Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, November 19, 2016

#အေဗရာဟင်လင်ကွန်း

#အေဗရာဟင်လင်ကွန်း

အမေရိကန် သမ္မတအေဗရာဟင် လင်ကွန်းကို
လူတိုင်းသိကြမှာအောက်ပါအကြောင်းအရာတွေကတော့ လင်ကွန်းရဲ့ လူသိနည်းသေးတဲ့ တနည်းအားဖြင့် သမိုင်းစာအုပ် တွေထဲမှာသိပ်မပါတဲ့ စိတ်ဝင်စားဖွယ် အဖြစ်အပျက်တချို့ပါပဲ။

၁။သမ္မတလင်ကွန်းရဲ့ ခံယူချက်နဲ့ လုပ်ဆောင်ချက်
———————————————————
သမ္မတဟာငွေဝယ်ကျွန် ဆိုတဲ့အရင်းရှင်စနှစ် ကိုဖြတ်သိမ်းခဲ့တယ်။ဒါကြောင့်လည်း အမေရိကန်တောင်ပိုင်းသားအရင်းရှင်လူတစုရဲ့လုပ်ကြံတာကိုခံရပြီး သူ့ရဲ့သမ္မတသက်တမ်းတလျှောက်မှာလည်းအခက်အခဲဆုံးဖြစ်တဲ့ ပြည်တွင်းစစ်ပွဲကြီးကိုရင်ဆိုင်ခဲ့ရတယ်။ဒါပေမဲ့လည်း သူဟာ ဒါတွေကိုကောင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တယ်။လင်ကွန်းဟာစိတ်သဘောထား နူးညံ့တယ်။
သနားကြင်နာတတ်တယ်။သည်းခံတတ်တယ် ဒါပေမဲ့လူညံ့တော့ မဟုတ်ဘူး။
တဖက်လူနဲ့ပြောဆိုရာမှာ ယဉ်ကျေးသိမ်မွေ့တယ်။ဒါပေမဲ့ မိမိရဲ့ခံယူချက်နဲ့ အယူအဆတွေ ကိုတော့
တပြားသားမှအလျှော့မပေးဘူး။အမှန်တရားနဲ့ပတ်သတ်လာလျင်အဆုံးအစွန်ထိ ပြီးမြောက်အောင်
ဆောင်ရွက်တတ်သလို
နိုင်ငံရေးနဲ့ပတ်သတ်လျင်လည်း တည်ကြည်ခိုင်ခံ့တဲ့ အယူအဆတွေရှိတယ်။
ကိုယ်တိုင် အတွက်လည်း ကိုယ်ကျင့်တရားနဲ့ပတ်သက်၍
တိကျပြတ်သားတဲ့ စံသတ်မှတ်ချက်တွေနဲ့ ကိုယ်တိုင်ကျင့်ကြံသူတစ်ဦးလည်းဖြစ်ပေသည်။

၂။ စိတ်ဓာတ်ကြဆင်းမှုတွေနဲ့ရုန်းကန်ခဲ့သူလင်ကွန်း
———————————————————
လင်ကွန်းကိုအများစုကရယ်စရာတွေ ပြောတတ်သူ၊ ပုံတိုပတ်စတွေပြောပြီးသူ
တပါးကိုပျော်ရွှင်အောင်လုပ်တက် သူအဖြစ်ပဲသိကြပါတယ်။
တကယ်တော့ လင်ကွန်းဟာ
စိတ်ဓာတ်ကျမှု(deep depression)က
ိုပြင်းပြင်းထန်ထန် ခံစားရလေ့ရှိသူဖြစ်ပါတယ်။
လင်ကွန်းဟာ တချို့သော ဟောပြောပွဲတွေမှခံစားချက် ပြင်းထန်တဲ့
ကဗျာတွေ ဆိုပြတတ်သလို
ကိုယ့်ကိုယ်ကိုသတ်သေတဲ့ အကြောင်းတွေလည်း မကြာခဏ ပြောပြလေ့
ရှိတတ်တယ်။ လင်ကွန်းရဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ William Herdo ကလည်း
“လင်ကွန်းဟာ လူမှန်းသိတတ်စအရွယ်ကတည်းက စိတ်ဓာတ်ကျဆင်းမှုတွေ
ခံစားရလေ့ရှိသူဖြစ်တယ်။ လို့ပြောပြဖူး ပါတယ်။
ကဲ ဒါကြောင့်သူငယ်ချင်းတို့လည်
စိတ်ဓာတ်ကျစရာတွေခံစားလာရရင် သမ္မတ လင်ကွန်းတောင်
စိတ်ဓာတ်ကျ တတ်သေးတာပဲလို့သာဖြေယူနှစ်သိမ့်ပေတော့။

၃။တိရ စ္ဆာန်ချစ်တတ်သူ လင်ကွန်း
—————————————
လင်ကွန်းဟာ ထောင်ထောင်မောင်းမောင်း
သန်သန်မာမာနဲ့ နဗန်း သမားလို ခန္ဓာကိုယ်မျိုး
ပိုင်ဆိုင်ပေမဲ့ သူဟာ တိရစ္ဆန် တွေကိုချစ်တတ်သူပါ။
ငါးမျှားတာတို့ အမဲပြစ်ထွက်တာတို့လဲ မနှစ်သက်ပါဘူး။
သူ့ရဲ့အိမ်ဖြူတော်မှာ ခွေးတွေ ကြောင်တွေ မြင်းတွေ ကိုသာ
မွေးထားရုံတင်မကပဲကြက်ဆင်တွေပါ မွေးထားလေ့ရှိတယ်လို့ ဆိုကြပါတယ်။

၎။အရပ်အရှည်ဆုံး အမေရိကန်သမ္မတ လင်ကွန်း
——————————————————–
အရပ် ၆ပေ၄လက်မရှိတဲ့ လင်ကွန်းဟာ
အမေရိကန်သမ္မတတွေထဲ မှာ အရပ်အရှည် ဆုံးပါ။
စတိုဗီပိုက် အုပ်ထုပ်ရှည်မျိုး ဆောင်းလေ့ ရှိတဲ့ လင်ကွန်းဟာ
အများကြားထဲမှာ အမြဲထိုးထိုး ထောင်ထောင်ဖြစ်နေတတ်ပါတယ်။
ဦးထုပ်ရှည်မပါ နဲ့တောင် လူအုပ်ထဲမှာ
သူများထက် ခေါင်း တစ်လုံးပိုရှည်နေတဲ့ လင်ကွန်းကို မြင်နိုင်ပါတယ်။

၅။သူသေကိုယ်သေဓားချင်းယှဉ်ခုတ်တဲ့လင်ကွန်း
—————————————————-
သူသေကိုယ်သေဓားချင်းယှဉ်ခုတ် တယ်ဆိုတာတကယ်တော့မိုက်ရူးရဲဆန်တဲ့ ကိစ္စတခုပါ။ ဒါမျိုးကို လင်ကွန်းဟာလူငယ်ဘဝမှာ ကျူးလွန်ခဲ့ဖူးပါတယ်။
၁၈၄၂ ဝန်းကျင်မှာလင်ကွန်းဟာ စာနယ်ဇင်းသမားအဖြစ်ထမ်းဆောင်ချိန်မှာသူဟာ ဂျိမ်းရှီးလ်ဆိုသူ ဒီမိုကရက် သမားတယောက်ရဲ့ စာတွေနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ဝေဖန် ရှုပ်ချထားတဲ့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့တယ်။ကံမကောင်းစွာနဲ့ပဲ အဲဒီ ဆောင်းပါးက ဟိုးလေးတကျော်ကျော်ဖြစ်သွားပြီးဂျိမ်းဟာ သူ့ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေပါစော်ကားခံရ
သလိုဖြစ်တာကြောင့်မကျေမနပ်ဖြစ်ပြီး လင်ကွန်းကိုဓားချင်းယှဉ်ခုတ် ဖို့စိန်ခေါ်ပါတော့တယ်။
သူတို့ရာစုပိုင်းကလူတွေကဒီလိုပဲ မကျေနပ်ရင်လူလယ်ခေါင်မှာ ဓားချင်းယှဉ်ခုတ် လေ့ရှိတယ်။
လင်ကွန်းကလည်း ဒီလို ဓားချင်းယှဉ်ခုတ် တာဟာအဓိပ္ပါယ် မရှိတဲ့လုပ်ရပ်မှန်းသိပေမဲ့ စိန်ခေါ်ခံရမှ
နောက်ဆုတ်ရင်သတ္တိ ကြောင်တယ်လို့ပြောခံရမှာစိုးတာကြောင့်လက်ခံလိုက်တယ်။
မစ်စ္စပီမြစ်ဘေးက Blood Island မှာပါ။ကွင်းပြင်ရှေ့နှစ်ဦး ထိတ်တိုက်တွေ့ချိန်မှာတော့
လင်ကွန်းလည်းအတော်လေးကို ကြောက်နေခဲ့တယ်။ဒါပေမဲ့ ကံကောင်းစွာနဲ့ နှစ်ဦးဖက်ကလူတွေ
ဝိုင်းဝန်းဖြောင်းဖြတာကြောင့် ရန်ပွဲကပြီးဆုံးပါတယ်။လင်ကွန်းလည်း အဲဒီအချိန်ကစပြီးအတော်လေး နောင်တရသွားတယ်။နောက်ပိုင်း လင်ကွန်းသမ္မတဖြစ်ပြီး ချိန်မှာလည်း
ဂျိမ်းဟာ လင်ကွန်းရဲ့အမှုထမ်းဖြစ်လာ ခဲ့ပြီးသူဟာ အမေရိကန်ပြည်တွင်း
စစ်ပွဲအတွင်းမှာလည်းအရာရှိအဖြစ် ထမ်းဆောင်ခဲ့ပါတယ်။
အချို့ချို့သော ရန်သူတွေဟာ တစ်ချိန်မှာ မိတ်ဆွေဖြစ်လာနိုင်ဆိုတာ ဒါပါပဲ။
ဒီနေရာမှာ လင်ကွန်းရဲ့ရန်သူကို မိတ်ဆွေလုပ်ရဲတဲ့
သတ္တိနဲ့ မိတ်ဆွေဖြစ်သွားတဲ့အထိ ပြုနိုင်တဲ့အစွမ်းကို တွေ့ရမှာပါ။

၆။နဗန်းသမား တဖြစ်လဲ လင်ကွန်း
—————————————
လင်ကွန်းဟာ လူငယ်ဘဝမှာ နဗန်းသမားလည်းဖြစ်ခဲ့ဖူးသလိ
အလေးလည်းမခဲ့ဖူးတယ်လို့ ဆိုကြပါတယ်။
အဲဒီအချိန်က လင်ကွန်းဟာတိုက်ခိုက်သတ်ပုတ်ရတာ
ဝါသနာထုံတယ်။တချိန်မှာ သူနေတဲ့ ကိုးလ်စ် ကန်ထရီ မြို့လေးက
နာမည်ကြီး လူမိုက် ဒန်နီရယ် နစ်မင်းဆိုသူကို
အနိုင်ထိုးခဲ့နိုင်တာကြောင့် လူမိုက်အဖြစ်လည်း နာမည်ကြီး ခဲ့ပါသေးတယ်။
မကြာခင်မှာပဲ သူတို့မြို့က နာမည်ကြီးနဗန်းသမား
ဂျက်အမ်စရောင်းကလည်းလင်ကွန်းကို စိန်ခေါ် ခဲ့ပြီး
ဒီပွဲမှာလည်း လင်ကွန်းက မမျှော်လင့်ပဲ
ဂျက်အမ်စရောင်းကို အလဲထိုးလိုက် နိုင်တာကြောင့် အနိုင်ရခဲ့ပါသေးတယ်။
၇။မုတ်ဆိတ်အရှည်ထားတဲ့ အမေရိကန်သမ္မတ
——————————————————
လင်ကွန်းဟာ အမေရိကန်သမ္မတတွေထဲမှာ
ပထမဆုံးမုတ်စိတ်အရှည်ထားခဲ့တဲ့ သမ္မတဖြစ်ပါတယ်။
သူဟာ၁၈၆၀ သူ့ရဲ့ရွေးကောက် ပွဲမှာအနိုင်ရပြီးကတည်းက စလို့
မုတ်ဆိတ်အရှည်ထားတဲ့အကျင့်ကိုစခဲ့တာပါ။ဒီလိုမုတ်ဆိတ် အရှည်ထားတာကြောင့်
သူ့ရဲ့ ကြမ်းတမ်းပုံပေါက် တဲ့မျက်နှာဟာပိုပြီး
ကြည့်ကောင်းလာတယ် လိုလည်းဆိုကြ ပါသေးတယ်။
၈။တီထွင်တာဝါသနာပါတဲ့ လင်ကွန်း
——————————————
လင်ကွန်းဟာ စက်ပစ္စည်းကိရိယာတွေ ကိုဖြုတ်ကြည့်တပ်ကြည့်ရတာ
စိတ်ဝင်စားသလို သူကိုယ်တိုင်လည်း တီထွင်ရတာဝါသနာပါပါတယ်။
သူဟာ၁၈၄၉မှာ Vessel ရေကြောင်းအချက်ပြကိရိယာ
“A Device for Buoying Vessels Over Shoals”
ကိုတီထွင်ခဲ့ ပြီးမူပိုင်ခွင့်လည်းရရှိခဲ့ပါတယ်။
အမေရိကန်သမ္မတတွေထဲ မှာတဦးတည်းသော မူပိုင်ခွင့်ရရှိသူဖြစ်ပါတယ်။

၉။ယုံကြည်ချက်ပြင်းထန်ပေမဲ့ ဘုရားကျောင်းတတ်လေ့မရှိတဲ့ လင်ကွန်း
——————————————————————————
လင်ကွန်းဟာ ခရစ်ယာန်ဘာသာဝင်ဖြစ်တယ်။
သူဟာဘာသာတရားမှာ သက်ဝင်ယုံကြည်ပေမဲ့
အစွန်းရောက် တာလည်း မဖြစ်သလို ဘယ်ဂိုဏ်းခွဲတွေမှာမလည်းပါဝင်ခြင်းမရှိပါဘူး။
ပြီးတော့ဘုရားကျောင်းလည်းမည်သည့် အခါမှတက်လေ့မရှိပါဘူးတဲ့။
အမေရိကန်နိုင်ငံတောင်နဲ့မြောက်ကြားမှာ
ဖြစ်ပွါးခဲ့တဲ့ ပြည်တွင်းစစ်ပွဲ အတွင်းမှာ လင်ကွန်းဟာ
“ဘုရားသခင်ထံမှ တရားမျှတခြင်း ပေးဖို့နဲ့ သူကိုယ်တိုင်လည်း ဘုရားသခင်နဲ့
အတူတရားမျှတ ခြင်းဖက်မှာ ရပ်တည်ခွင့်ရဖို့” ဆုတောင်းခဲ့ပါတယ်။

၁၀။သမ္မတလင်ကွန်းနဲ့ ငယ်ချစ်
————————————-
လင်ကွန်းဟာ သူ့ရဲ့ဇနီး မေရီတော့ဒ်နဲ့လက်မထက်ခင်မှာ အန်ရူဒ်လစ် ဆိုတဲ့မိန်းခလေးနဲ့ချစ်ကျွမ်းဝင်ခဲ့ပါသေးတယ်။သူတို့ဟာ ၁၈၃၃ ခုနှစ်ကတည်းကသိကျွမ်းခဲ့တယ်

အဲဒီမတိုင်ခင်မှာ အန်ရူဒ်ဟာ ကုန်သည် တစ်ဦးနဲ့လက်ထက်ခဲ့ပြီးမကြာခင်မှာပဲလမ်းခွဲကာ လင်ကွန်းနဲ့ချစ်ကြိုက်ခဲ့တယ်။သူတို့နှစ်ဦးဟာလက်ထက်ဖို့ အထိရည်စူးခဲ့ကြပေမဲ့ ကံမကောင်းစွာနဲ့ အန်ရူဒ်ဟာ ဖျားနာပြီးသေဆုံးခဲ့တာကြောင့် လင်ကွန်းလည်းအကြီးအကျယ်စိတ်ထိ ခိုက်ခဲ့ရတယ်။
လင်ကွန်းဟာအဲဒီအချိန် တွေမှာဘယ်လောက်တောင်စိတ်ထိခိုက်ခဲ့သလဲ
ဆိုရင် စိတ်နဲ့ကိုတောင်မကပ်နိုင်တော့ဘဲ နေ့စဉ် မစ်စ္စပီမြစ်ဘေးမှာ
သစ်တောတွေထဲမှာ တစ်ကိုယ်တည်းလမ်းတွေလျှောက်တာမျိုးတွေလုပ်ခဲ့တယ်။

တချိုကတော့ လင်ကွန်းရဲ့စိတ်ဓာတ်ကျတတ်မှုတွေက
အန်ရူဒ်သေဆုံးပြီးမှ ပိုဆိုးရွားလာတယ် လို့ဆိုကြတယ်။
ဒီလိုနဲ့ ၁၈၄၂မှာ လင်ကွန်းဟာ မေရီတော့ဒ်နဲ့ လက်ထပ်တယ်။
လင်ကွန်းနဲ့ သူထက်အသက် ၁၀နှစ်ငယ်တဲ့
မေရီတော့ဒ်တို့ရဲ့ အိမ်ထောင်ရေးဟာ သာယာလှတယ်တော့လည်း မဟုတ်ပါဘူး။

လူသိများခဲ့ရတဲ့ သမ္မတနဲ့ သူ့ဇနီး တို့ရဲ့ အိမ်တွင်းအချင်းများတဲ့
ပြသနာ တခုလည်းရှိပါတယ်။ အဲဒါကတော့ သမ္မတလင်ကွန်းဟာ
ဧည့်သည်များနဲ့ရှိစဉ် သမ္မတကတော်မေရီတော့ဒ်က သမ္မတမျက်နှာကို
ကော်ဖီပူနဲ့ လှမ်းပက်ခဲ့တယ်ဆိုတာပါပဲ။

ဒါတင်မကသေး မေရီတော့ဒ်ဟာ လင်ကွန်းကို အာလူးတွေနဲ့ ပစ်ပေါက်တာမျိုးရှိခဲ့သလို မျက်နှာကိုရိုက်နှက်တာမျိုး တွေလည်းလုပ်တတ်ပါတယ်။
မည်သို့ပင်ဖြစ်ပစေ
သမ္မတလင်ကွန်းလုပ်ကြံခံ ရပြီးနောက် မေရီတော့ဒ်ဟာ သမ္မတရဲ့ စာပျန အခမ်းအနားကိုလိုက်ပါပို့ဆောင်ခြင်းတော့ မ ရှိခဲ့ပါဘူး။
ကဲ ဒါကြောင့်သူငယ်ချင်းတို့ရေ လောကကြီးမှာ ဆုံးရှုံးမှုတွေ
ဘယ်လောက်ပဲ ကြီးမားပါစေ အခက်အခဲတွေ ဘယ်လောက်ပဲ များပြားပါစေ ကိုယ်သွားရမဲ့ခရီးကို သည်းခံခြင်းတွေနဲ့ အတူ ဆုံးအောင်သွားနိုင်ဖို့ကြိုးစားနိုင်ရမယ်။

မိမိကိုယ်တိုင်အတွက်လည်း ကာကွယ်နိုင်ရမှာဖြစ်သလို အများအကျိုးကိုလည်း သယ်ပိုးနိုင်ရမယ်။ လောကကြီးထဲမှာ
ဒီလိုလူမျိုးတွေပဲ ကြံ့ကြံ့ခံနိုင်မှာဖြစ်သလို ဒီလိုလူမျိုးတွေပဲ အောင်မြင်မှုရမှာဖြစ်ပါတယ်။

၁၀။လင်ကွန်းလုပ်ကြံခံရခြင်းနဲ့ သဘာဝလွန်ဖြစ်ရပ်။
——————————————————-
လင်ကွန်းကို ၁၈၆၅ ခုနှစ် ဧပြီ ၁၄မှာ လုပ်ကြံခံရတာပါ။Ford’s Theatre မှာသရုပ်ဆောင်တဦးဖြစ်တဲ့ John Wilkes Booth ရဲ့လက်ချက်နဲ့
ဦးခေါင်းမှာ သေနတ်ဒါဏ်ရာရပြီးသေဆုံးခဲ့တာပါ။
သူလုပ်ကြံမခံရခင် တစ်ပတ်လောက်အလိုမှာလင်ကွန်းက
အိမ်မက်တခုကိုမက်ခဲ့တယ်။

အိမ်မက်ထဲမှာအိမ်ဖြူတော်မှာရှိတဲ့ စစ်သားလေးတစ်ယောက်ဟာ
အခေါင်းတခုနားမှာ ငိုကြွေးနေတာကိုတွေ့ရသတဲ့။
သူလည်းအဲဒီစစ်သားလေးအနားကိုသွားပြီး ဘာကြောင့်လဲမေးတော့
အဲဒီစစ်သားလေးက သမ္မတကြီးသေဆုံးသွားလို့ ငိုနေရကြောင်းပြောတယ်။
ဒါနဲ့သူလည်း အခေါင်းထဲကိုလည်းကြည့်လိုက်ရော
အလောင်းရဲ့မျက်နှာဟာ သူ ရဲ့မျက်နှာပဲ ဖြစ်နေသတဲ့။
ဒါကတော့ သဘာဝလွန်ဖြစ်ရပ်လို့ပဲပြောရလိမ့်မယ်။

http://www.searchmyanmar.com/
#copy #cd Tin Maung Hlaing

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။