Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 2, 2016

ကိုယ့်ဖုန်း Hack ခံရကြောင်း သိသာစေမယ့် အချက် (၁၄) ချက်


ယနေ့ခေတ် စမတ်ဖုန်းများဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က သိပ္ပံစိတ်ကူးယဉ်အနေဖြင့်သာ ယူဆခဲ့ကြတဲ့ လုပ်ဆောင်ချက်တွေကို ပြုလုပ်စေနိုင်တဲ့ စွမ်းဆောင်ရည်မြင့် ကွန်ပျူတာများဖြစ်ကြပါတယ်။ ဒီထုတ်ကုန်တွေမှာ text နဲ့ email ဆက်သွယ်မှုအချက်အလက်များအပြင် log in လုပ်ထားတဲ့ app ကတစ်ဆင့် account အမျိုးမျိုး အသုံးပြုနိုင်မှု အပါအဝင် လျှို့ဝှက်ကိုယ်ရေးကိုယ်တာအချက်အလက်များစွာ ပါဝင်ပါတယ်။ ဒီအချက်အလက်တွေဟာ အလွန်အရေးကြီးတာကြောင့် ထုတ်ကုန်တွေကို ဟက်ကာတွေရဲ့ရန်က ကင်းဝေးအောင် ပြုလုပ်ထားသင့်သလို ကိုယ့်ရဲ့ဖုန်း ချိုးဖောက်ခံရတဲ့အခါမှာလည်း ကာကွယ်မှုတွေကို အလျင်အမြန် ပြုလုပ်သင့်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ဖုန်း hack ခံရထားတဲ့အခါမှာ သိသာစေမယ့် အချက်များကို ဖော်ပြလိုက်ပါတယ်။


ကိုယ့်ရဲ့ စမတ်ဖုန်း ဒါမှမဟုတ် tablet က ယခင်ထက် နှေးကွေးလာခြင်း
Background မှာ အလုပ်လုပ်နေတဲ့ malware ဟာ ထုတ်ကုန်တစ်ခုပေါ်မှာရှိတဲ့ တရားဝင် app တွေရဲ့ စွမ်းဆောင်ရည်အပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါ့အပြင် malware ကူးစက်ပျံ့နှံ့စေရန် တစ်ဆင့်ပေးပို့မှုကလည်း ထုတ်ကုန်တစ်ခုရဲ့ network connection ကို နှေးကွေးစေပါတယ်။ ဒါပေမဲ့ ထုတ်ကုန်တစ်ခုရဲ့ operating system ကို update လုပ်တဲ့အခါမှာ တစ်ခါတစ်ရံ ထုတ်ကုန်ရဲ့ စွမ်းဆောင်ရည်ကျဆင်းမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် operating system ကို update လုပ်ပြီးတဲ့နောက် စွမ်းဆောင်ရည်ကျဆင်းသွားတဲ့အခါမှာ ထိတ်လန့်စရာမလိုပါဘူး။ အလားတူပဲ ထုတ်ကုန်ရဲ့ memory သုံးစွဲမှု များနေတဲ့အခါ ဒါမှမဟုတ် processor နဲ့ bandwidth သုံးစွဲမှုမြင့်မားတဲ့ app တွေကို ထည့်သွင်းထားတဲ့အခါမှာလည်း စွမ်းဆောင်ရည် ကျဆင်းနိုင်ပါတယ်။

ကိုယ့်ရဲ့ဖုန်းက ထူးဆန်းတဲ့ text message များ ပေးပို့ခြင်း သို့မဟုတ် လက်ခံရရှိခြင်း
ကိုယ့်ရဲ့ သူငယ်ချင်း ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေက ကိုယ်မပို့တဲ့ message တွေ ဒါမှမဟုတ် email တွေကို လက်ခံရရှိတယ်လို့ အကြောင်းကြားလာရင် ဒါဟာ ကိုယ့်ရဲ့ ထုတ်ကုန်တစ်ခုခု ချိုးဖောက်ခံရတာနဲ့ ဆက်စပ်မှုရှိနိုင်ပါတယ်။

ကိုယ် မထည့်ထားတဲ့ app အသစ်တွေက ကိုယ့်ရဲ့ ဖုန်းမှာ ရောက်ရှိနေခြင်း
တစ်ခါတစ်ရံမှာ ထုတ်ကုန်ထုတ်လုပ်သူတွေနဲ့ ဝန်ဆောင်မှုကုမ္ပဏီတွေက update ပေးတဲ့အနေနဲ့ app တွေကို တရားဝင်ထည့်သွင်းတာမျိုး ဖြစ်နိုင်ပါတယ်။ တကယ်လို့ တစ်ခါမှမမြင်ဖူးတဲ့ app အသစ်တွေက ရုတ်တရက် ကိုယ့်ဖုန်းထဲကို ရောက်နေတယ်ဆိုရင် သေချာစစ်ဆေးသင့်ပါတယ်။ Operating system တွေမှာရှိတဲ့ အားနည်းချက်တွေဟာ Android နဲ့ iOS malware တွေက အထူးအခွင့်အရေးရယူပြီး သုံးစွဲသူရဲ့ အချက်အလက် ခိုးယူခြင်း၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများနဲ့ text message များ ရယူခြင်း၊ လူမှုရေးမီဒီယာနဲ့ online banking session များ ရယူခြင်း စတာတွေကို ပြုလုပ်နိုင်ပါတယ်။

ဖုန်းဘက်ထရီက ယခင်ထက် လျင်မြန်စွာ ကုန်ဆုံးခြင်း
Background မှာ အလုပ်လုပ်နေတဲ့ အပိုဆောင်း code (ဥပမာ- သုံးစွဲသူရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖမ်းယူပြီး third party များထံ ထပ်ဆင့်ပေးပို့တဲ့ malware) က ဘက်ထရီစွမ်းအင်ကို အသုံးပြုပါတယ်။

ဖုန်းက ယခင်ထက် ပိုပူလာခြင်း
အလားတူအခြေအနေမျိုးတွင် ထုတ်ကုန်က ယခင်ထက် ပိုပူလာနိုင်ပါတယ်။

ဝက်ဘ်ဆိုက်များက ယခင်ထက် အနည်းငယ်ကွဲပြားစွာ ဖော်ပြခြင်း
တစ်စုံတစ်ယောက်က malware ကို ထည့်သွင်းပြီး သုံးစွဲသူရဲ့ browser နဲ့ အင်တာနက်အကြား နေထိုင်ကာ ဆက်သွယ်မှုတွေကို ထပ်ဆင့်လွှင့်ပေးပါတယ်။ အဲ့ဒီအခါမျိုးမှာ ဝက်ဘ်ဆိုက်တွေရဲ့ ပြသမှုအပေါ် ထိခိုက်နိုင်ပါတယ်။

အချို့ app တွေရဲ့ အလုပ်လုပ်မှု ရပ်တန့်သွားခြင်း
အကယ်၍ ပုံမှန်အလုပ်လုပ်နေတဲ့ app တွေက ရုတ်တရက်ရပ်တန့်သွားခဲ့မယ်ဆိုရင် ဒါဟာ app ရဲ့ လုပ်ဆောင်ချက်တွေကို အခြား malware တွေက နှောင့်ယှက်နေတယ်ဆိုတဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။

Data နဲ့ text messaging (SMS) အသုံးပြုမှု မြင့်တက်လာခြင်း
အကယ်၍ သုံးစွဲသူရဲ့ data နဲ့ SMS သုံးစွဲမှုက မျှော်မှန်းထားတာထက် သိသာသာသာမြင့်တက်လာခဲ့မယ်ဆိုရင် ဒါဟာ malware က သုံးစွဲသူရဲ့ ထုတ်ကုန်က အချက်အလက်ကို အခြားအဖွဲ့များထံပေးပို့တဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ ပုံမှန်ထက် data ပိုမိုသုံးစွဲခြင်း ရှိ၊ မရှိအတွက် app တစ်ခုချင်းစီရဲ့ data သုံးစွဲမှုကို စစ်ဆေးနိုင်ပါတယ်။ Third party app store တစ်ခုကနေ app တွေကို ထည့်သွင်းအသုံးပြုနေတယ်ဆိုရင် အဲ့ဒီ app တွေကို ဖျက်ပစ်ပြီး စိတ်ချရတဲ့ ရင်းမြစ်ကနေ ပြန်လည်ထည့်သွင်းတာမျိုး ပြုလုပ်နိုင်ပါတယ်။

ဆဲလ်ဖုန်းဘေလ်က မှန်းထားသည်ထက် ပိုမိုကုန်ကျနေခြင်း
ဒုစရိုက်သမားတွေဟာ malware ကူးစက်ခံရတဲ့ ထုတ်ကုန်တစ်ခုကို အသုံးချပြီး ဈေးကြီးတဲ့ နိုင်ငံခြားဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာ ဖုန်းနံပါတ်များထံ SMS message များ ပေးပို့ခြင်းဖြင့်လည်း ဘေလ်ကုန်ကျစရိတ် မြင့်မားအောင် ပြုလုပ်နိုင်ပါတယ်။

ယခင်က မပေါ်သည့် “pop-up” များ ထုတ်ကုန်ပေါ်တွင် ပေါ်လာခြင်း
ကွန်ပျူတာများကဲ့သို့ပင် အချို့သော မိုဘိုင်းထုတ်ကုန် malware များက pop-up window များ ဖော်ပြပြီး သုံးစွဲသူများထံ လုပ်ဆောင်ချက်အမျိုးမျိုးကို တောင်းဆိုပါတယ်။ Pop-up တွေကို တွေ့တယ်ဆိုရင် သတိထားဖို့လိုပါတယ်။

ထုတ်ကုန်မှပေးပို့သည့် email ကို spam filter များဖြင့် block ထားခြင်း
သုံးစွဲသူရဲ့ ထုတ်ကုန်ကပေးပို့လိုက်တဲ့ email ဟာ spam filter အနေနဲ့ ရုတ်တရက် တားမြစ်ခံထားရတယ်ဆိုရင် ဒါဟာ သုံးစွဲသူရဲ့ email configuration ကိုပြောင်းလဲပြီး message တွေ ဖတ်နိုင်တဲ့ ခွင့်ပြုချက်မရှိတဲ့ဆာဗာအချို့ကနေ email ကို ပေးပို့တဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။

ထုတ်ကုန်က ပြဿနာရှိတဲ့ ဆိုက်များကို ဝင်ရောက်ရန် ကြိုးပမ်းခြင်း
ပြဿနာရှိတဲ့ ဆိုက်တွေနဲ့ ကွန်ရက်တွေ ဝင်ရောက်ခြင်းကို တားမြစ်ထားတဲ့ ကွန်ရက်တစ်ခုပေါ်မှာရှိတဲ့ သုံးစွဲသူရဲ့ ထုတ်ကုန်က သုံးစွဲသူမသိရှိဘဲ အဆိုပါဆိုက်တွေကို ဝင်ရောက်ဖို့ ကြိုးပမ်းနေတယ်ဆိုရင် ထုတ်ကုန်က malware ကူးစက်ခံနေရတာမျိုး ဖြစ်နိုင်ပါတယ်။

ပုံမှန်မဟုတ်တဲ့ အနှောင့်အယှက်များ တွေ့ကြုံရခြင်း
ဖုန်းခေါ်ဆိုမှု ပြတ်တောက်ခြင်း၊ လိုင်းအားကောင်းနေသော်လည်း ဖုန်းခေါ်ဆိုမှု မပြုလုပ်နိုင်ခြင်း၊ ဖုန်းပြောဆိုနေစဉ် ထူးဆန်းသော ဆူညံသံများ ထွက်ပေါ်လာခြင်းတို့ ဖြစ်ပေါ်ပါက တစ်စုံတစ်ခု မှားယွင်းတာမျိုး ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် အဆိုပါ ပြဿနာများဟာ ထုတ်ကုန်ချိုးဖောက်ခံရတာနဲ့ မသက်ဆိုင်တဲ့ နည်းပညာဆိုင်ရာ ပြဿနာများ ဖြစ်ပေမယ့် အမြဲဖြစ်ပေါ်နေတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် မလျော်ကန်တဲ့ လုပ်ဆောင်ချက်ပြုလုပ်မိပြီး ဒီလိုလက္ခဏာမျိုးကို သတိပြုမိတယ်ဆိုရင် ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။

အချက်အလက်ချိုးဖောက်ခံရခြင်း၊ အချက်အလက်ပေါက်ကြားခြင်း
အချက်အလက်အချို့ ပေါက်ကြားမှုနဲ့ တွေ့ကြုံရပါက ပြဿနာရဲ့ အရင်းမြစ်ကို အမြဲစစ်ဆေးသင့်ပါတယ်။ ဒါ့အပြင် သုံးစွဲသူရဲ့ စမတ်ဖုန်းကို စစ်ဆေးမှုအပါအဝင် စစ်ဆေးမှုတွေကို သေချာစွာ ပြုလုပ်သင့်ပါတယ်။

ဖုန်း hack ခံရကြောင်း သံသယရှိတဲ့အခါ ဘာတွေလုပ်သင့်သလဲ
ကိုယ့်ရဲ့ ဖုန်းက malware ကူးစက်ခံထားရတယ်လို့ သံသယရှိရင် anti-malware software ကို အသုံးပြုပြီး ကိုယ်မသိတဲ့ app တွေကို ဖယ်ရှားသင့်ပါတယ်။ ဖြစ်နိုင်ရင် ဖုန်းကို wipe လုပ်ပြီး factory settings ကို restore လုပ်တာမျိုး၊ ယုံကြည်စိတ်ချရတဲ့ app store တွေကနေ app တွေကို ပြန်လည်ထည့်သွင်းတာမျိုး ပြုလုပ်သင့်ပါတယ်။ ဒါမှမဟုတ် ဖုန်းကို တတ်ကျွမ်းတဲ့ပညာရှင်များထံ ပြသသင့်ပါတယ်။
Ref: INC
 http://internetjournal.media/article/8462

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။