ဂျပန်တွေရဲ့ ကလေးငယ်ပြုစုပျိုးထောင်နည်း
-------------------------- ------------------
(၁) နေအိမ်ဆိုတာ အကျင့်တွေမွေးဖွားရာနေရာ၊
မိဘဆိုတာ အကျင့်တွေကို မွေးဖွားပေးတဲ့ဆရာဖြစ်တယ်။
.
(၂) ကလေးငယ်တွေရဲ့အပြုအမူ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး
(ဥပမာ- ကိစ္စရပ် ၅ရပ်ဆိုပါစို့)
ကိစ္စရပ် ၃ရပ်ကို ချီးကျူးပါ၊ ကျန်ကိစ္စရပ် ၂ ရပ်ကို ဝေဖန်ပါ။
(ချီးကျူးတဲ့စကားက ဝေဖန်တဲ့စကားထက်ပိုပါစေဆိုတဲ့သဘော)
ကောင်းတဲ့ဘက်ကို သူဦးတည်ပြီး တိုးတက်ကြီးပြင်းလာပါလိမ့်မ ယ်။
.
(၃) ကလေးငယ်ကို ဗဟုသုတပေးမယ့်အစား
သူကိုယ်တိုင်ခံစားကြည့်နိုင်ဖို့ ခံစားခွင့်ပေးလိုက်ပါ။
သူ့ကိုခံစားချက်တွေပေးမယ့်အ စား
သူကိုယ်တိုင် လက်တွေ့လုပ်ဆောင်ခွင့်ပေးလိုက်ပါ။
.
(၄) ကလေးငယ်ကို စတင်သင်ယူစေတဲ့အရွယ်မှာ အကျင့်စရိတ္တကောင်းတဲ့ ဆရာကို ဦးစားပေးရှာပါ၊ အသိဉာဏ်ပညာ၊ ဘွဲ့တွေကို အဓိကမထားပါနဲ့။ အကျင့်စရိတ္တပျက်ပြားတဲ့ဆရာက ကလေးငယ်တွေရဲ့အတုယူစံပြုထို က်တဲ့ ဆရာမဟုတ်ပါဘူး။
.
(၅) လူ့သဘော လူ့သဘာဝကိုနားလည်တဲ့သူဟာ ကိုယ့်ကလေးကို အရက်သေစာမသောက်စားဖို့၊ ငွေကြေးမတပ်မက်ဖို့ သွန်သင်သင့်ပါတယ်။
.
(၆) မိဘဆရာသမားတို့ရဲ့အကြံက ဘယ်လောက်ကောင်းတဲ့မြေသြဇာဖြ စ်လည်း
အသက် ၂ဝကျော်သူတွေကို ဆိုဆုံးမလို့မရတော့ပါဘူး။ ဒါကြောင့်
အကျင့်ဆိုးတွေမကူးစက်ဖို့ ကလေးငယ်တွေ ငယ်ရွယ်ချိန်ကတည်းက
ပျိုးထောင်ဖို့လိုအပ်ပါတယ်။
----------
အချက် (၆)ချက် ကျန်ပါသေးတယ်.. ကျန်တာကို နောက်ရက်မှ ဆက်ရေးမယ်။ တင်ထားတဲ့ပုံက ဂျပန်ကလေျးတွေ ကျောင်းနေ့လယ်စာအတွက် ပြင်ဆင်နေပုံပါ။ ကျန်းမာရေးနဲ့ပတ်သက်တဲ့အသိပ ညာကို ငယ်ရွယ်စဉ်ကတည်းက သင်ပေးတာကို တွေ့ရပါတယ်။ ကျောင်းနေ့လယ်စာလေးဆိုပေမယ့်  အစားအစာထဲ ဆံပင်တွေမကျအောင် ခေါင်းစွပ်စွပ်ထားတယ်၊ စကားပြောတဲ့အခါ တံထွေးတွေမဝင်ဖို့ ပါးစပ်ကိုပါ အဝတ်စနဲ့ပိတ်ထားတာမျိုးတွေ့ ရတယ်။
.
ဂျပန်မှာတော့ မသိဘူး... ထိုင်ဝမ်မှာ (တက္ကသိုလ်ဝင်တန်းဖြေဖို့) ကျွန်မကျောင်းတက်တုန်းကတော့ ကျောင်းအိပ်ကျောင်းစားမို့ ကျောင်းမှာ မီးဖိုဆောင်ကြီးတစ်ခုရှိတယ် ။
အဲဒီမီးဖိုဆောင်မှာကူဖို့ စာသင်ခန်းတစ်ခန်းတိုင်းက ကျောင်းသား ၄၊ ၅
ယောက်လောက်ကို အဖွဲ့တစ်ဖွဲ့ဖွဲ့ရတယ်။ ထမင်းစားချိန်ရောက်ခါနီးတို င်း
အကူကျောင်းသားတွေက တခြားကျောင်းသားတွေစားဖို့ စားပွဲမှာ ထမင်းဟင်းတွေ
အဆင်သင့်ဖြစ်အောင် အရင်ချပေးရတယ်။ ဒီလို ထမင်းဟင်းဝိုင်းချပေးတဲ့
ကျောင်းသားတွေကို ကျောင်းက အမှတ်ပေးတယ်။ အခန်းတိုင်း မလုပ်မနေရလုပ်ရတယ်။
ကျွန်မတို့က အသက်ကြီးမှ အဲဒီလိုကျောင်းမျိုးကို တက်ဖူးတယ်။
ဒီလိုအဖွဲ့အစည်းစိတ်ဓာတ်ရှိ ဖို့၊ စည်းကမ်းရှိဖို့ကို သူတို့က မူလတန်းကတည်းက သင်နေပြီဖြစ်တယ်။
.
ကျွန်မတက်ခဲ့တဲ့ကျောင်းက အိုဗာစီးကျောင်းသားတွေပဲ လက်ခံတဲ့ကျောင်း၊ ထိုင်ဝမ်နယ်ခံတွေ တက်ခွင့်မရတဲ့ကျောင်းပေါ့။ အခန်းတစ်ခန်းမှာ ကျောင်းသား ၂၅ ယောက်ပဲထားတယ်။ သိပ္ပံ၊ ဝိဇ္ဇာခွဲထားတယ်။ ကျောင်းသား ၂၅ ယောက်လုံး အဖွဲ့တစ်ခုခုထဲ ပါဝင်ရတယ်။ မီးဖိုဆောင်အကူအဖွဲ့ထဲ ဝင်မလား၊ နံရံကပ်စာစောင်အဖွဲ့ထဲ ဝင်မလား၊ အဆိုအကအဖွဲ့ထဲ ဝင်မလား၊ အားကစားအဖွဲ့ထဲဝင်မလား... ကိုယ်ကြိုက်တဲ့အဖွဲ့ထဲ ဝင်ခွင့်ရှိတယ်။ ပွဲတွေ အခမ်းအနားတွေ တစ်ခုခုရှိရင် ကိုယ်တာဝန်ယူတဲ့အပိုင်းကို ကိုယ်ကျေကျေပွန်ပွန် အဖွဲ့လိုက်လုပ်ရတယ်။ အချောင်ခိုပြီး ဘယ်အဖွဲ့ထဲမှ မဝင်ချင်လို့မရဘူး။ ဒါဟာ အဖွဲ့အစည်းစိတ်ဓာတ်၊ အများနဲ့ အတူလုပ်ဆောင်တဲ့စိတ်ဓာတ်၊ ကိုယ့်တာဝန်ကိုယ်ယူတဲ့စိတ်ဓာတ်ကို စာသင်ခန်း၊ ကျောင်းကနေ စမွေးမြူပေးနေတာဖြစ်တယ်။
.
တက္ကသိုလ်ရောက်တော့ ကျောင်းအိပ်ပေမယ့် ကျောင်းစားမဟုတ်တော့လို့ မီးဖိုဆောင်အကူတွေ မရှိတော့ဘူး။ ဒါပေမယ့် အဖွဲ့အဖွဲ့တွေတော့ရှိတယ်။ တက္ကသိုလ်က လွတ်လပ်သွားပြီဆိုတော့ ကိုယ်နှစ်သက်တဲ့အဖွဲ့ထဲ ဝင်ချင်လည်းရတယ်။ မဝင်ချင်လည်း ဘာမှမဖြစ်တော့ဘူး။ ဒါပေမယ့် အားကစားဘာသာရပ်ကတော့ တတိယနှစ်အထိ အမှတ်မပေးပေမယ့် မရွေးမနေရဘာသာရပ်အဖြစ် ရွေးရတယ်။ နောက်ရက်တွေမှာ ကျောင်းတက်ခဲ့ရတဲ့အတွေ့အကြုံတွေ မျှဝေပါဦးမယ်။
---
#NineNineSaNay
--------------------------
(၁) နေအိမ်ဆိုတာ အကျင့်တွေမွေးဖွားရာနေရာ၊
မိဘဆိုတာ အကျင့်တွေကို မွေးဖွားပေးတဲ့ဆရာဖြစ်တယ်။
.
(၂) ကလေးငယ်တွေရဲ့အပြုအမူ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး
(ဥပမာ- ကိစ္စရပ် ၅ရပ်ဆိုပါစို့)
ကိစ္စရပ် ၃ရပ်ကို ချီးကျူးပါ၊ ကျန်ကိစ္စရပ် ၂ ရပ်ကို ဝေဖန်ပါ။
(ချီးကျူးတဲ့စကားက ဝေဖန်တဲ့စကားထက်ပိုပါစေဆိုတ
ကောင်းတဲ့ဘက်ကို သူဦးတည်ပြီး တိုးတက်ကြီးပြင်းလာပါလိမ့်မ
.
(၃) ကလေးငယ်ကို ဗဟုသုတပေးမယ့်အစား
သူကိုယ်တိုင်ခံစားကြည့်နိုင
သူ့ကိုခံစားချက်တွေပေးမယ့်အ
သူကိုယ်တိုင် လက်တွေ့လုပ်ဆောင်ခွင့်ပေးလိ
.
(၄) ကလေးငယ်ကို စတင်သင်ယူစေတဲ့အရွယ်မှာ အကျင့်စရိတ္တကောင်းတဲ့ ဆရာကို ဦးစားပေးရှာပါ၊ အသိဉာဏ်ပညာ၊ ဘွဲ့တွေကို အဓိကမထားပါနဲ့။ အကျင့်စရိတ္တပျက်ပြားတဲ့ဆရာက
.
(၅) လူ့သဘော လူ့သဘာဝကိုနားလည်တဲ့သူဟာ ကိုယ့်ကလေးကို အရက်သေစာမသောက်စားဖို့၊ ငွေကြေးမတပ်မက်ဖို့ သွန်သင်သင့်ပါတယ်။
.
(၆) မိဘဆရာသမားတို့ရဲ့အကြံက ဘယ်လောက်ကောင်းတဲ့မြေသြဇာဖြ
----------
အချက် (၆)ချက် ကျန်ပါသေးတယ်.. ကျန်တာကို နောက်ရက်မှ ဆက်ရေးမယ်။ တင်ထားတဲ့ပုံက ဂျပန်ကလေျးတွေ ကျောင်းနေ့လယ်စာအတွက် ပြင်ဆင်နေပုံပါ။ ကျန်းမာရေးနဲ့ပတ်သက်တဲ့အသိပ
.
ဂျပန်မှာတော့ မသိဘူး... ထိုင်ဝမ်မှာ (တက္ကသိုလ်ဝင်တန်းဖြေဖို့) ကျွန်မကျောင်းတက်တုန်းကတော့
.
ကျွန်မတက်ခဲ့တဲ့ကျောင်းက အိုဗာစီးကျောင်းသားတွေပဲ လက်ခံတဲ့ကျောင်း၊ ထိုင်ဝမ်နယ်ခံတွေ တက်ခွင့်မရတဲ့ကျောင်းပေါ့။ အခန်းတစ်ခန်းမှာ ကျောင်းသား ၂၅ ယောက်ပဲထားတယ်။ သိပ္ပံ၊ ဝိဇ္ဇာခွဲထားတယ်။ ကျောင်းသား ၂၅ ယောက်လုံး အဖွဲ့တစ်ခုခုထဲ ပါဝင်ရတယ်။ မီးဖိုဆောင်အကူအဖွဲ့ထဲ ဝင်မလား၊ နံရံကပ်စာစောင်အဖွဲ့ထဲ ဝင်မလား၊ အဆိုအကအဖွဲ့ထဲ ဝင်မလား၊ အားကစားအဖွဲ့ထဲဝင်မလား... ကိုယ်ကြိုက်တဲ့အဖွဲ့ထဲ ဝင်ခွင့်ရှိတယ်။ ပွဲတွေ အခမ်းအနားတွေ တစ်ခုခုရှိရင် ကိုယ်တာဝန်ယူတဲ့အပိုင်းကို ကိုယ်ကျေကျေပွန်ပွန် အဖွဲ့လိုက်လုပ်ရတယ်။ အချောင်ခိုပြီး ဘယ်အဖွဲ့ထဲမှ မဝင်ချင်လို့မရဘူး။ ဒါဟာ အဖွဲ့အစည်းစိတ်ဓာတ်၊ အများနဲ့ အတူလုပ်ဆောင်တဲ့စိတ်ဓာတ်၊ ကိုယ့်တာဝန်ကိုယ်ယူတဲ့စိတ်ဓ
.
တက္ကသိုလ်ရောက်တော့ ကျောင်းအိပ်ပေမယ့် ကျောင်းစားမဟုတ်တော့လို့ မီးဖိုဆောင်အကူတွေ မရှိတော့ဘူး။ ဒါပေမယ့် အဖွဲ့အဖွဲ့တွေတော့ရှိတယ်။ တက္ကသိုလ်က လွတ်လပ်သွားပြီဆိုတော့ ကိုယ်နှစ်သက်တဲ့အဖွဲ့ထဲ ဝင်ချင်လည်းရတယ်။ မဝင်ချင်လည်း ဘာမှမဖြစ်တော့ဘူး။ ဒါပေမယ့် အားကစားဘာသာရပ်ကတော့ တတိယနှစ်အထိ အမှတ်မပေးပေမယ့် မရွေးမနေရဘာသာရပ်အဖြစ် ရွေးရတယ်။ နောက်ရက်တွေမှာ ကျောင်းတက်ခဲ့ရတဲ့အတွေ့အကြံ
---
#NineNineSaNay
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။