Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, November 6, 2016

လူရိုး_သင်္ချိုင်းမှာပဲ_ရှိတာမဟုတ်ပါ

#လူရိုး_သင်္ချိုင်းမှာပဲ_ရှိတာမဟုတ်ပါ
အိန္ဒိယနိုင်ငံက ဖြစ်ရပ်မှန်တစ်ခုပါ။
အသက် ၄၅ နှစ်အရွယ် ကေဆူဒါကရန်ဆိုတဲ့ လူတစ်ယောက်ဟာ ကန်ဟန်ဂတ်မြို့လေးက ဈေးထဲမှာ ဆိုင်လေးတစ်ခုဖွင့်ပြီး ဈေးရောင်းတယ်။ သူ့ဆိုင်လေးမှာ ချိုချဉ်၊ အအေးနဲ့ ထီလက်မှတ်တွေ ရောင်းတယ်။ သူ့ဆိုင်ကနေ တစ်လကို ရူပီငွေ ၁၀,၀၀၀ (ကျပ်တစ်သိန်း ၂ သောင်း) လောက်တော့ ပုံမှန်လေး ရနေပါတယ်။

တမနက်ခင်းမှာ သူ့ဆိုင်မှာ ဝယ်နေကျ ဖေါက်သယ်တစ်ယောက်ဖြစ်တဲ့ ပီအရှိုကန်က သူ့ဆီကို ဖုန်းဆက်ပြီး ထီလက်မှတ် ၁၀ စောင် ဖယ်ထားပေးပါ။ နောက်တနေ့မနက်မှာ လာယူမယ်လို့ ပြောလိုက်တယ်။
အဲဒီညနေမှာ ထီဖွင့်လို့ ဆူဒါကရန်က ထီတိုက်ကြည့်လိုက်တယ်။ အရှိုကန် ဝယ်ဖို့ ဖယ်ခိုင်းထားတဲ့ ထီလက်မှတ် ၁၀ စောင်ထဲက တစ်စောင်ဟာ ထီပေါက်နေတာကို တွေ့လိုက်ရတယ်။ ပေါက်တဲ့ဆုက ပထမဆုကြီး။ ရူပီငွေ ၁၀ သန်း (ကျပ်သိန်း ၁,၈၀၀)။ အရှိုကန် ရုတ်တရက် ဘာလုပ်ရမှန်း မသိဖြစ်သွားတယ်။ နောက်တော့ သူ့အဖေကို အရှိုကန် မှာထားတဲ့အထဲက ထီတစ်စောင်ဟာ ပထမဆုကြီး ပေါက်နေကြောင်း ပြောပြလိုက်တယ်။ သူ့ အဖေက အရှိုကန်ကို ဖုန်းဆက်ပြောလိုက်လို့ ပြန်ပြောလာတယ်။ သူ ချက်ခြင်း အရှိုကန်ဆီ ဖုန်းဆက်အကြောင်းကြားလိုက်တယ်။ အရှိုကန် ရောက်လာပြီး သူ့ရဲ့ ရိုးသားမှုကို အံ့သြချီးကျူးမဆုံး ဖြစ်သွားတယ်။
တကယ်တမ်းဆိုရင် ဆူဒါကရန်က အရှိုကန်ကို သူ့အတွက် ဖယ်ထားတဲ့ ထီလက်မှတ်နံပတ်တွေကို မပြောပြရသေးပါဘူး။ နောက်ပြီး သူ့ဆီက ထီလက်မှတ်ဖိုးလည်း မယူရသေးပါဘူး။ သူ့အနေနဲ့ အဲဒီပေါက်တဲ့ ထီလက်မှတ်ကို ထီမပေါက်တဲ့ လက်မှတ်တစ်စောင်နဲ့ လဲထားလိုက်ရင်လည်း ဘယ်သူမှ မသိပါဘူး။ တရားဥပဒေအရလည်း သူ့ဟာ ဘာမှ ငြိစွန်းမှုမရှိပါဘူး။
သူ့ကို အဲဒီလို ဘာကြောင့် လုပ်ရတာလဲလို့ မေးကြည့်တော့ သူက ခုလို ဖြေပါတယ်။
"ကျနော့်အဖေက ကျနော်ငယ်ငယ်လေးကတဲက ပြောနေကျ စကားတစ်ခု ရှိတယ်။ မင်းမှာ ပိုက်ဆံမရှိရင် တောင်းစား။ သူများပစ္စည်းကို ဘယ်တော့မှ မခိုးနဲ့ မရိုးမသားနည်းနဲ့ မယူနဲ့တဲ့။ အဖေ့စကားကြောင့်ပါ"တဲ့။
လအတန်ကြာမှာ သူဟာ ရထားစီးသွားရင် တွဲပေါ်မှာ ကျနေတဲ့ ရွှေဆွဲကြိုးတစ်ကုံးကို ရဲလက်ကို အပ်လိုက်ပါတယ်။ ရဲက စုံစမ်းပြီး ပိုင်ရှင်ကို ပြန်ပေးလိုက်ပါတယ်။
ဆူဒါကန်ဟာ ထီဆုကြီး မယူလို့ သူ့ဘဝဟာ ချောင်ချောင်လည်လည် ရှိရဲ့လား။ သူ့မှာ ကလေး ၆ ယောက် ရှိတယ်။ သမီးတစ်ယောက်က မသန်စွမ်းဖြစ်နေတယ်။ သူ့ဆိုင်ခန်းကို ငှားထားရတာပါ။ မနက်တိုင်း ၄ နာရီခွဲထပြီး သူ့ရွာကနေ သူ့ဆိုင်ရှိတဲ့ ကန်ဟန်ဂတ်မြို့ကို ၂ နာရီကြာ ရထားစီးသွားရတယ်။ သူဟာ တပတ်လုံး တစ်ရက်မှ အနားမယူဘဲ ဈေးရောင်းရတယ်။ မိသားစု စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်နေရတယ်။
ရိုးသားမှုဟာ ယနေ့ကမ္ဘာပေါ်မှာ ဒိုင်နိုဆောသတ္တဝါကြီးလို ပျောက်ကွယ်သွားပြီလို့ ထင်နေမိတာ ဒီသတင်းဖတ်လိုက်ရတော့လည်း အော် ရှိပါသေးလားလို့ တွေးရင်း ရင်အေးမိပါတယ်။
http://www.thebetterindia.com/…/my-story-honest-man-lotter…/
ဗန်းမော်သိန်းဖေ
၀၆-၁၁-၂၀၁၆

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။