Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, September 30, 2012

ဂျူး ရာဇဝင်ထဲမှာ ထားရစ်ခဲ့ (မောင်စွမ်းရည်)

by ဂျူး - Ju on Saturday, July 2, 2011 at 9:01pm



စာအုပ်ဝေဖန်ချက်တစ်ခုကို ရေးတိုင်း အပ်ကြောင်းထပ်အောင် ကျွန်တော် ဖော်ပြခဲ့ဖူးတဲ့ အချက်တစ်ချက်ကို ပဲ ဒီဆောင်းပါးရဲ့ နိဒါန်းအဖြစ် ပြန်လည်ဖော်ပြရင်း အပ်ကြောင်းထပ်လိုပါတယ်။ အဲဒီ အချက်ကတော့ အခု ဆယ်စုနှစ် များအတွင်း မြန်မာ စာပေလောက မှာ (မြန်မာဝတ္ထု လောကမှာ) အမျိုးသမီးကလောင်သစ်များသာ လွှမ်းမိုးလာနေ တယ် ဆိုတဲ့အချက်ပါပဲ။ မိုးမိုး(အင်းလျား)၊ မစန္ဒာ၊ စမ်းစမ်းနွဲ့(သာယာဝတီ) တို့က အစ မြနှောင်းညို၊ နုနုရည်(အင်းဝ)၊ ဂျူးတို့ အထိ။

ဟစ်ဟော့ဂီတ

 

ဟစ်ဟော့ ဂီတ (Hip hop music) သည် ၁၉၇၀ ခုနှစ်လောက်က နယူးယောက်မြို့ရှိ အာဖရိကန်-အမေရိကန် များအစပြုခဲ့သော ယဉ်ကျေးမှု လှုပ်ရှားမူ့တစ်ရပ် ဖြစ်သည်။ ဟစ်ဟော့ ယဉ်ကျေးမူ့တွင် အဓိကအစိတ်အပိုင်း လေးမျိုး ပါဝင်ပြီး၊ ၎င်းတို့မှာ


  • rapping (သီချင်းစာသားများအား ကာရံနှင့်အညီရွတ်ဆိုခြင်း)
  • DJing ( ဓါတ်ပြားများအား ပွတ်ခြင်း၊ခေတ္တရပ်အောင်လုပ်ခြင်းဖြင့် ဆန်းပြားသောအသံများထွက်လာစေခြင်း)
  • graffiti (နံရံဆေးရေးပန်းချီတစ်မျိုး) နှင့်
  • b-boying (ဘရိတ်ဒန့်(စ်)အက)
တို့ပါဝင်သည်။ အခြား အစိတ်အပိုင်းများအဖြစ် Beatboxing (ပါးစပ်ဖြင့် စည်းချက်များပြုလုပ်ခြင်း) Fashion (၀တ်စားဆင်ယင်မူ့ ပုံစံ) နှင့် Slang (ဗန်းစကားများ အသုံးပြုခြင်း) တို့လည်းပါဝင်သည်။ ပထမဆုံးအကြိမ် Bronx နယ်မြေ တွင် ကျင်းပအစပြုရာမှ ဟစ်ဟော့ ယဉ်ကျေးမူ့သည် ကမ္ဘာအနှံ့ ကျယ်ပြန့်သွားခဲ့သည်။
ဟစ်ဟော့ဂီတသည် DJs(Disc Jockey) များက Turntables ဟုခေါ်သော ဓါတ်ပြားဖွင့်စက်နှစ်လုံးနှင့် စည်းချက်ညီသော ရိုက်ချက်သံများ ထွက်လာအောင် ဖန်တီးခြင်းဖြင့်စတင်ခဲ့သည်။ နောက်ပိုင်း ထိုရိုက်ချက်များပေါ်တွင် Rap ဟုခေါ်သော ကာရံညီအောင် ရွတ်ဆိုသွားသည့် တေးစာသားများကို ထည့်သွင်း ပေါင်းစပ်ခဲ့သည်။ ထိုကဲ့သို့ရွတ်ဆိုခြင်းကို rapping ဟုခေါ်ကာ သီဆိုသူများကို rapper ဟုသုံးနှုန်းသည်။ နောက်ပိုင်းတွင် သီဆိုသူRapper များကို MC ဟုလည်းခေါ်ကြသည်။ ဆန်းကြယ်သော အကပုံစံများနှင့် သီးခြားဝတ်စားဆင်ယင် ပုံစံမျိုးသည် ထိုဂီတသစ်ကို ကြိုက်နှစ်သက်သော လူများကြားတွင် ခေတ်စားလာသည်။ ထိုဝတ်စားဆင်ယင်ပုံစံ များသည် ယဉ်ကျေးမူ့သမိုင်းတွင် ဟစ်ဟော့ ယဉ်ကျေးမူ့ကို အသိမှတ်ပြု လာရအောင် လွှမ်းမိုးလာခဲ့သည်။

ဟစ်ဟော့ပ်ဂီတသည် မြန်မာနိုင်ငံ၏ ဂီတသမိုင်းတွင် ရော့ခ်အင်ရိုး ခေါ် ရော့ခ်ဂီတပြီးလျှင် မြန်မာလူငယ်များကို စွဲဆောင်မှုအရှိဆုံး ဂီတဖြစ်ခဲ့သည်။ ထိုဂီတကိုသာ လူငယ်များက နှစ်ခြိုက်ရုံသာမက ထိုဂီတနယ်ပယ်မှ အဆိုတော်များဖြစ်သည့် ရက်ပါများ ဝတ်ဆင်ကြပုံကိုမှာလည်း ခေတ်လူငယ်များအတွက် အကြိုက်တွေ့စရာ ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံတွင် rap ဂီတကို မျိုးကျော့မြိုင် မှအစပြုသီဆိုခဲ့သော်လည်း ဟစ်ဟော့ဂီတအဖြစ်ပီပီပြင်ပြင် ပေါ်ပေါက်လာခြင်း မရှိခဲ့ပေ။ မြန်မာနိုင်ငံ၏ပထမဆုံးဟစ်ဟော့ အယ်လဘမ်အဖြစ် အက်စစ်အဖွဲ့ ၏ စတင်ခြင်း အခွေ ၂၀၀၀ ခုနှစ်တွင် ထွက်လာခဲ့သည်။ ထိုနောက်ပိုင်းတွင် ဟစ်ဟော့ဂီတသည် မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ပေါ်ပြူလာ ဖြစ်နေသော ဂီတအမျိုးအစားဖြစ်လာသည်။ မြန်မာနိုင်ငံတွင် တခြားသော ဟစ်ဟော့ယဉ်ကျေးမူ့များထက် fashion နှင့် rapping တို့ကို လူငယ်များပိုကြိုက်နှစ်သက်ကြသည်။ ယနေ့ မြန်မာဂီတလောကမှာ Hip Hop နဲ့ ထိပ်ဆုံးကို ရောက်ရှိနေကြသူတွေကတော့ စိုင်းစိုင်းခမ်းလှိုင်၊ အနဂ္ဂ၊ ဘာဘူ၊ ဂျေးမီ၊ ထွန်းထွန်း၊ ရဲလေးတို့ ဖြစ်ကြသည်။

စကားလုံးရင်းမြစ်
၁၉၀၄ အစောပိုင်းကာလတွင် hip ဆိုသောစကားလုံးကို အာဖရိကန်-အမေရိကန်တို့က တိုင်းရင်းအင်္ဂလိပ်စကားအဖြစ်အသုံးပြုခဲ့ကြသည်။ ထိုလူထုသုံးစကား hip ၏ အဓိပ္ပါယ်မှာ တိကျစွာပြောခြင်း(informed) နှင့် လက်ရှိ(Current) ဆိုသောသဘောဖြစ်၍ မူရင်းhep ဆိုသော စကားမှ ဆင်းသက်လာသည်။
rapper တစ်ယောက်ဖြစ်သော Keith Wiggins မှ အမေရိကန်ရေတပ်မတော်တွင် စစ်မူ့ထမ်းနေသော သူ၏ သူငယ်ချင်းဖြစ်သူကို နောက်ပြောင် ရာမှ hip-hop ဆိုသော စကားလုံးပေါ်ပေါက်လာသည်။ စစ်သားများ လေ့ကျင့်ချီတက်ရာတွင် ညာသံပေးသော တက်သံကျသံကို စည်းချက်ကျကျ hip-hop hip-hop ဟုလိုက်အော်ရာမှ ထိုစကားလုံးဖြစ်လာသည်။ ထိုတက်သံ၊ကျသံ hip-hop ကိုနောက်ပိုင်းတွင် keith Wiggins ကသူ၏ စင်မြင့်ဖျော်ဖြေပွဲတစ်ခုတွင် အသုံးပြုခဲ့သည်။ သူတို့အဖွဲ့အားလည်း ဂီတသစ်တစ်မျိုးကို စတင်ဖန်တီးနေသော DJs များက those hip-hoppers များဟုရည်ညွှန်းပြောဆိုခဲ့ကြသည်။ ထိုစကားလုံး hip-hop ၏ အဓိပ္ပါယ်မှာ မလေးစားခြင်း၊သရော်လှောင်ပြောင်ခြင်း ဟု မူလကအဓိပ္ပါယ်ရသော်လည်း နောက်ပိုင်းတွင် ထိုဂီတအသစ်နှင့်ယဉ်ကျေးမူ့ကို ကိုယ်စားပြုသည့် အဓိက စကားလုံးဖြစ်လာသည်။ အဖွဲ့အမျိုးမျိုးက ထိုစကားလုံးကို သုံးခဲ့ကြပြီး ဟစ်ဟော့ရှေ့ဆောင်လမ်းပြ တစ်ယောက်ဖြစ်သော အာဖရိကဘန်ဘာတာ Afrika Bambaataa မှ ၁၉၈၁ ခုနှစ်တွင် ထွက်ရှိသော single album "positive life" တွင်ထည့်သွင်းအသုံးပြုခဲ့သည်။ ထိုအချိန်မှစ၍ ဟစ်ဟော့ဆိုသော စကားလုံးသည် ယဉ်ကျေးမူ့စာမျက်နှာတစ်ခုအဖြစ် တစ်ကမ္ဘာလုံးသို့ ပြန့်နှံ့သွားခဲ့သည်။

နောက်ခံ သမိုင်းကြောင်း
ဂျမေကာ နိုင်ငံဖွား ဒီဂျေ Clive Kool Herc Campbell သည် ဆယ့်သုံးနှစ်သားအရွယ်တွင် နယူးယောက်မြို့ သို့ပြောင်းရွေ့ နေထိုင်ခဲ့ပြီး မူလဟစ်ဟော့ဂီတကို ဖန်တီးခဲ့သူဖြစ်သည်။ ဂျမေကာရိုးရာ ဂီတသံများကို အခြေခံကာ ဟစ်ဟော့ဂီတ သစ်တရပ်အဖြစ် ရှေးဦးဖန်တီးခဲ့သည်။ ဂျမေကာမှ ကလေးငယ်များက ဂီတသံအပေါ်တွင် လက်တန်းရွတ်ဆိုသော ကဗျာပုံစံများကို ခေတ်ပေါ်ဂီတတစ်ရပ်နှင့် တွဲဖက်ရန် သူငယ်စဉ်ကတည်းက စိတ်ကူးရှိခဲ့သည်။

Herc နှင့် တစ်ခြားသော DJs သမားများသည် သူတို့၏ တူရိယာစက်များနှင့် ဖျော်ဖြေမူ့များအတွက် လျှပ်စစ်မီးလည်းရနိုင်သော ဘတ်(စ)ကတ်ဘောကွင်းများနှင့်ရှေးဟောင်းအိမ်များတွင် ဂီတပွဲများကျင်းပခဲ့သည်။ ထိုနေရာများသည် ဟစ်ဟော့ဂီတ ပေါက်ဖွား ခဲ့ရာနေရာများလည်းဖြစ်သည်။ သူတို့အသုံးပြုသော တူရိယာများနှင့်စက်ကိရိယာများသည် အများအားဖြင့် အားကောင်းသောစပီကာများ၊ Turntabels ဟုခေါ်သော ဓါတ်ပြားဖွင့်စက်များနှင့် တစ်လုံး(သို့မဟုတ်) ထို့ထက်ပိုသော မိုက်ကရိုဖုန်းများသာ ပါဝင်လေသည်။ funk တေးသွားများမှ က၍အကောင်းဆုံးအပိုင်းကို အကြိမ်ကြိမ်ပြန်လည်ဖွင့်စေခြင်းဖြင့် break-deejaying ဆိုသောနည်းကိုလည်း Herc သည်တိုးတက်စေခဲ့သူဖြစ်သည်။ ဗုံရိုက်သံကို အဓိကထားပြီး ထို breakbeat Djing ပြုလုပ်ရာတွင် funk, rock နှင့် လက်တင်ဗုံသံ မှစည်းဝါးရိုက်သံများကို ယူ၍ ထိုအသံများသည် ဟစ်ဟော့ဂီတအတွက် အခြေခံ ဂီတသံများဖြစ်လာခဲ့သည်။ Herc ၏ အကသမားများအပေါ် ကြေငြာမူ့များနှင့် တိုင်ပင်ခေါ်သံများသည် ကာရံများနှင့်ညီအောင်ပြောဆိုရာမှ ယခုလူသိများသော rapping ဆိုသည့်အပိုင်းပါဝင်လာသည်။ သူ၏အကသမားများအား break-boys နှင့် break-girls ၊ အတိုကောက်အားဖြင့် b-boys နှင့် b-girls များဟုနာမည်ပေးခဲ့သည်။Herc ၏သတ်မှတ်ချက် အခေါ်အဝေါ်များ ဖြစ်သော breaking, b-boys နှင့် b-girls များသည် ဟစ်ဟော့ဆိုသော နာမည်မပေါ် ခင်ကပင် ဟစ်ဟော့ ယဉ်ကျေးမူ့၏ အရေးပါလာမည့် အစိတ်အပိုင်းများအဖြစ်တည်ရှိနေခဲ့သည်။

နောက်ပိုင်းပေါ်လာသော Grand Wizard Theodore တို့ကဲ့သို့သော DJs များက breaking နည်းစနစ်များကို ပိုမိုဆန်းသစ်တိုးတက် လာစေခဲ့သည်။ ဟစ်ဟော့အား ယဉ်ကျေးမူ့တစ်ရပ်အဖြစ် လက်ခံလာအောင် ဖွံ့ဖြိုးလာစေသောသူမှာ အာဖရိကဘန်ဘာတာ Afrika Bambaataa ဦးဆောင်သော အဖွဲ့ဖြစ်သည်။ ဘန်ဘာတာသည် ရိုးရှင်းသော ဒစ္စကိုbeat များပေါ်တွင် rapping လိုက်ရွတ်ရသည့်အစား drum machine အား synthesizer နည်းပညာဖြင့်ဖန်တီးထားသော beating ပေါ်တွင်ရွတ်ဆိုသော နည်းစနစ်ကို ၁၉၈၃ ခုနှစ်တွင်ဖန်တီးခဲ့သည်။ နောက်ပိုင်းတွင် ဂီတဗီဒီယို များခေတ်စားလာသောအခါ ဟစ်ဟော့ဂီတသည် ပိုမိုအောင်မြင်လာခဲ့သည်။ Planet rock အတွက်ဂီတဗီဒီယိုတွင် ဟစ်ဟော့ယဉ်ကျေးမူ့၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဟစ်ဟော့ဂီတ၊ graffiti နှင့် ဘရိတ်ဒန့်စ် များကိုတင်ဆက်ပြသခဲ့သည်။ ၁၉၈၃ နှင့် ၁၉၈၅ ကြားတွင်ဟစ်ဟော့ဂီတကို အသုံးပြုလာသော ရုပ်ရှင်ကားများထွက်လာခဲ့သည်။ ထို့နောက်တွင်ဟစ်ဟော့ဂီတသည် အမေရိကန်နိုင်ငံမှ အစပြုကာ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုရသော ဂီတသစ်တစ်ရပ်အဖြစ်ပေါ်ထွန်းခဲ့လေသည်။

ဟစ်ဟော့ဂီတ၏ လူမူ့ရေးဆိုင်ရာရိုက်ခတ်မှုများ
ဟစ်ဟော့ဂီတသည် ပေါ်ပေါက်လာစက လူများယခုထင်နေသကဲ့သို့ အကြမ်းဖက်မူ့ကို အသားပေးသော ဂီတအမျိုးအစားမဟုတ်ခဲ့ပေ။ ထိုဂီတသည် လူငယ်များလမ်းပေါ်တွင် ဂိုဏ်းအသင်းများအဖြစ် တစ်ဖွဲ့နှင့် တစ်ဖွဲ့တိုက်ခိုက်နေမည့်အစား အကယဉ်ပြိုင်ခြင်း စသော ခန္ဓာကိုယ်ကျန်းမာရေးနှင့် အနုပညာ ယှဉ်ပြိုင်ခြင်းများကို လူငယ်များပိုမိုစိတ်ဝင်စားလာစေရန် အားပေးခဲ့သည်။ Hip Hopနဲ့ဆက်နွယ် ပတ်သက်နေသော Graffiti Art ဆိုသော အနုပညာ တစ်ရပ်လည်း ရှိပါသည်။

ဟစ်ဟော့ဂီတ၏ ကမ္ဘာလုံးဆိုင်ရာရိုက်ခတ်မှုများ
ဟစ်ဟော့ဂီတသည် ဥရောပ အာရှ ထိုမှတဆင့် ကမ္ဘာ့အရှေ့ဖျား ဂျပန်နိုင်ငံထိ ၊တောင်အမေရိက မှဘရာဇီး အစရှိသောနိုင်ငံများအထိ လျင်မြန်စွာ ကူးစက်သွားသည်။ တစ်နေရာမှ တစ်နေရာသို့ ပြန့်နှံ့သွားရာတွင် ထိုနိုင်ငံမှ ဂီတအလိုက် အသံများနှင့် သီဆိုဟန်များလည်း ပြောင်းလဲသွားတတ်သည်။ ပုံစံအမျိုးမျိုးပြောင်းနေသော်လည်း မူရင်းပုံစံ old school အား ဒေသအလိုက်ပြန်လည်စမ်းသစ်ရာမှ ကွဲပြားသော ဟန်များပေါ်လာခြင်းလည်းဖြစ်သည်။ ဟစ်ဟော့ဂီတသည် လူငယ်များ သူတို့၏ အမြင်များကို လွတ်လပ်ပွင့်လင်းစွာ ဖေါ်ပြသည့် ဂီတအမျိုးအစားလည်းဖြစ်သည်။ အမေရိကန် နိုင်ငံမှ စတင်ခဲ့သောကြောင့် အမေရိကန်စရိုက်များဖုံးလွှမ်းနေသော်လည်း လက်ခံရာနိုင်ငံအသီးသီးမှ ဟစ်ဟော့ ဂီတပညာရှင်များက သူတို့ နိုင်ငံ၏ဓလေ့စရိုက်နှင့် ညီအောင် ဖန်တီးနိုင်ခဲ့ကြသည်။ ဟစ်ဟော့ဂီတကို အဓိက ကြိုက်သော သူများမှာလည်း လူငယ်များအများဆုံးဖြစ်သောကြောင့် ထိုဂီတနှင့် ယဉ်ကျေးမူ့များသည် ကမ္ဘာလုံးဆိုင်ရာလူငယ် ယဉ်ကျေးမူ့တစ်ရပ် ဖြစ်လာသည်။

အဲလက်ထရို-ဟစ်ဟော့ပ် (Electro Hip-Hop)
ဟစ်ဟော့ပ်ဂီတ မြန်မာနိုင်ငံတွင် ပေါ်ပြူလာဖြစ်ပြီး ဆယ်စုနှစ် တခုလောက်ကြာသည့် အခါတွင် ထိုဂီတ၏ ဘူမိနက်သန်နိုင်ငံဖြစ်သော အမေရိကန်တွင်ပင် ဟစ်ဟော့ပ်နှင့် ပတ်သက်၍ အချိုးအကွေ့၊ အပြောင်းအလဲ တခု ဖြစ်ပေါ်ခဲ့သည်။

အမေရိကန်တွင် လူကြိုက်များသော Gangsta Rap, Down South နှင့် Rap Core စသည့် ဟစ်ဟော့ပ်ဂီတ မျိုးကွဲများမှာ မြန်မာနိုင်ငံတွင်လည်း လူကြိုက်များသည်။ ၂ဝဝ၅ ခုနှစ် နောက်ပိုင်းတွင်မူ မူရင်း ဟစ်ဟော့ပ် ဂီတပုံသဏ္ဍာန်များသည့် နရီ၊ စည်းချက်၊ သီဆို၊ တီးခတ်မှုများနှင့် ကွဲပြားခြားနားလာသည့် ဟစ်ဟော့ပ် ပုံသဏ္ဍာန်သစ်တမျိုးကို ပရိသတ် နှစ်ခြိုက်လာကြသည်။
နောက်ပိုင်း ဟစ်ဟော့ပ် မျိုးဆက်များ လက်ခံအားပေးလာသည့် ထိုဂီတကို အဲလက်ထရို - ဟစ်ဟော့ပ် (Electro Hip-Hop) သို့မဟုတ် အဲလက်ထရိုဟော့ပ် ElectroHop ဟုလည်း ခေါ်သည်။

ဆူညံပေါက်ကွဲသည့် ရော့ခ်သီချင်းတပုဒ်လို သီဆိုမှုမျိုးဖြင့် အီလက်ထရောနစ် နောက်ခံဂီတ ဖြည့်စွက်မှုများဖြင့် ဖန်တီးထားသည့် ထိုဂီတမှာ အမေရိကန်တွင် လွန်ခဲ့သည် ဆယ်စုနှစ်တခုကျော် လောက်ကတည်းက စတင် သန္ဓေတည်နေပြီဖြစ်သော်လည်း ယခုလောက် ပေါ်ပြူလာ မဖြစ်သေးချေ။
အနောက်ဘက်ကမ်းခြေ၏ ဟစ်ဟော့ပ် ဆရာတဆူဖြစ်သော ဒီဂျေလွန်ဇို ဝီလျံ၏ Eve Ever After Dark ညကလပ် စတင်တည်ထောင်သည့် ၁၉၇၉ ခုနှစ်မှ စတင်ကာ Electro Hop ဂီတ ပေါ်ပေါက်ခဲ့သည်ဟု အမေရိကန် ဟစ်ဟော့ပ် သမိုင်းပညာရှင်များက တညီတညွတ်ထဲ မှတ်ချက်ပြုထားသည်။
ဒီဂျေ လွန်ဇို ဝီလျံမှာ အနောက်ဘက်ကမ်းခြေ (west coast) ဟစ်ဟော့ပ် လောကနှင့် ပတ်သက်ပြီး သြဇာကြီးမားသကဲ့သို့ သူ၏ Eve Ever After Dark ညကလပ်မှာလည်း Gangsta Rap နှင့် Electro Hop ဂီတ စတင်ပေါက်ဖွားရာ ရေခံမြေခံများထဲမှ တခုဖြစ်သည်။

၁၉၇၉ ခုနှစ်လောက်က စတင်ခဲ့သည့် Electro Hop ဂီတမှာမူ Gansta Rap နှင့် Rap Core များထဲသို့ ပရိသတ်ထဲသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိမသွားဘဲ ၅ နှစ်နီးပါးအကြာတွင် (၁၉၈၄ ခုနှစ်လောက်တွင် ကွယ်ပျောက်သွားခဲ့ရပြီး) ၉ဝ ပြည့်လွန်နှစ်များထိ ထိုဂီတ အမျိုးအစားမှာ အမေရိကန် ဖျော်ဖြေရေးလောကတွင်ပင် ငုပ်ကောင်ဖြစ်နေခဲ့ရသည်။ Electro Hop နှင့်အပြိုင် ပေါ်လာသည့် West Coast: Gangsta Rap ဂီတ အမျိုးအစားမှာမူ Tupac Shakur, Dr Dre, Snoop Dogg စသည့် ရက်ပ်အကျော်အမော်များ၏ သီဆိုဖျော်ဖြေမှုများကြောင့် စင်တင်တေးဂီတအဖြစ် ပရိသတ်၏ အားပေးမှုကို ရရှိကာ စင်တင်တေးဂီတ ဖြစ်ခဲ့သည်။

၁၉၉၆ ခုနှစ် နောက်ပိုင်းတွင်မူ Electro Hip Hop ဂီတမှာ အမေရိကန် အနောက်ဘက်ကမ်းရိုးတန်းနှင့် အရှေ့ဘက်ကမ်းရိုးတန်း ဖလော်ရီဒါနှင့် နယူးယောက် အချို့နေရာများတွင် တစွန်းတစ ပြန်ကြားလာခဲ့ရသည်။ နာမည်ကျော် ဓာတ်ပြားတိုက်ကြီးများမှ ဖြန့်ချိပြီး အပျံစား စတူဒီယိုကြီးများမှ ထုတ်လုပ်သည့် အယ်(လ်)ဘမ်များဖြင့်တော့ မဟုတ်သေးချေ။ တကျော့ပြန် ထိုးဖောက်ဖို့ အားယူနေရစဉ်အတွင်း အပေါစားညကလပ်အချို့က ဖွင့်လှစ်သည့် မြေအောက် တေးအယ်(လ်)ဘမ် (Underground Album) များ အဖြစ်သာ နားဆင်နိုင်ပေသည်။
ဆူဆူညံညံရှိလှသော အသံ၊ အားပါလှသော အပြင်းစား ဘိ (beat)၊ ရောနှောပေါင်းစပ်ထားသော တီးကွက် (Melody) များက Rap နှင့် Meatal ကို ပေါင်းစပ်ထားသည့် Nu Metal ဂီတနှင့် ဆင်ဆင်တူသော်လည်း Electro Dance ဂီတ စတိုင်လ်ကို ပေါင်းစပ်ထားနိုင်မှုက Electro Hop ၏ ထူးခြားသော ကြန်အင်လက္ခဏာ ဖြစ်ခဲ့သည်။
မွေးစားဂီတ (Adopted Music) ဟု တချို့က ခေါ်ကြသလိုပင် တစတစ လူကြိုက်များလာသည့် ထိုဂီတမှာ Hip Hop, Rock, Jazz, R&B စသည့် ဂီတများကဲ့သို့ တန်းဝင်ပေါ်ပြုလာ မဖြစ်သေးသော်လည်း ၂ဝဝဝ ခုနှစ် နောက်ပိုင်းမှစ၍ နာမည်ကျော် ရက်ပ်ဆရာများ၏ မျက်စေ့ကျစရာ ဖြစ်ခဲ့သည်။ (ဤနေရာတွင် တခုပြောလိုသည်မှာ အမေရိကန်တွင်လည်း ဂီတသစ်တမျိုး လူကြိုက်များလာသည်နှင့် အချို့ အဆိုတော်များက မိမိ၏ ပင်ကိုယ်လိုင်းမှ အနည်းငယ်ပြောင်းလဲ သီဆိုမှုများ ရှိသည်)။

Electro Hop ဂီတမှာ အနောက်ဘက်ကမ်းခြေမှ စတင်သန္ဓေတည်ခဲ့သော်လည်း အရှေ့ဘက်ကမ်းခြေမှတဖန် ပြန်လည်စတင်ခဲ့ရသည်။ အများစုကမူ Electro Hop မှာ ရှေးရိုးဟစ်ဟော့ပ် (Old School) မှ ခေတ်သစ် ဟစ်ဟော့ပ် (New School) သို့ အီဗော်လူးရှင်း ဖြစ်လာပုံကို ထင်ဟပ်ပြသနိုင်မှုဟု ယူဆသည်။
အချို့ ကရက်ပ် အဆိုတော်များကမူ Electro Hop မှာ Hip Hop မှ ခွဲဖြာလာသော အကိုင်းအခက် တခုသာဖြစ်ပြီး ထိုသူတို့မှာ ထိုဂီတကို သီခြားဂီတ သို့မဟုတ် ဟစ်ဟော့ပ်၏ ဆင့်ကဲပြောင်းလဲလာသော ဖြစ်စဉ်တခုဟု မှတ်ယူခြင်း မပြုကြပေ။
၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းတွင်မူ N.W.A အဖွဲ့ Egyptian Lover နှင့် Pit Bull တို့က Electro Hop ဂီတကို ၎င်းတို့၏ အယ်(လ်)ဘမ်များတွင် ပါဝင်ခဲ့ပြီးနောက်တွင် လူကြိုက်များလာခဲ့သည်။
ဟစ်ဟော့ပ်ဂီတ၏ တိုးတက်ဖြစ်ထွန်းလာသော ဂီတသစ်တခုဖြစ်သည့် Electro Hop နှင့် ပတ်သက်၍ အမေရိကန်တွင် ထင်ရှားသည့် အဖွဲ့များနှင့် အဆိုတော်မှာ Black Eyed Peas, Kanye West , World Class Wreckin Cru, Flo Rida, LMFAO နှင့် DJ Laz တို့ ဖြစ်သည်။

ထင်ရှားသည့် Electro Hop သီချင်းများမှာ နာမည်ကျော် ရက်ပ် အဆိုတော် ဖလို ရိုက်ဒါ (Flo Rida) ၏ ပွဲဦးထွက် အယ်(လ်)ဘမ်ထဲမှ Port of Miami ထဲမှ နာမည်ကျော် Low အမည်ရှိ သီချင်းမှာ Electro Hop သီချင်းဖြစ်သည်။
ယခုနှစ် အကောင်းဆုံးတေးဂီတ ဖန်တီးမှုဆုအပါအဝင် အော်စကာရုပ်ရှင်ထူးချွန်ဆုများ ရရှိခဲ့သည့် Slumdog Millionaire ဇာတ်ကား၏ ဇာတ်ဝင်တေး သီချင်းဖြစ်သည့် M.I.A သီဆိုထားသော Paper Plane သီချင်းမှာ Electro Hop သီချင်းအမျိုးအစားပင် ဖြစ်သည်။
မြန်မာနိုင်ငံတွင် လူကြိုက်များသော အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ နောက်ဆုံးထွက် အယ်(လ်)ဘမ်ထဲမှ အဲဗားဂေါ်လီအမည်ရှိ သီချင်းမှာ အမေရိကန် ဟစ်ဟော့ပ်အဖွဲ့တခုဖြစ်သည့် Three 6 Mafia အဖွဲ့ မှ Pop That Body အမည်ရှိ Electro Hop သီချင်းတပုဒ် ဖြစ်သည်။

ယနေ့အချိန်တွင်မူ Electro Hop သည် အမေရိကန်တွင်သာမက ကမ္ဘာတလွှားတွင်ပါ လူကြိုက်များသော ဂီတဖြစ်နေသည်။ နာမည်ကျော် ဟစ်ဟော့ပ် အဆိုတော် အချို့မှာလည်း Electro Hop သီချင်းများကို ၎င်းတို့ အယ်(လ်)ဘမ်များတွင် ထည့်သွင်းသီဆိုကြသည်။
ယခုနှစ်အတွင်း ထွက်ရှိသည့် Black Eyed Peas အဖွဲ့၏ လူကြိုက်များသော Boom Boom Pow အမည်ရှိ သီချင်းမှာလည်း Electro Hop သီချင်းတပုဒ် ဖြစ်သည်။

Source...http://www.lubo601.com/2011/08/blog-post_5565.html#more

ကျက်သရေမရှိသောကျွန်တော်၏ ပန်းချီကားများ

by Lagoon Eain on Sunday, August 14, 2011 at 2:53am


....................အားလုံးသိကြတဲ့အတိုင်း ကျွန်တော်ဟာပန်းချီဆွဲပါတယ်......ဘာကြောင့်ဆွဲတယ် ဟုတ်စ
အဲဒါတော့ကျွန်တော်ကိုယ်တိုင်မသိဘူး....ဆွဲချင်လို့ကိုဆွဲနေတာဗျာ ...ကဲ............
အဲဒီလိုဆွဲချင်လို့ဆွဲတဲ့နေရာမှာ ဆွဲချင်ရာဆွဲတယ်ဆိုတဲ့ကိစ္စတွေပါ ပါလာပါတယ်.........
တကယ်တော့ကျွန်တော်ဟာပန်းချီကျောင်းဆင်းတစ်ယောက်မဟုတ်သလို
ပန်းချီပညာကိုသင်ယူခဲ့ဘူးသူလဲမဟုတ်ပါဘူး........ဒီတော့ကျွန်တော့်မှာလွတ်လပ်မှုအပြည့်ရှိတယ်.....

ကျောင်းဆင်းမဟုတ်လို့ ဒီကောင့်ကိုပန်းချီဆရာလို့မခေါ်နဲ့မတန်ဘူး.....
အဲလိုအမြင်ရှိသူကို ပြုံးကြည့်နေလိုက်...........ကျောင်းဆင်းမဟုတ်လို့ ပန်းချီမဆွဲနဲ့
အဲဒီကောင်ကိုတော့ထရိုက်..............ဟုတ်တယ်လေ....ကိုယ့်စိတ်နဲ့ကိုယ်ဆွဲတာ ဘယ်သူ့မှမထိခိုက်ဘူး
ဟုတ်တယ်....ကျွန်တော်ဟာတကယ်တော့ဘာခေါင်းစဉ်မှမရှိဘူး မာတိကာမပါတဲ့အကောင်ပါ
ကြိုက်တဲ့စာမျက်နှာလှန်ဖတ်လို့ရတယ်.....ကဗျာရေးချင်ရေးမယ် ကဗျာဆရာလားဆိုတော့မဟုတ်ဘူး....
ပန်းချီဆွဲချင်ဆွဲမယ် မင်းဆွဲတာဖိုင်းအတ်လား မော်ဒန်လား ကလပ်စစ်လား အက်ဘ်စထရက်လား ဆာရီယယ်လစ်ဇင်လား
လာမမေးနဲ့ ဘာခေါင်းစဉ်မှမရှိဘူး စိတ်ထဲရှိသလိုဆွဲထားတာ ဒီတော့ပန်းချီဆရာလို့လဲပြောမရဘူး
ကာတွန်းလဲရေးချင်ရေးမယ်.....ကာတွန်းဆရာမဟုတ်.....ဗီဒီယိုခွေထုတ်တယ် ပရိုဂျူဆာမဟုတ် ဒါရိုက်တာမဟုတ်
အန်နီမေးရှင်းလုပ်တယ် အန်နီမေတာမဟုတ်.....ဂစ်တာတီးတယ် ဂစ်တာသမားမဟုတ် သီချင်းရေးတယ် တေးရေးဆရာမဟုတ်
သီချင်းဆိုတယ်အဆိုတော်မဟုတ်......တွေးချင်ရာတွေးတယ် ဖီလော်ဆော်ဖာမဟုတ်....ဘာမှမဟုတ်တဲ့ကောင်ပါ
...................အမှန်ကပြောချင်တာဒါမဟုတ်ဘူးဗျ....
တော်တော်လေရှည်ပြီးမှပြောချင်တာဒါမဟုတ်ဘူးဆိုတော့
ဂွမကျဘူးလား....ခင်ဗျားအရက်သမားတွေအဖိုးကြီးအဖွားကြီးတွေ စိတ်မမှန်သူတွေနဲ့စကားပြောလေ့ရှိရင်တော့ အဆင်ပြေမှာပါ
ပြောဘူးတယ်...ဟုတ်လား......အိုကေ....ဒါဆိုဆက်ပြောမယ်ဗျာ...ဟုတ်ပြီလား.....
ရစ်တာမဟုတ်ဘူးနော်.....ရစ်တယ်ထင်လို့လား
ဟားဟား....လဂွန်းအိမ်ဆိုတဲ့ကောင်က လုံးဝမရစ်တတ်ဘူး....တသက်လုံးမရစ်ဘူး.....ဘယ်သူလဲ ရစ်တယ်လို့ပြောတာ..
ခင်ဗျားလား.......အိုကေ....အိုကေ .....မဟုတ်ရင်လဲပြီးတာပဲ
ဒီလိုဗျ.....ကျွန်တော် ပန်းချီကားတစ်ခုဆွဲမိတယ်......ကောက်ကြောင်းမရှိဘူး....ဘာဆွဲလိုက်မယ်ဆိုတဲ့စိတ်ကူးလဲမရှိဘူး.....
လက်ကသူ့အလိုလို ထင်ရာမြင်ရာပုံတွေကို ရေးယူဆွဲယူသွားတဲ့နောက်ကို မျောလိုက်သွားတာ.....ခုလိုပုံတပုံရတယ်.....ဒါကအပြီးသတ်တော့မဟုတ်သေးဘူး....
နောက်မှပြီးတဲ့ပုံတင်ပေးမယ်
အားလုံးပြီးတော့မှ အဲဒီပန်းချီကားထဲကအရာအားလုံးက တခုစီတိုင်းဟာ ကျွန်တော်တခုခုနဲ့ပတ်သက်ပြီးအမှတ်ရစရာ
အဖြစ်အပျက်တွေကိုပြောပြနေကြတယ်....ကျွန်တော့်ဘ၀မှတ်တမ်းပဲ....
တိုတိုပြောရင်ကျွန်တော့်ပုံတူပေါ့
My portrait လို့နာမည်ပေးလိုက်တယ်............




အဲဒီပန်းချီကားကို အလုပ်ခန်းမှာထားတုန်းက သူငယ်ချင်းဗေဒင်သမားတစ်ယောက်က မင်းဒါကိုချိတ်ရင် ခိုက်မယ်တဲ့
ကျက်သရေမရှိဘူးတဲ့....လာဘ်တိတ်မယ်တဲ့....အိမ်မှာထားတော့လဲ.....
စောင်ကြီးတထည်နဲ့လာလာအုပ်ထားကြတယ်
ကျက်သရေမရှိလို့တဲ့......တနေ့ကတော့ ဟိုတယ်ဖွင့်ထားတဲ့ သူငယ်ချင်းတစ်ယောက်က ပန်းချီလဲဆွဲတယ်
ပန်းချီကိုလဲရူးသွပ်တယ်....အဲဒီပန်းချီကားကိုတွေ့တော့ သူယူမယ်တဲ့ ဟိုတယ်ဧည့်ခန်းမှာထားမယ်တဲ့
ဟ....အဲဒီကောင်က ကျက်သရေမရှိဘူး ခိုက်တယ်ဘာညာပြောတာနော် မင်းဟာကဧည့်ခန်းဆိုတော့ ငါ့ကားလေးခမျာ
အငြိုငြင်ခံနေရပါမယ်ကွာ....ဆိုတာကိုမရဘူး ....သူ့မှာအဲလိုအယူအဆတွေမရှိဘူး.....ဒါအနုပညာပစ္စည်းပဲဆိုပြီး အတင်းဝယ်တယ်.....ငါရောင်းတော့မရောင်းဘူးကွာ....တကယ်လို့ ပြပွဲမှာငါသုံးချင်တဲ့အခါ ခနပြန်ပေးပါ ပြီးရင်ပြန်ယူဆိုပြီး
ပေးလိုက်တယ်.....အခုတော့ကျွန်တော့်ကောင် ဟိုတယ်ကြီးပေါ်မှာ ဟန်ကျပန်ကျဖြစ်လို့ .....၀မ်းသာပါတယ် ကိုယ့်သားသမီးကောင်းစားတာပဲ...........
နောက်တစ်ခုက အနုပညာ အဲ...ဂီတပေါ့ဗျာ
ဂီတကို အသွေးအသားထဲက ချစ်ပြီး အနစ်မွန်းခံလုပ်သွားခဲ့တဲ့ ဂီတပညာရှင်တွေကို ခံစားပြီးရေးထားတာပါ
The goddess of Gita လို့ နာမည်ပေးထားတယ်



She have no artificial strings.
So, she have the only way to make strings with her own.
She always hurt while she playing music and singing.
Her voice is so difficultly to squeeze out from her throat,
against the gripping hand.
The skins of her strings starting and ending areas are also hurt,
while she picking or striking these.
Her brain is drilling while she tuning her instrument.
But she always make the musics for all.
Thanks.


အဲဒီကောင်လဲ အဲသလိုပဲ မျက်နှာမရရှာဘူး....ကျက်သရေတုံးတယ်တဲ့
အဲဒီကားရဲ့ ရှင်းလင်းချက်ကတော့ အင်္ဂလိပ်လိုရေးထားမိတယ် ....အားလုံးဖတ်တတ်မယ်ထင်ပါတယ်
ဘာသာပြန်မနေတော့ဘူး......ထွန်မကျူးတော့ဘူးပေါ့ဗျာ....အဲ....ဒါဆိုလဲမဟုတ်သေးဘူး.....
မိကျောင်းမင်းကိုရေကင်းမပြတော့ဘူး .....ဟုတ်ပြီလား
အဲ......အပေါ်ကပြောခဲ့တဲ့ လက်စမသတ်ရသေးတဲ့ပုံ လက်စသတ်ပြီးသားဓါတ်ပုံရိုက်ထားတာမရှိလို့ ခုမှပြန်ရိုက်ပြီးဒီနားမှာပြန်ဖြည့်ပေးလိုက်တယ်

Self portrait
ချစ်သော
လဂွန်းအိမ်

ကြိုးကြာသံ

by Lu Cifer on Friday, June 1, 2012 at 9:48am


တကယ်တော့ ဘ၀မှာ မထင်မှတ်ဘဲ သီချင်းရေးသူတယောက် ဖြစ်လာတာပါ။ ကျွန်တော် မူလတန်းကျောင်းသား အရွယ်တုန်းက စန္ဒရားတီးတတ်ချင်လို့ အဖေ့ကို ပူဆာပါတယ်။ အဖေက ဘကြီးသန့် (ဦးသန့်၊ ဒါးတန်း)ကို အကူအညီတောင်းတော့ ဆရာဦးသိမ်းမောင်ဆီမှာ စန္ဒရားတီးသင်ဖို့ ဘကြီးသန့်က စီစဉ်ပေးပါတယ်။ ဒါးတန်းဦးသန့်က ကျွန်တော့်ဦးသိမ်းမောင်ရဲ့ဆရာပါ။

အင်တာနက် ကွန်နက်ရှင် မြန်အောင် လုပ်နည်း




အင်တာနက်ကော်နက်ရှင် မြန်အောင်လုပ်တယ်ရယ်လို့တော့မဟုတ်ပါဘူး။ ကိုယ်သုံးနေတဲ့ ကွန်ပျူတာတစ်ခုတည်းကနေ ကော်နက်ရှင် သာမန်သုံးနေ ကျထက် အနည်းငယ်ပိုမြန်အောင် ဖြစ်ပါတယ်။ နဂို ရတဲ့ အင်တာနက် Speed နဲ့ ပမာဏ က နည်းနေရင်တော့ ဘယ်လိုနည်းနဲ့မှ မြန်အောင် လုပ်လို့ မရပါဘူး။ ဒီလိုရှိပါတယ်။

စာဖတ်သူတို့လည်း သတိထားမိမယ်ထင်ပါတယ်။ Browser တစ်ခုတည်းမှာ www.google.com
ရိုက်လိုက်တယ်ဆိုပါ
စို့။ သူက ကိုယ်ဖွင့်လိုတဲ့ ဝဘ်ဆိုဒ် ဆီကို တန်းမသွားပဲ ကြားမှ ISP ဆီ ဝင်ရပါသေးတယ်။ Redirect လုပ်တာ ဖြစ် ပါတယ်။ ဒီတော့ ISP (Internet Service Provider) သို့မဟုတ် DNS (Domain Name Server) က Process လုပ်ပြီးမှ ကိုယ်ဝင်ချင်တဲ့ ဝဘ်ဆိုဒ် ဆီ ကို တစ်ဆင့် ပြန်ပို့ပေးပါတယ်။ ဒီတော့ မလိုအပ်ပဲ ကြားမှ အချိန်ကြာသွား ရပါတယ်။ ဒါကြောင့် DNS server တစ်ဆင့်ကို ကျော်လိုက် မယ်ဆိုရင် မူလ သုံးနေတာထက် ၃၀ ရာခိုင်နှုန်း ပိုမြန်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အောက်ပါ အဆင့်အတိုင်းသွားရန် လိုအပ်ပါတယ်။

၁။ Control Panel ကိုဝင်ရပါမယ်။

၂။ Network Connection သို့မဟုတ် Network and Sharing Centre ကိုဝင်ရပါမယ်။

၃။ မိမိအသုံးပြုနေတဲ့ Network (ဥပမာ- Local Area Connectin)ကိုရွေး ချယ်ရပြီး Click နှိပ်ရပါမယ်။ XP သုံးနေတယ်ဆိုရင် Right cick နှိပ်ဝင် ရမှာ ဖြစ်ပါတယ်။ Window 7 သုံးနေတယ်ဆိုရင်တော့ left Click နှိပ် ဝင်နိုင် ပါတယ်။

၎။ Properties ကိုနှိပ်ပါ။

၅။ Netwokring Tab ဝင်ပြီး Internet Protocol (TCP/IP) ထဲကို ဝင်ရပါ မယ်။ စက်တစ်လုံးနဲ့မတူညီတဲ့အတွက် အချို့ ဆို Internet Protocol Verson 6 နဲ့ 4 ဆိုပြီး ပေါ်နေတတ်ပါတယ်။ အောက်တစ်ခု 4 ကိုဝင်ရပါ တယ်။ သာမန် မြင်နေကျ 192.168 အစရှိသဖြင့် ဖြည့်ထား တဲ့အကွက်များကို မြင်တွေ့ရ ပါမယ်။

၆။ Use the following DNS server address: မှာ click နှိပ်ပြီး အောက်ပါ ကုဒ်များကို ဖြည့်စွက်ရမှာ ဖြစ်ပါတယ်။
Preferred DNS Server မှာ - 208.67.222.222
Alternate DNS server မှာ - 208.67.220.220
တို့ကို ဖြည့်စွက်ပေးရပါမယ်။

၇။ အထက်ပါအတိုင်း ဖြည့်ပြီးပြီဆိုရင်တော့ OK နှိပ်နိုင်ပါပြီ။ ကျန်ရှိနေတဲ့ Box တိုင်းမှာ OK နှိပ်ပြီးရင် ပြီးပါပြီ။

ကွန်ပျူတာကို Restart ပြန်လိုက်၊ Connection ကို Restart ပြန်လုပ်ပြီးရင် ယခင်ထက် ၃၀ ရာခိုင်နှုန်း ပိုမြန်သော အင်တာနက် ကော်နက်ရှင်ကို အသုံးပြုလို့ ရပါပြီ။

စာဖတ်သူတို့ စမ်းကြည့်လို့ အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။
 

တိမ်မင်ခိုးနှယ် ပြောင်းလဲလွယ်

by ဝေ(စီးပွားရေးတက္ကသိုလ်) on Sunday, September 30, 2012 at 7:25pm ·




သည်အမျိုးသမီးကို မြင်လိုက်ရတော့ နဂိုက မခက်ထန်တတ်သော ကျွန်မ၏စိတ်နှလုံးပင်လျှင် တင်းကနဲ အပေါ်ကြောမာခဲသွားရ၏။
စကားကို တိုပြတ်ပြတ်ပြောတတ်သော၊ မေးတစ်ခွန်းဖြေတစ်ခွန်း မဖော်ရွေလှသော၊ အမေးအမြန်း ထူလာလျှင် ၀ယ်မှာမို့လားဆိုသည့် မျက်နှာပေးနှင့် မဖြေချင့်ဖြေချင် အကြောမာလှသော... သည်မိန်းကလေးမျိုးကို အရောင်းစာရေးခန့်ထားသည့် ဆိုင်ရှင်ကိုလည်း အံ့သြလှ၏။

သည်လိုဆိုရင်ဖြင့် ဘာလို့ ဒီဆိုင်ကိုသွားနေရသေးလဲ။ ၀ယ်စရာဈေးဆိုင် ဒီလောက်ရှားပါးနေလို့လားဟု မေးချင်စရာပင်။
ဈေးဆိုင်ကတော့ မရှားပါ။ သို့ပေမယ့် ဈေးနှုန်းမှန်ကာ ဆက်ဆံရေးကောင်းသည်ကတော့ ရှားပါသည်။
ကျွန်မတို့မြို့ကလေးမှာက စတိုးဆိုင်တွေပေါလှသော်လည်း လူကြည့်ကာ ရောင်းဈေးလက်တမ်းပြောသောဆိုင်၊ ဈေးနှုန်းကပ်ထားသော်လည်း တခြားဆိုင်တွေထက် အမြဲတမ်းဈေးကြီးနေသောဆိုင်၊ ဈေးမှန်သော်လည်း ဆက်ဆံရေးဆိုးသောဆိုင်၊ နှုတ်ချိုလှသော်လည်း လက်တိုလှသောဆိုင်၊ နှုတ်ချိုဈေးမှန်သော်လည်း ပစ္စည်းမမှန်ဘဲ ကန့်သတ်ရက်လွန်နေသော အစားအစာ၊ အရည်အသွေးမမီသော ပစ္စည်းတို့ကို မျက်စေ့လှည့် ရောင်းချတတ်သောဆိုင်.....၊ စသည် စသည်ဖြင့် အားနည်းချက်၊ အားသာချက်တို့ကို ချိန်ထိုးကြည့်လိုက်တော့ ခြေဦးလှည့်ချင်စရာဆိုင်က သိတ်မရှိလှတော့။
ကျွန်မကတော့ဖြင့် လူအတော်များများ၏ သဘောထားအတိုင်းသာ ဈေးပိုပေးရင်ပေးရပေ့စေ၊ ၀ယ်သူကို တလေးတစားဆက်ဆံသည့် ဆိုင်ကိုသာ ရွေးချယ်လေ့ရှိပါသည်။
သို့ပေမယ့် တစ်ခါတရံတော့လည်း ကျွန်မတို့သည် မချစ်သော်လည်း အောင့်ကာနမ်းရသည့် အဖြစ်မျိုးတွေ ဘ၀မှာ အခါများစွာ ကြုံတွေ့တတ်ကြသည်ပဲ မဟုတ်လား။
အခါတစ်ပါးမှာတော့ ကျွန်မအလိုရှိသော ပစ္စည်းတစ်ခုက ထိုသို့သောဆိုင်မှာမှ ရှိနေခဲ့၏။
ပထမတစ်ခါတုန်းကတော့ အဲသည်ဆိုင်လေးကို ဆက်ဆံရေးဆိုးသည်၊ ကောင်းသည် မသိသေး။ ဆိုင်ထဲဝင်သွားသည်နှင့် နွေးထွေးသော ကြိုဆိုမှုမရှိသည်ကိုသာ သတိထားမိသည်။
မျက်နှာထားဆိုးဆိုးနှင့် မိန်းကလေးတစ်ယောက်က နှုတ်ခမ်းကို တင်းတင်းစေ့ကာသာ အေးစက်စက် ကြည့်နေခဲ့၏။
သည်လိုပုံစံနှင့် အရောင်းစာရေးမျိုးတွေကို ဆိုင်ရှင်ကိုယ်တိုင်မကြီးကြပ်သော ဆိုင်တွေမှာ တွေ့ဖူးလှပြီမို့ ကျွန်မကလည်း ၀ယ်လိုသည့်ပစ္စည်းကိုသာ ရောင်းသူဝယ်သူ အသံတူစွာ ခပ်တည်တည်ပင်မေးလိုက်သည်။
မိန်းကလေးက “ အင်း.. အဲ ” ပင် တစ်ခွန်းမှ တုံ့ပြန်သံမဟပါ။ ကျွန်မကိုကျောခိုင်းကာ နောက်ပြန်လှည့်သွားေးတာ့ နည်းနည်းတောင် ကြောင်သွားရ၏။ နောက်တော့မှ ရှိုးကေ့စ်တွေနောက်ထဲကို ၀င်သွားကာ ဘီရိုတံခါးကိုဖွင့်ပြီး ကျွန်မမေးသည့်ပစ္စည်းကို ကောင်တာတစ်ခုပေါ်တင်လိုက်သည်။
“ ဘယ်လောက်လဲ...” ဟုမေးတော့ ဈေးနှုန်းတစ်ခုကို တုံးတိတိပင်ဖြေ၏။ တချို့ဆိုင်များမှာလို ပစ္စည်းကိုညွှန်းဆိုပြီး ဖွယ်ဖွယ်ရာရာ ၀ယ်ချင့်စဖွယ်စကားတို့ကို မပြော။
ပစ္စည်းကိုကောက်ကိုင်ကြည့်တော့ ကျွန်မလိုချင်သည့်ပစ္စည်း အမှန်ပင်။ ဈေးနှုန်းကလည်း မများလှပါ။ သို့ပေမဲ့ ဈေးတော့ကပ်မထား။
သည်တော့ ကျွန်မကလည်း ၀ယ်သူတို့သဘာဝအတိုင်း ထုံးစံမပျက် “ ဈေးလျှော့ပါဦး...” ဟု ဆိုမိ၏။
သူမက ကျွန်မကို တစ်ချက်မျှပင် စွေမကြည့်ဘဲ သူ့ပစ္စည်းကို ဖျတ်ခနဲ ကောက်သိမ်းလိုက်တော့သည်။
ရုတ်တရက် သွေးကြောများပြောင်းပြန်စီးကုန်သလား။ မျက်နှာတစ်ခုလုံး တရှိန်းရှိန်းထူပူကာ အငွေ့တလူလူထွက်လာသလို ဖျဉ်းကနဲ စိတ်ခုသွားမိရ၏။
ဝယ်သူကိုအထင်သေးလှကာ မ၀ယ်နိုင်ရင်ပြန်တော့ဟု နှင်နေသည့် သူမအမူအရာက အလွန်ပင် ရိုင်းပြလှသည်လေ။
ဘာလုပ်ရမည်ဟုပင် ချက်ချင်းစဉ်းစားမရ။ သူမလိုပင် ရောင်းသူဝယ်သူ နောက်ထပ်အသံတူအောင် ဆတ်ကနဲ ခြေဆောင့်ကာ ထွက်သွားရမည်လား။ အတွင်းခန်းမှာထိုင်နေသည့် ဆိုင်ရှင်ကိုပင် အော်ခေါ်ကာ တိုင်တန်းလိုက်ရမည်လား။
ကျွန်မ ကလေးမဆန်ချင်ပါ။
ရိုင်းပြသောအရောင်းစာရေးမလေး တစ်ယောက်နှင့်အပြိုင် လိုက်ရိုင်းရမှာကိုလည်း ရှက်ပါသည်။
သည်တော့ လူမသိသူမသိ ထောင်ထလာသော မာနကို ကိုယ့်ဖာသာ အသာဖိချကာ... “ ကဲ ကဲ.. အဲဒါကိုပဲယူမယ်...” ဟု အောင့်သက်သက်ဖြင့်ပင် ၀ယ်ယူလာခဲ့ရလေ၏။
စက်ရုပ်ဆန်စွာပင် သူမကလည်း ၀ယ်ယူမည့်ပစ်္စည်းကိုထုတ်ပိုးပေးကာ ငွေချေပြီးထွက်လာတော့ ကျွန်မကလည်း အဲသည်ဆိုင်လေးကို နောက်တစ်ခါ ဘယ်တော့မှထပ်မလာဟု ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ချခဲ့လိုက်မိပါသေးသည်။
xxxxxx
ဒုတိယအကြိမ် သည်ဆိုင်လေးကို ထပ်ရောက်လာရခြင်းမှာ ကျွန်မ အရေးတကြီးလိုချင်သည့် ပစ္စည်းတစ်ခုက ကုပ္မဏီပိတ်သွားပြီမို့ မြို့ကလေးရှိ ဆိုင်တိုင်းမှာပြတ်သွားပြီး ထိုတစ်ဆိုင်မှာသာ အနည်းငယ်ကျန်တော့သည်ဟု သတင်းရပြန်သောကြောင့်ဖြစ်သည်။
ကြားကာလ အတန်ငယ်ခြားသွားပြီမို့ အရင်ကချခဲ့မိသော ဆုံးဖြတ်ချက်ကလည်း ကာလရွေ့လျောသွားကာ မေ့သလိုဖြစ်နေခဲ့ပြီ။
ထိုဆိုင်ကို သွားမည်ဟန်ပြင်တော့ ထိုဆိုင်မှ အရောင်းစာရေးမ၏ မျက်နှာကြောက ဖျတ်ခနဲတော့ ရေးတေးတေးပေါ်လာသား။
သို့ပေမယ့် လိုချင်ဇောကများနေတော့ မျက်နှာသေကြီးကို ဆက်တွေးမနေအားတော့။
ကိုယ်က ပိုက်ဆံပေး၍၀ယ်မည့်သူပဲလေ။ အလကားတောင်းမှာလည်း မဟုတ်။ သူက မဖော်ရွေတော့လည်း ကိုယ်ပါ လိုတိုရှင်း...။ ၀ယ်ချင်ရာကိုပြော ၀ယ်။ ပစ္စည်းထုတ်ပေးတော့ ပိုက်ဆံရှင်းပြီး ပြန်ရုံပေါ့။ အလာပသလာပ မပြောရတော့ အချိန်တောင် အကုန် သက်သာသေး..၊ မဟုတ်လား။
ခက်သည်က မြန်မာပီပီ ကိုယ်တိုင်ကဖော်ရွေပြုံးရွှင်စွာ နှုတ်ဆက်ချင်သလို သူများကကိုယ့်ကို ဖော်ရွေတာကိုလည်း သဘောကျချင်ပြန်၏
မတတ်နိုင်ပါ။ သူကတင်းမှတော့ ကိုယ်ကလည်း ကင်းရပေတော့မည်။
တကယ်တမ်း ဆိုင်ထဲသို့ ခြေလှမ်းဝင်ဝင်ချင်းမှာပင် ကျွန်မကိုမြင်တော့ ဖောက်သည်ကောင်းတစ်ယောက်ကို မြင်ရသည့်ပမာ သူမမျက်နှာက ၀င်းပပြုံးရွှင်သွား၏။
“ ဟော မမ ... ဘာလိုချင်လို့လဲရှင်...”
အလို...။ ကျွန်မနားကိုတောင် ကျွန်မ မယုံချင်။ ကျွန်မ လူများမှားနေသလား။
အသစ်ပြောင်းထားသော အရောင်းစာရေးကို ယခင်မိန်းကလေးဟုပင် ကျွန်မအထင်မှားနေလေသလား။
သူမမျက်နှာကို ကျွန်မသေသေချာချာ သတိထားကြည့်ပါ၏။ အသက်နှစ်ဆယ်ပတ်လည်လောက်...၊ နဖူးမောက်မောက်၊ မျက်လုံးပြူးပြူး၊ နှာခေါင်းတိုတို၊ နှုတ်ခမ်းထူထူ။
သို့ပေမဲ့ ပြုံးရွှင်နွေးထွေးနေတော့ နှစ်လိုဖွယ်ကောင်းလိုက်ပါဘိ။ အသက်ဝင်နေသော မျက်လုံးများက အရင်လိုမှုန်မှိုင်းမနေဘဲ တောက်ပနုပျိုနေလေသည်။
အရင်မိန်းကလေးတော့ အရင်မိန်းကလေးပါပဲ။ ခုတစ်ခါတွေ့ရသည်က ကြည်သာချမ်းမြရှိလှပါ၏။ လောက၏အလှတရားဆိုတာ ဘာလဲလို့ သူမရှာဖွေတွေ့ရှိသွားလေပြီလား။
သူမက ရွေးချယ်စရာမလိုဘဲ သေချာပေါက်ဝယ်မည့် ဈေးဝယ်သူကိုတောင် ဖွယ်ဖွယ်ရာရာစကားများဖြင့် မိတ်ဖွဲ့နေပြန်သေးသည်။
ကျွန်မကလည်း ဈေးနှုန်းမကပ်ထားသောဆိုင်မို့... “ လျှော့ဦးမလား ညီမ...” ဟု အကျင့်ပါစွာ ဈေးဆစ်လိုက်မိသေး၏။
ပြီးမှ.. “ အော် ငါ့နှယ်.. အမှတ်မရှိရန်ကော..” ဟု အတိတ်က ဒေါသဖြစ်ဖွယ် အပြုအမူကို သတိရမိတော့သည်။
အံ့သြစရာကောင်းစွာ သူမက ပြုံးပြုံးရွှင်ရွင်ဖြင့်ပင် အတွင်းခန်းမှဆိုင်ရှင်ကိုတောင် အခွင့််တောင်းခြင်းမပြုဘဲ ငွေပမာဏအနည်းငယ် ဆိုပေမယ့် ရောင်းသူလည်းမနစ်နာ၊ ၀ယ်သူလည်း စိတ်ချမ်းသာစေမည့် အနေအထားတစ်ခုကို ပါးနပ်စွာလျှော့ပေးလိုက်၏။
“ မမက ၀ယ်နေကျဖောက်သည်ပဲ။ လျှော့ပေးရမှာပေါ့...” ဟုပင် ပြောလိုက်သေး။
သူမ၏ ဖော်ရွေမှုတွင် စကားဖောင်ဖွဲ့ရင်း မထင်မှတ်ဘဲ ရည်ရွယ်မထားသည့် ပစ္စည်းတချို့ကိုပါ ကျွန်မ၀ယ်မိသွားသေးသည်။
သည်လိုဆိုတော့လည်း အရင်တစ်ခါက အပြုအမူကို ကျွန်မနားလည်ပေးနိုင်သွားပြီ ဖြစ်၏။ ဤဆိုင်လေးသို့ အရင်တစ်ခေါက် လာခဲ့တုန်းက သည်မိန်းကလေး စိတ်ညစ်စရာတစ်ခုခု ကြုံထားရချိန်ဖြစ်ပေလိမ့်မည်။ ဆိုင်ရှင်၏အဆူအပူကို မတရားသဖြင့် ခံထားရချိန်လည်း ဖြစ်နိုင်သလို အိမ်တွင်းရေးပြဿနာတစ်ခုခု တက်နေ၍လည်း ဖြစ်နိုင်သည်ပဲ။
သို့တည်းမဟုတ် ချစ်သူနှင့်စိတ်အခန့်မသင့် ဖြစ်နေချိန်၊ ငွေရေးကြေးရေး အကျပ်အတည်း၊ ကျန်းမာရေးအားနည်းချက်၊ လူမှုရေးအခက်အခဲ။ အိုး... လူ့ဘ၀မှာ စိတ်ညစ်စရာ ဒုက်္ခတွေကလည်း အများကြီးပဲမဟုတ်လား။
ဘာပဲဖြစ်ဖြစ် သူမ၏ စိတ်ရင်းအမှန်လေး သာသာယာယာရှိချိန်မို့ ဈေးဝယ်ရသည်မှာ ကိုယ်က ပိုက်ဆံပေးရသည့်တိုင် စိတ်လက်ရွှင်ပြရှိလှသည်လေ။
သည်လိုဆိုပြန်တော့ ကျွန်မတို့လမ်းထိပ်မှ ထာဝစဉ် မျက်မှောင်ကြုံ့ထားသော၊ စတိုးဆိုင်လေးတစ်ခု၏ ဆိုင်ရှင်ဦးလေးကြီးကို သတိရမိ၏။ သူကတော့ သူ့ဆိုင်သို့ နေ့လာလာ၊ ညလာလာ၊ လာသမျှဈေးဝယ်သူကို အဲသည်မျက်နှာပုပ်ကြီးနှင့်သာ အမြဲဆက်ဆံတတ်၏။
သည်ကလေးမလို စိတ်ညစ်စရာကြုံရမှသာမဟုတ်။ ဆယ့်နှစ်ရာသီ အချိုးမပြောင်း။ တစ်ခါတရံပင် ကြည်လင်သောမျက်နှာကို မတွေ့ရ။ သူ့ဆိုင်က လမ်းထိပ်တင်မို့ လွယ်လွယ်ကူကူ ၀ယ်ချင်လျှင်တောင် သူ့မျက်နှာကြီးမြင်ရမှာ စိတ်ညစ်သည်နှင့် နည်းနည်းဝေးသည့်ဆိုင်ကို ရောက်သွားရမြဲ။
သို့ပေမယ့် သူကလည်း သူ့မိတ်ကလေးနှင့်သူတော့ ရပ်တည်နိုင်သားပင်။
သူ့ဆိုင်ကလေးမှာ ၀ယ်သူကလည်း ခပ်ကျဲကျဲဆိုသော်လည်း ရှိတော့ရှိနေသည်ပါပဲ။
မည်သို့ပင်ဆိုစေ အမြတ်ပိုပေးလျှင် ပေးရစေဦး။ ဖော်ရွေသောဈေးသည်ကိုသာ ရွေးချယ်ချင်သူ ကျွန်မကတော့ လမ်းထိပ်ဆိုင်ကို အရေးပေါ်ကိစ္စမှလွဲ၍ ခြေဦးလှည့်လေ့မရှိခဲ့ပါ။
xxxxxx
သိတ်မကြာခင်ကာလတစ်ခုမှာ ဖြစ်ပါသည်။
အိမ်မှာ ပစ်္စည်းတစ်ခု ၀ယ်စရာရှိလာတော့ ကျွန်မက ဘယ်ဆိုင်မှာဝယ်ဝယ် ရနေသော ပေါများသည့်ပစ်္စည်းဖြစ်ပါလျက် ထိုမိန်းကလေးဆိုင်ကိုမှ ရွေးချယ်မိပြန်၏။
ဈေးမှန်သည်ကတစ်ကြောင်း၊ ဒုတိယအခေါက်မှာတုန်းက ဖော်ရွေကာ စကားအစပ်တည့်လှသည်က တစ်ကြောင်း၊ သည်ဆိုင်လေးကို ခရီးနည်းနည်းလှမ်းသော်လည်း သတိတရနှင့် ခြေဦးလှည့်မိသည်။
ဆိုင်ထဲသို့လှမ်းဝင်ဝင်ချင်း မျက်လုံးပြူးလေးနှင့် တန်းပြီးအကြည့်ချင်းဆုံသည်မို့ ကျွန်မက ရယ်ပြလိုက်၏။
သည်တစ်ခါလည်း ကျွန်မ အံ့သြရပြန်ပါပြီ။
သူမက ခံစားမှုမဲ့သော ပြူးကြောင်ကြောင်မျက်လုံးတစ်စုံဖြင့် အေးစက်စက်ကြည့်နေလေတော့ ရယ်မလိုဟန်ပြင်ဆဲ ကျွန်မပါးစပ်ကြီးက ပြဲလျက်နှင့်ဟကာသာ တိုးလို့တန်းလန်း...။
ကျွန်မကပဲ အသက်ကြီးလာလို့ မှတ်ဥာဏ်ချို့ယွင်းကာ အမှတ်မှားလေသလားဟုပင် ဇဝေဇ၀ါ။
စက်ရုပ်ဆန်သော သူမနှင့် စက်ရုပ်ဆန်စွာ အရောင်းအ၀ယ်လုပ်နေရင်း ကျွန်မအတွေးများကလည်း နောက်ပြန်ဆွဲလျက် ကိုယ့်ကိုယ်ကိုပင် မသင်္ကာချင်။
ရုပ်တူသည့် ညီအစ်မနှစ်ယောက်ကိုပင် ကျွန်မက တစ်ယောက်တည်းထင်ကာ မှားနေလေသလား။
ကြားကာလ သိတ်မကြာဟု ထင်သော်လည်း ကျွန်မကပဲ သူမနှင့်ဆက်ဆံရေးကို အကောင်းဆုံးဖြစ်ချင်စိတ်ကြီးကာ အမှတ်မှားလေသလား။
ဟိုတစ်ခေါက်က ပြုံးရွှင်စွာဆက်ဆံသည်ကရော ဟုတ်မှဟုတ်ရဲ့လားဟု ကိုယ့်ကိုယ်ကိုပင် ပုံမှန်စိတ်အနေအထား ရှိမရှိ သံသယဖြင့် စစ်ဆေးမိရသေး၏။
သည်လောက်ကိစ်္စလေးကိုတော့ စိတ်္တဇဖြစ်လောက်အောင် စွဲလန်းစရာလည်း မရှိလှပါပဲနှင့်လေ။
ခက်ပဲခက်ရချည်ရဲ့။ သူမက မရူးလျှင် ကျွန်မကပဲ ရူးရတော့မည်မဟုတ်လား။
သည်တစ်ခါ ၀ယ်ယူခြင်းကိစ်္စပြီးဆုံး၍ ဆိုင်ကလေးကို ကျောခိုင်းမိစဉ်မှာတော့ နောက်တစ်ခေါက်ထပ်လာပြီး အဖြစ်မှန်ကို အကဲခတ်ချင်စိတ်ပင် မရှိတော့ပေ။ သည်တစ်ခါလည်း သူမ စိတ်ညစ်နေရချိန်မို့ဟု နားလည်မပေးချင်တော့။ စိတ်ညစ်ချိန်မို့ဆိုလျှင်လည်း
ကိုယ်ရေးကိုယ်တာနှင့် အလုပ်တာဝန်ကို အမြဲတမ်းရောထွေးချင်နေသည့် စိတ်ထားမျိုးကို သည်းခံမပေးချင်တော့။
တကယ်တော့ ကျွန်မတို့အတွက် ပုံမှန်ဆက်ဆံရေးတစ်ခုသည် အကြိမ်ကြိမ်အခါခါဖြင့် နေသားကျနေပြီဆိုလျှင်သာ အေးစက်သောမျက်နှာပုပ်ကြီးကိုလည်း ဥပက်္ခာပြုနိုင်သွားမည် ထင်ပါသည်။ ဥပမာ လမ်းထိပ်မှ ဦးလေးကြီးဆိုင်မှာ ဈေးဝယ်သူတွေ ရှိနေသေးသလိုမျိုးပေါ့။
တစ်ခါတရံ အကောင်းဆုံးကိုသာ မျှော်လင့်ချင်သော လူ့သဘာဝအရ တင်းမာသော မျက်နှာထားကြီး ပျော့ပြောင်းချိုသာလာသည်ကိုတော့ မြင်ချင်မိသည်သာပေပဲ။
သို့ပေမယ့် တစ်ခေါက်ပျော့ပြောင်းလိုက်၊ နောက်တစ်ခေါက်ကျ မာထန်လိုက်၊ နောက်တစ်ခါတော့ အေးစက်လိုက်၊ နောက်တစ်ခါ နွေးထွေးလိုက်နှင့် မူမမှန်သော ဆက်ဆံရေးကိုတော့ ဘယ်လူသားမှ ကြုံတွေ့ချင်ကြမည် မထင်ပါ။
အရူးနှင့်တွေ့ရသလို ငိုရမလို၊ ရယ်ရမလို...၊ အစိုးမရသော ခံစားချက်တွေနှင့် မည်သူကများ ကြုံဆုံချင်ပါမည်နည်း။
ခုမှ သည်မိန်းကလေး၏ဆိုင် ဘာကြောင့် ဈေးဝယ်သူပါးရသည်ကို ကျွန်မသိရပေပြီ။ ကျွန်မရောက်သွားတိုင်း ဈေးဝယ်သူ ဘယ်တော့မှ မရှိ။ ဖုန်တလောလောဖြင့် ပစ္စည်းတွေဟောင်းနွမ်း။ တစ်မြို့လုံးပြတ်သွားသည့်ပစ်္စည်းကို သူ့ဆိုင်မှာမှ ကျန်နေသည်ဆိုသည့် အချက်၏ လျှို့ဝှက်ချက်ကို ကျွန်မသိသွားရသည်။
နောက်တစ်ခါသွားလျှင် နွေးထွေးပျူငှာချင် ပျူငှာနိုင်ပေမယ့် အရူးလုပ်လှသည့် သည်လိုဆိုင်မျိုးကို သွားမည့်အစားတော့ လမ်းထိပ်မှ မပြောင်းလဲသော မျက်နှာထားမာမာဆီကိုသာ ခြေဦးလှည့်ချင်မိပါတော့သည်။
စင်စစ် ကျွန်မတို့သည် အခြေအနေတစ်ရပ်ကို ယဉ်ပါးလာသည့်အခါ ဥပက္ခာပြုနိုင်လာသော်လည်း လှည့်စားခံရသလို အကြိမ်ကြိမ် အပြောင်းအလဲများလှသော မတည်ငြိမ်ခြင်းမျိုးကိုတော့ စိတ်ကုန်ခမ်းကြသည်သာဖြစ်ပါသည်။
ကျွန်မ ထိုဆိုင်လေးကို ဘယ်တော့မှ သွားမည်မဟုတ်တော့ပါ။
xxxxxx

ဝေ(စီးပွားရေးတက္ကသိုလ်)

ရိုးသားခြင်း၏ လက်ငင်းအကျိုး

by Moenge Aung on Sunday, September 30, 2012 at 9:08pm



မောင်လှဝင်းသည် တောင်ငူမြို့၏ မြောက်ဘက် ဆင်ခြေဖုံးရက်ကွက်လေးတွင် နေထိုင်သူ ဖြစ်သည်။ အဖေ အမေ အပါအ၀င် မောင်နှမ ငါးယောက်နှင့် မိသားစု ခုနစ်ယောက်ရှိသည်။ ဖခင်ဖြစ်သူက အငှားဆိုက်ကားနင်းသည်။ မိသားစု ခုနစ်ယောက်ရှိ၍ သူတို့ဝင်ငွေနှင့် မလောက်ငပါ။

မောင်လှဝင်းသည် ငါးတန်းနှင့် ကျောင်းထွက်လိုက်ရသည်။ ကျန်သော ညီလေးနှစ်ယောက်နှင့် ညီမလေးနှစ်ယောက်လည်း ကျောင်းထွက်လိုက်ရသည်။ မောင်လှဝင်းက အသက် တဆယ့်လေးနှစ် အရွယ်ရှိ၍ အကြီးဆုံး ဖြစ်သည်။ ညီလေးနှစ်ယောက်နှင့် ညီမလေး နှစ်ယောက်က ပြောင်းဖူးပြုတ်၊ ခွေးချိုသီး၊ ကြံရိုး၊ နာနတ်သီး၊ ဖရဲသီးစိတ် စသော ရာသီပေါ် အသီးများကို လည်၍ ရောင်းရသည်။
သူတို့ဖခင်သည် ရိုးသားသူ ဖြစ်သည်။ မိသားစု ညစာ စုပေါင်းစားချိန်တွင် သားသမီးများကို အမြဲတမ်း သွန်သင်ဆုံးမစကား ပြောကြားလေ့ရှိသည်။
သားတို့၊ သမီးတို့-လူဆိုတာ ရိုးသားရမယ်။ ကြိုးစားရမယ်။ သူတပါး ပစ္စည်းဥစ္စာကို ဘယ်သောအခါမှ မခိုး၊ မ၀ှက်၊ မလုရဘူး။ ကိုယ့်ထက်နိမ့်ကျသူကို သနားရမယ်။ ကူညီရမယ်။ ကြီးသူကို ရိုသေရမယ်။ ရွယ်တူကို လေးစားရမယ်။ သူတပါးအပေါ် မလိမ်မညာ၊ မလှည့်စားရဘူး။ ကိုယ်ကောင်းစားရေးအတွက် သူတပါး အကျိုးစီးပွားပျက်စီးအောင် ဘယ်သောအခါမှ မလုပ်ရဘူး။ မှတ်ထားကြနော်။ ကဲ--သားတို့ သမီးတို့ ဘုရားကန်တော့ကြ၊ အဖေတို့ကိုလည်း ကန်တော့ပြီး အိပ်ရာဝင်ကြ။
မောင်လှဝင်းတို့ မိသားစုသည် ဆင်းရဲသော်လည်း ရှိတာလေးနှင့် ရောင့်ရဲတင်းတိမ်မှု ရှိကြပါသည်။ အိမ်နီးနားချင်းများထံမှ ချေးငှားခြင်း မရှိပါ။ မောင်လှဝင်း၏ ဖခင်သည် ရပ်ကွက်ထဲကပင် ဖြစ်စေ၊ တခြားနေရာကပဲ ဖြစ်စေ၊ မဖိတ်ဘဲနှင့် အလှူအတန်းများကို သွားလေ့မရှိပါ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးပီပီ နေ့စဉ် ဘုရားဝတ်တက်ပြီး ဥပုသ်နေ့တိုင်း ဥပုသ်စောင့်လေ့ရှိသည်။
မောင်လှဝင်းသည် ဖခင်ဖြစ်သူ၏ သွန်သင်ဆုံးမမှုများကို ဂရုတစိုက် နားထောင်ပြီး လိုက်နာသူဖြစ်သည်။ မောင်လှဝင်းအလုပ်က မြွေရေခွံအိတ်ကြီးကို ကြိုးဖြင့်သိုင်း၊ ပခုံးမှာ လွယ်ပြီး လမ်းဘေး အမှိုက်ပုံထဲက ရေသန့်ဘူးခွံ့၊ နို့ဆီခွက်၊ ဘီယာဘူးခွံ၊ ကျွဲရိုင်းဘူးခွံ၊ ပုလင်းခွံ၊ ကော်အတိုအစအနနှင့် ပလတ်စတစ်များကို လိုက်ကောက်ပြီး ပစ္စည်းဟောင်း ၀ယ်သည့်ဆိုင်များတွင် ပြန်ရောင်းသည့်အလုပ် ဖြစ်သည်။
တနေ့တွင် နှစ်ထပ်တိုက်ထဲမှ အသက် ၄၀-ခန့် အမျိုးသမီးတယောက် အမှိုက်ပုံ၌ အမှိုက်ခြင်းကို ပစ်သွားသည်။ မောင်လှဝင်းသည် ထိုအမှိုက်ခြင်းထဲက ရေသန့်ဘူးခွံ၊ ဘီယာဘူးခွံ၊ ငံပြာရည်ဘူးခွံနှင့် ပလပ်စတစ် အတိုအစများကို မွှေနှောက်ရှာဖွေနေသည်။ ထိုစဉ် အမည်းရောင် အထုပ်ကလေး တထုပ်ကို ရုတ်တရက် တွေ့လိုက်ရသည်။ ထိုအထုပ်ကလေးကို လက်နှစ်ဖက်ဖြင့် သေသေချာချာ စမ်းကြည့်ပြီး ရင်တွေခုန်နေသည်။ ရွှေထုပ်မှန်း မောင်လှဝင်း သိလိုက်ပြီ။ သည်အချိန်မှာပင် ဖျတ်ခနဲ သူ့အဖေကို မြင်ယောင်ပြီး အဖေ ဆုံးမသော လူဆိုတာ ရိုးသားရမယ်-ဆိုသည့်စကားကိုလည်း ပြန်လည်ကြားယောင် မိသည်။ ထို့ကြောင့် မောင်လှဝင်းသည် ချက်ချင်းပင် စောစောက အမှိုက်ပစ်သွားသော အမျိုးသမီး၏ တိုက်ရှေ့ကို ပြေးသွားသည်။
အန်တီ..အန်တီ..ဟု လှမ်းခေါ်လိုက်သည်။ စောစောက အမျိုးသမီးသည် တိုက်ထဲက ထွက်လာပြီး-
ဟဲ့-ဘာကိစ္စရှိလို့လဲ-ဟု ပြန်မေးသည်။ မောင်လှဝင်းက အန်တီ-ဒီမှာ စောစောက အန်တီပစ်သွားတဲ့ အမှိုက်ခြင်းထဲက အထုပ်ကလေး တွေ့လို့ ပြန်လာပေးတာပါ-ဟု ပြောလိုက်သည်။ ထိုအခါ အမျိုးသမီးသည် ပျာပျာသလဲ ဖြစ်သွားသည်။
ဟယ်-ဒါ..ဒါ..မနက်က အမတို့ ရွှေဆိုင် မသွားခင် မေ့ကျန်သွားတဲ့ ရွှေထုပ်ပဲ-ဟု ဆိုကာ သူ့မိဘများကို ခေါ်ပြီး ရွှေထုပ်ကို သေသေချာချာ ကြည့်သည်။ ရွှေထုပ်ကလေးက မူလအတိုင်း ကြိုးစည်းထားလျက်ပင် ရှိသည်။
ဤတွင် အမျိုးသမီး မိဘတွေက မောင်လှဝင်းကို အိမ်ထဲခေါ်ပြီး ဘယ်မှာနေလဲ၊ မိဘတွေက ဘာလုပ်လဲ၊ မိသားစု ဘယ်နှစ်ယောက်ရှိလဲ-စသည်ဖြင့် မေးမြန်းကြသည်။ ထို့နောက် မောင်လှဝင်းကို ရေမိုး ချိုးခိုင်းပြီး အင်္ကျီ လုံချည်အသစ်တွေ ၀တ်ဆင်ပေးသည်။ ထမင်းကို ကြက်သား၊ ဘဲသားနှင့် ကျွေးသည်။ မောင်လှဝင်းတို့ အိမ်ကို သူတို့ကားဖြင့် လိုက်ပြခိုင်းပြီး သူ့မိဘတွေနဲ့ တွေ့သည်။ ဖြစ်ကြောင်းကုန်စင် ပြောပြပြီး မောင်လှဝင်းတို့ နေအိမ်ကိုလည်း ပြုပြင်ပေးသည်။ မောင်လှဝင်းကိုလည်း သူတို့ရွှေဆိုင်တွင် အလုပ်ပေးသည်။ မောင်လှဝင်း ဖခင်ကိုလည်း ထိုအိမ်မှာပင် သန့်ရှင်းရေး၊ ခြံစောင့် အလုပ်ပေးသည်။ ထို့ပြင် မိသားစုအတွက် ဆန်နှစ်အိတ်၊ ကလေးတွေအတွက် အင်္ကျီ လုံချည်များ ပေးပြီး ကလေးတချို့ကို ကျောင်းထားပေးလိုက်ပြန်သည်။
နေ့ချင်း ညချင်း ဆိုသလို ပြောင်းလဲသွားသော မောင်လှဝင်းတို့ မိသားစု၏ ဘ၀သည် သာယာစိုပြည်နေပြီး တရပ်ကွက်လုံး တမြို့လုံး မောင်လှဝင်းတို့ မိသားစု၏ ကောင်းသတင်းသည် ပျံ့နှံ့သွားပါတော့သည်။ ဤအဖြစ်အပျက်သည် ရိုးသားခြင်း၏ လက်ငင်းအကျိုးပင် ဖြစ်ပေသည်။
ကေတုမတီ မျိုးသန့်
(မြတ်မင်္ဂလာ ၂၀၁၀-ဒီဇင်္ဘာလ)

ကျနော်တို့ အမှန်တကယ် အာဏာရှင်စနစ်ကို မနှစ်မြို့ မလိုချင်ကြတော့တာသေချာရဲ့ လား--။

by Kyawthu Soe on Sunday, September 30, 2012 at 2:00am ·



ကျနော်တို့ အမှန်တကယ် အာဏာရှင်စနစ်ကို မနှစ်မြို့ မလိုချင်ကြတော့တာသေချာရဲ့ လား--။
ကျနော်တို့  အကြောက်တရားကင်းကင်းနဲ့  သက်ရှင်ရပ်တည်နိုင်တဲ့ လူ့ အဖွဲ့ အစည်းတစ်ခုကို တောင့်တနေကြတာ အမှန်ပဲလား--။

ကျနော်တို့ လူရယ်လို့ ဖြစ်လာပြီး လူ့ အခွင့်အရေးအပြည့်အ၀နဲ့ လူပီပီသသနေရဖို့ အရေး ဆန္ဒရှိကြတယ်ဆိုတာ တကယ်ပဲလား--။
ဒီမေးခွန်းတွေဟာ အပေါ်ယံအားဖြင့်တော့ မေးကြည့်စရာတောင် မလိုအပ်တဲ့ အဖြေအသင့်ရှိပြီးတဲ့ မေးခွန်းတွေပါပဲ။
ဒါဆိုဘာကြောင့်မေးနေရတာလဲ--။
မေးနေရတဲ့အကြောင်းရင်းက ဒီလိုတွေရှိကြောင်းပါဗျာ---။
မနေ့ ကမှ လတ်လတ်ဆတ်ဆတ် ကြည့်လိုက်ရတဲ့ Burma vj ကတင်လာတဲ့ Video Clip သတင်းတစ်ပုဒ်ကပဲစချင်ပါတယ်။
အဲဒီ့ဗွီဒီယိုသတင်းက ပုသိမ်ဖက်မှာ ရဲတပ်ဖွဲ့ နဲ့ ရုံးရင်းဆန်ခပ်ဖြစ်ရင်း သေနတ်နဲ့ အပြစ်ခံလိုက်ရလို့ သေဆုံးသွားသူတွေ ရှိသလို
ဒဏ်ရာရသူနှစ်ယောက် ရန်ကုန်ဆေးရုံကြီးကို ရွေ့ ပြောင်းတင်ဆောင်လာတဲ့သတင်းပါ။သတင်းမှာလူနာတွေကိုတာဝန်ယူသယ်ဆောင်
လာတဲ့ ဆရာဝန်ကို အင်တာဗျူးကြပါတယ်။အဲဒီမှာ--ဆရာဝန်က မိမိယူလိုက်ရတဲ့တာဝန်ပိုင်းလေးကိုတောင်ရှင်းရှင်းလင်းလင်းပြောမပြရဲ
လောက်အောင်တုန်လှုပ်နေပါတယ်။မသိပါဖူး။ပြောပိုင်ခွင့်မရှိပါဖူး။လူနာကိုတာဝန်ယူလာတဲ့ဆရာဝန်တစ်ယောက်ကလူနာဘာဒဏ်ရာနဲ့ 
ဆိုတာသေချာမပြောရဲလောက်အောင် အကြောက်တရားကြီးနေတာတွေ့ ရပါတယ်။ကျနော်နားထဲမှာတော့----
ကျနော်ကို ချောက်မတွန်းကြပါနဲ့ ခင်ဗျ--။ကျနော်ထမင်းအိုးမကွဲပရစေနဲ့ ခင်ဗျ--။ကျနော်ကြောက်လွန်းလို့ မဖြေပါရစေနဲ့ ခင်ဗျ--လို့ 
ကြားနေရပါတယ်။အင်မတန်အကြောက်လွန်နေတဲ့ ၀န်ထမ်းတစ်ဦးပါပဲ။
https://www.youtube.com/watch?v=-wfAxHQTrHw&feature=player_embedded

“ဒီအချိန်မှာ--သတ္တိရှိရှိနဲ့ လုပ်လိုက်လို့ ရှိရင်--
နောင်ကျရင် မကြောက်ရတဲ့ခေတ်ကိုရောက်မယ်။
ဒီအချိန်မှာကြောက်နေကြသေးရင် ဆက်ပြီးကြောက်နေရတဲ့စနစ်ကို ရှင်သန်အောင်လုပ်ပေးသလိုဖြစ်သွားလိမ့်မယ်။
(ဒေါ်အောင်ဆန်းစုကြည်)

ဒီဆရာဝန်လို အကြောက်လွန်နေတဲ့ ၀န်ထမ်းမျိုးတွေမြန်မာပြည်မှာ ဘယ်လောက်တောင်ရှိနေကြသေးသလဲ--။
ဒါဆိုရင်တော့အပေါ်ကမေးခွန်းတွေကို အသေအချာ စဉ်းစားဖြေဆိုဖို့ လိုအပ်ပါလိမ့်မယ်။

နောက်တစ်ခုက မြန်မာပြည်မှာ ဒီမိုကရေစီစနစ်ထွန်းကားဖို့  လူတိုင်းလူတိုင်းမှာတာဝန် ကိုယ်စီနဲ့ ကိုယ်တိုင်အားထုတ်မှု့ က အဓိက
ကျတယ်ဆိုတာပါပဲ။
အာဏာရှင်ရဲ့ အဆိုးဝါးဆုံးဖိနှိပ်ခံခဲ့ရတဲ့ ၁၉၉၀ခုနှစ်များဆီက အကြောင်းကိုပြန်လှည့်ချင်ပါတယ်။
ပြည်သူတွေအားလုံးက မတရားရဲ့ အမိန့် အာဏာဟူသမျှ ဖီဆန်ကြဖို့ နဲ့ လည်ပတ်နေတဲ့ အာဏာရှင်ယန္တရားကို အားပေးကူညီမှု့ မလုပ်ကြဖို့ 
လက်ကမ်းစာစောင်တွေဖြန့် ဝေ၊ရေဒီယိုလေလှိုင်းတွေကဆင့် ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ထုတ်ဖေါ်ဖို့ တွန်းအားပေးခဲ့ကြတာတွေရှိခဲ့ပါတယ်။
တနင်္ဂနွေနေ့ မျိုးမှာ အ၀ါရောင် အကျီ င်္တီရှပ်မျိုးတွေဆင်တူဝတ်ပြီး ရွှေတိဂုံဘုရားတက်ခိုင်းတာမျိုးတွေ--
ညဖက်သတင်းလာချိန်မှာ သံဗုံးတီးတောထုတ်ခိုင်းတာမျိုးတွေပါပဲ။ဒါတွေက အကြောက်ကြီးကြောက်နေရတဲ့ လူထုကလိုက်နာလုပ်ဆောင်
ဖို့ ရာ မလွယ်ကူတဲ့ကိစ္စတွေပါပဲ။ဒီလိုပေါ်ပေါ်ထင်ထင်ကြီးလုပ်ရဲသူနည်းလိမ့်မယ်ဆိုတာ အားလုံးကလက်ခံပေးကြလိမ့်မယ်ထင်ပါတယ်။
အာဏာရှင်တို့ အားပြုလည်ပတ်နေတဲ့ အောင်ဘာလေထီမထိုးကြဖို ၊ ၀ါဒဖြန့် သတင်းစာကို မ၀ယ်ကြဖို့ လည်းတိုက်တွန်းကြပါတယ်။
ဒါပေမဲ့--ပေါက်မယ်မပေါက်ဖူးမသေချာတဲ့ အောင်ဘာလေထီလေးကိုတောင် မ၀ယ်ပဲအောင့်အီးနေနိုင်ခဲ့ကြပါသလား--။
သတင်းစာကိုလည်း ဒို့ ကနာရေးလောက်ပဲကြည့်တာပါလို့ ဆင်ခြေပေးပြီး သတင်းစာကိုလပေး ယူမပျက် ရှိခဲ့ကြပါသလား--။
ဒီလောက်ကလေးတောင် ပူးပေါင်းဆောင်ရွက်မှု့ နည်းသူတွေ မြန်မာပြည်မှာ ဘယ်လောက်ရှိနေကြပါသေးသလဲ--။
ဒါဆိုရင်တော့ အပေါ်ကမေးခွန်းတွေကိုအသေအချာစဉ်းစားဖြေဆိုဖို့ လိုအပ်ပါလိမ့်မယ်။
နောက်တစ်ခုက မိုးထဲလေထဲကာလတုန်းက အနစ်နာခံ ကိုယ်ကျိုးစွန့် ခဲ့တဲ့ လူတစ်ချို့ ဟာ ခုလို မြန်မာ့ဒီမိုကရေစီလမ်း
ခပ်ရေးရေး သဲကွဲတဲ့အခြေရောက်လာခါမှ ကိုယ့်အတ္တကို ဦးစားပေးပြီး ဖေါက် လွဲဖေါက်ပြန် ကပျက်ကယက် လုပ်နေကြသေးကိစ္စပါ။
အများလည်းသိကြတာမို့ ဘယ်သူဘယ်ဝါရယ်လို့ စာမရှည်ချင်တော့ပါဖူး။
ပြည်ပရောက်မဂ္ဂင်ဇင်းအယ်ဒီတာဟောင်း သတင်းသမားဘလောက်ဂါ တစ်ယောက်ဆိုရင် သူ့ ဘလောက်မှာ ဦးသိန်းစိန်အစိုးရကို
အယုံအကြည်မရှိတဲ့အကြောင်းတွေရေးသလို ဒေါ်စုကိုလည်း ပြစ်တင်ဝေဖန်သရော်မှု့ တွေလုပ်ပါတယ်။
ဆုတွေထောင်သောင်းပေးလည်း ဆုတွေပဲ လောဘတကြီးသိမ်းကြုံးယူနေဦးမဲ့သူတစ်ယောက်ပါပဲတဲ့--။
ဒါဆို ဒီလိုပုဂ္ဂိုလ်မျိုးတွေကို ဘယ်လိုနားလည်ပေးရတော့မှာလဲ---။
ဘေးထိုင်ဘုတောနေသူတွေလို့ ပဲကောက်ချက်ချရမှာပါပဲ။
ဒီလို အလုပ်မဖြစ်နိုင်တဲ့ လူမျိုးတွေများနေသေးရင်တော့ အပေါ်ကမေးခွန်းကို အသေအချောစဉ်းစားဖြေဆိုဖို့ လိုအပ်ပါလိမ့်မယ်။

ပြည်ပမှာ ချွေးသီးချွေးပေါက်ကျလောက်အောင် လက်သီးလက်မောင်းတန်း အာဏာရှင်စနစ် မြန်မာ့မြေပေါ်က
ပပျောက်ဖို့ အရေး တံတွေးထွက်အောင်ဟစ်နေသူတစ်ယောက်က ---
ကုမ္ပဏီစီးပွားရေးနဲ့ ကိစ္စတစ်ခုပက်သက်ပြီး စကားဆိုကြတော့--
“ခု (---)ပြည်နယ်ဝန်ကြီးက ကိုယ်နဲ့ ညီအကိုလိုနေခဲ့တဲ့ဘော်ဒါလေ--မောင်ရင်လိုအပ်တဲ့ အကူအညီကိုပြော--
အေးဆေးပဲ--”လို့  ကိုယ်လိပ်ပြာကိုမှကိုယ်မရှက် ပြောထွက်သူ အခွင့်အရေးကိုပဲ ကျားချောင်းချောင်းနေသူတွေ
ဘယ်လောက်တောင်ရှိနေသေးသလဲ--။
မိတ်ဆွေတို့ ----
ဒီလိုလူမျိုးတွေ ဒီခရီးမှာ များနေသေးတယ်ဆိုရင်ဖြင့် အပေါ်ကမေးခွန်းတွေကို အသေအချာစဉ်းစားဖြေဆိုကြဖို့  လိုအပ်လိမ့်မယ်ဖြစ်ကြောင်းပါခင်ဗျာ----။
2012-9-30
p:m 16:53

စည်းနဲ့ကမ်းနဲ့ မြန်မာစာ

by Moenge Aung on Saturday, September 29, 2012 at 9:01pm


ညီလေး
အရင်တလောက ကိုကြီးရေးလိုက်တဲ့ “အကဲခတ် နဲ့ အကဲခပ်”အကြောင်း စာထဲမှာ “စုတူသတ် စနစ်” အကြောင်း ပါသွားတော့ သီလေးက စိတ်ဝင်စားပြီး နည်းနည်းလောက် ချဲ့ပြီးရှင်းပြပေးပါလို့ တောင်းဆိုလာလို့ ဒီစာကို ဆက်ရေးလိုက်တာပါ။ “စုတူသတ်စနစ်” အကြောင်း ညီလေး စိတ်ဝင်စားတာ ဝမ်းသာပါတယ်။ ညီလေး စာစိတ်ပေစိတ် ဝင်လာတာကို ချီးကျူးကြိုဆိုပါတယ်။
တကယ်တော့ “စုတူသတ်စနစ်”ဆိုတာ ကိုကြီး ပေးထားတဲ့ နာမည်ပါ။ နာမည်ကိုသာ ပေးတာနော်။ ဒီစနစ်ကတော့ မြန်မာစကား၊ မြန်မာစာမှာ နဂိုကတည်းက ရှိပြီးသားစနစ်ပါ။ စနစ်နာမည် တပ်လို့ပဲ ဖြစ်ဖြစ်၊ စနစ်နာမည် မတ်ဘဲပဲ ဖြစ်ဖြစ်၊ ဒီစနစ်ကို သုံးနေကြပါတယ်။ ဒီစနစ်ကလည်း မြန်မာစကား မြန်မာစာမှာ စာလုံးပေါင်းသတ်ပုံ မှန်ကန်ဖို့နဲ့ အနက်အဓိပ္ပါယ်သိဖို့ အလွန်ကောင်းတဲ့စနစ် ဖြစ်နေတာကိုး၊ ဆရာတော် ဦးကောသလ္လကတော့ “ဗြဟ္မနိရုတ္တိနယသင်္ဂဟ ခေါ် မြန်မာစာလုံးပေါင်း ပြောင်းထုံးကျမ်း(၁၉၈၅)မှာ အက္ခရာ ဖိုမ ပြောင်းလဲခြင်း”လို့ ခေါ်ထားလေရဲ့။

“စုတူသတ်စနစ်”လို့ နာမည်ပေးရတဲ့အကြောင်းကစပြီး ရှင်းပြပါမယ်။ မြန်မာစာမှာ အသတ် ၁၀-ပါး ရှိတာကို ညီလေးသိပါတယ်။ က-သတ်၊ င-သတ်၊ စ-သတ်၊ ည-သတ်၊ တ-သတ်၊ န-သတ်၊ ပ-သတ်၊ မ-သတ်၊ ယ-သတ်၊ ဝ-သတ်၊ ဆိုတာတွေပေါ့။
ဒါက ရှေးအစဉ်အလာ သတ်မှတ်ခဲ့ကြတဲ့ မြန်မာအသတ် ၁၀-ပါး။ အခုသတ်မှတ်ထားတာလည်း အသတ် ၁၀-ပါးပဲ။ အဲဒါတွေကတော့ က-သတ်၊ င-သတ်၊ စ-သတ်၊ ဉ-သတ်၊ ည-သတ်၊ တ-သတ်၊ န-သတ်၊ ပ-သတ်၊ မ-သတ်၊ ယ-သတ်၊ ဆိုတာတွေပါ။
ရှေးအစဉ်အလာ မြန်မာအသတ် ၁၀-ပါးထဲမှာ ဝ-သတ်ပါတယ်၊ ဉ-သတ် မပါဘူး၊ အခု သတ်မှတ်တဲ့ အသတ် ၁၀-ပါးမှာတော့ ဝ-သတ် မပါဘူး၊ ဉ-သတ်ပါတယ်။ ဆယ်ပါးတော့ ဆယ်ပါးချည်းပဲ။
မြန်မာမှာ-
က၊ ခ၊ ဂ၊ ဃ၊ င-ဆိုတဲ့ က-ဝဂ် ဗျည်း ၅-လုံး
စ၊ ဆ၊ ဇ၊ ဈ၊ ည-ဆိုတဲ့ စ-ဝဂ် ဗျည်း ၅-လုံး
ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ-ဆိုတဲ့ ဋ-ဝဂ် ဗျည်း ၅-လုံး
တ၊ ထ၊ ဒ၊ ဓ၊ န-ဆိုတဲ့ တ-ဝဂ် ဗျည်း ၅-လုံး
ပ၊ ဖ၊ ဗ၊ ဘ၊ မ-ဆိုတဲ့ ပ-ဝဂ် ဗျည်း ၅-လုံး
ရယ်လို့ ဝဂ်ဗျည်း ၂၅-လုံးရှိတယ်ဆိုပြီး ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ ဋ-ဝဂ်ဗျည်း ၅-လုံးကိုတော့ ပါဠိဗျည်းသက်သက်ဖြစ်လို့ ချန်ထားရပါတယ်။ အဲဒီတော့ မြန်မာမှာ ဝဂ်ဗျည်း (၂၀) ရှိတယ်ဆိုပါစို့၊ (သဒ္ဒဗေဒသဘောအရ မြန်မာဗျည်းတွေအကြောင်း အလျဉ်းသင့်တဲ့အခါ ရှင်းပြပါဦးမယ်) အဲဒီဝဂ်ဗျည်း (၂၀)မှာ မြန်မာမှုအရ အသတ်ဗျည်းတွေက ၈-လုံး ရှိပါတယ်။
အဲဒါတွေကတော့---
က-ဝဂ်မှာ က-သတ်နဲ့ င-သတ်၊ ဝဂ်တူ၊ အစုတူ၊
စ-ဝဂ်မှာ စ-သတ်နဲ့ ည-သတ်၊ ဝဂ်တူ၊ အစုတူ၊
တ-ဝဂ်မှာ တ-သတ်နဲ့ န-သတ်၊ ဝဂ်တူ၊ အစုတူ၊
ပ-ဝဂ်မှာ ပ-သတ်နဲ့ မ-သတ်၊ ဝဂ်တူ၊ အစုတူ၊ တို့ ဖြစ်ပါတယ်။
စ-ဝဂ်က ည-ဆိုတာမှာ ဉ-ကလေးသတ်နဲ့ ည-ကြီးသတ်ဆိုတဲ့ နှစ်မျိုးလုံးကို ထည့်ရပါတယ်။ အဲဒီလိုဆိုရင်တော့ မြန်မာအရ အသတ်ဗျည်း ၉-လုံးပေါ့။
က-သတ်၊ င-သတ်၊ စ-သတ်၊ ဉ-ကလေးသတ်၊ ည-ကြီးသတ်၊ တ-သတ်၊ န-သတ်၊ ပ-သတ်၊ မ-သတ်၊ ဆိုတာတွေပါပဲ။
ဒီလိုဆိုတော့ က-ဝဂ် က-အစုမှာ က နဲ့ င ဝဂ်တူ၊ အစုတူတာမို့ က-သတ်နဲ့ င-သတ်က စုတူသတ်ပေါ့။
အဲဒီလိုပဲ စ-ဝဂ်မှာ စ-သတ်နဲ့ ဉ-သတ်၊ ည-သတ် တို့က စုတူသတ်။
တ-ဝဂ်မှာ တ-သတ်နဲပ မ-သတ်တို့က စုတူသတ်။
ပ-ဝဂ်မှာ ပ-သတ်နဲ့ မ-သတ်တို့က စုတူသတ်တွေပဲ။
ဒီနေရာမှာ ညီလေးကို ထပ်မှာချင်တာကတော့ မ-သတ်နဲ့ သေးသေးတင်ကလည်း တူတာမို့ ပ-သတ်နဲ့ သေးသေးတင်ကိုလည်း စုတူသတ်လို့ ဆိုနိုင်ပါတယ်။
တနည်းပြောရရင်တော့ ပ-သတ်နဲ့ မ-သတ်၊ သို့မဟုတ် သေးသေးတင်ပေါ့။
ညီလေး ထပ်ပြီးမှတ်စရာတွေ ရှိသေးတယ်နော်။ အဲဒါကတော့
က-သတ် ၃-လုံး၊ င-သတ် ၉-လုံး၊
စ-သတ် ၁-လုံး၊ ဉ-သတ် ၃-လုံး၊ ည-သတ် ၃-လုံး၊
တ-သတ် ၃-လုံး၊ န-သတ် ၉-လုံး၊
ပ-သတ် ၃-လုံး၊ မ-သတ် ၉-လုံး ရှိတယ်ဆိုတာပါပဲ။
အဲဒီမှာ က-သတ်၊ စ-သတ်၊ တ-သတ်၊ ပ-သတ်၊ (က၊ စ၊ တ၊ ပ၊ အသတ်) တွေကို ရှေးကတော့ “တိုင်သံ” လို့ ခေါ်ကြတယ်။ “သက်အောင့်သံ”လို့လည်း ခေါ်ကြသေးတယ်။ သံရပ်သရတွေကို ဖြစ်စေတာမို့ “ရပ်သံ”လို့လည်း ခေါ်မှာပေါ့လေ။
င-သတ်၊ ဉ-သတ်၊ ည-သတ်၊ န-သတ်၊ မ-သတ် ( င၊ ဉ၊ ည၊ န၊ မ-အသတ်တွေ) တွေကိုတော့ “နှာသံ”လို့ ခေါ်ပါတယ်။
အခု ကိုကြီးပြောနေတဲ့ က-သတ်၊ စ-သတ်၊ တ-သတ်၊ ပ-သတ်တွေနဲ့ င-သတ်၊ ဉ-သတ်၊ ည-သတ်၊ န-သတ်၊ မ-သတ် ဆိုတာတွေဟာ ဝဂ်ဗျည်းသတ်တွေ၊ အစုဗျည်းသတ်တွေနော်။ အဲဒီ ဝဂ်ဗျည်း၊ အစုဗျည်းတွေမှာ ဝဂ်တူ၊ အစုတူ အသတ်ချင်း အနက်နှီးနွယ်ဆက်စပ်တယ်။ အနက်တူတယ်ဆိုတာကို ပြောချင်လို့ ဝဂ်တူသတ်၊ ဒါမှမဟုတ် စုတူသတ်စနစ်လို့ ခေါ်လိုက်တာပါပဲ။ ပိုပြီးမှတ်မိသွားအောင် ထပ်ပြီး ဇယားချကြည့်လိုက်ကြရအောင်။
ပထမက္ခရာသတ်.......ဝဂ္ဂန္တအက္ခရာသတ်...................................ဝဂ်အမည်-(အစုအမည်)............မှတ်ချက်
သက်အောင့်သံ.......သံရှည်..........သံတို..........သံလေး............
အက်.......................အင်................အင့်............အင်း.................ကဝဂ်................အနက်နှီးနွှယ်(သို့)အနက်တူ
အောက်..................အောင်............အောင့်.......အောင်း................က-ဝဂ်.......................................။...
အိုက်.......................အိုင်................အိုင့်............အိုင်း..................က-ဝဂ်.......................................။
အစ်.........................အဉ်................အဥ့်............အဉ်း...................စ-ဝဂ်........................................။
.........................အည်..............အည့်..........အည်း.................စ-ဝဂ်.........................................။
အတ်........................အန်...............အန့်............အန်း...................တ-ဝဂ်.......................................။
အိတ်........................အိန်...............အိန့်............အိန်း....................တ-ဝဂ်......................................။
အုတ်........................အုန်................အုန့်...........အုန်း....................တ-ဝဂ်......................................။
အပ်..........................အမ်(အံ).........အမ့်(အံ့)....အမ်း....................ပ-ဝဂ်........................................။
အိပ်..........................အိမ်.................အိမ့်...........အိမ်း...................ပ-ဝဂ်........................................။
အုပ်..........................အုမ်(အုံ)..........အုမ့်(အုံ့)....အုမ်း(အုံး)...........ပ-ဝဂ်........................................။
အဲဒီတော့ ဇယားကြည့်တာနဲ့ က-ဝဂ် (က-အစု) မှာ အက် နဲ့ အင်၊ အင့်၊ အင်း၊
အောက် နဲ့ အောင်၊ အောင့်၊ အောင်း၊
အိုက် နဲ့ အိုင်၊ အိုင့်၊ အိုင်း-တို့ အနက်အဓိပ္ပါယ် နှီးနွှယ်ဆက်စပ်တယ်၊ တူညီတယ်။
စ-ဝဂ် (စ-အစု) မှာ အစ် နဲ့ အဉ်၊ အဥ့်၊ အဉ်း၊
အည်၊ အည့်၊ အည်း-တို့ အနက်အဓိပ္ပါယ် နှီးနွှယ်ဆက်စပ်တယ်။ တူညီတယ်။
တ-ဝဂ် (တ-အစု)မှာ အတ် နဲ့ အန်၊ အန့်၊ အန်း၊
အိတ် နဲ့ အိန်၊ အိန့်၊ အိန်း၊
အုတ် နဲ့ အုန်၊ အုန့်၊ အုန်း-တို့အနက်အဓိပ္ပါယ် နှီးနွှယ်ဆက်စပ်တယ်၊ တူညီတယ်။
ပ-ဝဂ် (ပ-အစု)မှာ အပ် နဲ့ အမ်၊ အမ့်၊ အမ်း၊ (အံ၊ အံ့)
အိပ် နဲ့ အိမ်၊ အိမ့်၊ အိမ်း၊ နဲ့ အုမ်၊ အုမ့်၊ အုမ်း၊ (အုံ၊ အုံ့၊ အုံး) အနက်အဓိပ္ပါယ် နှီးနွှယ်ဆက်စပ်တယ်၊ တူညီတယ် ဆိုတာတွေကို သိနိုင်လောက်တယ်ထင်ပါရဲ့။
အဲဒီ “စုတူသတ်စနစ်”ကိုသိရင် စုတူသတ်ရဲ့ သဘောသဘာဝ-ကို သိရင် မြန်မာစာမှာ အထူးသဖြင့် အသတ်အလတ်ကိစ္စမှာလည်း ပိုင်-မယ်။ မြန်မာစာ မြန်မာစကားရဲ့ အနက်အဓိပ္ပါယ်အရာမှာလဲ နိုင်-မယ်လို့ ပြောနိုင်မယ် ထင်ပါတယ်။ အကဲခတ် နဲ့ အကဲခပ်-အကြောင်းပြောတုန်းက အကဲခတ်-ကို တ-သတ်၊ ခတ်နဲ့ရေးမှ သင့်တယ်။ မှန်တယ်ဆိုတာဟာ အကဲခတ်-ကို အကဲခန့်-နဲ့ ဖလှယ်ပြီး အကဲကို ခန့်မှန်းတယ်ဆိုတဲ့ အနက်အဓိပ္ပါယ်ရတယ်ဆိုတာ အခြေခံပြီး ပြောခဲ့တာပဲ။ အကဲကို ခန့်မှန်းတယ်၊ အကဲခန့်တယ်၊ အကဲခတ်တယ်ပေါ့၊ အကဲကို တီးခတ်၊ တီးခေါက်တဲ့အနက်နဲ့ ကြံရင်လည်း အကဲခတ်-လို့ တ-သတ် ခတ်-နဲ့ ရေးရမှာပဲ မဟုတ်လား။ ကဲ စုသူသတ်စနစ်ဟာ မြန်မာစာမှာ စာလုံးပေါင်းသတ်ပုံနဲ့ အနက်အဓိပ္ပါယ်ဆိုင်ရာတွေမှာ တနည်းပြောရရင် မြန်မာစာမှာ အရေးနဲ့အနက်မှာ ဘယ်လောက်အသုံးဝင် အရာရောက်သလဲဆိုတာ သာဓကလေးတွေနဲ့ ကြည့်လိုက်ကြရအောင်၊ က-သတ်နဲ့ င-သတ်က စလိုက်ကြတာပေါ့။
က-သတ်မှာ အက်၊ အောက်၊ အိုက်-လို့ က-သတ် ၃-လုံး ရှိတယ်နော်။
င-သတ်ကတော့ အင်၊အင့်၊ အင်း။ အောင်၊ အောင့်၊ အောင်း၊ အိုင်၊ အိုင့်၊ အိုင်း-ရယ်လို့ ၉-လုံးပေါ့။
အက်,အင်၊ အင့်၊ အင်း
က-သတ် အက် ကာရန်နဲ့ င-သတ် အင်၊ အင့်၊ အင်း ကာရန်တွေ အနက်နှီးနွှယ် ဆက်စပ်တာ၊ အနက်တူတာကို သာဓကလေးတွေနဲ့ ရှင်းပြပါမယ်။
မြန်မာစာ၊ မြန်မာစကားမှာ “လေ့ကျက်၊ လေ့ကျင့်”ဆိုတဲ့ စကားနှစ်လုံးရှိတာ ညီလေးသိပြီးသားပါ။ အဲဒီစကားနှစ်လုံးဟာ မူလအနက်အားဖြင့်တော့ တသဘောတည်းပါပဲ။ ကျက် နဲ့ ကျင့်က က-သတ်နဲ့ င-သတ် စုတူသတ်လေ။ တဆက်တည်း တစပ်တည်း တဝဲလည်လည်၊ ဖန်တလဲလဲ ပြုလုပ်တဲ့ အနက်ရှိတယ်။
(စာ)ကျက်တယ်ဆိုတာ (စာကို) နှုတ်တက်ရအောင် စွဲမြဲမှတ်မိအောင် ထပ်တလဲလဲ ကြိမ်ဖန်များစွာ ရွတ်ဆိုတာပဲ။
ကျင့်တယ်ဆိုတာလည်း အမှုအလုပ်တခုခုကို ကျွမ်းကျင်အောင် ထပ်တလဲလဲ ပြုမူတာပဲ မဟုတ်လား။ မူလအနက်သဘောတူတူပဲနော်။ ဒါပေမဲ့ အသုံးအနှုန်းအရ လေ့ကျက် နဲ့ လေ့ကျင့်ဟာ ရိုးတိုးရိပ်တိပ်တော့ အနက်ရိပ်ပြားတာကို မှတ်ထားဖို့ကောင်းတယ်။
မြန်မာစာအဖွဲ့က ပြုစုတဲ့ မြန်မာအဘိဓာန်မှာ လေ့ကျက်ကို စွဲမြဲအောင် အကြိမ်ကြိမ် ကြည့်ရှုမှတ်သားသည်-လို့ ဖွင့်ပြီး လေ့ကျင့်ကိုတော့ စွမ်းရည်တိုးအောင် အထပ်ထပ်အားထုတ်သည်-လို့ ဖွင့်ထားတယ်လေရဲ့။ ဒီနေရာမှာ လေ့ကျက် နဲ့ လေ့ကျင့်ကို အချို့က အနက်တူလို့တောင် ယူတတ်ကြတယ်။ အနက်တူ-လို့ မယူဘဲ အနက်နှီးနွှယ် ဆက်စပ်လောက်နဲ့ဆိုရင် သင့်မယ်ထင်ပါတယ်။
ကွက် နဲ့ ကွင်းလည်း စုတူသတ်၊ အနက်တူ ဆိုတာ ညီလေး တွေးမိပြီထင်ပါတယ်။ ကွက်ရော ကွင်းပါ တဆက်တည်း၊ တစပ်တည်းဖြစ်တဲ့ အနက်ရင်းကို အခြေခံတာပဲ။ အကွက် နဲ့ အကွင်း၊ လယ်ကွင်း နဲ့ လယ်ကွက်၊ ကွက်ကွက် နဲ့ ကွင်းကွင်း တို့ကတော့ က-သတ်၊ င-သတ် အနက်တူဆိုတာ ပေါ်လွင်တဲ့ သာဓကတွေပါ။ သွေကွက်က ကွက်နဲ့ ကွေကွင်းက ကွင်းတို့ အနက်တူကိုလည်း စဉ်းစားကြည့်နိုင်ပါတယ်။ သွေကွက်က ကွက်ဟာ သွေသွား၊ ဖည်သွား၊ ကွင်းသွားတာပဲ မဟုတ်လား။
ခက် နဲ့ ခင် လည်း စုတူသတ်၊အနက်တူပဲ ညီလေး။ အနက်ရင်းကတော့ ဆက်စပ်ပူးယှဉ် နှောင်ဖွဲ့တွဲချည်တဲ့ အနက်ပဲ။ ကြိုး၊ ကြိမ်၊ တမျိုးမျိုးနဲ့ ပူးတွဲချည်ဖွဲ့တာကို ကြိုးနဲ့ခက်တယ်၊ ကြိမ်နဲ့ ခက်တယ်လို့ ပြောတာ ညီလေးသိပါတယ်နော်။ ချည်မျှင်တွေကို ပေါင်းစည်းဖွဲ့ယှက် တွဲဖွဲ့ထားလိုက်ရင် ချည်ခင်မဖြစ်ပေဘူးလား။ ခက် နဲ့ ခင် အနက်တူတာ ထင်ရှားပါတယ်။ တဦးနဲ့တဦး သံယောဇဉ် ကြိုးနဲ့ ချည်ထား၊ နှောင်ထား၊ ဖွဲ့ထား၊ လက်ထားတာကို ခင် တယ်လို့ ပြောတာလည်း အလားတူပဲပေါ့။
တွက်ချက်တယ်၊ ချင့်တွယ်တယ်၊ ချင့်ချိန်တယ်-ဆိုတဲ့ စကားတွေမှာ ချက် နဲ့ ချင့် အနက်ရင်းတူတာကို သိနိုင်ပါတယ်။ ဂဏန်းပုစ္ဆာရဲ့ အဖြေကို ရှာတာကိုလည်း တွက်ချက်တယ်လို့ ဆိုတယ်။ တွက်ဆတဲ့သဘော၊ မှန်းဆတဲ့သဘော၊ ချင့်ချိန်တဲ့သဘောမှာလည်း တွက်ချက်ကို သုံးပါတယ်။ ချင့်ချိန်တယ်ဆိုတာကတော့ ကောင်း-မကောင်း၊ သင့်-မသင့် အစရှိတာကို တိုင်းဆ ဆင်ခြင်တာပါပဲ။ ချက် နဲ့ ချင့်-ဟာ စုတူသတ်၊ အနက်တူပေါ့။
ခွက်ရဲ့အနက်က မျက်နှာပြင် ချိုင့်ဝှမ်းတဲ့ အနက်ဖြစ်ပါတယ်။ ပက်လက်အနေအထား၊ ပက်လက်အနေအထားမှာ ချိုင့်ဝှမ်းတဲ့သဘောပါ။ ခွင် ရဲ့အနက်ကလည်း ကွေးတာ ကောက်တာ၊ ချိုင့်ဝှမ်းသဘောမျိုး ဖြစ်တာပါပဲ။ ဒေါင်လိုက်အနေအထား၊ မတ်မတ်အနေအထားမှာ ကွေးတာ ကိုင်းတာ မျိုးပါ။ ဒါကြောင့် ခြေထောက် နည်းနည်းကွေးတာကို ခြေခွင်တယ်၊ ခွင်တယ်-လို့ ဆိုကြတာပဲ။
ဒိုးကစားတဲ့အခါ ဒိုးစိုက်ဖို့ တွင်းရာကလေး၊ အခွက်ကလေး၊ လုပ်ထားရတယ် မဟုတ်လား။ အဲဒီအခွက်ကလေးကို ခွင်လို့ ခေါ်တာ ညီလေးသိပါတယ်။ ခွက် နဲ့ ခွင် စုတူသတ်ပေါ့။ ချိန်ခွင်မှာ ခွင်ရဲ့အနက်ကို က-သတ်နဲ့ ဖလှယ်လိုက်ရုံပါပဲ။ ခွင်-ဆိုတာ ခွက်နဲ့ အတူတူပဲလို့ သိသွားတာပေါ့။
အသားအရေ ချောမွေ့နူးညံ့တာမျိုး၊ အဆိုအက အရေးအသား ပြေပြစ်တာမျိုးကို ညက်တယ်လို့ ပြောကြတယ်။ အပြောအဆို အပြုအမူ ညက်ညောတာကို ညင်သာတယ်လို့ ဆိုတယ်လေ။ ညက်ညောက ညက်နဲ့ ညင်သာက ညင်ဟာ စုတူသတ် အနက်တူပါပဲ။ လေပြေလေညင်းဆိုတာ ညက်ညက်ညောညော၊ ညင်ညင်သာသာ၊ ညင်းညင်းပျောင်းပျောင်း၊ ညင်းညင်းပျပျ တိုက်တဲ့လေကို ခေါ်ပါတယ်။ ညက်ညော၊ ညင်သာ၊ ညင်းပျောင်း၊ ညင်းပျ တို့မှာပါတဲ့ ညက်၊ ညင်၊ ညင်း-တို့ စုတူသတ် အနက်တူပဲနော်။ လေပြည်လေညင်းလို့ ရေးတဲ့အခါ ညင်းမှာ ဟထိုး ပါ-မပါ သိချင်ရင် ညက်နဲ့ ဖလှယ်ကြည့်၊ တိုက်ဆိုင်ကြည့်လို့ ရပါတယ်။ ညက်မှာ ဟထိုးမပါတော့ ညင်းမှာလည်း ဟထိုး မပါရဘူးပေါ့။ စာလုံးပေါင်း သတ်ပုံကိုလည်း မှန်စေတဲ့ စုတူသတ်စနစ်လေ။
အရာဝတ္ထုတခုရဲ့ မျက်နှာပြင်အနံကို ဗြက်လို့ ခေါ်တယ်။ ဗြက်ရဲ့ ရင်းမြစ်သဘောကိုလည်း မသိ၊ စုတူသတ် စနစ်နဲ့လည်း မချိန်မိသူတွေက ဗျက်လို့ မှားရေးတတ်ကြတယ်။ တကယ်တော့ မျက်နှာပြင်၊ မြေပြင်၊ ရေပြင်လို ပြင်၊ အပြင်နှင့် ဆက်နွှယ်စဉ်းစားကြည့်ရင် အနက်အဓိပ္ပါယ်လည်း သိ၊ စားလုံးပေါင်း သတ်ပုံလည်း သိသွားနိုင်ပါတယ်။ ပြင်ကိုပဲ ပြက်လို့ ဖလှယ်လိုက်ပါ။ ပြက်ကို အသံစွဲအရေးနဲ့ ရေးရင် ဗြက်ပဲပေါ့။ ဗြက်တိုတာ ရေပြင်၊ မြေပြင်၊ မျက်နှာပြင်တို့က ပြင်နဲ့ အနက်တူတာကို သိရင် ဗြက်လို့ ရရစ်နဲ့ ရေးတာကိုလည်း ဘဝင်ကျကျ လက်ခံနိုင်တာပေါ့။
မက်မော၊ တပ်မက်၊ စွဲမက်တို့မှာပါတဲ့ မက်ဟာ ခုံမင်၊ ခင်မင်တို့မှာပါတဲ့ မင်နဲ့ အနက်မတူပေဘူးလား။ မက်ကလည်း စွဲလမ်းတွယ်တာတဲ့ အဓိပ္ပါယ်၊ မင်ကလည်း စွဲလမ်းတွယ်တာတဲ့ အဓိပ္ပါယ်ပဲလေ။ အစားမက်တယ်ဆိုတာ အစား မင်တာပဲပေါ့။ ခုံမင် နဲ့ ခုပ်မက် တို့က မင်တာနဲ့ မက်တာ တူသလို၊ ခုံတာနဲ့ ခုပ်မက်-တို့က မင်တာ နဲ့ မက်တာ တူသလို၊ ခုံတာနဲ့ ခုပ်တာလည်း အတူတူပါပဲ။ ခင်မင်တယ်၊ ခင်မက်တယ်လို့ ပရိယာယ်အနေနဲ့ သုံးတာလည်း ညီလေးသိမှာပါ။
ဦးယာရဲ့ အဲချင်းတပုဒ်မှာ “ဟက်လက်ကယ်တဲ့ ဟာလာ၊ အသည်းလှိုက်ဆူ၊ မယ့်ကြင်သူငယ်ကြောင့်၊ လွမ်းပူဆာလို့လေ” ဆိုတဲ့ စာလေးကို တွေပတော့ သြော်-ဟက်လက်ဆိုတာ ဟင်းလင်းပါပဲကလားလို့ တွေးမိပြီး စုတူသတ်စနစ်ကို အတော် ကျေးဇူးတင်မိတယ်။
စာလည်းအတော်ရှည်သွားပြီ။ နောက်မှ ဆက်ရေးလိုက်ပါမယ်။ စိတ်ရှည်ရှည် ဇွဲကြီးကြီးနဲ့သာ ဆက်ဖတ်ဖို့ အားခဲထားပေတော့။
မြန်မာစာကို ချစ်မြတ်နိုးတတ်ပါစေ။
ကိုကြီး။
ထွန်းတင်
(မြဝတီမဂ္ဂဇင်း ၂၀၀၁-ဇန်နဝါရီလ)

သို့ ..... ညီမလေး


တစ်လောက အင်တာနက်မှာ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုဖိုင်နဲ့ ပက်သက်ပြီး မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ အနည်းငယ် ပြောလိုပါတယ် ။ မြန်မာဆိုတာ ခေတ်အဆက်ဆက်က အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့သူတွေပါ ။ အမျိုးထိရင် မချိအောင်နာတတ်တာ မြန်မာလူမျိုးပါ ။

မြန်မာဆိုတာ ကိုယ့်လူမျိုးကို မဆိုထားနဲ့ ၊ လူမျိုးခြားတွေ ကိုယ့်မျက်စိရှေ့မှာ ဒုက္ခရောက်နေတာတွေ့ရင်တောင် ၊
ကိုယ်နဲ့မဆိုင်သလို မနေတတ်ပဲ ၊ စိတ်ရောကိုယ်ပါ ဝင်ရောက်ကူညီတတ်သူတွေပါ ။
မြန်မာလူမျိုးတွေရဲ့ စိတ်ထားကို မြန်မာလူမျိုးချင်း ပြန်ပြီး တရားချနေတာ မဟုတ်ပါဘူး ။
မြန်မာပြည်ကို အင်္ဂလိပ် အုပ်ချုပ်တဲ့ခေတ်က အင်္ဂလိပ် အရေးပိုင်မင်းတစ်ယောက်ဟာ ၊
မီးရထားလမ်းဖောက်လုပ်ဖို့အတွက် ၊ မာန်လည်ဆရာတော်ဘုရားကြီးကို လျှောက်ထားခဲ့ဖူးပါတယ် ။
ဖောက်လုပ်မယ့် မီးရထားလမ်းဟာ ကျောင်းဝင်းနဲ့ မလွတ်တဲ့အတွက် ဆရာတော်ကြီးရဲ့ ကျောင်းတော်ကို ရွှေ့ပေးဖို့ ကိစ္စပါ ။
ဆရာတော်ကြီးက ရွှေ့မပေးနိုင်ကြောင်း မိန့်တော်မူတဲ့အခါမှာ
အရေးပိုင်မင်းက ၊ ဒီနိုင်ငံဟာ အင်္ဂလိပ် အုပ်ချုပ်နေတဲ့ နိုင်ငံ ဖြစ်တဲ့အတွက် ရွှေ့ပေးရမယ်လို့ ဆိုပါတယ် ။
အဲဒီတော့ ဆရာတော်ဘုရားကြီးက ....
" တကာတော်ရဲ့ မိခင်က တကာတော်ရဲ့ ဖခင်ကို မချစ်မနှစ်သက်တော့လို့ ၊
တရုတ်ကို ယူလိုက်တယ် ဆိုပါစို့ ။
တကာတော့်မိခင်ဟာ တရုတ်ဖြစ်သွားပါသလား..... "
" မဖြစ်ပါဘူး ဆရာတော်
အမေကတော့ အမေပါပဲ ။ "

" ဒါဆိုရင် တရုတ်ကလည်း ဝက်သားစားလွန်းလို့ဆိုပြီး ကုလားကိုပြောင်းယူလိုက်တော့ရော ၊
တကာတော့်မိခင်ဟာ ကုလားဖြစ်သွားရောလား..... " ။
" မဖြစ်ပါဘူး ဆရာတော်
အမေကတော့ အမေပါပဲ ။ "
" အေး..... အဲဒီလိုပဲ တကာတော်.....
ဘယ်မင်းတက်တက် ဘယ်အစိုးရတက်တက်.....
သာသနာ့ နယ်မြေဟာ သာသနာ့ နယ်မြေသာ ဖြစ်တယ် " ။

ကျောင်းကပြန်အဆင်းမှာ စိတ်ထဲ မကြည်လင်တဲ့ အရေးပိုင်မင်းက ဆရာတော်ကြီးကို လျှောက်တယ် ။
" အရှင်ဘုရား..... ဒီအုတ်လှေကားထစ်တွေကိုလည်း အုတ်နဲ့လုပ်တာပါပဲ ၊
ဟိုမှာမြင်နေရတဲ့ အိမ်သာကိုလည်း အုတ်နဲ့လုပ်တာပါပဲ ။
ဘုရားဆင်းတုတော်တွေကိုလည်း အုတ်နဲ့လုပ်တာပဲဖြစ်လို့ ၊
အုတ်နဲ့လုပ်ထားတဲ့ လှေကားထစ်တွေ အိမ်သာတွေကို ရှိခိုးကန်တော့ရင်ရော ၊
အတူတူပဲ မဟုတ်ဘူးလား ဘုရား ။ "
" အေး..... တကာတော်.... တကာတော့်မှာ အမေရှိလား "
" ရှိပါတယ် ဆရာတော် "
" အမ နှမတွေရော ရှိလား "
" ရှိပါတယ် ဆရာတော် "
" ဇနီးမယားရော ရှိလား "
" ရှိပါတယ် ဆရာတော် "
" အေး..... ဒါဆိုရင်..... အားလုံးဟာ မိန်းမ အမျိုးအစားချည်းပဲ ဖြစ်တဲ့အတွက် ၊
ဇနီးမယားအပေါ် ဆက်ဆံပြုကျင့်သကဲ့သို့ ..... အမေ အမနဲ့ နှမတွေကိုပါ တစ်တန်းထားပြီး ဆက်ဆံပြုကျင့်လို့ ရနိုင်ပါ့မလား "
" အဲဒီလိုတော့ မရပါဘူး ဆရာတော် "
" အမေကို အမေလို.... အမကို အမလို..... နှမကို နှမလို.... သူ့နေရာနဲ့သူ ဆက်ဆံရပါတယ် "
" အေး..... အဲဒီလိုပါပဲ တကာတော် "
" အုတ်ချင်းတူပေမယ့် ဘုရားအုတ် သိမ်အုတ်နဲ့ ၊ အိမ်သာအုတ် လှေကားအုတ်တို့ဟာလည်း ၊
သူ့နေရာနဲ့သူ တန်ဖိုးချင်းကွာတယ် တကာတော် " ။

ဒီနေရာမှာ.... ကျွန်တော့်အနေနဲ့ အခုလက်ရှိဖြစ်ပျက်နေတာတွေကို သုံးသပ်မိတာ တစ်ခုရှိပါတယ် ။
ဘာလည်းဆိုတော့ .....
ပထမအချက်အနေနဲ့
ဘယ်လိုနေရာပဲရောက်နေနေ ..... ဘယ်လိုအခြေအနေပဲရောက်နေနေ.....
ဘယ်လိုခေတ်မျိုးပဲ ရောက်နေနေ ၊
မြန်မာမိန်းကလေးဟာ မြန်မာမိန်းကလေး ဆိုတာပါပဲ ။
ဒုတိယအချက်အနေနဲ့ အမျိုးသမီးချင်းအတူတူ
မြန်မာ အမျိုးသမီးကောင်းလေးတွေကို တန်ဖိုးရှိတဲ့ အုတ်ကလေးတွေပဲ ဖြစ်စေချင်ပါတယ် ။
မြန်မာဟာ မြန်မာပါပဲ ။
ကမ္ဘာပေါ်မှာ အရှက်အကြောက်ကြီးတဲ့ လူမျိုးဟာ မြန်မာပါ ။
မိန်းမတို့အိနြေ္ဒ ရွှေပေးလို့မရ ဆိုတာ မြန်မာမိန်းကလေးတွေကို တင်စားခဲ့တာပါ ။
အထူးသဖြင့် ပြည်ပမှာ .....
လစာနည်းလို့ .... အကြွေးနဲ့လာခဲ့ရလို့ .....
မိသားစုတွေကို ထောက်ပံ့ချင်လို့ ....
အဲဒီလို အကြောင်းတရားတွေကြောင့် ၊ တိုင်းတပါးသားတွေနဲ့ Living Together နေနေရတာပါတဲ့လား ။
ဒါတွေက မလုံလောက်တဲ့ အကြောင်းပြချက်တွေပါ ။
မိသားစု အဆင်မပြေတာကို ထောက်ပံ့ချင်တိုင်းသာ လူမျိုးခြားတွေနဲ့ ၊
Living Together နေကြစတမ်းဆိုရင် ၊
မြန်မာတစ်ပြည်လုံးက မြန်မာမိန်းကလေးတွေ နိုင်ငံထဲမှာ ရှိရှိသမျှ လူမျိုးခြားတွေကို ၊
အပြေးအလွှားနဲ့ကို Living Together အမြန်ဆုံးနေရမယ့် ကိန်းပါပဲ ။
ဆင်ခြင်နိုင်ကြပါစေ ညီမလေးတို့ရယ် ။

မလေးရှားက အဖြစ်အပျက်တစ်ခုအကြောင်း နားထောင်ကြည့်ပါ ။
မလေးရှားမှာ မြန်မာမိန်းကလေးအချို့ နီပေါလူမျိုးတွေနဲ့ ရည်းစားဖြစ်ပြီး သွားအိပ်တယ် ။
မလေးရှားမှာပဲ အလုပ်လုပ်နေတဲ့ အကိုဝမ်းကွဲလုပ်သူက သိတော့ ၊
နီပေါတွေနဲ့ ပြဿနာတက်တယ် ။ ရိုက်ကြ နှက်ကြ ဖြစ်တယ် ။
နောက်ဆုံး အဲဒီကောင်လေး နီပေါတွေဆီမှာ ဓားထိုးခံရတယ် ။
သူ့သူငယ်ချင်း မြန်မာအမျိုးသားလေးတွေက မခံနိုင်တော့ ၊ နီပေါတွေနဲ့ ရိုက်ပွဲတွေ ဆက်ဖြစ်တယ် ။
နောက်ဆုံး ဒီပြဿနာရဲ့ အစ ဖြစ်တဲ့ နီပေါတွေနဲ့ သွားအိပ်ခဲ့တဲ့ မြန်မာမိန်းကလေး အချို့ကို ၊
ကိုယ်ထိ လက်ရောက် ၊ ဒေါသ အလျောက် လက်နဲ့ ရိုက်ခဲ့ကြတယ် ။
အခု You Tube မှာ ပျံ့နှံ့နေတဲ့ အဲဒီ ဗွီဒီယိုဖိုင်ထဲမှာ ဒီမိန်းကလေးတွေရဲ့ မိဘတွေ မဟုတ်ပါပဲနဲ့ ၊
မဆိုင်ပါပဲနဲ့ ဝင်ရိုက်တဲ့ မြန်မာ ယောင်္ကျားလေးတွေကို ၊
ကျွန်တော်အပါအဝင် တော်တော်များများက လက်မခံနိုင်ကြတာ အမှန်ပါပဲ ။
သူတို့ ဘာကြောင့် ဒီလို လုပ်ခဲ့ရတာလဲ ။
ကျွန်တော်တို့ တစ်ချက်ပြန်ကြည့်ရအောင်ပါ ။

သွေးမတော် သားမစပ်လို့ မဆိုင်ပေမယ့် အမျိုးဂုဏ် ဇာတိဂုဏ်ကို အပွန်းပဲ့ မခံနိုင်လို့ ၊
ဒီလိုအဖြစ်တွေ ဖြစ်သွားခဲ့တယ်ဆိုတာတော့ သေချာလွန်းနေပါတယ် ။
ကိုယ့်ထမင်းကိုယ်စားပြီး လူမုန်းမယ့်အလုပ်ဆိုတာလောက်တော့ သူတို့ သေချာပေါက် သိနေပါလိမ့်မယ် ။
သူတို့တွေ မှန်တယ်လို့ မဆိုလိုပါဘူး ။
မှားတယ်ကွာ..... ဆိုရင်တောင်.....
စေတနာ အမှားဆိုတာ သေချာ သုံးသပ်ကြည့်ရင် မြင်နိုင်ပါတယ် ။
ဗွီဒီယိုဖိုင်ထဲမှာ မြန်မာမိန်းကလေးတွေ အရိုက်ခံနေရတာ မြင်တော့ စိတ်မကောင်းပါဘူး ။
အဲဒီဗွီဒီယိုဖိုင်ကိုကြည့်ပြီး ကျေနပ်ဝမ်းသာ ပီတိဖြစ်နေမယ့်သူတွေ တစ်ယောက်မှမရှိတာတော့ သေချာပါတယ် ။
ကျနော်တို့ မလေးရှားရောက်ခါစက မြန်မာ မိန်းကလေးဆိုတာ
မူးလို့ ရှူစရာတောင် မရှိတဲ့ အနေအထားပါ ။
ဒီနေ့လို အနေအထားမှာတော့ နေရာတိုင်းမှာ မတွေ့ချင်မှ အဆုံး မြန်မာမိန်းကလေးတွေ ဒုနဲ့ဒေးပါပဲ ။
စားဝတ်နေရေးကြောင့် ၊ အကြောင်းကြောင်းကြောင့် ပြည်ပမှာ မိဝေး ဖဝေး ငွေလာရှာနေကြတယ် ဆိုပါတော့ ။
အဲဒီတော့ ထမင်းစားရင် ငရုပ်သီးလေး ကိုက်စားပြီး တစ်ပြားကို နှစ်ပြားခွာတတ်တဲ့ ၊
ဘင်္ဂလားလို နီပေါလို လူမျိုးခြားတွေဟာ ၊
မြန်မာမိန်းကလေးတွေသာ ရမယ်ဆိုရင် လစာပါ အပြုတ်ခံတဲ့အထိ Living Together ဇာတ်လမ်းတွေ
မမြင်ချင်မှ အဆုံး ဖြစ်လာပါတော့တယ် ။
အဲဒီတော့ ..... မြန်မာယောင်္ကျားလေးတွေရဲ့ စိတ်ထဲမှာ မချိအောင်နာပါတယ် ။
ဂျိုဟိုးဘာရူးမြို့လေးမှာ မြန်မာမနဲ့အတူ တစ်ခါ ဆက်ဆံရင် မလေးငွေ မလေးငွေ 10 တဲ့ ။
ဈေးပေါလွန်းလို့ဆိုပြီး ဘင်္ဂလားတွေ ၊ နီပေါတွေ ၊ အင်ဒိုတွေ ၊ ဗီယက်နမ်တွေများ
ကြက်ပျံမကျ စည်ကားနေသတဲ့ ။
ကျွန်တော်တို့ နှလုံးသားမှာ ကျွန်တော်တို့ စိတ်ထဲမှာ မချိအောင်နာပါတယ် ညီမလေးတို့ရယ် ။

မလက္ကာမြို့မှာ မြန်မာမတစ်ယောက် ဘင်္ဂလားနဲ့ Living Together နေရင်း .....
သေလုမျောပါး အရိုက်ခံနေရတာတွေ့လို့ ၊ အဲဒီ မြန်မာမိန်းကလေးနဲ့ စက်ရုံ တစ်ခုထဲအတူလုပ်နေတဲ့ ၊
မြန်မာ ယောင်္ကျားလေးတွေက မခံနိုင်လို့ အဲဒီဘင်္ဂလားကို ဝင်ရိုက်ကြရင်း ၊
မြန်မာ ၊ ဘင်္ဂလားရိုက်ပွဲဖြစ်ခဲ့တယ် ။
အဆုံးသတ်တော့ မြန်မာယောင်္ကျားလေး ၄ ယောက် ဆေးရုံရောက်တယ် ။
၂၀ ကျော်ပြန်ပို့ခံရတယ် ။

ဒီလိုမျိုး အလားတူ ဇာတ်လမ်းတွေဟာ မလေးရှားမှာ အချိန်တိုလေး အတွင်းမှာတင် ၊
မရေမတွက်နိုင်လောက်အောင် ဖြစ်ခဲ့ပြီးပါပြီ ။
ငါပစ္စည်းနဲ့ ငါ (.....) တာ နင်တို့ကဘာဝင်ပြီး (.....) ကြိမ်းနေတာလည်းလို့ ၊
မပြောလိုက်ပါနဲ့ ညီမလေးတို့ရယ် ။
ဘယ်နေရာပဲရောက်နေနေ..... အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိန်းသိမ်းနေထိုင်တဲ့ ၊
မြန်မာမိန်းကလေးတွေလည်း ရှိနေတယ် ဆိုတာကို ကျွန်တော်တို့ အကြွင်းမဲ့ လက်ခံပါတယ် ။
ဒါပေမယ့် .....
ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးအပုတ်မခံနိုင်သလို ၊
ငါးခုံးမတွေက မမြင်မတွေ့ချင်တော့လောက်အောင် သိပ်ကို များလာတော့လည်း ၊
ကျွန်တော်တို့ အကြိမ်ကြိမ် စိတ်ထိခိုက်ရပါတယ် ။

အမျိုးမတူတဲ့အပြင် ဘာသာပါ မတူသူတွေနဲ့ အခုလို Living Together ဆိုတာတွေကို ၊
ကျွန်တော်တို့ ဘယ်လိုစိတ် ဘယ်လို နှလုံးသားနဲ့ လက်ပိုက်ကြည့်နေရမလဲ ။
မြန်မာမိန်းကလေးတစ်ယောက် နီပေါ လူမျိုးနဲ့ Living Together နေရင်း နီပေါကို လိုက်ပါသွားခဲ့တယ် ။
နီပေါမှာ သူတို့အတွဲ ပျော်ရွှင်နေတဲ့ ဓာတ်ပုံတွေကို နီပေါတွေက အင်တာနက်ပေါ်မှာ ၊
အကြိမ်ကြိမ်တင်ပြခဲ့တယ် ။

ကျွန်တော်တို့ ဘယ်လို နှလုံးသား ဘယ်လိုစိတ်နဲ့ ကြည့်ရမလဲ ညီမလေးတို့ရယ် ။
ကျွန်တော်တို့ မလေးရှား ရောက်ခါစက မလေးရှားမှာ မြန်မာမိန်းကလေးတွေရဲ့ ညစ်ညမ်းခွေဆိုတာ ၊
ရွှေပေးရင်တောင် ကြည့်လို့မရနိုင်ပါဘူး ။
ရှိလည်း မရှိခဲ့ပါဘူး ။
အခုများတော့ Home Made လို့ခေါ်တဲ့ မြန်မာလူမျိုးချင်း လိင် ဆက်ဆံနေတဲ့ ပုံတွေ ဗွီဒီယိုတွေ ၊
လူမျိုးခြားနဲ့ ဘာသာကွဲတွေနဲ့ လိင် ဆက်ဆံနေတဲ့ ပုံတွေ ၊ ဗွီဒီယိုဖိုင်တွေဟာ ၊
အွန်လိုင်းပေါ်မှာ ဖုန်းတိုင်းလိုလိုမှာ မမြင်ချင်မှ အဆုံးပါ ။
ကျွန်တော်တို့တွေ အရင်က တစ်ခြား လူမျိုးခြားတွေကို ပြောခဲ့တဲ့ ၊
" ငါတို့ မြန်မာတွေဆိုတာ ညစ်ညမ်းခွေမရှိဘူးကွ ..... "
" ငါတို့ မြန်မာမိန်းကလေးတွေ ပါတဲ့ ညစ်ညမ်းအခွေတွေ ဘယ်တော့မှ မရှိဘူးကွ ..... "
ဆိုတဲ့ စကားတွေကို အခုလိုအချိန်မှာ ၊ ကျွန်တော်တို့ ဘယ်လိုနှလုံးသားနဲ့ ဘယ်လိုစိတ်နဲ့ ငြင်းလို့ရနိုင်ဦးမှာလဲ ။

ဆင်ခြင်ကြပါ..... သတိဝင်ကြပါ.....
ကိုယ်ပြုလုပ်လိုက်တဲ့ အမှားတစ်ခုဟာ ..... ကိုယ့်တစ်ယောက်သာ ထိပါးနိမ့်ကျရုံတင်မကပဲ ၊
တစ်မျိုးသားလုံးကို တန်ဖိုးမဲ့စေတယ်ဆိုတာ သတိရကြပါ ။
မြန်မာယောင်္ကျားလေးတွေအနေနဲ့လည်း ကိုယ့်ရည်းစားနဲ့ကိုယ် အတူဆက်ဆံတဲ့ ကိစ္စကို ၊
ဗွီယိုဒီနဲ့ မှတ်တမ်းတင်တာဟာ ၊
ကိုယ့်အဆင့်အတန်းနဲ့ ကိုယ့်ချစ်သူရဲ့ ဂုဏ်သိက္ခာကို ကိုယ်ကိုယ်တိုင် နင်းချေရုံသာမကပဲ ၊
မြန်မာတစ်မျိုးသားလုံးရဲ့ သရဖူဖြစ်တဲ့ ယဉ်ကျေးမှု နဲ့ ဟီရိသြတပ္ပတရားကိုပါ နင်းချေ ဖျက်ဆီးပစ်လိုက်တာပါပဲ ။

ကျွန်တော့်ကို အကူအညီတောင်းလို့ အလုပ်သွင်းပေးခဲ့ဖူးတဲ့ Living Together နှစ်ယောက်အကြောင်း အနည်းငယ်ပြောပြပါမယ် ။
ကောင်မလေးက သိပ်လှတယ်..... ရန်ကုန် ကြို့ကုန်းကပါ ။
သူ့အဖေက ရှေ့နေတစ်ယောက် ဖြစ်သလို မုဆိုးဖိုကြီးပေါ့ ။
ညီအမနှစ်ယောက်ထဲ ရှိတာမှာ သူကအကြီး..... အဲဒီတော့ တိုတိုပြောရရင် မလေးကို ရှိတာလေး ထုခွဲရောင်းချပြီးလာတယ် ။
တစ်နေ့လုပ်ခ ၁၈ ရင်းဂစ်နဲ့ မလုံလောက်တော့ စက်ရုံကနေ ထွက်ပြေးပြီး အိုဗာစတေးနဲ့ အပြင်မှာ အလုပ်ရှာလုပ်တယ် ။
အဲဒီတော့ ဘာသာခြား မြန်မာနိုင်ငံသား တစ်ယောက်နဲ့ ငြိစွန်းတယ် ။
သူ့ချစ်သူ ကောင်လေးက ကတိပေးတယ် ။
သူ့ကိုယူရင် ကိုရင် ဝတ်ပြပါ့မယ် ၊ ဗုဒ္ဓဘာသာထဲ ဝင်ပါ့မယ်.... တဲ့.....။
ကောင်မလေးက ယုံလိုက်တယ် .... နှစ်ယောက်ထဲသာ နားလည်တဲ့ Living Together နေကြတယ် ။
မကြာပါဘူး ။
ကိုရင် ဝတ်ဖို့မပြောနဲ့ ..... ကောင်မလေးကိုပါ သူတို့ဘာသာထဲ မဝင်လို့ဆိုပြီး နေ့စဉ်ပြဿနာရှာတယ် ၊ ရိုက်တယ် ။
ကောင်မလေးကတော့ ဒူးနဲ့ မျက်ရည်သုတ်ပေါ့ ။
အဲဒီတော့ သူတို့ ရန်ဖြစ်တိုင်း ကျွန်တော်က မြင်တွေ့နေရတယ် ။
နောက်ဆုံး..... ကျနော် လူကြီးစိတ် မမွေးနိုင်တဲ့တစ်နေ့ ပြဿနာဖြစ်လာနိုင်တာမို့ ၊
စိတ်မကောင်းစွာနဲ့ပဲ နှစ်ယောက်လုံးကို အလုပ်ကနေ ထွက်ခိုင်းလိုက်ပါတယ် ။
ကောင်မလေးရဲ့ နောက်ဆက်တွဲ ပြဿနာတွေနဲ့ သူ့ဘဝအနေအထား ဘာတွေများ ဆက်ဖြစ်နေမလဲ ဆိုတာကိုတော့ ၊ ကျွန်တော် မသိတော့ပါဘူး ။
ဒီဘဝကို သူကိုယ်တိုင်ရွေးချယ်ပြီး သူပဲ စီရင်ခဲ့တာဖြစ်လို့ သူစိုက်ပျိုးခဲ့တဲ့အတိုင်း သူရိတ်သိမ်းနေလောက်ပါပြီ ။

အချုပ်ပြောရရင်တော့ .....
မြန်မာအမျိုးသမီးကောင်းလေးတွေ အနေနဲ့ ဘယ်လို ဘဝမျိုးပဲရောက်နေနေ ၊
ဘယ်နေရာမှာပဲ ရောက်နေနေ ၊
အမျိုးကိုစောင့်ရှောက်ပြီး ၊ မိန်းမတို့အိနြေ္ဒ ရွှေပေးလို့မရ ဆိုတဲ့ မြန်မာမလေးတွေအဖြစ်ပဲ မြင်တွေ့ချင်ပါတယ် ။

ညီမလေးတွေကို ထိရင် မချိအောင် နာတတ်တဲ့ မြန်မာနှလုံးသားတွေကို
နင်တို့နဲ့ ဘာဆိုင်လို့လည်းဆိုတဲ့ စကားနဲ့တော့
ရိုက်ချိုးမပစ်လိုက်ပါနဲ့ ညီမလေးတို့ရယ် ။

ညီလင်းနိုင်