Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, November 15, 2016

"တရားဝင်လိုင်စင်ရ ခရိုန်ီကြီးများ"

"တရားဝင်လိုင်စင်ရ ခရိုန်ီကြီးများ"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နိုင်ငံ့အနာဂတ်အတွက် အလွန်အရေးကြီးတဲ့ပွဲကြီးတစ်ခု ကျင်းပသွားတာကို လူတွေ သိပ်စိတ်မဝင်စားတာ အံ့ဩစရာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်က နေပြည်တော် MICC 2 ခန်းမမှာ ပြုလုပ်တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များ တွေ့ဆုံပွဲမှာ တက်ရောက်လိုသူတွေ များပြားလို့ ထိပ်တန်းအခွန်ထမ်းဆောင်သူ ၁၅၈ ဦးကိုပဲ ရွေးချယ် ဖိတ်ကြားခဲ့ရတယ်တဲ့။

ထိပ်တန်းအခွန်ထမ်းဆောင်သူ စီးပွားရေးသမားကြီးတွေဆိုပြီး တက်လာသူတွေက ခရိုနီတွေချည်းမို့ ထုံးစံအတိုင်း ဆဲသံဆိုသံကြားရတာပေါ့။ ဒါပေမယ့်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူမှ အလေးအနက် ဆွေးနွေးတာ မတွေ့မိဘူး။ ထိပ်တန်းအခွန်ထမ်း စီးပွားရေးသမားမဟုတ်တဲ့ အာဏာရှင်ကြီးမြေးကို ဘာလို့ဖိတ်သလဲဆိုတာတောင် မေးခွန်းထုတ်သူ သိပ်မရှိဘူး။ သူကိုင်တဲ့ ကီးပက်ဒ်ဖုန်း ဘယ်လောက်တန်တယ်ဆိုတာကိုပဲ စိတ်ဝင်တစား ပြောကြဆိုကြတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး၊ အကောင်းအဆိုး ပြောဆိုဆွေးနွေးသူ နည်းပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရက ပြည်သူကို အမြတ်ထုတ်သွေးစုပ်ခဲ့တဲ့ ခရိုနီတွေကို အရေးမယူတဲ့အပြင် တရားဝင်နေရာပေးတယ်ဆိုပြီး မိုးမွှန်အောင် ဆဲကြသူတွေက အများကြီးပဲ။ ဒါပေမယ့်၊ ဘာကြောင့်လဲ ဘာအတွက်လဲ အဖြေထွက်အောင် မစဉ်းစားဘဲ အဆဲချည်းသက်သက်ဆိုတော့ ကျနော်လည်း အသာကြည့်နေလိုက်မိတယ်။

အဓိကအားဖြင့် နိုင်ငံတော်အတိုင်ပင်ခံနဲ့ လုပ်ငန်းရှင်ကြီးများတွေ့ဆုံပွဲဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန် ပြည်ထောင်စုခရီးမှာ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့ပြစ်ဒဏ် (sanction) တွေ ရုပ်သိမ်းလို့ ပြန်လာပြီးမှ ပထမဆုံးကျင်းပခြင်း ဖြစ်ပါတယ်။

ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ အချက်နှစ်ခုကို သတိပြုရပါလိမ့်မယ်။ ယခင်အစိုးရတွေလက်ထက်မှာ စီးပွားရေးလုပ်ခဲ့ကြတဲ့ လုပ်ငန်းရှင်ကြီးများ စိတ်ပူပန်ခြင်းမရှိစေဖို့ လုံခြုံရေးအာမခံချက် ပေးခဲ့တယ်။ အတိတ်ကို ပြန်မကြည့်ဘဲ၊ အနာဂတ်မျှော် မူဝါဒနဲ့ ဆက်သွားမှာ ဖြစ်ပြီး ပြည်သူ့အကျိုးမကြည့်ဘဲ ကိုယ်ကျိုးအတွက် ဆက်လက်လုပ်ဆောင်နေသူများကို စောင့်ကြည့်မယ်လို့ သတိပေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကြောင့် စိတ်ပျက်လက်ပျက် ဝေဖန်သူ၊ အပြစ်တင်သူတွေဆီက ဆဲသံထွက်တာ အမှန်တော့ မဆန်းပါဘူး။ ပြည်သူတွေထက် ခရိုနီတွေအကျိုးကို ဦးစားပေးတယ်ဆိုပြီး စိတ်ကွက်ကြတာပေါ့။

အမှန်က အဲဒီ ဖိတ်ကြားထားသူ ၁၅၈ ဦးကို ဒေါ်အောင်ဆန်းစုကြည်က တရားဝင် ခရိုနီအဖြစ် လိုင်စင်ပေးလိုက်တာလေ။ ဟာကွာ… ဘွားတော် အတော်ဆိုးပါလားလို့ ဒေါမနဿပွားကြမယ်။

ဒီတော့ ရှေးတစ်ချိန်က ဂျပန်နိုင်ငံသမိုင်းမှာ ထင်ရှားကျော်ကြားခဲ့တဲ့ မြို့ဝန်တရားသူကြီး အိုးအိုးခရဲ့ စီမံဆောင်ရွက်ပုံတစ်ခုကို သတိရမိတယ်။ အိုးအိုးခဟာ နောင်တစ်ချိန်မှာ မြို့တော်တိုကျိုဖြစ်လာမယ့် အဲဒိုမြို့ရဲ့ မြို့ဝန်တရားသူကြီး ဖြစ်ပါတယ်။ (ကျနော်ရေးတဲ့စာတွေ ဖတ်ဖူးသူများက သူ့အကြောင်းကို ခဏခဏဖတ်နေရလို့ စိတ်တိုကြမယ်။ ဒါကြောင့် မဖတ်ဖူးသူတွေအတွက် အောက်မှာ သီးသန့်ရေးပေးထားပါတယ်။)

မြန်မာနိုင်ငံ တောင်ငူခေတ်နဲ့ တစ်ချိန်တည်းလောက် ဖြစ်တဲ့ ဂျပန်နိုင်ငံ အဲဒိုခေတ်မှာ အာဏာအမြင့်ဆုံး ရှိုဂွန်စစ်သူကြီး နန်းစိုက်တဲ့ အဲဒိုမြို့ဟာ တစ်နေ့တခြား စည်ပင်ကြီးထွားလာတော့ အနယ်နယ်အရပ်ရပ်က လူပေါင်းစုံ ရောက်ရှိအခြေချလာတယ်။ စီးပွားရေးဖွံ့ဖြိုးလာတဲ့ မြို့သစ်ကို ရောက်လာသူတွေထဲမှာ လူဆိုးသူခိုး တောကြောင်တွေလည်း ပါလာတာပေါ့။ ဒီတော့ အဲဒိုမြို့မှာ ခါးပိုက်နှိုက်တွေ ပေါများလာပြီး ပြဿနာတက်တော့တာပဲ။

အရင်က စည်ကားအေးချမ်းတဲ့ အဲဒိုမြို့မှာ ခါးပိုက်နှိုက်မှု၊ ခိုးမှု၊ လုယက်မှုတွေ များလာတဲ့အခါ မြို့ဝန် အိုးအိုးခ ခေါင်းခဲရပြီ။ မြို့ဝန်နဲ့ သူ့ရဲမက်တွေ နည်းမျိုးစုံနဲ့ နှိမ်နင်းတာတောင် ခါးပိုက်နှိုက်တွေက ဦးရေများတော့ ဘယ်လိုမှ မထိန်းနိုင်ဘူး။ ခါးပိုက်နှိုက်တွေကလည်း သူတို့အချင်းချင်း ဂိုဏ်းဖွဲ့ပြီး အစည်းအရုံးးတွေ ဘာတွေနဲ့ သောင်းကျန်းနေသတဲ့။

ဒီတော့၊ မြို့လူထုက မကျေမနပ် ပြောဆိုလာကြပြီလေ။ "ကွီးဖြိုးဘာလုပ်နေလဲ" "အစိုးရ ညံ့လှချည်လား" "ဘွားတော်ကြီးကလည်း အားမကိုးရဘူး" ဟုတ်ပေါင် ကြားနေကျအသံတွေ ရောကုန်ပါပြီဗျာ။

မြို့ဝန်အိုးအိုးခလည်း ဒီပြဿနာကို ဖြေရှင်းနိုင်အောင် အကြံထုတ်ရတော့တာပေါ့။ သုံးရက်လောက် မအိပ်နိုင်မစားနိုင် အဖြေရှာလိုက်တဲ့အခါ အကြံတစ်ခုရတယ်။ သူက စာရွက်ကြီးတွေမှာ မြို့ဝန်အမိန့်ကြေညာချက် ရေးပြီး အဲဒိုမြို့ လူစည်ကားရာ လမ်းဆုံလမ်းခွတွေမှာ မင်းချင်းတွေကို ကပ်ခိုင်းလိုက်သတဲ့။

မြို့ဝန်အမိန့်ကြေညာချက်ကို ဖတ်ပြီး လူတွေက စိတ်ပျက်လက်ပျက် ခေါင်းယမ်းသူယမ်း၊ ဗိုက်နှိပ်ပြီး အူတက်အောင် ရယ်သူကရယ်၊ ထွီကနဲ တံတွေးထွေးသူကထွေး ဖြစ်ကုန်တာပဲ။

မြို့ဝန်အိုးအိုးခရဲ့ အမိန့်ကြေညာချက်မှာ ဒီလိုရေးထားတယ်။

"အဲဒိုမြို့ရှိ ခါးပိုက်နှိုက်အပေါင်း သိစေရေန် အမိန့်ကြေညာချက်"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဲဒိုမြို့ရှိ ခါးပိုက်နှိုက်များအစည်းအရုံး၏ အဖွဲ့ဝင်များသည် မည်သည့်အခွန်ကိုမျှ မပေးဆောင်ဘဲ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြောင်း ကြားသိရသည်။ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူ မည်သူမဆို ဥပဒေအရ အခွန်ထမ်းဆောင်ရန် တာဝန်ရှိသည်။

သို့ပါ၍ အဲဒိုမြို့တွင် ခါးပိုက်နှိုက်လုပ်ငန်းလုပ်ကိုင်လိုသူများသည် ကျသင့်သော အခွန်ကို ပေးဆောင်ကာ တရားဝင် လုပ်ငန်းလိုင်စင် ကိုင်ဆောင်ရမည်ဟု ဆုံးဖြတ်သည်။ မှတ်ပုံတင်ရန် အခွန်ကျသင့်ငွေသည် ကြေးဒင်္ဂါး ၅ ပြားဖြစ်သည်။ တရားဝင် လုပ်ငန်းလိုင်စင် ကိုင်ဆောင်၍ လုပ်ငန်းဆောင်ရွက်နေသော ခါးပိုက်နှိုက်များကို တွေ့ရှိ ဖမ်းဆီးမိလျှင်ပင် တစ်စုံတစ်ရာ အပြစ်ပေး အရေးယူခြင်း အလျဉ်းမရှိစေရ။

အကယ်၍ တရားဝင်လိုင်စင်ကိုင်ဆောင်ခြင်း မရှိဘဲ ခိုးဝှက်ခါးပိုက်နှိုက်သူကို တွေ့ရှိပါက အခြားသူများ သင်ခန်းစာယူနိုင်စေရန် အစစ်အမေးမရှိ နေရာတွင်ပင် ချက်ချင်း ဦးခေါင်းဖြတ်ကွပ်မျက်မည်။

ခါးပိုက်နှိုက်အစည်းအရုံးဝင်အားလုံးသည် နောက်လ ပထမဆုံးရက် နံနက် ၉ နာရီတိတိတွင် အဲဒိုမြို့တရားရုံး၌ ကျသင့်သော အခွန်ငွေ ကြေးဒင်္ဂါး ၅ ပြားပေးဆောင်ကာ တရားဝင် လုပ်ငန်းလိုင်စင်ကို မပျက်မကွက် ထုတ်ယူကြရမည်။ မသိနားမလည်၍ဟုဆိုကာ အကြောင်းပြ ရှောင်လွှဲခြင်း မရှိစေရ။

(ပုံ) အိုးအိုးခ တာဒါဆုကဲ (အဲဒိုမြို့ဝန်)"

အဲဒီအမိန့်ကြေညာချက်ကြောင့် "မြို့ဝန်တော့ ရူးသွားပြီ" လို့ ပြောသူပြော၊ "ဒုက္ခပါပဲ၊ လိုင်စင်ရခါးပိုက်နှိုက်တွေ စိတ်တိုင်းကျ ခိုးတော့ဝှက်တော့မယ်"လို့ ညည်းသူကညည်း၊ "ခါးပိုက်နှိုက်တွေက မြို့ဝန်ကို လာဘ်ထိုးလိုက်ပုံရတယ်" လို့ ထင်သူကထင်၊ "လက်ထဲအာဏာရရင် ပျက်စီးတာပဲ" လို့ မှတ်ချက်ချသူကချ အဲဒိုမြို့သူမြို့သားတွေဆီက အသံမျိုးစုံထွက်လာတယ်။

အဲဒီလိုပဲ၊ တစ်ဘက်က ခါးပိုက်နှိုက်အစည်းအရုံးဝင်တွေလည်း အတော်စဉ်းစားရခက်သွားတာပေါ့။ ဘယ်လို အမိန့်ကြေညာချက်ကြီးပါလိမ့်ဆိုတာ ဆွေးနွေးတိုင်ပင်ဖို့ ဘုရားကျောင်းပျက်တစ်ခုမှာ တိတ်တဆိတ် အစည်းအဝေးလုပ်ကြတယ်။

ထောင်ချောက်ဆင်ပြီး ဖမ်းဖို့ ဖြစ်မယ်၊ လိုင်စင်သွားလျှောက်တာနဲ့ ကွိကနဲ အချုပ်ထဲထည့်လိုက်မှာပေါ့လို့ ခါးပိုက်နှိုက်တစ်ယောက်က သူ့အထင်ကို ပြောတယ်။ ဥပဒေအရ ဘာအပြစ်မှ မကျူးလွန်ဘဲ ဖမ်းလို့ မရဘူး၊ သက်သေအထောက်အထားမှ မရှိတာလို့ တစ်ယောက်က ငြင်းတယ်။

ငါတော့ကြောက်တယ်၊ လိုင်စင်သွားမလုပ်ရဲဘူးလို့ ခါးပိုက်နှိုက်တစ်ယောက်က ပြောတော့ နောက်တစ်ယောက်က၊ လိုင်စင်မရှိဘဲ နှိုက်တာမိသွားမှ ဇက်ပြတ်သွားမယ်၊ ဘာမှတ်လဲလို့ ထပြောတယ်။

ဒီတော့ ဟုတ်တယ် ဟုတ်တယ်၊ လိုင်စင်မရှိရင် နေရာမှာတင် ခေါင်းဖြတ်ပစ်မှာ ကြောက်စရာကြီးဆိုပြီး အားလုံး တုန်လှုပ်နေတယ်။

အစည်းအရုံးဝင် ခါးပိုက်နှိုက်တွေ တစ်ယောက်တစ်ပေါက်ပြောတာကို ငြိမ်ပြီး နားထောင်နေတဲ့ ဥက္ကဋ္ဌကြီးက စဉ်းစဉ်းစားစားလေသံနဲ့ ဝင်ပြောတယ်။ "အိုးအိုးခဟာ ဖြောင့်မတ်တည်ကြည်တဲ့ မြို့ဝန်အဖြစ် သတင်းမွှေးနေတယ်၊ ဒါကြောင့် လိမ်လည်လှည့်ဖြားတဲ့ အမိန့်ကြေညာချက် ထုတ်ပြန်ပြီး ထောင်ချောက်ဆင်ဖမ်းရင် သူနာမယ်ပျက်မှာ သေချာတယ်။ ဒီလိုစဉ်းစားမယ်ဆိုရင် ငါတို့ကို ဖမ်းမှာမဟုတ်ဘူး၊ သူ့မြို့မှာ အခွန်ဝင်ငွေတိုးပြီး သူနာမယ်ကောင်းရချင်တာ ဖြစ်မယ်"လို့ ပြောသတဲ့။

ခါးပိုက်နှိုက်တွေလည်း စဉ်းစားကြည့်တဲ့အခါ လိုင်စင်မရှိဘဲ နှိုက်လို့် ခေါင်းဖြတ်ကွပ်မျက်ခံရတာနဲ့စာရင် အရဲစွန့်ပြီး လိုင်စင်ယူလိုက်တာ ပိုပြီး အသက်အန္တရာယ်ကင်းတယ်လို့ သဘောတူကြတယ်။ လိုင်စင်နဲ့ ခါးပိုက်နှိုက်ရင် ဖမ်းမိတာတောင် အပြစ်မပေးဘူးဆိုတဲ့အချက်ကလည်း တော်တော်သဘောကျစရာပဲလေ။

ဒါကြောင့် သတ်မှတ်တဲ့နေ့မှာ အဲဒိုတရားရုံးကို ခါးပိုက်နှိုက်တွေ စုပြီး သွားကြတာပေါ့။ တိုက်တိုက်ဆိုင်ဆိုင် အားလုံး ၁၅၈ ယောက်ရှိသတဲ့။ ၁၅၇ ယောက်က တကယ်လုပ်စားနေတဲ့ ခါးပိုက်နှိုက်တွေဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ အချောင်ရရင် ဝင်နှိုက်ဖို့ကြံတဲ့ နာမယ်ကျော် ဓားပြဗိုလ်ကြီးရဲ့ မြေးဆိုပဲ။

တရားရုံးကို ရောက်လာတဲ့ ခါးပိုက်နှိုက်တွေကို မြို့ဝန်ရဲ့ စာရေးက စာရင်းသွင်းပြီး အခွန်ကောက်တယ်။ နာမယ်၊ နေရပ်လိပ်စာပေးပြီး ကျသင့်အခွန် ကြေးဒင်္ဂါး ၅ ပြား ဆောင်လိုက်တဲ့အခါ နောက်စာရေးတစ်ယောက်ဆီမှာ ကတိဝန်ခံချက် လက်မှတ်ထိုးရတယ်။

ကတိခံဝန်ချက်မှာတော့ "ယနေ့မှစ၍ ကျွန်ုပ်သည် တရားဝင် လုပ်ငန်းလိုင်စင်ကို အမြဲဆောင်ထားပါမည်။ အကယ်၍ လိုင်စင်လက်ဝယ်မရှိဘဲ ခိုးဝှက် ခါးပိုက်နှိုက်သည်ကို ဖမ်းမိပါက နေရာတွင်ပင် ချက်ချင်း ဦးခေါင်းဖြတ်၍ ကွပ်မျက်မည်ကို နားလည်သိရှိပါသည်"လို့ ရေးထားပါတယ်။

၁၅၈ ယောက်စလုံး အခွန်ဆောင် လက်မှတ်ထိုးပြီးတဲ့အချိန်မှာ မြို့ဝန် အိုးအိုးခ ကြွရောက်လာပါတော့တယ်။ "လူကြီးမင်းတို့ အခုလို အခွန်ဆောင်ပြီး တရားဝင် လုပ်ငန်းလိုင်စင် လာရောက်ထုတ်ယူတာကို အထူးပဲ ကျေးဇူးတင် ဝမ်းမြောက်ပါတယ်။ ကဲ မင်းချင်းများ၊ ဒီလူကြီးမင်းတွေကို လုပ်ငန်းလိုင်စင်တွေ တစ်ဦးချင်း အပ်နှင်းလိုက်ပါ" လို့ အမိန့်ရှိတယ်။

မင်းချင်းတွေယူဆောင်လာတဲ့ လုပ်ငန်းလိုင်စင်တွေကို ကြည့်ပြီး ခါးပိုက်နှိုက် ၁၅၈ ယောက်လည်း ကြက်သေသေသွားတော့တယ်။ အလျား တစ်တောင်၊ ဗျက်တစ်ထွာလောက် အနီရောင်သစ်သားပြားကြီးပေါ်မှာ ရွှေစာလုံးကြီးနဲ့ "တရားဝင် လိုင်စင်ရ ခါးပိုက်နှိုက်"လို့ ရေးထိုးထားတဲ့ လိုင်စင်တွေကို မင်းချင်းတွေက တစ်ဦးချင်းစီရဲ့ လည်ပင်းမှာ ဆွဲပေးတယ်။

ခါးပိုက်နှိုက်တွေလည်း အကြောက်အကန် ငြင်းတာပေါ့။ "ဟာ…ဒီလိုင်စင်ပြားကြီး လည်ပင်းဆွဲပြီး ဘယ်လိုလုပ် ခါးပိုက်နှိုက်မလဲ၊ လူတွေက ဒါကြီးကိုမြင်ရင် အနားကို ဘယ်အကပ်ခံမလဲ" ဆိုပြီး မယူဘဲ ပြန်မယ်လို့ ထကြတယ်။

မြို့ဝန်အိုးအိုးခက ရဲမက်တွေကို အချက်ပြ တားထားပြီးတော့ "မောင်မင်းတို့ဟာ လိုင်စင်မရှိဘဲ ခါးပိုက်နှိုက်ရင် ခေါင်းဖြတ်ကွပ်မျက်ခံပါမယ်လို့ ဝန်ခံကတိပြုပြီးပြီဆိုတာ သိရဲ့လား။ ကဲ ရဲမက်တို့ ဒီလူကြီးမင်း ၁၅၈ ယောက်ကို သေသေချာချာ မှတ်ထားကြ၊ လိုင်စင်မပါဘဲ ခါးပိုက်နှိုက်တာတွေ့ရင် အမိန့်အတိုင်း ချက်ချင်း ခေါင်းဖြတ် ကွပ်မျက်ပေတော့"လို့ အမိန့်ပေးလိုက်တယ်။ ဓားရှည်ကြီးတွေပေါ်မှာ အသင့်လက်တင်ထားတဲ့ ရဲမက်တွေ ပြိုင်တူအော်လိုက်တဲ့ "ဟိုက်" ဆိုတဲ့ အသံကြီးကြားတာနဲ့ ခါးပိုက်နှိုက် ၁၅၈ ယောက်လည်း သွေးပျက်မတတ် ကြောက်လန့်တုန်လှုပ်သွားတော့တယ်။

တရားဝင်လုပ်ငန်းလိုင်စင်ကြီးတွေ လည်ပင်းဆွဲပြီး တရားရုံးထဲက ထွက်လာတဲ့ ခါးပိုက်နှိုက်တွေကို မြို့လူထုကမြင်တော့ ခွက်ထိုးခွက်လှန် ရယ်ကြတာပေါ့။ အဲဒီနေ့ကစပြီး အဲဒိုမြို့ကလူဆိုးသူခိုးတွေ ပြောင်းပြေးကြလို့ အဲဒိုမြို့မှာ ခိုးဆိုးခါးပိုက်နှိုက်မှုတွေ လျော့နည်းသွားပြီး မြို့အဝင်အထွက်လမ်းဘေးမှာ ခါးပိုက်နှိုက်လိုင်စင်ပြားကြီးတွေ စွန့်ပစ်ထားတာ တွေ့ရသတဲ့။

ခုလည်းပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခရိုနီကြီးများရဲ့ တွေ့ဆုံပွဲဟာ ဒီသဘောမျိုး ဖြစ်နေတာပေါ့။ ခရိုနီလုပ်ငန်းရှင်ကြီးတွေဟာ ဒေါ်လာ ဘီလျံချီတဲ့ လုပ်ငန်းကြီးတွေကို လုပ်ကိုင်လည်ပတ်နေတာ နားလည်ထားရမယ်။ ၁၅၈ ယောက်ရဲ့ ငွေအရင်းအနှီးအင်အားဟာ နည်းတာမဟုတ်ဖူး။ အမေရိကန်ဆန်ရှင်လို့ခေါ်တဲ့ စီးပွားပြစ်ဒဏ်ကလွတ်ရင် ဒီငွေတွေကို တခြားနိုင်ငံရွှေ့ပြောင်းသွားမှာ မလိုလားဘူး။ သူတို့ရဲ့ လုပ်ငန်းတွေပေါ်မှာ မှီခိုနေရတဲ့ ဝန်ထမ်းတွေ အခြေအနေပျက်မှာ မဖြစ်စေချင်ဘူး။ ကိုယ့်နိုင်ငံမှာပဲ ပြန်ပြီး ရင်းနှီးမြှုပ်နှံအောင် ဒေါ်အောင်ဆန်းစုကြည်က လုံခြုံရေးအာမခံချက် ပေးတာ ဖြစ်တယ်။

ပြီးတော့၊ အတိတ်ကအတိုင်း ပြည်သူ့အကျိုးမကြည့်ဘဲ မြေသိမ်း၊ တောခုတ်၊ တောင်ဖြို အလုပ်မျိုး ဆက်လုပ်လို့ မရဘူး၊ ပြည်သူလူထုအကျိုးရှိမယ့် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြဖို့ စောင့်ကြည့်မယ်ဆိုတဲ့ စကားသုံးပြီး ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်တာ။

ဟောဒီ ၁၅၈ ယောက်ဟာ လိုင်စင်ရ ခရိုနီကြီးတွေပဲဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သူ့အစိုးရနဲ့ သူ့လူတွေကို ပြလိုက်တယ်။ ဒီကောင်တွေ ကပ်လာရင်၊ အပေးအယူညှိလာရင် သတိထားကြဖို့ သွယ်ဝိုက်ပြီး အသိပေးထားတာပဲ။ သူတို့ဆီက Patek Phillipe တို့ Rolex တို့ ယောင်လို့မှ မထိမိစေနဲ့နော်လို့ ပြောထားတာ။

ပညာရှိတဲ့ master brain တွေ ရေရှည်တွေးမြင်တဲ့ စိတ်ကူးအကြံအစည်တွေကို သာမန်လူတွေ လွယ်လွယ်သဘောမပေါက်ကြဘူး။ ဒီတော့ ဉာဏ်မမီဘဲ အရမ်းကာရော ဝေဖန်ပြောဆိုတတ်ကြတယ်။

ဒေါ်အောင်ဆန်းစုကြည်လည်း ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှာ သုတေသနကျမ်းပြုရင်း တရားသူကြီး အိုးအိုးခရဲ့ စီရင်ထုံးတွေကို ဖတ်ဖူးသလားမသိပါဘူးဗျာ။ တူလိုက်တာ။

××××××××××××××××××××××××××××××××××××××××××××
အိုးအိုးခ တာဒါဆုကဲဟာ တစ်ကယ် သက်ရှိထင်ရှား ရှိခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ၁၆၇၇ ခုနှစ်မှာမွေးပြီး ၁၇၅၂ ခုနှစ်မှာ ကွယ်လွန်ခဲ့တယ် (မြန်မာနိုင်ငံမှာ တောင်ငူခေတ်ပေါ့)။ ကျနော်တို့ရဲ့ မဟော်သဓာ ဖြတ်ထုံးတွေလိုပဲ သူ့ရဲ့ တရားစစ်ဆေး စီရင်ချက်တွေကို ဂျပန်သမိုင်းမှာ လေးလေးစားစား ဖော်ပြခံရသူပါ။ သူ့စီရင်ထုံးတွေကို ပြဇာတ်ကပြီး ခုခေတ်လည်း ရုပ်ရှင်၊ တီဗီဇာတ်လမ်းတွေ ရိုက်ပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။