Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, November 14, 2016

ရှုံးနိမ့်သွားတဲ့အခါ..

ရှုံးနိမ့်သွားတဲ့အခါ..
============

အရှုံးဆိုတာ လူတိုင်းထိတွေ့ဖူးတဲ့အရာပါ။ အောင်မြင်ချင်တဲ့သူမှာတော့ ပိုပြီးတော့ ရင်းရင်းနှီးနှီးတွေ့ရတတ်ပါတယ်။
ဒါပေမယ့် ဘဝဆိုတဲ့ ကစားပွဲတစ်ခုမှာတော့ အရှုံးတွေဟာ သင့်ကို အဆုံးသတ်အောင် လုပ်လို့မရပါဘူး။
.
စီးပွားရေးကြောင့် ရှုံးနိုင်တယ်။ လူမှုရေးကြောင့် ရှုံးနိုင်တယ်။ နှလုံးသားရေးကြောင့် ရှုံးနိုင်တယ်။
အရှုံးနဲ့ကြုံရပြီဆိုရင် မေးရမှာတစ်ခုက ဒီအရှုံးကနေ ရုန်းထွက်မလား။ ဒီအရှုံးကြားမှာပဲ နစ်ဝင်နေမလားဆိုတဲ့ မေးခွန်းပါပဲ။
ဒီကစားပွဲမှာ သင်ကိုယ်တိုင် လက်နက်မချမချင်း ဘယ်သူကမှ သင့်ကို အနိုင်တိုက်ယူလို့မရပါဘူး။
.
(၁) ငိုကြွေးလို့ရပါတယ်။

ငိုကြွေးခြင်းဟာ ပျော့ညံ့ခြင်းလို့ တစ်သတ်မှတ်တည်း ပြောလို့မရပါဘူး။ ငိုကြွေးခြင်းဟာ သင့်ရဲ့ခံစားချက်တွေကို
ဖွင့်ထုတ်ရာရောက်တယ်ဆိုရင် ငိုကြွေးနိုင်ပါတယ်။ ဒါပေမယ့် တစ်ချိန်မှာတော့ အငိုတိတ်ရမယ်ဆိုတာ သင်သိထားဖို့ လိုပါမယ်။
.
(၂) ဘေးမှာ ချစ်တဲ့သူတွေရှိတယ်။

အရှုံးဟာ အထီးကျန်ဝမ်းနည်းမှုကို အားပေးပါတယ်။ သင့်ကိုယ်သင် အသုံးမကျတဲ့သူတစ်ယောက်၊ အရေးမပါတဲ့သူတစ်ယောက်လို
ခံစားချင်လည်း ခံစားရပါမယ်။ ဒါပေမယ့် သင့်ရဲ့ဘေးမှာ သင့်ကိုချစ်တဲ့ မိသားစုတွေ၊ မိတ်ဆွေတွေရှိနေသေးတယ်ဆိုတာ
အမြဲသတိရသင့်ပါတယ်။
.
(၃) အနားယူပါ။

စိတ်ပင်ပန်းမှု၊ နှလုံးသားနွမ်းနယ်မှုတွေဟာ သင့်ကို နောက်ထပ်ခြေလှမ်းတွေ မလှမ်းချင်တော့ရလောက်အောင် ပင်ပန်းစေပါတယ်။
ဒီအချိန်မှာ လိုအပ်နေတာ အနားယူမှုပါ။ ချက်ချင်းကြီး ရုန်းကန်ထဖို့ အားထုတ်တာထက်စာရင် ပင်ပန်းမှုတွေကို ခဏလောက်
အပန်းဖြေသင့်ပါတယ်။
.
(၄) သုံးသပ်ပါ။

ခံစားမှုတွေ လျော့စပြုလာတဲ့အခါမှာတော့ ရှုံးနိမ့်ခဲ့ရတဲ့ အဖြစ်အပျက်၊ နာကျင်ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြန်ပြီး သုံးသပ်ပါ။
ကိုယ်ဘာတွေ လုပ်ခဲ့လဲ၊ ဘာတွေ လိုအပ်ခဲ့လဲ၊ ဘာတွေ ပြုပြင်ဖို့ကော လိုမလဲ။ အရှုံးတွေဟာ သင့်ကို ပျော့ညံ့စေတဲ့အရာမဟုတ်ဘဲ
သန်မာစေတဲ့အရာတွေဖြစ်ကြောင်း သက်သေပြဖို့ ကြိုးစားရပါမယ်။
.
(၅) ပိုကောင်းတဲ့အရာတွေ ရှိတယ်။

ဒီနေ့မှာ ဘာကိုမှရင်မဆိုင်ချင်ရလောက်အောင် ရှုံးနေပေမယ့် ပိုကောင်းတဲ့ အနာဂတ်တွေရှိတယ်ဆိုတဲ့အကြောင်း သင်လက်ခံထားရပါမယ်။
အမှောင်နေ့ရက်တွေထဲမှာပဲ ဘဝကို နစ်မွန်းမခံလိုက်ပါနဲ့။ အရှုံးဆိုတာ သင်ခံစားဖူးသလိုပဲ ထိတွေ့ဖို့ကောင်းတဲ့အရာတွေထဲမှာ မပါပါဘူး။
.
(၆) ဒါတွေဟာ ခဏပါ။

ဝမ်းနည်းမှုတွေ၊ အားငယ်မှုတွေ၊ နာကျင်မှုတွေ။ ဒီခံစားချက်တွေအောက်မှာ ထပ်ပြီး ဒူးမထောက်လိုက်ပါနဲ့။ ဒီအရှုံးတွေဟာ
ခဏတာပါ။ သင့်ရဲ့ဘဝအဆုံးသတ်မဟုတ်ပါဘူး။
___________
လေးစားမှုများဖြင့်..
ရွှေညာမောင်
Ref: SN

မျှဝေခြင်းစာမျက်နှာ (Sharing Page) ကိုလည်း လာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်ပါတယ်

(စာစုများအား နှစ်သက်သဘောကျပါက Like & See First (or) Notification on ထားနိုင်ပါတယ်။)

#copy #cd

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။