Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, November 8, 2016

ကိုယ်လုပ်ချင်တဲ့အလုပ်တွေထဲက ဘယ်အလုပ်ကို အလုပ်သင့်ဆုံးလဲ။

 
 
ကိုယ်လုပ်ချင်တဲ့အလုပ်တွေထဲက ဘယ်အလုပ်ကို အလုပ်သင့်ဆုံးလဲ။
=========================

ကျွန်တော့်မှာ လုပ်ချင်နေတဲ့အရာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဘယ်အရာကို တကယ်လုပ်ရင် ကောင်းမလဲ ??

ကျွန်တော်တို့တွေဟာ အသက်မွေးဝမ်းကြောင်းအလုပ်အတွက် ကိုယ်လုပ်ချင်တဲ့ အလုပ်လေးကိုပဲ လုပ်ချင်ကြတဲ့သူတွေချည်းပါပဲ။ ဒါပေမယ့်အရေးကြီးတာက ကျွန်တော်တို့ တကယ်လုပ်ချင်တဲ့ အလုပ်ဟာ အောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ် မဖြစ်ဆိုတာကို ဘယ်လို ဆုံးဖြတ်နိုင်မလဲ?

အဲဒီအတွက်တော့ သင်ရွေးချယ်လိုက်တဲ့အလုပ်က တကယ့်ကို မဟာအခွင့်အရေး ဟုတ်မဟုတ်ဆိုတာ စဉ်းစားဖို့ရာ နည်းလမ်းလေးတွေရှိပါတယ်။ ဒီလိုစဉ်းစားဖို့ရာက အဆင့်နှစ်ဆင့်ရှိပါတယ်။

ပထမအဆင့်ကတော့ သင့်ဆုံးဖြတ်ချက်ဟာ အောင်မြင်မှု စံနှုန်းတွေနဲ့ ဘယ်လောက်ကိုက်ညီနေသလဲဆိုတာ အရင်တွေးကြည့်တာပါ။။ နောက်တစ်ဆင့်ကတော့ သင်လုပ်ကိုင်မယ့် လုပ်ငန်းက အဲဒီနယ်ပယ်က လုပ်ငန်းတစ်ခု အသစ်စတင်လုပ်ကိုင်ဖို့ ဆွဲဆောင်မှု ရှိရဲ့လားဆိုတာ သေချာစမ်းစစ်လေ့လာတာပါ။ တကယ်လို့သာ ဆွဲဆောင်မှုရှိတဲ့လုပ်ငန်းနယ်ပယ်မှာ စစ်မှန်တဲ့အခွင့်အရေးတစ်ခုဖြစ်အောင် လုပ်ဆောင်နိုင်မယ်ဆိုရင် သင်ကြိုက်နှစ်သက်တဲ့လုပ်ငန်းဟာ အံ့မခန်း အောင်မြင်တိုးတက်တော့မှာပဲဖြစ်ပါတယ်။

စစ်မှန်တဲ့အခွင့်အရေး

တစ်ခါတစ်လေ ကျွန်တော်တို့မှာ လုပ်ချင်တာတွေအရမ်းများနေတတ်ပါတယ်။ ဒါကြောင့်လည်း တကယ်အောင်မြင်တဲ့အလုပ်ကို ရွေးချယ်နိုင်ဖို့ ခက်ခဲ့လှပါတယ်။ သင်လုပ်ချင်တွေတဲ့အလုပ်တွေကို တကယ်အောင်မြင်စေနိုင်တဲ့စီးပွားရေး အခွင့်အလမ်းတွေရဲ့စံနှုန်းတွေနဲ့ တိုက်ဆိုင်ပြီး စီစစ်ကြည့်ပါ။ စံနှုန်းတွေရဲ့ အကြောင်းကို ကျွန်တော် တစ်ချက်ချင်းစီ ရှင်းပြပါမယ်။

(က) လိုအပ်ချက် ။ ။ သင့်ရဲ့လုပ်ငန်း ဒါမှမဟုတ် ထုတ်ကုန်ဟာ လူတွေ အမြဲအသုံးပြုပြီး လိုအပ်နေတဲ့ အရာဖြစ်ပါစေ။

(ခ) အတွေ့အကြုံ ။ ။ သင်ကိုယ်တိုင် လုပ်ငန်းနယ်ပယ်မှာ လုပ်ကိုင်ခဲ့ဖူးတဲ့အတွေ့အကြုံ (ဒါမှမဟုတ်) သင်ထုတ်ကုန်ကို သင်ကိုယ်တိုင် သုံးစွဲဖူးပါစေ။

(ဂ) အရင်းအမြစ်များ ။ ။ သင့်ရဲ့ထုတ်ကုန် (ဒါမှမဟုတ်) လုပ်ငန်းဟာ အရင်းအမြစ်တွေ ပေါပေါများများရနိုင်တဲ့ အလုပ်တစ်ခုဖြစ်ပါစေ။

(ဃ) သုံးစွဲသူ ။ ။ သင့်လုပ်ငန်းစစချင်းမှာပဲ သုံးစွဲသူတွေ အသင့်ရှိအောင် ရှာဖွေထားပါ ။

(င) စံပြပုံစံ ။ ။ ဈေးကွက်ထိုးဖောက်ဖို့၊ ဈေးနှုန်းသတ်မှတ်ဖို့နဲ့ အကျိုးအမြတ်များရရှိစေရန်အတွက် လုပ်ငန်းမှာ လုပ်ငန်းဆိုင်ရာစံပြပုံစံတွေ သတ်မှတ်ထားပြီးဖြစ်ပါစေ။

ဒါဆိုရင်တော့ သင့်အနေနဲ့ ကိုယ်လုပ်ချင်တဲ့အရာကို အပေါ်က အချက်တွေနဲ့ ကိုက်ညီမကိုက်ညီ ဆန်းစစ်ပြီး လုပ်ကိုင်လိုက်ပါက စစ်မှန်တဲ့စီးပွားရေးအခွင့်အလမ်းတစ်ခု ဖြစ်လာမှာပ။

ကိုယ်လုပ်ချင်တဲ့အရာကို စစ်မှန်တဲ့ စီးပွားရေးအခွင့်အလမ်း ဖြစ်အောင်ပြောင်းနိုင်တဲ့ နမူနာတစ်ခုအနေနဲ့ Marshall Miller ကို ပြပါရစေ။ သူဟာ သူမကြိုက်တဲ့အလုပ်ကို ရှစ်နှစ်လောက် သူငယ်ချင်းတွေနဲ့အတူလုပ်ခဲ့ပါတယ်။ အလုပ်လုပ်နေရင်းနဲ့ သူဟာ ပိတ်ရက်တွေမှာ လေထီးခုန်တာတို့၊ လေဟုန်စီးတာတို့ အမြဲသွားလုပ်ပါတယ်။ အဲလိုကနေပြီးတော့ ဒီအလုပ်တွေလုပ်ရင်းနဲ့ အသက်မွေးကြောင်းပြုဖို့ စဉ်းစားခဲ့ပါတယ်။ အဲဒီနောက်တော့ GoPro ကို ချဉ်းကပ်ပြီး စတန့်ခုန်ချပြတာတို့ပြုလုပ်ပြီး သူတို့လုပ်ဆောင်မှုတွေကို ကုမ္ဗဏီအတွက် အသုံးပြုလို့ရမယ့် ရုပ်ရှင်ရိုက်ကူးစေခဲ့တဲ့ GoPro Bomb Squad ကို အစပြုပေးခဲ့ပါတယ်။ အခုချိန်မှာတော့ သူ့ကို sponsor ပေးတဲ့ကုမ္ပဏီတွေအများကြီပါ။ သူကြိုက်တဲ့ Skydiving တို့ sky parachuting တို့ ကို စတန့်ခုန်နေတာ ၁၀ နှစ် နီးပါးရှိပြီး ပျံနေတဲ့ လူသား ဆိုပြီးတောင် စာရင်းသွင်းထားခြင်းခံရပါပြီ။

ဆွဲဆောင်မှုရှိတဲ့ လုပ်ငန်း

ဒုတိယတစ်ခုဖြစ်တဲ့ဆွဲဆောင်မှုရှိတဲ့ အလုပ်အကြောင်း ဆက်ရှင်းပြပါမယ်ဗျ။ စစ်တမ်းတွေအရဆိုရင် သင်စရွေးချယ်လိုက်တဲ့အလုပ်ဟာ အောင်မြင်နိုင်မှုရဲ့ ၃၀% အရေးပါ ပါတယ်။ ဆွဲဆောင်မှုရှိတယ်ဆိုတဲ့ လုပ်ငန်းတွေရဲ့ စံနှုန်းတွေကတော့

(က) အရွယ်အစား ။ သင်လုပ်မယ့် လုပ်ငန်းနယ်ပယ်ဟာ အနည်းဆုံးတော့ ရောင်းသန်းငါးဆယ်လောက် ရောင်းအားရှိပြီး သန်းတစ်ရာထက်တော့မကျော်တဲ့ လုပ်ငန်းနယ်ပယ်ဖြစ်ရပါမယ်။ (အမှန်တကယ်ရောင်းရတဲ့ အချက်အလက်တွေအစစ်တွေဖြစ်ရမယ်။ ရောင်းအားအရမ်းများနေတဲ့အလုပ်တွေကကျ လုပ်ကိုင်သူတွေများလွန်းပြီး ကိုင်တွယ်ရတာခက်ခဲတတ်ပါတယ်)

(ခ) တိုးတက်မှုနှုန်း ။ သင်လုပ်မယ့်လုပ်ငန်းဟာ နှစ်စဉ် အနည်းဆုံး ၁၀% တော့ တိုးတက်နှုန်း ရှိသင့်ပါတယ်။ ဒီ့ထက်တော့လုပ်ငန်း သေးသွားလို့မရပါဘူး။

(ဂ) အမြတ်။ သင့်ရဲ့ အကြမ်းအမြတ်ဟာ့  ၄၀ % ကနေ ၅၀ % ရှိပြီး အသားတင်အမြတ်အနေနဲ့ ၁၀ ကနေ ၂၀% ရနေဖို့လိုပါတယ်။ ဒါမှသာ ဝင်ငွေရတဲ့အလုပ်တစ်ခုဖြစ်နိုင်မှာပါ။

(ဃ) ယှဉ်ပြိုင်ဖက်များ။ သင့်လုပ်ငန်းမှာ ယှဉ်ပြိုင်သူ အနည်းငယ်ပဲ ရှိတဲ့အလုပ်ဟာ အောင်မြင်နိုင်ဖို့ အလားအလာ များစွာရှိပါတယ်။ လုပ်ငန်းတူပြိုင်ဘက်တွေများလွန်းနေရင်တော့ ဈေးကွက်ကို လွှမ်းမိုးနိုင်ဖို့ရာ ခက်ပါလိမ့်မယ်။

(င) စားသုံးသူများ။ သင့်လုပ်ငန်းရဲ့ စားသုံးသူတွေဟာ နေရာစုံ အလွှာစုံမှာ ရှိဖို့လိုပါတယ်။ ဆိုလိုရင်းကတော့ လူတစ်ချို့တွေအတွက်ပဲ သီးသန့်မဟုတ်ဘဲ လူတွေအများကြီးအတွက် ရည်ရွယ်တဲ့ လုပ်ငန်းဖြစ်ဖြစ် ၊ အလွှာစုံ၊ အုပ်စုအစုံကိုဖြစ်ဖြစ် ရည်ရွယ်ထားသင့်ပါတယ်။

ဆွဲဆောင်မှုရှိပြီး အလားအလာကောင်းတဲ့ လုပ်ငန်းနယ်ကယ်တစ်ခုကို ရွေးချယ်လုပ်ကိုင်ခဲ့ရင်တော့ သင်ရဲ့အလုပ်ဟာ သင့်ရဲ့အိပ်မက်တွေအတိုင်းအကောင်အထည်ဖော်နိုင်မှာပါ။

အနှစ်ချုပ်ပြောရရင်တော့ .

သင်လုပ်ချင်တဲ့ အလုပ်တွေကို လေ့လာဆန်းစစ်ကြည့်ပါ။ အပေါ်က အဆင့် ၂ ခု နဲ့ လေ့လာဆန်းစစ်ပါ။
စစ်မှန်တဲ့အခွင့်အရေးကို ဆွဲဆောင်မှုရှိတဲ့လုပ်ငန်းနယ်ပယ်ထဲမှာ လုပ်ကိုင်နိုင်ရင်တော့ သင့်အိပ်မက်တွေ တကယ်ဖြစ်လာပြီပေါ့ဗျာ။ အလုပ်ဆိုတာဟာလည်း ကိုယ်နှစ်သက်တဲ့အလုပ်လေး လုပ်နေရရင် ဘယ်လောက်ပင်ပန်းပန်း စိတ်နှစ်ပြီးကို အောင်မြင်အောင် လုပ်တတ်ကြတယ်ဗျ။ ကိုယ်မနှစ်သက်တဲ့အလုပ်ဆိုရင်တော့ စိတ်ညစ်မှုတွေကလွဲပြီး ဘာမှ ရမှာ မဟုတ်ဘူးဗျ။ ကျွန်တော်ဖော်ပြခဲ့တဲ့ အချက်တွေကို သုံးသပ်ပြီး ကိုယ်နဲ့ကိုက်ညီနိုင်မယ့်လုပ်ငန်းမျိုး၊ အောင်မြင်နိုင်မယ့် လုပ်ငန်းမျိုးတွေ ရွေးချယ်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်ဗျာ။

Ref: Entrepreneur : How to Know What Passions to Pursue
Translated By : Myat Phu Pwint Ko Ko

*************************************************************
ယခု ပိုစ့်ကို “Hope” Digital Advertising လုပ်ငန်းမှ မြန်မာနိုင်ငံတွင် ကိုယ်ပိုင်လုပ်ငန်းရှင်များ များစွာ ပေါ်ပေါက်လာရေးအတွက် ရည်ရွယ်တင်ဆက်ပါတယ်။
*************************************************************
> ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်ဖို့ ရှိရမယ့် အခြေခံစိတ်ဓာတ်များ
> ခွန်အားဖြည့်စာပေများ
> အရင်းအနှီးနည်းနည်းဖြင့် လုပ်ကိုင်လို့ရမယ့်လုပ်ငန်းများ
> စီးပွားရေးဆိုင်ရာ ဗဟုသုတများ
> ကိုယ်ပိုင်လုပ်ငန်းရှင်တစ်ယောက်လုပ်ဆောင်ရမယ့် လုပ်ဆောင်ပုံအဆင့်ဆင့်
စတဲ့ ပိုစ့်များကို နေ့စဉ် တင်ဆက်ပေးနေပါတယ်။
Hope
-------
Digital Advertising & Business Services
Facebook: www.facebook.com/hopeads/
Instagram: www.instagram.com/hope_digitaladvertising/
Website : www.hopedigitaladvertising.com
-
***ယုံကြည်မျှော်လင့်ချက်ရှိရာသို့သာ တစ်လှမ်းချင်းဦးတည်သွားပါ။
တိုးတက်ပြောင်းလဲမှုတွေက သင့်ကို စောင့်ကြိုနေမှာပါ။ ***

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။