကလေးက အသားမဲတယ်နော်။ ""ကျွန်မသားက ဟင်းသီးဟင်းရွက်စားတယ် အစ်မသားက မစားဘူးလား။" " သားက ၁ ကနေ ၁၀၀၀ရနေပြီ" " သမီးက အရမ်းသွက်တာ လူမကြောက်ဘူး" " ကလေးကို ipad တွေ ပြနေလို့ ကလေးက ဆိုးနေတာ" စသဖြင့် မိမိရဲ့ အခြေအနေကို သေချာမသိပဲ အကြံပေးတာမျိုးမဟုတ်တဲ့ ဝေဖန်သံတွေကလဲ မေမေတို့ကို စိတ်ဖိစီးစေပါတယ်။သူများကလေးနဲ့ နှိုင်းယှဉ်မိနေလို့ ကိုယ့်ကလေးမှာရှိတဲ့ အားသာချက်ကို မမြင်နိုင်ပဲ စိတ်မပျော်ရွှင်ဖြစ်တတ်တယ်။

Stress ဆိုတာမျိုးက ဖုန်း battery လို နဖူးမှာ ဘယ်လောက်ဆိုပြီးပေါ်လာတတ်တာမဟုတ်လို့ မေမေတို့ သတိထားမဖြေရှင်းရင် ကိုယ့် ကလေးပြုစုရေးမှာ၊လင်မယားဆက်ဆံရေးမှာ၊ ဆွေမျိုးသားချင်း လူမှုရေးမှာ အနည်းနဲ့အများ ထိခိုက်လာတတ်ပါတယ်။ အဆိုးဆုံးက မေမေတို့ရဲ့ စိတ်မပျော်တော့တာ၊ကိုယ့်ကိုယ်ကို အပြစ်တွေတင်နေတာ၊သူများရဲ့ အခြေအနေနဲ့ ကိုယ့်ကိုယ်ကိုနှိုင်းပြီး ကလေးကို အပြစ်မြင်တာ၊ အကြောင်းမရှိ ယောက်ျားကို ရန်ရှာတာတွေဖြစ်တတ်ပါတယ်။ ငွေကြေးအခက်အခဲရှိရင် ပိုဆိုးနိုင်ပါတယ်။ ကလေးပြုစုရေးမှု အဆိုးကိုချည်း ဦးတည်တော့မှာပါ။ကလေးနည်းနည်း ထမင်းကျွေးရခက်တာနဲ့ စိတ်မရှည်နိုင်တော့ပဲ ဆူတော့ ငေါက်တော့မှာပါ။ ရိုက်တာတောင် ဖြစ်နိုင်ပါတယ်။

***အရေးကြီးဆုံးက ဒီလိုဖြစ်နိုင်ခြေရှိတာတွေက ကိုယ်တစ်ယောက်တည်းဖြစ်နေတာ မဟုတ်ဘူးဆိုတာ နားလည်ဖို့ပါပဲ။

စိတ်ဖိစီးမှုများနေတဲ့ မိခင်ကို ခင်ပွန်း/ မိဘဆွေမျိုးများကလည်း အပြစ်မတင်ပဲ ကူညီအားပေးသင့်ပါတယ်။ မိခင်ကို မပြီးဆုံးနိုင်တဲ့ အိမ်အလုပ်တွေကနေ ခဏ တစ်နေရာရာ ကို ခေါ်ထုတ်သွားပေးတာမျိုး လုပ်ပေးသင့်ပါတယ်။ ကလေးကို စိတ်ချရတဲ့ ဆွေမျိုးမိတ်ဆွေများနဲ့ ခဏထားခဲ့ပြီး နှစ်နာရီလောက်ပဲဖြစ်ဖြစ် ကော်ဖီဆိုင်ထိုင် ၊ဈေးဝယ်တာမျိုး လုပ်ပေးသင့်ပါတယ်။ မိခင်ကို ကလေးမရခင်က သူမရဲ့ နေထိုင်မှုပုံစံကို ပြန်ရအောင် အားပေးသင့်ပါတယ်။ အရင်လို လှလှပပ ဝတ်၊ လှလှပပလေး နေတာကို အားပေးသင့်ပါတယ်။ postpartum depression လို ဖြစ်လာပြီဆိုရင်လဲ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးကုသမှုခံယူတာဟာ လုပ်သင့်တဲ့ အလုပ်ဖြစ်ကြောင်း ပြောပြပေးသင့်ပါတယ်။ အရေးကြီးဆုံးကတော့ သူမရဲ့ မိခင်ဘဝ စိတ်အားတက်ကြွနေစေဖို့ ပံ့ပိုးပေးသင့်လှပါတယ်။


မိခင်များအနေနဲ့လည်း
++++++++++++++

- အာဟာရပြည့်ဝစွာ စားပါ။ အစားအသောက်ဟာ ခန္ဓာကိုယ် လည်ပတ်မှု အချိုးညီဖို့ရာ အဓိကကျပါတယ်။ အဆင်သင့် လုပ် အစာတွေ၊ ခေါက်ဆွဲခြောက်တွေ၊ မသန့်ရှင်းတဲ့ လမ်းဘေးအစာတွေကို တတ်နိုင်သမျှရှောင်ကြဉ်ပြီး အသီးအနှံ၊ ဟင်းသီးဟင်းရွက် တွေများများစားပါ။ ရေများများသောက်ပါ။ မိခင်ဖြစ်လာပြီမို့ မိမိအတွက်ရော ကလေးအတွက်ပါအာဟာရအကြောင်း လေ့လာပြီး လိုက်နာရင် အကောင်းဆုံးပါပဲ။

- အိပ်ရေးဝအောင်အိပ်ပါ။ တစ်နေ့ကို အနည်းဆုံး ၆/၇ နာရီ ရအောင်အိပ်ပါ။ နို့တိုက်မိခင်ဆို ပို ဂရုစိုက်သင့်ပါတယ်။

- လေ့ကျင့်ခန်းလုပ်ပါ။ ဆရာဝန်က လုပ်နိုင်ပြီလို့ပြောတဲ့ အချိန်ကစပြီး လုပ်သင့်ပါတယ်။ အနည်းဆုံး လမ်းလျှောက်တာပဲ ဖြစ်ဖြစ်ပါ။ လေ့ကျင့်ခန်းလုပ်တာဟာ သွေးလှည့်ပတ်မှုကောင်းစေတယ်၊ စိတ်ကို ကြည်စေတယ်၊ ခန္ဓာကိုယ် အလှကို ထိန်းသိမ်းပေးတယ်။

- ကိုယ်ပိုင်ချိန် (me time) ယူပါ။ ကလေးကို လူရင်းနဲ့ ခဏထားပြီးပဲဖြစ်ဖြစ် ၊ကျောင်းတက်နေပြီဆိုရင်လဲ ကျောင်းပို့ပြီး **internet free၊ Husband free၊ house chores free ၊all free တစ်နာရီ/ နှစ်နာရီ ရအောင်ယူပါ။ အဲဒီအချိန်မှာ မေမေတို့ စိတ်ကြိုက်တာလုပ်ပါ။ အေးအေးဆေးဆေး သီချင်းလေးနဲ့ ကော်ဖီတစ်ခွက်နဲ့ပဲ ဖြစ်ဖြစ်၊ စာအုပ်ဖတ်ပြီးပဲဖြစ်ဖြစ်၊ လေ့ကျင့်ခန်းလုပ်ပြီးပဲဖြစ်ဖြစ်၊ spa သွားပြီးပဲဖြစ်ဖြစ်၊ ဘာမှမလုပ်ပဲ အေးအေးလူလူ နေတာပဲ ဖြစ်ဖြစ် နေပါ။ အဲဒီအချိန်၂ နာရီ ဟာ မေမေ အတွက်ပဲ ဖြစ်ပါစေ။

- မိမိ ဘဝရဲ့ ကောင်းတဲ့ အချက်များကိုသာ အာရုံစိုက်ပြီးတွေးပေးပါ။

- သူငယ်ချင်းများနဲ့ စကားပြောပါ။

- ယုံကြည်စိတ်ချရသူကို ရင်ဖွင့်တိုင်ပင်ပါ။ ဖွင့်ပြောတိုင်ပင်ရမယ့် နားလည်ပေးမယ့်သူမရှိရင် စာရွက်မှာ ခံစားချက်ကို ချရေးပါ။

- မိမိကိုးကွယ်ရာ သာသာရေးဆိုင်ရာ စာပေများကို ဖတ်ပါ။ နားထောင်ပါ။ ကျင့်သုံးပါ။

- Accept your child as he/she is .
မိမိ သားသမီးရဲ့ ဖြစ်တည်မှုအတိုင်း လက်ခံပြီး ချစ်ခင်ပေးပါ။ ကလေးဟာ အသားညိုတယ်၊ အစားရွေးတယ်၊ ပိန်တယ်၊ လမ်းလျှောက်နောက်ကျတယ်၊ စကားမပြောသေးဘူး စသဖြင့် ကလေးရဲ့ အားနည်းချက်များကိုချည်း သူများကလေးနဲ့ နှိုင်းယှဉ်ပြီး အားမရ စိတ်တို ဆူငေါက်နေမယ့် အစား သူ့ကို သူ့အတိုင်းလေး ဘာဖြစ်ဖြစ်ချစ်တယ်ဆိုတာ ကလေးကိုရော ကိုယ့်ကိုယ်ကို ပါ ပြောပေးပါ။ ပြီးမှ အကောင်းဆုံးလုပ်ပေးနိုင်သမျှ ကို စိတ်အင်အားပြည့်ပြည့်နဲ့ လုပ်ပေးတာကပိုကောင်းပါတယ်။

- Be yourself
မိမိမှာ ရှိတဲ့ အားသာချက်၊ အားနည်းချက် များဟာ တပါးသူနဲ့ ထပ်တူကျဘယ်တော့မှ မရှိနိုင်ပါဘူး။ လူတိုင်းမှာ အရည်အချင်းကိုယ်စီရှိကြတာပါ။ မိမိရဲ့ ကောင်းခြင်းဟာ မိမိကိုယ်သာအကျိုးပြုတာပါ။ ဒီလိုပဲ မိမိဆိုးတာတွေကလဲ မိမိကိုယ်သာ ထိခိုက်တာပါ။မိမိကိုယ်နဲ့ မိမိယှဉ်ပြိုင်ပြီး အကောင်းဆုံးကို အမြဲ ကြိုးစားနေရမှာပါ။နည်းလမ်းရှာနေရမှာပါ။ ဒါကြောင့် သူတပါးနဲ့ ယှဉ်ပြိုင်၊ သူတပါးပြောတာကို မခံချင် မကျေနပ်တဲ့ စိတ်တွေဟာ စိတ်ကျန်းမာရေးအတွက်မကောင်းနိုင်ပါဘူး။

အထက်က အကြောင်းအရာများမှာ ကလေးကို ကိုယ်တိုင်ထိန်းပြီး စိတ်ပင်ပန်းနေသော၊ တိုက်ဆိုင်မှုရှိပြီး အခက်အခဲရှိနေသော ညီမ/ အစ်မ များကိုသာ ရည်ရွယ်ပါတယ်ရှင်။

မေတ္တာဖြင့်
လေ့လာသင်ယူနေဆဲ
ယုငယ်(နီတိုးလေးမေမေ)
#မိခင်ဘ၀ #နီတိုးလေးမေမေ #ယုငယ်

Photo ; Internet.

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။