Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, April 24, 2016

နွေနေပြင်းလို့ ရေတွင်းခမ်းလျင် အလျင်စလို မဖေါ်စေလိုပါ ဤစာလေးဖတ်စေလိုပါတယ် ခင်ဗျာ

နွေနေပြင်းလို့ ရေတွင်းခမ်းလျင် အလျင်စလို
မဖေါ်စေလိုပါ ဤစာလေးဖတ်စေလိုပါတယ်
ခင်ဗျာ
•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•
ရေတွင်းအတွင်းသို့ဘေးကင်းစွာဆင်းသက်နည်း
•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•
ပါမောက္ခဒေါက်တာထင်ဇော်စိုး

၂ဝ၁၆ ခုနှစ် ဧပြီ ၁၆ ရက် (သင်္ကြန်အတက်နေ့)တွင် ဖေ့စ်ဘွတ်စာမျက်နှာ၌ ကယားပြည်နယ် လွိုင်ကော် မြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ခုတင် ၅ဝဝ) ဆေးရုံ အုပ်ကြီး ဒေါက်တာရန်နိုင်မောင် (ပြည်နယ်ဆေး ကုသ ရေးဦးစီးဌာနမှူးတွဲဖက်တာဝန်)၏ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါ တယ်။ ထိုသတင်းမှာ ဖော်ပြပါသင်္ကြန် အတက်နေ့တွင် ကယားပြည်နယ် ဒီမော့ဆိုမြို့နယ် ဒေါသငူးရွာဟောင်းနေ ရွာသားလေးဦးရေတွင်း ဆယ်ရင်းအသက်ဆုံးရှုံးမှု သတင်းပဲဖြစ်ပါတယ်။
ဤကဲ့သို့ဖြစ်စဉ်များ ကျေးလက်တောရွာများမှာ မကြာ ခဏဖြစ်လေ့ရှိပါတယ်။

မိတ်ဆွေဆရာဝန်များ၏ အကြံ ပြုတောင်းဆိုချက်များအရ အများပြည်သူသိရှိစေရန် ဤဆောင်းပါးကို ရေးဖြစ်ခဲ့ပါတယ်။
ကျေးလက်တောရွာများတွင် သောက်သုံးရေကို ရေတွင်း၊ ရေကန်၊ မြစ်ချောင်းများမှ အဓိကရယူပါတယ်။ ရွာများတွင် ကိုယ်ပိုင်ရေတွင်း၊ အများပိုင်ရေတွင်း ဆိုသလို ရှိတတ်ပါတယ်။ ရေတွင်းများမှာ များသော အားဖြင့် တွင်းတိမ် (ပေ ၅ဝ ထက်နည်းသော ရေတွင်း) များသာဖြစ်ပါ တယ်။ သောက်သုံးရေ အတွက် ရေတွင်း မှာ တောရွာနေပြည်သူများ၏ အဆင်သင့်ရနိုင်သော အဓိက အားထားရာ ရေထွက်ပင်ရင်းတစ်ခုဖြစ်ပါတယ်။

အယ်နီညိုရာသီဥတုကြောင့် ရေရှားပါးချိန်တွင် ရေတွင်း များမှာ ပိုလို့တောင်တန်ဖိုးရှိလာပါတယ်။ ရေတွင်းများ ပြုပြင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဆောင်ရွက်ရာတွင် လည်းကောင်း၊ ရေတွင်းဟောင်း/ပျက် များ ပြန်လည် ဆယ်ယူရာတွင်လည်းကောင်း၊ ရေတွင်းထဲသို့ အဖိုးတန် ပစ္စည်းတစ်ခုခုကျသွား၍ ပြန်လည်ဆယ်ယူရာတွင် လည်းကောင်း ရေတွင်း ထဲသို့ မလွဲမသွေဆင်းသက် ရမှာဖြစ်ပါတယ်။

ဤနေရာမှာ ဘေးကင်းစွာဆင်းသက် ရန် လိုပါတယ်။ အခန့်မသင့်လျှင် အသက်ဆုံးရှုံးတတ် ပါတယ်။ ရေတွင်းထဲသို့ အသက်ဆုံးရှုံးတော့မယ့်သူကို ဆင်းကယ်ရင်း ကယ်သူပါ ဆက်တိုက်ဆိုသလို တစ်ဦး ပြီးတစ်ဦး သေဆုံးသွားတတ်ပါတယ်။

ဤနေရာတွင်သေဆုံးရခြင်းကို အနည်းငယ်ရှင်းပြ လိုပါ တယ်။ ရေတွင်း အတွင်း၌ အောက်ခြေရှိရေထွက် ရှိရာ ရေလွှာကြောမှနေ၍ သဘာဝအလျောက် ထွက် သောဓာတ်ငွေ့များဖြစ် သည့် ကာဗွန်ဒိုင်အောက် ဆိုက်၊ ဟိုက်ဒရိုဂျင်ဆာလဖိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ မီသိန်း ဓာတ်ငွေ့များရှိနေတတ်ပါတယ်။ ကာဗွန်ဒိုင်အောက် ဆိုက်နဲ့ ဟိုက်ဒရိုဂျင်ဆာလဖိုက် မှာ လေထက်လေးသော ကြောင့်ရေ တွင်းအောက်ခြေ တွင်ရှိပြီး ကာဗွန်မိုနောက် ဆိုဒ်မှာ လေအလွှာထုတွင် ရှိပါတယ်။ မီသိန်းဓာတ်ငွေ့ သည်လေထက်ပေါ့၍ အပေါ်ဆုံးအလွှာတွင် ရှိပါတယ်။ ၄င်းဓာတ်ငွေ့များကိုရှူရှိုက်မိပါက ခေါင်းမူးခြင်း၊ အော့ အန်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ သတိလစ်ခြင်းများဖြစ်ပေါ် ပြီးအသက် ဆုံးရှုံးတတ်ပါတယ်။ ထိုဓာတ်ငွေ့များသည် လူနဲ့တိရစ္ဆာန်တို့အတွက် အဆိပ်ဓာတ်ငွေ့များ ဖြစ်ပါ တယ်။

စာရေးသူသည် အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး)တွင် ပါမောက္ခချုပ် တာဝန်ထမ်းဆောင်လျက် ရှိပြီး တက္ကသိုလ်၏ သင်တန်းသားများ (အလုပ်သင် ဆရာဝန်အပါအဝင်)ကိုစာသင်ကြားရင်း ဖော်ပြပါ အသက် ဆုံးရှုံးမှုဖြစ်စဉ်ကိုပြောပြလျက်'' မည်ကဲ့သို့ ရေတွင်း အတွင်း ဘေးကင်းစွာ ဆင်းမည်နည်း''ဟု မေးမြန်းကြည့်ပါ တယ်။

သင်တန်းသားအများစုက ''ဆရာကြီး အောက်ဆီ ဂျင်ဘူးတပ်ပြီးတော့ ဆင်းမှာပေါ့''ဟု သူတို့နားလည် သလိုဖြေပါသည်။ မှန်ပါ တယ်။ အောက်ဆီဂျင်ဘူးတပ်ပြီး ဆင်းလျှင် အဆင်ပြေပါတယ်။ သို့သော် ကျေးလက် တောရွာများတွင် အောက်ဆီဂျင်ဘူးကို အလွယ်တကူ မည်သို့ရမည်နည်း။ စာရေးသူက ကွယ်လွန်သွားပြီဖြစ် သော စာရေးဆရာ ဒေါက်တာတင်ရွှေ ရေးသားခဲ့သည့် စာအုပ်တစ်အုပ်(အမည်မမှတ်မိတော့ပါ) မှ ကျန်းမာရေး ဉာဏ်စမ်းမေးခွန်းစာပိုဒ်လေးတစ်ပိုဒ်ကို ဖတ်ရှုဖူးပြီး ယင်းကိုအခြေခံကာသင်တန်းသားများကို ပြန်လည်ရှင်းပြ ပါတယ်။

သင်တန်းသားများက အတော့်ကို ကျေနပ်သွား ကြပါတယ်။ ငွေကုန်ကြေးကျမများဘဲ ဒေသန္တရအတွင်း အလွယ်တကူရနိုင်သောပစ္စည်းများကို အသုံးပြုကာ ရေတွင်း အတွင်း ဘေးကင်းစွာဆင်းသက်နိုင်သော နည်းလမ်းကို သိသွားကြလို့ ဖြစ်ပါတယ်။

ဖော်ပြပါရေတွင်း (တွင်းတိမ်) အတွင်း ဘေးကင်းစွာ ဆင်းသက်နည်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

(၁) သင့်တော်သောအရွယ်ရှိ ထီးရှည်တစ်ချောင်းကို ဦးစွာယူပါ။ ထီးလက်ကိုင်တွင် နိုင်လွန်ကြိုးကဲ့သို့ ခိုင်ခံ့ သောကြိုးရှည် တစ်ချောင်းဖြင့်ချည်နှောင်ပါ။ (ကြိုးသည် ရေတွင်းအနက်ထက် ပိုရှည်ရမည်)။

(၂) ထီးကိုဖွင့်လျက်ပက်လက်အနေအထားဖြင့် ကြိုးကို ကိုင်ကာရေတွင်းအောက်ခြေရေပြင်(သို့မဟုတ်) မြေပြင် အထိချပါ။
(၃) ဖွင့်လျက်ထီးကို ရေတွင်းအပေါ်ဆုံးအထိကြိုးကို ဆွဲကာ ပြန်မတင်ပါ။ ပြီးလျှင် ရေတွင်းအောက်ခြေသို့ ပြန်ချပါ။ ဤသို့ပြန်တင်ပြန်ချခြင်းကို အကြိမ်(၂ဝမှ ၃ဝ) အထိခပ်သွက်သွက်ပြုလုပ်ပါ။ (ရေတွင်းအောက်ခြေမှ အဆိပ်ဓာတ်ငွေ့များ ကို ရေတွင်းပြင်ပ သို့ရောက်အောင် ထီးဖြင့် ဖယ်ထုတ်ပြီး ပြင်ပ မှ အောက်ဆီဂျင် ပါသောလေ ကို ရေတွင်းအတွင်း သို့ ပြန်လည်ဝင်ရောက်စေရန် ဆောင်ရွက် ခြင်းဖြစ်သည်။)

(၄) ထို့နောက် ရေတွင်းအောက်ခြေတွင်အောက်ဆီ ဂျင်ဓာတ် အလုံအလောက်ရှိမရှိ စမ်းသပ်ရန်လိုပါသည်။ ပထမဦးစွာ စားဆီခြင်တွယ် ရာတွင်အသုံးပြုသော ဆီမှုတ် တစ်ခုကိုယူပါ။ လက်ကိုင်တွင် တုတ် တစ်ချောင်းဖြင့် ချည်နှောင်ပါ။ တုတ်တွင် ကြိုးရှည်တစ်ချောင်းဖြင့် ထပ်မံ ချည်နှောင်ပါ။ ဆီမှုတ်အလယ်တွင် မီးထွန်းထားသော ဖယောင်းတိုင်တစ်တိုင်ကို သေချာစွာစိုက်ပါ။ ပြီးလျှင် မီးထွန်းထားသော ဖယောင်းတိုင်ကို ရေတွင်းအောက်ခြေ သို့ ဖြည်းညင်းစွာချပါ။
(ဖယောင်းတိုင်မီးမငြိမ်းပါက ရေတွင်းအောက်ခြေတွင် အောက်ဆီဂျင်အလုံအလောက် ရှိနိုင်သည်။ ဖယောင်းတိုင်မီးငြိမ်းသွားပါက ဖော်ပြပါ အဆင့်(၃)ဆင့်ကို ထပ်မံဆောင်ရွက်ပါ။) (ဆီမှုတ် မရှိပါက ကြေးနန်းကြိုး တပ်ဆင်ထားသော နို့ဆီခွက် အစရှိသည်တို့ကို သုံးနိုင်သည်။)

(၅) ရေတွင်းအောက်ခြေတွင် အောက်ဆီဂျင် အလုံ အလောက်ရှိပြီဟု သေချာပါက ရေတွင်းအတွင်းသို့ ဖြည်းညင်းစွာဆင်း၍
ဆောင်ရွက်စရာများကို သတိထား လျင်မြန်စွာဆောင်ရွက် ပါ။ ဆောင်ရွက်နေစဉ် ခေါင်းမူး ခြင်း၊ အသက်ရှူကျပ်ခြင်း စတင်ဖြစ်ပေါ်ပါက ရေတွင်း ပေါ်သို့ ချက်ချင်းအကြောင်းကြား ၍ ပြန်တက်ပါ။ ခေတ္တအနားယူ၍ အဆင့်(၃)နှင့်(၄) ကို သေချာအောင် ပြန်လုပ်ပါ။ ဆင်းမည့်သူကို လူစားလဲဆောင်ရွက်ပါ။

(၆) ဤသို့ ရေတွင်းဆယ်ခြင်းကို တစ်ဦးတည်းမပြု လုပ်ရ။ ကူညီမည့်အဖော် လေးဦး ငါးဦး ရေတွင်းပေါ် တွင် အဆင်သင့်ရှိနေ ပါစေ။ ဖြစ်နိုင်လျှင် ရေတွင်း အတွင်း ဆင်းမည့်သူ၏ ချိုင်း၊ ခါးတို့တွင် သင့်တော် ရာကြိုးကြီးတစ်ချောင်း ချည်နှောင်ချိတ်ဆွဲလျက် ဆင်းပါ။ လိုအပ်လျှင် ရေတွင်းပေါ်မှ ကူညီမည့်သူများက အလျင်အမြန် ဆွဲမတင်၍ အချိန်မီ အသက်ကယ်နိုင် မည်။ မီးသတ်၊ ကြက်ခြေနီအဖွဲ့ဝင်များ ပါဝင်ဆောင်ရွက် ပါက ပိုမိုကောင်းမွန်ပါသည်။ ရေတွင်းအတွင်း အလင်း ရောင်ရစေရန် နဖူးတွင် တပ်ဆင်၍ရသော ဓာတ်မီးကို အသုံးပြုနိုင် ပါသည်။

ဤဆောင်းပါးကို ဖတ်ရှုသော စာဖတ်ပရိသတ်များ သည် ဤဗဟုသုတကို ဖြန့်ဝေပေးခြင်းဖြင့် ''လူ့အသက် ပေါင်းများစွာကို ကယ်တင်နိုင်ကြပါစေ''ဟု ဆန္ဒပြု ရေးသားလိုက်ရပါသည်။ ။
…………

Ref: MOI Webportal Myanmar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။