Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 23, 2016

အလီဘာဘာနဲ့ဂျက်မား။


သုတဇုန် added 5 new photos.

အလီဘာဘာနဲ့ဂျက်မား။
================
ရေးသားသူ - ဗန်းမော်သိန်းဖေ
အလီဘာဘာဆိုတဲ့ ကုမ္ပဏီနာမည်ကိုကြားဖူးနေတာကြာပါပြီ။ စင်္ကာပူကလူငယ်တွေပြောနေကြတာ မကြာခနကြားနေရတယ်။ ဒါပေမဲ့ အလီဘာဘာဆိုတာ သူခိုးပုံပြင်ထဲကနာမည်မို့ စိတ်မဝင်စားခဲ့ဘူး။ နောက်ပြီးအလီဘာဘာဟာ တရုပ်ပြည်ကကုမ္ပဏီတခုမို့ ပိုလို့စိတ်မဝင်စားသေးတယ်။
မနှစ်က စက်တင်ဘာလထဲမှာ အလီဘာဘာကုမ္ပဏီက အမေရိကန်ဒေါ်လာ(၂၅)ဘီလီယံဖိုးအစုရှယ်ယာ(IPO)တွေ ထုတ်ရောင်းတာကြောင့် ကမ္ဘာပေါ်မှာ ရှယ်ယာဈေးအမြင့်ဆုံးရောင်းတဲ့စံချိန်တင်သွားတယ် ဆိုတဲ့သတင်းရယ်၊ ကုမ္ပဏီပိုင်ရှင် ဂျက်မား(Jack_Ma)ရဲ့ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ(၂၂)ဘီလီယံကြောင့်တရုပ်ပြည်ရဲ့အချမ်းသာဆုံးလူတယောက်ဖြစ်လာတယ် စတဲ့သတင်းတွေကိုအင်တာနက်နဲ့သတင်းစာတွေမှာတွေ့လာမိတော့စိတ်ဝင်စားလာတယ်။ ဒါကြောင့် အင်တာနက် မဂ္ဂဇင်းတွေ Youtube မှာရှာကြည့်မိတယ်။ ရှာကြည့်တော့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေတွေ့ရတယ်။ မြန်မာလူငယ်တွေအားကျအတုယူစရာတွေပါလို့ ရှယ်ပေးလိုက်ပါတယ်။

အလီဘာဘာကုမ္ပဏီဆိုတာရိုးရိုးလေးပြောရရင် အင်တာနက်ကပစ္စည်းကြော်ငြာပြီးပစ္စည်းရောင်းတဲ့ကုမ္ပဏီပါ။ အလီဘာဘာအကြောင်းပြောရင် ကုမ္ပဏီကိုထူထောင်ခဲ့တဲ့တက္ကသိုလ်ဆရာဂျက်မားအကြောင်းပြောမှပြည့်စုံမှာပါ။ ဂျက်မားကို(၁၉၆၄)ခုနစ်မှာ တရုပ်ရိုးရာကဇာတ်အဖွဲ့ကအဖွဲ့သားလင်မယား၂ယောက်က ဟန်ဇိုးမြို့လေးမှာ မွေးဖွားခဲ့ပါတယ်။ ကျောင်းနေတော့ လူကောင်သေးလေးမို့ အတန်းသားတွေရဲ့စနောက်တာတွေအမြဲခံရတယ်။ လူကောင်သာသေးပေမဲ့ ဂျက်မားဟာ ရန်ဖြစ်ရင် သူ့ထက်လူကောင်ကြီးတဲ့လူငယ်တွေကို မကြောက်မရွံတုံ့ပြန်တိုက်ခိုက်ရဲတယ်။
ဂျက်မားဟာ အင်္ဂလိပ်စာအရမ်းတတ်ချင်တယ်။ သူ့မြို့မှာ အင်္ဂလိပ်စာတတ်သူတယောက်မှ မရှိဘူး။ အင်္ဂလိပ်စာအုပ်တအုပ်တောင်မရှိဘူး။ ကျောင်းမှာလဲ အင်္ဂလိပ်စာမသင်ဘူး။ ဒီတော့သူဘာလုပ်သလဲ။ မနက်အစောကြီးထတယ်။ ကျောင်းမသွားခင်မှာ စက်ဘီးလေးစီးပြီး ဟန်ဇိုးမြို့လည်ကနိုင်ငံခြားသားတိုးရစ်တွေတည်းခိုနေတဲ့ဟိုတယ်တခုကိုနေ့တိုင်းသွားတယ်။ တိုးရစ်တွေကို မြို့အနှံ့လိုက်ပြပေးတယ်။ ပိုက်ဆံမယူဘူး။ သူကို အင်္ဂလိပ်စကားပြောသင်ပေးဖို့ အပေးအယူလုပ်တယ်။ လူကောင်သေးသေးနဲ့ အရမ်းသွက်လက်တဲ့ဂျက်မားကို တိုးရစ်တွေကလဲအရမ်းခင်ကြတယ်။ မကြာခင်ဂျက်ဟာ ပိုက်ဆံစုပြီး ရေဒီယိုတလုံးဝယ်လိုက်တယ်။ ရေဒီယိုကလာတဲ့ အင်္ဂလိပ်စကားပြောတွေကို နေ့တိုင်းနားထောင်တယ်။ လိုက်ဆိုကျင့်တယ်။ တိုးရစ်တွေဆီက နေ့တိုင်းအင်္ဂလိပ်စာသင်ခဲ့တာ(၉)နှစ်ကြာခဲ့တယ်။
အဲဒီအချိန်တုံးက တရုပ်ပြည်မှာ အင်္ဂလိပ်စာတတ်သူ အင်္ဂလိပ်စကားပြောတတ်သူဆိုတာအလွန်ကိုနဲပါးတယ်။ ဂျက်မားတယောက် ဘာကြောင့်အင်္ဂလိပ်စာကိုတတ်ချင်ရတာလဲ။ ကွန်မြူနစ်အစိုးရအုပ်ချုပ်နေပြီး ကမ္ဘာကြီးနဲ့အဆက်ဖြတ်ထားတဲ့တရုပ်ပြည်ဟာ တချိန်တံခါးဖွင့်လိုက်ရင် သူလေ့လာထားတဲ့အင်္ဂလိပ်စာဟာ သူ့အတွက်အကျိုးပြုလိမ့်မယ်ဆိုတာ သူသိနေလို့ပါ။ ငွေကြေးမပြည့်စုံတဲ့ဂျက်မားဟာ ပညာရေးကသာ သူ့ကိုဆင်းရဲတွင်းကလွတ်မြောက်နိုင်စေမယ်ဆိုတာ ယုံကြည်တယ်။
ဂျက်မားဟာ အင်္ဂလိပ်စာတော်ပေမဲ့ သင်္ချာဘာသာမှာညံ့တယ်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေတော့ သင်္ချာဘာသာမှာကျလို့ဝင်ခွင့်မရဘူး။ နောက်တကြိမ်ထပ်ဖြေတယ်။ သင်္ချာကြောင့်ထပ်ကျတယ်။ သင်္ချာဘာသာကို အပြင်းအထန်ကြိုးစားပြီး တတိယအကြိမ်ထပ်ဖြေမှ ဝင်ခွင့်စာမေးပွဲအောင်သွားတယ်။ ဆရာဖြစ်သင်တက္ကသိုလ်တက်တယ်။
-၁၉၈၈ခုနှစ်မှာ ဘွဲ့ရတယ်။ ဘွဲ့ရပြီး ကုမ္ပဏီ(၃၀)မှာ အလုပ်လျှောက်တယ်။ ကုမ္ပဏီတခုမှသူ့ကိုမရွေးဘူး။
ကြက်သားကျော်ကုမ္ပဏီKFCဆိုင်တွေကိုတရုပ်ပြည်လာပြီး စဖွင်တော့ အင်တာဗျူးဖြေသူ(၂၄)ယောက်မှာ သူကလွဲပြီး (၂၃)ယောက်အရွေးခံရတယ်။ နောက်ဆုံးမှ တက္ကသိုလ်တခုမှာ တလကို(၁၂)ဒေါ်လာ (မြန်မာကျပ်တစ်သောင်းနှစ်ထောင်)နဲ့အင်္ဂလိပ်စာသင်တဲ့ဆရာအလုပ်ရတယ်။ အင်္ဂလိပ်စာအသင်အပြကောင်းတဲ့သူ့ကို ကျောင်းသားကျောင်းသူတွေက အရမ်းချစ်ကြတယ်။
ဂျက်မားရဲ့ငယ်ဘဝကိုရေးပြရတာက သူဟာမိဘချမ်းသာလို့အမွေရပြီးချမ်းသာလာတာမဟုတ်ဖူးဆိုတာသိစေချင်လို့ပါ။ ဂျက်ဟာ လူကောင်လေးသေးပေမဲ့ ရည်မှန်းချက်က တောင်ကြီးတခုလိုကြီးတယ်။ ခါကျဉ်ကောင် မာန်ကြီးပြီး တောင်ကြီးဖြိုဖို့ကြံနေတယ်။ အခွင့်သာမဲ့အချိန်အခါကိုစောင့်နေတယ်။ ၁၉၉၀ခုနစ်နောက်ပိုင်း မှာ တရုပ်ပြည်ကြီးဟာ ကမ္ဘာကိုတံခါးဖွင့်ပေးလိုက်တယ်။ နိုင်ငံတကာကိုထုတ်ကုန်တွေတင်ပို့ရင်း တရုပ်ပြည်ဟာ စီးပွားရေးတဟုန်ထိုးတိုးတက်လာခဲ့တယ်။ ဂျက်မားဟာ ကျောင်းဆရာအလုပ်ကထွက်လိုက်ပြီး တရုပ်စာကိုအင်္ဂလိပ်ဘာသာပြန်ပေးတဲ့ကုမ္ပဏီတခုထောင်လိုက်တယ်။
၁၉၉၅ခုနှစ်မှာ ဂျက်မားဟာ အဝေးပြေးလမ်းမတခုဆောက်မဲ့စီမံကိန်းတခုအတွက် သူ့မြို့ကအစိုးရကိုကူညီဘာသာပြန်ပေးဖို့ အမေရိကန်နိုင်ငံကို ပထမဆုံးအကြိမ်ရောက်သွားတယ်။ သူ့သူငယ်ချင်းက ကွန်ပြူတာကနေ အင်တာနက်ဖွင့်ပြပြီး လိုချင်တဲ့ပစ္စည်းကိုအင်တာနက်ကဝယ်လို့ရတယ်လို့ပြောတယ်။ ဂျက်က Beer စာလုံးရိုက်လိုက်တယ်။ နိုင်ငံတကာက ဘီယာမျိုးစုံပေါ်လာတယ်။ ဒါပေမဲ့China_Beerရှာမတွေ့ပါဘူး။ နောက်ပြီး သူအံ့သြသွားတာက China စာလုံးရိုက်လိုက်တယ်။ ဘာမှပေါ်ုမလာဘူး။ China နဲ့ပတ်သက်တာ အင်တာနက်မှာလုံးဝမရှိဘူး။အမေရိကားကပြန်လာတယ်။ သူ့အိမ်ကိုပြန်ရောက်တော့ တရုပ်ပြည်ရဲ့တခုတည်းသောအင်တာနက်ကပစ္စည်းရောင်းတဲ့ China_Pages ဆိုတဲ့websiteကိုဝင်ကြည့်တယ်။ တင်ထားတဲ့ပစ္စည်းတွေက မစုံသလို အားလုံးတရုပ်စာနဲ့ရေးထာတယ်။ တရုပ်စာနဲ့ရေးထားတဲ့ပစ္စည်းကို တရုပ်စာမဖတ်တတ်တဲ့နိုင်ငံတွေက ဘယ်မှာဝယ်ပါ့မလဲဆိုတဲ့အတွေးတခု သူ့ခေါင်းထဲပေါ်လာတယ်။
အဲဒီမှာ ဂျက်မားတယောက် အခွင့်အလမ်းတခုကိုစပြီးစဉ်းစားလိုက်မိပြီ။ အခွင့်အလမ်း(opportunity)ဆိုတာအရံသင့်ရွှေလင်ပန်းနဲ့ပေးလာတာမဟုတ်ပါဘူး။ ဒါပေမဲ့စိတ်ရှည်ရှည်နဲနှစ်ပေါင်များစွာ့စောင့်နေခဲ့တဲ့ဂျက်အဖို့ကတော့ ဒါဟာကြီးပွားမဲ့လမ်းစတခုဆိုတာသိနေတော ရတဲ့အခွင့်အလမ်းကိုအမိအရဖမ်းဆုတ်ဖို့ပြင်ဆင်တော့တယ်။ နောက်၎နှစ်အကြာ(၁၉၉၉)ခုနှစ် အောက်တိုဘာလမှာ ဂျက်မားဟာ သူ့သူငယ်ချင်း၁၇ယောက်ကိုသူအိမ်ကိုခေါ် ထမင်းစားဖိတ်ကျွေးပြီး သူတည်ထောင်မဲ့အင်တာနက်ကုမ္ပဏီမှာ အစုငွေထဲ့ဝင်ကြဖို့ပြောတယ်။ ပထမတော့ အားလုံးဟာ အင်တာနက်အကြောင်းနဲနဲလေးပဲသိတဲ့ဂျက်ရဲ့လုပ်ငန်းကိုမယုံကြဘူး။
ဒါပေမဲ့ စိတ်အားထက်သန်ပြီးရည်မှန်းချက်ကြီးတဲ့ဂျက်ရဲ့ဆွဲဆောင်မှုကြောင့် နောက်ဆုံးအစုငွေတွေထဲ့ကြတယ်။ရင်းနှီးမတည်ငွေ အမေရိကန်ဒေါ်လာ၆သောင်းရလိုက်တယ်။ Websiteတခုထောင်တယ်။ ဂျက်မားဟာကွန်ပြူတာပရိုဂရမ်အကြောင်းဘာမှမသိသေးပါဘူး။ ဒါပေမဲ့သူ့ရဲ့အားသာချက်က တရုပ်စာကိုအင်္ဂလိပ်လိုကျွမ်းကျွမ်းကျင်ကျင်ဘာသာပြန်တတ်တယ်။ သူလိုချင်တဲ့websiteပုံစံရအောင် သူ့သူငယ်ချင်းကွန်ပြူတာကျွှမ်းကျင်သူတွေကို လုပ်ခိုင်းတတ်တယ်။ အလီဘာဘာနာမည်နဲ့ကုမ္ပဏီထောင်လိုက်တယ်။ သိတ်မကြာခင်မှာပဲ နိုင်ငံတချို့က သူတို့လိုချင်တဲ့ပစ္စည်းတွေလှမ်းမှာတယ်။ ဂျက်မားတို့က ပစ္စည်းရောင်းတဲ့ဆိုင်တွေကိုအကြောင်းကြားပြီး မှာတဲ့နိုင်ငံကိုပို့ခိုင်းတယ်။ အလုပ်ဖြစ်ရင်ဝန်ဆောင်ခ Commission ယူတယ်။
လအတန်ကြာမှာ အမေရိကန်ကရင်းနီးမြုပ်နံမှုဘဏ်ကြီးGoldman_Sachsက ဒေါ်လာ(၅)သန်းနဲ့ဂျပန်ဆက်သွယ်ရေးကုမ္ပဏီကြီးSoftBankကဒေါ်လာသန်း(၂၀)ကို အလီဘာဘာမှာထဲ့ဝင်ကြတယ်။ -၂၀၀၅ခုနှစ်မှာ Yahooက ဒေါ်လာတစ်ဘီလီယံရင်းနှီးမြုပ်နှံလာပြန်လို့ အလီဘာဘာရဲ့ရင်းနှီးမြုပ်နှံငွေဟာ(၁၀)ဘီလီယံထိရှိလာခဲ့တယ်။ အလီဘာဘာဟာ ပစ္စည်းဝယ်စုထားပြီး အင်တာနက်ကအမြတ်နဲ့ပြန်ရောင်းနေတဲ့Amazonတို့ eBayတို့နဲ့မတူပါဘူး။ ပစ္စည်းဝယ်ချင်သူနဲ့ပစ္စည်းရောင်းသူချင်းဆက်သွယ်ပေးလိုက်ပြီး အလုပ်ဖြစ်ရင်ပွဲစားခယူတဲ့ပွဲစားကုမ္ပဏီမျိုးပါ။ ပွဲစားကုမ္ပဏီက ဘာလို့များ အခုလိုကမ္ဘာသိအောင်မြင်ခဲ့တာလဲ။ တရုပ်ပြည်က ဈေးသက်သာတဲ့ပစ္စည်းဝယ်ချင်တဲ့အနောက်ကမ္ဘာကြီးတခုလုံးရှိနေတယ်။ သဘောက ဘီလီယံချီတဲ့ဈေးကွက်ကြီးရှိနေတယ်။
ထိုနည်းတူ စီးပွားရေးကောင်းလာလို့ ချမ်းသာတဲ့တရုပ်လူမျိုးသန်းပေါင်းများစွာကလဲ အနောက်နိုင်ငံထုတ် Branded ပစ္စည်းအကောင်းစားတွေဝယ်ချင်တယ်။ စကားပြောမတူကြတဲ့လူ၂မျိုးကို ကြားခံဆက်သွယ်ပေးနိုင်ပြီး ရောင်းသူရော ဝယ်သူပါစိတ်ကျေနပ်အောင်လုပ်ပေးနိုင်ခဲ့လို့ပါ။ ဂျက်မားရဲ့ Business ကျွမ်းကျင်မှုနဲ့ Risk ယူရဲတတ်တာတွေကလဲ ကုမ္ပဏီရဲ့အာင်မြင်မှုမှာအဓိကကျခဲ့ပါတယ်။ ယနေ့ အလီဘာဘာကုမ္ပဏီရဲ့ပိုင်ဆိုင်မှုဟာအမေရိကန်ဒေါ်လာ(၁၆၀)ဘီလီယံဖြစ်နေပါပြီ။
နောက်ဆုံးအနေနဲ့ လူငယ်တွေအတွက်မှတ်သားစရာလေးတခုပြောပြချင်ပါတယ်။ မဂ္ဂဇင်းအင်တာဗျူးတခုမှာ တက္ကသိုလ်တက်တုံးက ဂျက်နဲ့ချစ်ကြိုက်ခဲ့ကြပြီး လက်ထပ်ခဲ့တဲ့သူ့မိန်းမချောချောလေး Zhang_Ying က အခုလိုပြောပြခဲ့ပါတယ်။ "မားဟာ ရုပ်မချောပါဘူး။ ဒါပေမဲ့ သူ့မှာရုပ်ချောသူတွေမလုပ်နိုင်တာတွေကိုလုပ်နိုင်တဲ့အရည်အချင်းရှိတယ်။ အဲဒီအရည်အချင်းကိုသဘောကျလို့ သူ့ကိုကျမလက်ထပ်ခဲ့တာပါ"တဲ့။ လူငယ်တွေကြားကြရဲ့လား။ သူမလက်ထပ်တုံးက ဂျက်ဟာ တနေ့ဒီလောက်ချမ်းသာလာမယ်လို့ မမျော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ဂျက်ရဲ့အရည်အချင်းကြောင့်အများကြီးတက်လမ်းရှိတယ်ဆိုတာ သူမ ကောင်းကောင်းသိနေခဲ့တယ်။
အလီဘာဘာနဲ့ဂျက်မားတို့ရဲ့စိတ်ဝင်စားဖွယ်အခြားအချက်များ။ ၁။ ဂျက်မားရဲ့အရပ်ဟာ၅ပေပဲရှိတယ်။ လူရွှင်တော်ဗေလုဝနဲ့ရုပ်တူသလို ဗေလုဝလိုပဲလူကောင်သေးသေးလေးပါ။
၂။ အလီဘာဘာဆိုတာ Alibaba_Group ကိုပြောတာဖြစ်ပြီး အဲဒီ Group အောက်မှာ Taobao ရယ် Tmail ရယ် Alibaba ဆိုပြီး ကုမ္ပဏီ၃ခုနဲ့ဖွဲ့စည်းထားတာပါ။
၃။ အလီဘာဘာဆိုတဲ့နာမည်ကို ဂျက်မားက"အလီဘာဘာနဲ့ခိုးသားလေးဆယ်"ကမ္ဘာကျော်အာရပ်ပုံပြင်ထဲကယူလိုက်တာပါ။ သူ့ရည်ရွယ်ချက်က ကမ္ဘာကျော်ကုမ္ပဏီဖြစ်အောင်လို့ကမ္ဘာသိပုံပြင်ထဲကနာမည်ကိုယူသုံးလိုက်တာပါ။
၎။ အလီဘာဘာရဲ့ကုမ္ပဏီwebsiteတွေကို ဝင်ကြည့်သူတွေဟာ တနေ့လူပေါင်းသန်း(၁၀၀)လောက်ရှိပါတယ်။
၅။ ဂျက်မားဟာ ကမ္ဘာကျော်အမေရိကန်ဟားဗတ်တက္ကသိုလ်မှာတက်ခွင့်ရဖို့လျှောက်တာ(၁၀)ကြိမ်ရှိခဲ့ပြီး အကြိမ်တိုင်းအပယ်ခံခဲ့ရပါတယ်။ မကြာခင်ကပဲ ဟားဗတ်တက္ကသိုလ်က သူ့ကိုလက်မခံလိုက်တာမှားသွားတယ်လို့ဝန်ခံခဲ့ပါတယ်။
၆။ ဂျက်မားရဲ့နာမည်ရင်းက Ma_Yun(မားယွန်း)ပါ။ ဂျက်ဆိုတဲ့အင်္ဂလိပ်နာမည်ကို သူငယ်ငယ်ကဟန်ဇိုးမှာ မိတ်ဆွေဖြစ်ခဲ့တဲ့တိုးရစ်အမျိုးသမီးတယောက်ကပေးခဲ့တာပါ။ အဲဒီအမျိုးသမီးရဲ့ယောက်ျားနဲ့အဖေနာမည်တွေမှာ Jackပါနေတယ်။
၇။ ဂျက်ဟာ တရုပ်တိုင်ချီသိုင်းကစားတာကို အလွန်ဝါသနာပါလို့ နေ့တိုင်းလေ့ကျင့်ပါတယ်။
၈။ ဝန်ထမ်း(၁၅)ယောက်နဲ့စခဲ့တဲ့အလီဘာဘာဟာ အခုဝန်ထမ်းပေါင်းသုံးသောင်းကျော်ရှိနေပါပြီ။
၉။ အလီဘာဘာဟာ ပစ္စည်းမှာတဲ့ဖေါက်သည်တွေရဲ့ယြုံကည်မှုရစေဖို့ ပစ္စည်းအတုလုပ်တဲ့ လိမ်ညာတတ်တဲ့ကုမ္ပဏီတွေနဲ့အလုပ်မလုပ်ပါဘူး။
၁၀။ ဂျက်မားရဲ့အင်္ဂလိပ်စကားပြောဘယ်လောက်ကောင်းသလဲဆိုတာသိချင်ရင် Jack_Ma_Davos_ Interview ဆိုတဲ့စကားလုံးကို Youtubeမှာရိုက်ထဲ့ပြီး ဖွင့်ကြည့်လိုက်ပါ။ အံသြသွားလိမ့်မယ်။
ဗန်းမော်သိန်းဖေ
#သုတဇုန်
fb.com/thutazone
ဒီလိုမျိုး အထူးအဆန်း သုတ ရသ ဗဟုသုတ ပိုစ့်တွေကို ဆက်ပြီး မလွတ်တမ်းဖတ်ချင်ရင် "သုတဇုန်" ကို Like& Seefirst လုပ်ထားဖို့ လိုပါတယ်။
နှိပ်ရန် 👉 သုတဇုန်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။