'စိတ်ကြီး ဝင်နိုင် ကြပါစေ.....'
မနေ့က Facebook တလွှားမှာ ပလူပျံသွားတဲ့ စိတ်ကြီးဝင် profile ဆိုပြီး တက်လာတယ်။ အားလုံး စိတ်ကြီး ဝင်လိုက်တာ...သောက်သောက်လဲ. ..။ ကျွန်တော်လည်း စိတ်ကြီးဝင်လိုက်ပါသေးတယ်။
ဒီနေ့ သေချာ ပြန်စဉ်းစားကြည့်တော့ အတွေးတမျိုးဝင်လာတယ် ဗျ....။ ကျွန်တော် တို့ အားလုံး မြန်မာလူမျိုး ဆိုတဲ့ စိတ်ကြီးဝင်နိုင်ကြရင် မကောင်းဘူးလား ဗျာ..။
တနေ့က ကျွန်တော် အလုပ်ပြန်တော့ တိုကျိုဘူတာ ထဲမှာ ရန်ပွဲ အသေးလေး ဖြစ်ကြတယ်ဗျ။ ဂျပန်လူမျိုး ချင်းပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် တိုက်မိရာကနေ အသက်ငယ်သူက စပြီး မတောင်းပန်ရကောင်းလားဆိုပြီး
အတိုက်ခံရတဲ့ အဘိုးကြီးက လိုက်ဆွဲလို့ ဖြစ်တဲ့ ပွဲပါ..။ လူရွယ်ကလည်း
အရေးကြီး နေပုံ ရပါတယ်...။ အရေးတကြီး သွားလာရင်း တိုက်မိတာပါ..။ ဒါကို
အဘိုးကြီးက မတောင်းပန်ရကောင်းလားဆိုပြီး လိုက်ပြီး ရန်လုပ်ပါတယ်။
ဂျပန်မှာ ရန်ဖြစ်ရင် စပြီး ထိုးကြိတ်သူက အရှုံးဖြစ်တဲ့ အတွက် ဘယ်သူ့ ဘယ်သူမှ စပြီးမလုပ်ကြပဲ ပခုံးချင်းတိုက် အော်ကြဟစ်ကြတာပါ...။ ရန်ပွဲကို ဘယ်သူမှ ဝင်မဆွဲပါဘူး။ နိုင်ငံခြားသားတွေ အလည်အပတ်များတဲ့ တိုကျိုဘူတာမှာ ဂျပန်လူမျိုးတွေ ရန်ဖြစ်တာ မတွေ့ဘူးတဲ့ ကျွန်တော်တို့လို နိုင်ငံ ခြားသားတွေ အတွက်တော့ ပွဲကြီး ပေါ့ဗျာ...။
အော်လို့ ဟစ်လို့ အရှိန်တက်နေချိန်မှာပဲ ဖြတ်သွား ဖြတ်လာ ဂျပန်တစ်ယောက်က
'ဟေ့...မရှက်ကြဘူးလား...မင်းတို့ ဂျပန်လူမျိုး မဟုတ်ဘူးလား...'
တစ်ခွန်းပဲ ပြောသွားတယ် ဗျာ...အံ့ဩစရာ က ရန်ဖြစ်နေသူနှစ်ဦးလုံး လူခွဲပြီး ကိုယ့်လမ်းကို ဆက်သွားကြတယ်။
'ဂျပန်လူမျိုး ဆိုတဲ့ စိတ်ကြီးဝင်မှုက ကိုယ့်ရဲ့စိတ်ကိုပါ ထိန်းချုပ်ပြီးသား ဖြစ်သွားကြတယ်...'
သူတို့( ဂျပန်လူမျိုး)တွေ စိတ်ကြီး ဝင်ကြတယ်။
စည်းကမ်းရှိတဲ့ လူမျိုးဆိုပြီး စိတ်ကြီးဝင်ကြတယ်...
စည်းလုံးတဲ့ လူမျိုးဆိုပြီး စိတ်ကြီးဝင်ကြတယ်...
ကြိုးစားတဲ့ လူမျိုးဆိုပြီး စိတ်ကြီးဝင်ကြတယ်...
အချိန် လေးစားတဲ့ လူမျိုးဆိုပြီး စိတ်ကြီးဝင်ကြတယ်...
အဲဒီလို စိတ်ကြီးဝင်နိုင်အောင်လဲ စိတ်ဓါတ်တွေ အကြီးကြီး ထားခဲ့ကြတယ်။
ကျွန်တော်တို့လည်း စိတ်ကြီး ဝင်နိုင်ကြရမယ်။
အမှိုတ်ကို စည်းကမ်းမဲ့ ပစ်ခါနီးတိုင်း
ငါတို့ မြန်မာတွေ စည်းကမ်းရှိရတော့မယ်ဆိုတဲ့ အတွေး.....
ကွမ်းတံတွေး ထွေးခါနီးတိုင်း
ငါတို့ မြန်မာတွေ စောင့်စည်း ရတော့မယ် ဆိုတဲ့ အတွေး....
အသံချဲ့စက်ကြီး အကျယ်ကြီးဖွင့်ခါနီးတိုင်း
ငါတို့မြန်မာတွေ သူတပါးကို အနှောက်အယှက် မဖြစ်ရဘူးဆိုတဲ့ အတွေး...
တန်းစီ နေရာတိုင်း ....
ငါတို့ မြန်မာတွေ ကြားဖြတ်မကျော်ဘူး ကွာ ဆိုတဲ့ အတွေး လေးတွေ တွေးမိ ဆင်ခြင်မိကြရင် ....
ကျွန်တော်တို့မြန်မာလူမျိုး ဆိုတဲ့ စိတ်ကြီးဝင်လို့ ရပြီ....။
ကဲ.....ကျွန်တော်တို့ ...ရွှေမြန်မာတွေ...
'စိတ်ကြီး ဝင်ကြရအောင် ' ဗျာ.....။
မင်းယျာ
8.11.2016
Photo-credit
မနေ့က Facebook တလွှားမှာ ပလူပျံသွားတဲ့ စိတ်ကြီးဝင် profile ဆိုပြီး တက်လာတယ်။ အားလုံး စိတ်ကြီး ဝင်လိုက်တာ...သောက်သောက်လဲ.
ဒီနေ့ သေချာ ပြန်စဉ်းစားကြည့်တော့ အတွေးတမျိုးဝင်လာတယ် ဗျ....။ ကျွန်တော် တို့ အားလုံး မြန်မာလူမျိုး ဆိုတဲ့ စိတ်ကြီးဝင်နိုင်ကြရင် မကောင်းဘူးလား ဗျာ..။
တနေ့က ကျွန်တော် အလုပ်ပြန်တော့ တိုကျိုဘူတာ ထဲမှာ ရန်ပွဲ အသေးလေး ဖြစ်ကြတယ်ဗျ။ ဂျပန်လူမျိုး ချင်းပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် တိုက်မိရာကနေ အသက်ငယ်သူက စပြီး မတောင်းပန်ရကောင်းလားဆိုပြီ
ဂျပန်မှာ ရန်ဖြစ်ရင် စပြီး ထိုးကြိတ်သူက အရှုံးဖြစ်တဲ့ အတွက် ဘယ်သူ့ ဘယ်သူမှ စပြီးမလုပ်ကြပဲ ပခုံးချင်းတိုက် အော်ကြဟစ်ကြတာပါ...။ ရန်ပွဲကို ဘယ်သူမှ ဝင်မဆွဲပါဘူး။ နိုင်ငံခြားသားတွေ အလည်အပတ်များတဲ့ တိုကျိုဘူတာမှာ ဂျပန်လူမျိုးတွေ ရန်ဖြစ်တာ မတွေ့ဘူးတဲ့ ကျွန်တော်တို့လို နိုင်ငံ ခြားသားတွေ အတွက်တော့ ပွဲကြီး ပေါ့ဗျာ...။
အော်လို့ ဟစ်လို့ အရှိန်တက်နေချိန်မှာပဲ ဖြတ်သွား ဖြတ်လာ ဂျပန်တစ်ယောက်က
'ဟေ့...မရှက်ကြဘူးလား...မင်
တစ်ခွန်းပဲ ပြောသွားတယ် ဗျာ...အံ့ဩစရာ က ရန်ဖြစ်နေသူနှစ်ဦးလုံး လူခွဲပြီး ကိုယ့်လမ်းကို ဆက်သွားကြတယ်။
'ဂျပန်လူမျိုး ဆိုတဲ့ စိတ်ကြီးဝင်မှုက ကိုယ့်ရဲ့စိတ်ကိုပါ ထိန်းချုပ်ပြီးသား ဖြစ်သွားကြတယ်...'
သူတို့( ဂျပန်လူမျိုး)တွေ စိတ်ကြီး ဝင်ကြတယ်။
စည်းကမ်းရှိတဲ့ လူမျိုးဆိုပြီး စိတ်ကြီးဝင်ကြတယ်...
စည်းလုံးတဲ့ လူမျိုးဆိုပြီး စိတ်ကြီးဝင်ကြတယ်...
ကြိုးစားတဲ့ လူမျိုးဆိုပြီး စိတ်ကြီးဝင်ကြတယ်...
အချိန် လေးစားတဲ့ လူမျိုးဆိုပြီး စိတ်ကြီးဝင်ကြတယ်...
အဲဒီလို စိတ်ကြီးဝင်နိုင်အောင်လဲ စိတ်ဓါတ်တွေ အကြီးကြီး ထားခဲ့ကြတယ်။
ကျွန်တော်တို့လည်း စိတ်ကြီး ဝင်နိုင်ကြရမယ်။
အမှိုတ်ကို စည်းကမ်းမဲ့ ပစ်ခါနီးတိုင်း
ငါတို့ မြန်မာတွေ စည်းကမ်းရှိရတော့မယ်ဆိုတဲ့ အတွေး.....
ကွမ်းတံတွေး ထွေးခါနီးတိုင်း
ငါတို့ မြန်မာတွေ စောင့်စည်း ရတော့မယ် ဆိုတဲ့ အတွေး....
အသံချဲ့စက်ကြီး အကျယ်ကြီးဖွင့်ခါနီးတိုင်း
ငါတို့မြန်မာတွေ သူတပါးကို အနှောက်အယှက် မဖြစ်ရဘူးဆိုတဲ့ အတွေး...
တန်းစီ နေရာတိုင်း ....
ငါတို့ မြန်မာတွေ ကြားဖြတ်မကျော်ဘူး ကွာ ဆိုတဲ့ အတွေး လေးတွေ တွေးမိ ဆင်ခြင်မိကြရင် ....
ကျွန်တော်တို့မြန်မာလူမျိုး
ကဲ.....ကျွန်တော်တို့ ...ရွှေမြန်မာတွေ...
'စိတ်ကြီး ဝင်ကြရအောင် ' ဗျာ.....။
မင်းယျာ
8.11.2016
Photo-credit
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။