မြန်မာခရီးသွားများ အထူးသတိပြုကြပါရန်
ထိုင်း၊ ဘန်ကောက်၊ မလေးရှားတို့ကို ဆေးကုဖို့ပဲဖြစ်ဖြစ်၊ ဈေးဝယ်သွားတာပဲဖြစ်ဖြစ် Shopping Center ကြီးများနဲ့ ငွေလဲကောင်တာ Money Changer အနားတ၀ှိုက်ကိုရောက်ရင် သတိထားကြပါ။ လူလိမ်များ လုပ်စားနေကြပါတယ်။
မြန်မာတွေ အများဆုံး သွားရောက်ကြတဲ့ ပဒူနန်းနဲ့ ဘန်ကောက်မြို့လယ်မှ MBK ကုန်တိုက်ကြီးအထဲမှာ လူလိမ်အဖွဲ့တွေ အမြဲရှိနေပါတယ်။ ငွေလဲကောင်တာ၊ ဘဏ်ရှေ့ စတဲ့နေရာတွေမှာ အမြဲစောင့်နေပြီး မြန်မာစကားပြောသံကြားတာနဲ့ သူတို့အဖွဲ့ထဲက မြန်မာစကားနားလည်သူက အချင်းချင်း လက်တို့ပြီး စတင်လှုပ်ရှားကြလိမ့်မယ်။ မြန်မာတွေက စကားပြောရင် ကျယ်ကျယ်ပြောတတ်ကြတော့ အလွယ်တကူ သိနိုင်တယ်။
အစ္စရေးနိုင်ငံသား၊ အီဂျစ်၊ ပါလက်စတိုင်း၊ ဒူဘိုင်း၊ အရှေ့ဥရောပနဲ့ အမေရိကဘက်မှ အသားဖြူဖြူ အရပ်မြင့်မြင့် လူတွေက ခရီးသွားယောင်ဆောင်ပြီး လာနှုတ်ဆက်မယ်။ Hello! Where are you from? စသဖြင့် စကားစပြောမယ်။ မိတ်ဖွဲ့မယ်၊ ပြီးရင် ဟိုဟိုဒီဒီ ခင်မင်အောင် ပြောမယ်၊ လူလစ်ရင် တို့ဆေးတို့မယ်၊ ကိုယ့်ဘက်က တစ်ယောက်တည်းမဟုတ်ပဲ လူများလို့ မလစ်ရင် လိုသလို လှည့်ပြောမယ်၊ မြန်မာပြည်ကို တစ်ခါမှ မရောက်ဖူးကြောင်း၊ မြန်မာတွေက သိပ်ပြီး ယဉ်ကျေးကြောင်း၊ မြန်မာကျပ်ငွေကို တစ်ခါမှ မမြင်ဖူးကြောင်း၊ ကြည့်ချင်ကြောင်း ပြောမယ်၊ အဲဒီကနေတဆင့် သင့်ဆီက ဒေါ်လာဘယ်လောက်ပါသလဲဆိုတာ သိအောင် စကားနှိုက်မယ်၊ သိပြီဆိုတာနဲ့ မရ ရအောင် ကွင်ဆင်တော့မယ်။
သင့်ဆီက ဒေါ်လာကို ခဏကြည့်ပါရစေ ပြောမယ်။ ထုတ်ပြရင် ရှေ့နောက်ပြောင်းပြန်လှန်ကြ ည့်ပြီး သူ့ဆီက ဒေါ်လာအတုနဲ့ လဲယူမယ်။ တို့ဆေးမိရင် အကုန်ယူမယ်။ လုပ်စားနေကျမို့ ကျွမ်းကျင်တယ်။ လစ်ခနဲပဲ။
အဲဒီနည်းမရရင် နောက်တစ်နည်း ရှိပါသေးတယ်။ ထိုင်းဘတ်ငွေအတုတွေကို ဈေးပိုပေးသလိုလိုနဲ့ လဲပေးလိမ့်မယ်။ ဒီလိုနဲ့ မြန်မာတွေ အလိမ်ခံရတာ မနည်းတော့ပါဘူး။
ဘာကြောင့် မြန်မာတွေကိုပဲ ဦးတည်ပြီး လိမ်ရသလဲဆိုရင်
(၁) မြန်မာတွေက အားနာတတ်ကြတယ်။
(၂) မြန်မာတွေက ငွေသားအများကြီးကို ပိုက်ဆံအိတ်ထဲထည့်ပြီး ယူသွားတတ်ကြတယ်။
(၃) မြန်မာတွေက နိုင်ငံခြားသား၊ အင်္ဂလိပ်တွေဆို အထင်ကြီးတတ်ကြတယ်။
(၄) မြန်မာတွေက ပြည်ပအတွေ့အကြုံ နည်းတယ်။
(၅) မြန်မာတွေက အယုံလွယ်တတ်ကြတယ်။
ဒီအားနည်းချက်တွေကို ကောင်းကောင်းသိထားတဲ့ အနောက်တိုင်းက လူလိမ်လူညာတွေက ထိုင်းရောက်၊ မလေးရှားရောက်နေတဲ့ လက်ကြောတင်းအောင် အလုပ်မလုပ်ချင်တဲ့ အချောင်သမား မြန်မာအလုပ်သမားအချို့နဲ့ ပူးပေါင်းပြီး လုပ်စားကြတာပါ။
ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူများရဲ့ ရင်ဖွင့်သံများကိုလည်း မကြာခင် စုစည်းပြီး နောက်လူများ ဒီလိုအဖြစ်မျိုးနဲ့ မကြုံရလေအောင် ဆက်တင်ပေးပါ့မယ်။
ဒီ Post လေးကိုလည်း လက်ဆင့်ကမ်းပေးကြပါလို့ စေတနာအရင်းခံနဲ့ ရေးလိုက်ပါတယ်။
မြန်မာအားလုံး တိုင်းတပါးမှာ အလိမ်အညာခံရခြင်းမှ ကင်းဝေးနိုင်ကြပါစေ။
U Aung Naing FB မှ
ထိုင်း၊ ဘန်ကောက်၊ မလေးရှားတို့ကို ဆေးကုဖို့ပဲဖြစ်ဖြစ်၊ ဈေးဝယ်သွားတာပဲဖြစ်ဖြစ် Shopping Center ကြီးများနဲ့ ငွေလဲကောင်တာ Money Changer အနားတ၀ှိုက်ကိုရောက်ရင် သတိထားကြပါ။ လူလိမ်များ လုပ်စားနေကြပါတယ်။
မြန်မာတွေ အများဆုံး သွားရောက်ကြတဲ့ ပဒူနန်းနဲ့ ဘန်ကောက်မြို့လယ်မှ MBK ကုန်တိုက်ကြီးအထဲမှာ လူလိမ်အဖွဲ့တွေ အမြဲရှိနေပါတယ်။ ငွေလဲကောင်တာ၊ ဘဏ်ရှေ့ စတဲ့နေရာတွေမှာ အမြဲစောင့်နေပြီး မြန်မာစကားပြောသံကြားတာနဲ့ သူတို့အဖွဲ့ထဲက မြန်မာစကားနားလည်သူက အချင်းချင်း လက်တို့ပြီး စတင်လှုပ်ရှားကြလိမ့်မယ်။ မြန်မာတွေက စကားပြောရင် ကျယ်ကျယ်ပြောတတ်ကြတော့ အလွယ်တကူ သိနိုင်တယ်။
အစ္စရေးနိုင်ငံသား၊ အီဂျစ်၊ ပါလက်စတိုင်း၊ ဒူဘိုင်း၊ အရှေ့ဥရောပနဲ့ အမေရိကဘက်မှ အသားဖြူဖြူ အရပ်မြင့်မြင့် လူတွေက ခရီးသွားယောင်ဆောင်ပြီး လာနှုတ်ဆက်မယ်။ Hello! Where are you from? စသဖြင့် စကားစပြောမယ်။ မိတ်ဖွဲ့မယ်၊ ပြီးရင် ဟိုဟိုဒီဒီ ခင်မင်အောင် ပြောမယ်၊ လူလစ်ရင် တို့ဆေးတို့မယ်၊ ကိုယ့်ဘက်က တစ်ယောက်တည်းမဟုတ်ပဲ လူများလို့ မလစ်ရင် လိုသလို လှည့်ပြောမယ်၊ မြန်မာပြည်ကို တစ်ခါမှ မရောက်ဖူးကြောင်း၊ မြန်မာတွေက သိပ်ပြီး ယဉ်ကျေးကြောင်း၊ မြန်မာကျပ်ငွေကို တစ်ခါမှ မမြင်ဖူးကြောင်း၊ ကြည့်ချင်ကြောင်း ပြောမယ်၊ အဲဒီကနေတဆင့် သင့်ဆီက ဒေါ်လာဘယ်လောက်ပါသလဲဆိုတာ သိအောင် စကားနှိုက်မယ်၊ သိပြီဆိုတာနဲ့ မရ ရအောင် ကွင်ဆင်တော့မယ်။
သင့်ဆီက ဒေါ်လာကို ခဏကြည့်ပါရစေ ပြောမယ်။ ထုတ်ပြရင် ရှေ့နောက်ပြောင်းပြန်လှန်ကြ
အဲဒီနည်းမရရင် နောက်တစ်နည်း ရှိပါသေးတယ်။ ထိုင်းဘတ်ငွေအတုတွေကို ဈေးပိုပေးသလိုလိုနဲ့ လဲပေးလိမ့်မယ်။ ဒီလိုနဲ့ မြန်မာတွေ အလိမ်ခံရတာ မနည်းတော့ပါဘူး။
ဘာကြောင့် မြန်မာတွေကိုပဲ ဦးတည်ပြီး လိမ်ရသလဲဆိုရင်
(၁) မြန်မာတွေက အားနာတတ်ကြတယ်။
(၂) မြန်မာတွေက ငွေသားအများကြီးကို ပိုက်ဆံအိတ်ထဲထည့်ပြီး ယူသွားတတ်ကြတယ်။
(၃) မြန်မာတွေက နိုင်ငံခြားသား၊ အင်္ဂလိပ်တွေဆို အထင်ကြီးတတ်ကြတယ်။
(၄) မြန်မာတွေက ပြည်ပအတွေ့အကြုံ နည်းတယ်။
(၅) မြန်မာတွေက အယုံလွယ်တတ်ကြတယ်။
ဒီအားနည်းချက်တွေကို ကောင်းကောင်းသိထားတဲ့ အနောက်တိုင်းက လူလိမ်လူညာတွေက ထိုင်းရောက်၊ မလေးရှားရောက်နေတဲ့ လက်ကြောတင်းအောင် အလုပ်မလုပ်ချင်တဲ့ အချောင်သမား မြန်မာအလုပ်သမားအချို့နဲ့ ပူးပေါင်းပြီး လုပ်စားကြတာပါ။
ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူများရဲ့ ရင်ဖွင့်သံများကိုလည်း မကြာခင် စုစည်းပြီး နောက်လူများ ဒီလိုအဖြစ်မျိုးနဲ့ မကြုံရလေအောင် ဆက်တင်ပေးပါ့မယ်။
ဒီ Post လေးကိုလည်း လက်ဆင့်ကမ်းပေးကြပါလို့ စေတနာအရင်းခံနဲ့ ရေးလိုက်ပါတယ်။
မြန်မာအားလုံး တိုင်းတပါးမှာ အလိမ်အညာခံရခြင်းမှ ကင်းဝေးနိုင်ကြပါစေ။
U Aung Naing FB မှ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။