အသေးအမွှား၏ တန်ဖိုး
------------------------
တစ်ခါက လယ်သမားသားအဖနှစ်ယောက်ဟာ သူတို့လယ်ကထွက်တဲ့ ၀ယ်ယူမယ့် ၀ယ်လက်ကို ရှာဖွေဖို့အတွက် မြို့အရပ်ကို ခြေကျင်ခရီး ထွက်လာခဲ့ကြတယ်။ အဲဒီလိုသားအဖနှစ်ယောက်လမ်းေ လျှာက် လာတုန်းမှာပဲ လမ်းခုလတ်တစ်နေရာမှာ ရွံ့ဗွက်တစ်ခုကို ဖြတ်ကျော်ဖို့ဖြစ်လာခဲ့တယ်။ သူတို့နှစ်ယောက်ဟာရွံ့ဗွက်ကို ဖြတ်ကျော်လုဆဲဆဲမှာပဲ ရွံ့ဘွက်ထဲမှာ ပြုတ်ကျနစ်မြုပ်နေတဲ့ မြင်းခွာတစ်စုံကို တွေ့လိုက်ရပါသတဲ့..။ အဲဒီမြင်းခွာတစ်စုံကို တွေ့တဲ့အခါ အဖေဖြစ်သူက ဒီလိုပြောတယ်
"ဒီမြင်းခွာတွေက အကောင်းကြီးရှိသေးတယ်ငါ့သား .. မင်းကောက်ယူထားလိုက်"
အဲဒီအခါ သားဖြစ်သူက
"ဟာ..အဖေကလဲဗျာ..ဗွက်တွေက ညစ်ပတ်နေတဲ့ဟာကို ဒါလေးကို လာကောက်ခိုင်းနေသေးတယ်" လို့ ပြန်ပြောလိုက်တယ်။
အဲဒီအခါမှာတော့ အဖေဖြစ်သူဟာ ဘာတစ်ခုမှ ဆက်လက်ပြောဆိုမနေတော့ဘဲ ကိုယ်တိုင်ဗွက်တောထဲကိုဆင်း ပြီး မြင်းခွာတွေကို ကောက်ယူခဲ့တယ်..။
အဲဒီလိုနဲ့သားအဖနှစ်ယောက်ဟာ
မြို့အရပ်ကို ရောက်ခဲ့တယ်။ သူတို့အလိုရှိတဲ့ ကောက်ပဲသီးနှံဝယ်လက်ကိုပါ
တွေ့ရှိခဲ့ပါသတဲ့။ ဖခင်ဟာ သူကောက်ယူလာတဲ့ မြင်းခွာတစ်စုံကို မြို့အရပ်ရဲ့
ပန်းပဲဖိုတစ်ခုမှာ ရောင်းချပြီး ချယ်ရီသီးတစ်ထုပ်လည်း ၀ယ်လာခဲ့ပါသတဲ့..။
အပြန်လမ်းတစ်လျှောက်မှာတော့ သားအဖနှစ်ယောက်ဟာ ဖခင်ဝယ်ယူလာတဲ့ ချယ်ရီသီးတွေကိုစားရင်း စကားတစ်ပြောပြောနဲ့ပြန်လာခဲ့ တယ်..။
အဲဒီအချိန်မှာပဲ သားဖြစ်သူရဲ့လက်ထဲက ချယ်ရီသီးတစ်လုံးဟာ
ရုတ်တစ်ရက်မြေကြီးပေါ်ကို ပြုတ်ကျသွားခဲ့တယ်..။ လယ်သမားရဲ့သားဟာ
ချယ်ရီသီးကို ချက်ချင်းကောက်ယူပြီး သူ့အင်္ကျီနဲ့သုတ်ခါ
ပါးစပ်ထဲကိုထည့်လိုက်တယ်..။
အဲဒီလို သားဖြစ်သူရဲ့ အပြုအမူကိုမြင်တဲ့အခါ အဖေက ဒီလိုပြောခဲ့တယ်..
"ငါ့သား.. မြေကြီးပေါ်ကနေ ချိုမြိန်တဲ့အသီးကို ကောက်ယူချင်တဲ့သူဟာ..ဗွက်တောထဲက မြင်းခွာကိုပါ ကောက်ယူဖို့လိုလိမ့်မယ်"
ဒီပုံပြင်လေးက ကျွန်တော်တို့ကို ပြောပြထားတာတွေရှိတယ်..။ တကယ်တော့ ကျွန်တော်တို့ တွေဟာ လယ်သမားရဲ့သား ချယ်ရီသီးအရသာကို ခံစားချင်သလို လူတွေတိုင်းဟာ စားဝတ်နေရေး၊ အဆင်ပြေစေဖို့အတွက် ထာဝစဉ် လိုလားကြသူတွေပဲဖြစ်တယ်။ ငွေကြေးပြည့်စုံခြင်းရဲ့ အရသာကိုလည်း တစိုက်မတ်မတ် လိုချင်နေကြပြန်တယ်..။ အဲဒီလို ချယ်ရီသီးရဲ့အရသာလို ငွေကြေးစီးပွားပြည့်စုံမှုကို လိုချင်ကြပေမယ့်လည်း..မြင်း ခွာနဲ့တူတဲ့ အသေးအမွှားဝင်ငွေလေးတွေကိုတော့ ဂရုမစိုက် ပစ်ပယ်ထားကြသေးတယ်လို့ဆိုတယ်..။
လယ်သမားရဲ့သားဟာ ဗွက်ထဲကဟာမို့၊ ညစ်ပတ်လို့ မြင်းခွာကို မကောက်ချင်သလို၊
ကျွန်တော်တို့ဟာလည်း ငွေကြေးအရနည်းလို့၊ နေပူလို့၊ ပင်ပန်းလို့၊
ညဥ့်နက်လို့၊ အိပ်ရေးပျက်လို့၊ ရာသီဥတုအေးလို့ စတဲ့
ဆင်ခြေဆက်လက်ပေါင်းများစွာကို ပြပြီး အသေးအမွှား အခွင့်အလမ်းရယ်လို့ သတ်မှတ်ဥပက္ခာပြုတတ်ကြသူများ ပဲဖြစ်တယ်။
တစ်ကယ်တမ်းမှာတော့ ဗွက်တောထဲက မြင်းခွာဟာ အရသာရှိတဲ့ ချယ်ရီသီးဖြစ်လာသလို၊ အသေးအမွှားလို့ ကိုယ်သတ်မှတ်ထားတဲ့ အခွင့်အလမ်းအလုပ်အကိုင်တွေေ ပါင်းများစွာကို စုပေါင်းပြီးကိုယ့်ဘ၀ရဲ့ ဥစ္စာဓနချယ်ရီသီးတွေကို လဲလှယ်ဝယ်ယူကြရမှာပဲဖြစ်တယ် ။ အဲဒီလိုပဲ.. အသေးအမွှား ၀င်ငွေတင်မက၊ အသေးအမွှားကုန်ကျစရိတ်လေးတွေ ကိုပါ ရေရှည်အတွက် တွက်ချက်ဆင်ခြင်သင့်တယ်လို့ ဆိုတယ်။
"Small things cost a lot" ဆိုတဲ့စကားလို အသေးအမွှားလေးတွေဟာ တန်ဖိုးကြီးတယ် ဆိုတာကို သိမြင်သင့်လှတယ်။ နေ့စဉ် ကားခ၊ လမ်းစရိတ်၊ ကွမ်းဖိုး၊ ဆေးလိပ်ဖိုး စတဲ့အသေးအမွှားလေးတွေဟာလည်း အချိန်ကြာလာတဲ့အခါ ကိုယ့်ဘ၀တစ်ခုလုံးပြောင်းလဲ သွားနိုင်တဲ့ ငွေကြေးပမာဏ ဖြစ်လာတာကို သတိမူသင့်လှတယ်..။
အသေးအမွှား ကနေ သူဌေးများ ဖြစ်ကြပါစေ
(ဖြိုးသုတ)
------------------------
တစ်ခါက လယ်သမားသားအဖနှစ်ယောက်ဟာ သူတို့လယ်ကထွက်တဲ့ ၀ယ်ယူမယ့် ၀ယ်လက်ကို ရှာဖွေဖို့အတွက် မြို့အရပ်ကို ခြေကျင်ခရီး ထွက်လာခဲ့ကြတယ်။ အဲဒီလိုသားအဖနှစ်ယောက်လမ်းေ
"ဒီမြင်းခွာတွေက အကောင်းကြီးရှိသေးတယ်ငါ့သား
အဲဒီအခါ သားဖြစ်သူက
"ဟာ..အဖေကလဲဗျာ..ဗွက်တွေက ညစ်ပတ်နေတဲ့ဟာကို ဒါလေးကို လာကောက်ခိုင်းနေသေးတယ်" လို့ ပြန်ပြောလိုက်တယ်။
အဲဒီအခါမှာတော့ အဖေဖြစ်သူဟာ ဘာတစ်ခုမှ ဆက်လက်ပြောဆိုမနေတော့ဘဲ ကိုယ်တိုင်ဗွက်တောထဲကိုဆင်း
အဲဒီလိုနဲ့သားအဖနှစ်ယောက်ဟာ
အပြန်လမ်းတစ်လျှောက်မှာတော့
အဲဒီလို သားဖြစ်သူရဲ့ အပြုအမူကိုမြင်တဲ့အခါ အဖေက ဒီလိုပြောခဲ့တယ်..
"ငါ့သား.. မြေကြီးပေါ်ကနေ ချိုမြိန်တဲ့အသီးကို ကောက်ယူချင်တဲ့သူဟာ..ဗွက်တေ
ဒီပုံပြင်လေးက ကျွန်တော်တို့ကို ပြောပြထားတာတွေရှိတယ်..။ တကယ်တော့ ကျွန်တော်တို့ တွေဟာ လယ်သမားရဲ့သား ချယ်ရီသီးအရသာကို ခံစားချင်သလို လူတွေတိုင်းဟာ စားဝတ်နေရေး၊ အဆင်ပြေစေဖို့အတွက် ထာဝစဉ် လိုလားကြသူတွေပဲဖြစ်တယ်။ ငွေကြေးပြည့်စုံခြင်းရဲ့ အရသာကိုလည်း တစိုက်မတ်မတ် လိုချင်နေကြပြန်တယ်..။ အဲဒီလို ချယ်ရီသီးရဲ့အရသာလို ငွေကြေးစီးပွားပြည့်စုံမှုကိ
တစ်ကယ်တမ်းမှာတော့ ဗွက်တောထဲက မြင်းခွာဟာ အရသာရှိတဲ့ ချယ်ရီသီးဖြစ်လာသလို၊ အသေးအမွှားလို့ ကိုယ်သတ်မှတ်ထားတဲ့ အခွင့်အလမ်းအလုပ်အကိုင်တွေေ
"Small things cost a lot" ဆိုတဲ့စကားလို အသေးအမွှားလေးတွေဟာ တန်ဖိုးကြီးတယ် ဆိုတာကို သိမြင်သင့်လှတယ်။ နေ့စဉ် ကားခ၊ လမ်းစရိတ်၊ ကွမ်းဖိုး၊ ဆေးလိပ်ဖိုး စတဲ့အသေးအမွှားလေးတွေဟာလည်း အချိန်ကြာလာတဲ့အခါ ကိုယ့်ဘ၀တစ်ခုလုံးပြောင်းလဲ
အသေးအမွှား ကနေ သူဌေးများ ဖြစ်ကြပါစေ
(ဖြိုးသုတ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။