Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, November 29, 2016

ခေတ်ပေါ်ကားစတီယာရင်ကွင်းပေါ်က ခလုတ်များနှင့် အာရုံခံဆင်ဆာထိန်းချုပ်မှုစနစ်များ

ခေတ်ပေါ်ကားစတီယာရင်ကွင်းပေါ်က ခလုတ်များနှင့် အာရုံခံဆင်ဆာထိန်းချုပ်မှုစနစ်များ

® ကားစတီယာရင်ကွင်း ဆိုတာ ကားတစ်စီး ဦးတည်ရာလမ်းများ ပြောင်းလဲနိုင်ရေးအတွက် ရှေ့ဘီး တာယာကို ဘယ်ညာလှည့်ကစားဖို့ ပြုလုပ်ထားတဲ့ ဒရိုင်ဘာလက်ကိုင် ကွင်းတစ်ခုပါပဲ။ ကားမောင်းနေရင်း ဟွန်းသံမြည်ဖို့ ဟွန်းခလုတ်ကို စတီ ယာရင်ကွင်းမှာ တစ်ခါတည်းတပ်ဆင် ထားပါတယ်။ အရင်ခေတ်ကာလ ကားဟောင်းတွေမှာ ကားစတီယာရင် ကွင်းဆိုတာ ရိုးရိုးရှင်းရှင်းလေးပါပဲ။

® ဒီကနေ့ခေတ်ပေါ် အမြင့်ကား တွေမှာတော့ စတီယာရင်ကွင်းမှာ တပ်ဆင်ထားတဲ့ Multifunction Button တွေကို ဒီဇိုင်းပုံစံအမျိုးမျိုးနဲ့ တပ်ဆင်ပေးထားပါတယ်။ ခေတ် ဟောင်းကားတွေမှာ ကားရေဒီယို ကတ်ဆက်တစ်မျိုးပဲ ပါတယ်။ ခေတ် ပေါ် အမြင့်ကားတွေမှာတော့ Infotainment စနစ်တွေ မျိုးစုံတပ်ဆင် လာပါတယ်။ TV, Navigation စနစ်တွေ၊ ဖုန်းဆက်သွယ်နိုင်တဲ့ စနစ် တွေ၊ Audio Control ခလုတ်တွေ၊ ဒီဗီဒီ၊ ဒီဗီဘီစနစ်တွေကို ထိန်းချုပ်ဖို့ လိုလာပါတယ်။ ဒီစနစ်တွေကို ကား မောင်းနေရင်း ယာဉ်မောင်းသူက အလွယ်တကူ ထိန်းချုပ်နိုင်အောင် ကားစတီယာရင်ကွင်းမှာ တပ်ဆင် ထားပါတယ်။

® စတီယာရင်ကွင်းမှာ Multi-function ခလုတ်တွေကို တပ်ဆင် ပေးထားတာကြောင့် ယာဉ် မောင်းသူ ဟာ စတီယာရင်ကွင်းကို လက်လွှတ် စရာမလိုဘဲ ကားရှေ့လမ်း ကြောင်းကို အာရုံစိုက်ထားပြီး စတီယာရင်ကွင်း ပေါ်က ခလုတ်အမျိုးမျိုးကို ကစား နိုင်ပါတယ်။ ရည်ရွယ်ချက်ကတော့ ယာဉ်မောင်းသူရဲ့ အာရုံစူးစိုက်မှုတွေ ကို မပျက်ပြားစေဘဲ လိုချင်တဲ့ ခလုတ်တွေကို အလွယ်တကူ နှိပ်ပြီး ဖွင့်နိုင် ^ပိတ်နိုင် ^ပြောင်းလဲ နိုင်ဖို့ပါပဲ။

® လွန်ခဲ့တဲ့အနှစ် (၂၀) လောက် က ကားတွေမှာ ခလုတ်တွေကို ဒတ်ခ်ျဘုတ်မှာပဲ တပ်ဆင်ခဲ့ကြပါ တယ်။ ကားမောင်းနေတဲ့ အချိန်မှာ ဒရိုင်ဘာက ခလုတ်တစ်ခုခုကို အဖွင့် ^အပိတ် ပြုလုပ်လိုပါက စတီယာရင် ကွင်းကို ကိုင်ထားသော လက်တစ် ဘက်ကိုလွှတ်ပြီး ခလုတ်လှမ်းကိုင် ရပါတယ်။ လမ်းပေါ်မှာ အမြန်နှုန်း အရှိန်တစ်ခုနဲ့ ရွေ့လျားနေတဲ့ကား တစ်စီးရဲ့ ပဲ့ကိုင်ရှင်မှာ ယာဉ်မောင်း သာဖြစ်ပါတယ်။ အချိန်တစ်စက္ကန့် လေးတောင် သတိလစ်ဟင်းလို့မရပါ ဘူး။ စက္ကန့်မလပ် အာရုံစူးစိုက်မှုရှိရ ပါတယ်။ ကားမောင်းနေရင်း စမတ် ဖုန်းကိုင်ပြီး ဆက်သွယ်ပြောဆိုမှုတွေ မလုပ်ရဆိုပြီး စည်းကမ်းချက်ထုတ် ပြန်ထားတာ အလကားမဟုတ်ပါဘူး။ ဖုန်းကို လက်ထဲမှာကိုင်ပြီး ပြောနေ စရာမလိုဘဲ Bluetooth ဆက်သွယ် မှုနည်းပညာနဲ့ Hand Free စကား ပြောလို့ရနေပါပြီ။

® ဒရိုင်ဘာတစ်ဦးရဲ့ မျက်လုံး တွေ၊ ခြေတွေလက်တွေဟာ ဘေး အန္တရာယ် ကင်းရှင်းအောင် မောင်း သွားနိုင်ဖို့ အလွန်အရေးကြီးပါ တယ်။ ရှေ့တည့်တည့် ယာဉ်ကြောပေါ် က အရာတွေကို အမြဲတမ်းရှင်းလင်း စွာမြင်နိုင်ဖို့ အရေးကြီးသလို ငိုက်မြည်းခြင်းမရှိဘဲ အာရုံစူးစိုက်မှု အထူးအားကောင်းဖို့ အလွန်အရေး ကြီးပါတယ်။ ကားစတီယာရင်လက် ကိုင်ကွင်းပေါ်မှာ မာတီဖန်ရှင်ခလုတ် တွေ ရွှေ့ပြောင်းတပ်ဆင်ပေးလိုက်တာ ကြောင့် ဒရိုင်ဘာတစ်ဦးရဲ့ လှုပ်ရှားမှု တွေ၊ လုပ်ဆောင်ချက်တွေ ပိုပြီးတော့ မြန်လာပါတယ်။ မျက်လုံး အာရုံစူး စိုက်မှုတွေကို လမ်းပေါ်မှာပဲထိန်းသိမ်း ထားနိုင်တဲ့အတွက် ကားတစ်စီး ဘေး ကင်းလုံခြုံမှုအဆင့်တွေ ပိုပြီးတိုးတက် လာပါတယ်။ ယာဉ်မောင်းသူ ကိုင် တွယ်ရမယ့် ခလုတ်တွေကို စတီ ယာရင်ကွင်းမှာ တပ်ဆင်ထားတဲ့ အတွက် ပိုပြီးတော့ အဆင်ပြေစေပါ တယ်။ ယာဉ်မောင်းသူ လက်လှမ်းမီ တဲ့နေရာမှာ ခလုတ်တွေရှိနေတာ ကြောင့် မြန်ဆန်ထိရောက်မှုရှိပြီး တစ်စုတစ်စည်းတည်း ရှိနေတာက လည်း ပိုပြီးတော့ အဆင်ပြေစေပါ တယ်။

® ခေတ်ဟောင်း ကားစတီယာရင် ကွင်းမှာ ဟွန်းသံမြည်ဖို့ ဟွန်းခလုတ် တစ်မျိုးတည်းသာ ရှိနေခဲ့တဲ့ ဒီဇိုင်း ပုံစံကနေ ဒီနေ့ခေတ်မှာတော့ ကား စတီယာရင် လက်ကိုင်ကွင်းမှာ များ ပြားလှတဲ့ ခလုတ်ပေါင်းစုံနဲ့ ကား စတီယာရင် ဒီဇိုင်းပုံစံပါပြောင်းလဲ ခဲ့ပါပြီ။ ခေတ်မီ ဇိမ်ခံကားကောင်း တစ်စီးမှာ Infotainment စနစ်တွေ ပြည့်ပြည့်စုံစုံ တပ်ဆင်ထားတယ်။ အင်တာနက် ဆက်သွယ်မှုတွေနဲ့ GPS Navigation လမ်းကြောင်းပြ စနစ်တွေ၊ GPS ခြေရာခံစနစ်တွေ ပါဝင်လာတယ်။ FM ရေဒီယိုတွေ၊ ရုပ်သံလိုင်းတွေ ရွေးချယ်ကြည့်ရှုလာ နိုင်တယ်။ GSM မိုဘိုင်းဖုန်း ဆက် သွယ်မှုတွေနဲ့ စကားတွေပြောနိုင် တယ်။ သတင်းအချက်အလက်တွေ အပြန်အလှန် ပို့နိုင်တယ်။ အင်တာနက် ဆက်သွယ်မှုကနေ တစ်ကမ္ဘာလုံးကို ဆက်သွယ်နိုင် တယ်။ မာတီမီဒီယာ မျိုးစုံကို ခံစားလာနိုင်တယ်။ ဒီလိုခေတ်မီတဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို ဇိမ်ခံကားတစ်စီးမှာ တပ်ဆင်အသုံးပြု တဲ့အခါ ယာဉ်မောင်းသူက Function တွေကို Operate လုပ်ဖို့ အမိန့်ပေးရ ပါတယ်။ ထိတွေ့မျက်နှာပြင် ထိန်း ချုပ်မှုတွေ၊ ခလုတ်တွေ၊ လက်လှုပ် ရှားမှုနဲ့ အမိန့်ပေးတဲ့စနစ်တွေ၊ အသံ နဲ့ထိန်းချုပ်တဲ့စနစ်တွေ အထိ တိုး တက်နေပါပြီ။

® မောင်းသူမဲ့ နည်းပညာတွေ တိုးတက်လာတဲ့ (၂၁) ရာစုခေတ်သစ် မှာတော့ ကားစတီယာရင်ကွင်းပေါ်မှ ထိန်းချုပ်မှု နည်းပညာတွေလည်း တစ်ဆင့်ပြီးတစ်ဆင့် ဖွံ့ဖြိုးလာပါ တယ်။ နောက်ဆုံးပေါ် ထွက်လာတဲ့ စတီယာရင်ကွင်း ထိန်းချုပ်မှု နည်း ပညာမှာတော့ လက်လှုပ်ရှားဟန်နဲ့ အမိန့်ပေးတဲ့ နည်းပညာကို Continental က တီထွင်ခဲ့ပါတယ်။ Continental အုပ်စုဆိုတာ မော်တော် ယာဉ်ဆိုင်ရာ နည်းပညာရပ်မှာ ကမ္ဘာ့ နာမည်ရ Developer ကုမ္ပဏီကြီး ဖြစ်ပါတယ်။ အဆင့်မြင့်ဇိမ်ခံကား တွေမှာ ယာဉ်မောင်းသူက ကား စတီယာရင်ကွင်းကို ကိုင်ထားလျက်ပဲ လက်မ၊ လက်ချောင်းကလေးတွေ လှုပ်ရှားဟန်နဲ့ ထိန်းချုပ်မှုပြုလုပ်နိုင် တဲ့ နည်းပညာသစ်ကို Continental က သုတေသနစမ်းသပ်မှုတွေ လုပ်ပြီး အောင်မြင်တဲ့ နည်းပညာတစ်ရပ် အဖြစ် (၂၀၁၆) ခုနှစ်မေလ ပထမ ပတ်အတွင်းမှာပဲ မိတ်ဆက်ပြသခဲ့ပါ တယ်။

® ကားဒတ်ခ်ျဘုတ် Instrument Cluster မှာ တစ်ခါတည်း Built-in ပါဝင်တဲ့ Time-of-flight Sensor တွေနဲ့ လက်လှုပ်ရှားမှုကို အာရုံခံ ထောက်လှမ်းပြီး လုပ်ဆောင်သွားနိုင် ပါတယ်။ အာရုံခံဆင်ဆာကို အသုံး ပြုပြီး Touch-free Operate (ထိတွေ့ မှုမဲ့လည်ပတ်မှု) ပုံစံမျိုး လုပ်ဆောင် ပေးနိုင်ပါတယ်။ ယာဉ်မောင်းက စတီယာရင်ကွင်းကို လက်နဲ့ကိုင် ထားစဉ်မှာ လက်ချောင်းလေးတွေကို တူညီတဲ့ လှုပ်ရှားမှုနဲ့ အထက် အောက်လှုပ်ရှားပေးပြီး ဖုန်းခေါ်ဆို မှုတွေကို လက်ခံပြောဆိုနိုင်သလို ငြင်းပယ်မှုလည်း လုပ်နိုင်ပါတယ်။ ဒီစနစ်က လက်လှုပ်ရှားမှုတွေကို မှတ်မိနိုင်စွမ်း မြင့်မားပြီး လက်ချောင်း လေးတွေရဲ့ ပုံမှန်လှုပ်ရှားဟန်တွေကို တိကျစွာ တုံ့ပြန် ထိန်းချုပ်ပေးနိုင်တဲ့ အရည်အသွေးမျိုး ရှိပါတယ်။

® 3D ကင်မရာစနစ်မှာ အာရုံခံ ဆင်ဆာတွေ ပါဝင်ပြီး 3D ပုံရိပ် ဆင်ဆာတွေပါ ထပ်မံပေါင်းစပ်ထား တာကြောင့် ကင်မရာက ရိုက်ကူးပေး တဲ့ပုံရိပ်တွေဟာ 3D ပုံရိပ်တွေအဖြစ် ထွက်ရှိလာစေပါတယ်။ ဒရိုင်ဘာရဲ့ လက်ချောင်းလှုပ်ရှားမှု ပုံစံကို မီလီ မီတာအကွာအဝေးအတွင်း တိကျစွာ ထောက်လှမ်းပေးနိုင်တဲ့ စွမ်းရည်ရှိ ပါတယ်။ ဒရိုင်ဘာတစ်ဦးရဲ့ စတီယာ ရင်ကွင်း ဆုတ်ကိုင်ထားတဲ့ လက် ချောင်းလေးတွေဟာ အကြောင်း အမျိုးမျိုးကြောင့် စတီယာရင်နဲ့ ဝေး ကွာတတ်ပြီး မျက်လုံးအကြည့်တွေက လည်း လမ်းကြောင်း ယာဉ်ကြောပေါ် က သွေဖည်သွားတဲ့အချိန်အခိုက် အတန့်လေးမှာ ယာဉ်မတော်တဆမှု ဆိုတာ ဖြစ်တတ်ပါတယ်။ ကား မောင်းတယ်ဆိုတာ အချိန် စက္ကန့် မလပ် အာရုံစူးစိုက်မှု ရှိနေရပါတယ်။ ဒီနည်းပညာက ယာဉ်မောင်းတဲ့ အခါမှာ ပိုပြီးတော့ ဘေးကင်းလုံခြုံမှု ရှိအောင် ထိန်းချုပ်မှု လုပ်ပေးနိုင် တာကြောင့် Gesture Control နည်းနဲ့ စတီယာရင်ကွင်းကို လက် ထဲမှာ ဆုတ်ကိုင်ထားရင်း အမိန့်ပေး ထိန်းချုပ်နိုင်အောင် တီထွင်ဆန်း သစ်ခြင်း ဖြစ်ပါတယ်လို့ Continental က ဆိုထားပါတယ်။

® ဒီစနစ်က လက်ရှိအချိန်မှာ ကွဲပြားခြားနားတဲ့ လက်လှုပ်ရှားမှု လေးမျိုးကို လုပ်ဆောင်ပေးနိုင်ပါပြီ။ အဲ့ဒီလုပ်ဆောင်ချက်တွေကတော့ -

- Navigation

- Browsing through apps; and starting music

- Answering Calls

- Controlling the on-board computer တို့ဖြစ်ပါတယ်။ စတီယာ ရင်ကွင်းကို ယာဉ်မောင်းက ဆုပ်ကိုင် ထားဆဲမှာပဲ လက်မကလေး လှုပ်ရှား ပြီး ထိန်းချုပ်ပေးနိုင်တဲ့အတွက် ကား မောင်းနေတဲ့ အချိန်တွေမှာပိုပြီးတော့ ဘေးကင်းလုံခြုံ စိတ်ချရမှုကို ရရှိ စေပါတယ်။

® ဒီနည်းပညာသစ်ကိုံ Human machine interface system တွေနဲ့ ပေါင်းစပ် အသုံးပြုသွားနိုင်မှာဖြစ်ပြီး ခလုတ်နဲ့ Touch-sensitive surface element တွေကိုလည်း စတီယာရင် ကွင်းပေါ်မှာ အစားထိုးအသုံးပြုသွား နိုင်တယ်လို့ Continental ကဆိုထား ပါတယ်။ ခေတ်ပေါ် အဆင့်မြင့် ကား တွေရဲ့ စတီယာရင် ထိန်းချုပ်မှုစနစ်နဲ့ စတီယာရင်ဒီဇိုင်း ပုံစံတွေကတော့ အတော်လေးကို ခေတ်မီဆန်းပြားစွာ နဲ့ ပေါ်ထွက်လာနေပါပြီ။ နည်းပညာ အသစ်အဆန်းတွေကို သိရှိလေ့လာ ခွင့်ရစေရန် တင်ပြလျက်...
🚘🚘🚘🚘🚘
#ကားချစ်သူ
Credit》》
awjmyanmar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။