စိတ်လျှော့တတ်ဖို့
++++++++++++++
ချစ်တဲ့ သားရေ…..
အဖေစာရေးလိုက်ပါတယ်။ အခုခေတ်မှာ ဖုန်းတွေဘာတွေ အရမ်းအဆင်ပြေတော့ ဖေဖေ သားကို အရမ်းစာရေးခဲပါတယ်။ မရေးသလောက်ပါပဲ။ ဒါပေမဲ အခုကိစ္စက ဖုန်းနဲ့ဖြစ်ဖြစ်၊ စကားနဲ့ဖြစ်ဖြစ် မပြောတော့ပဲ သားတစ်ဖြည်းဖြည်းနဲ့ ဆင်ခြင်နိုင်အောင် စာရေးလိုက်ပါတယ်။ သားကလူပျိုပေါက်ဖြစ်လာပါပြီ ။ သားအရမ်းစိတ်မြန်တယ်။ စိတ်လုပ်ရှားလွယ်တယ်။ ထိလွယ်ရှလွယ်တယ်။ ဒါ ခန္ဒာကိုယ်အပြောင်းအလဲကြောင့်ဖြစ်နိုင်တယ်ဆိုတာ
ဖေဖေနားလည်ပါတယ်။ ဒါပေမဲ့ ဖေဖေသားကို စိတ်ဖြေလျှော့စေချင်တယ်။ သားကို
စိတ်လျှော့တတ်ဖို့ ဖေဖေဒီစာကို ရေးသာပါ။ ဖေဖေအောက်မှာ ပြောမဲ့
သဘောတရားတွေကို အကြိမ်ကြိမ်ဖတ်ရူ့ပါ။ ပြီးရင်ဆင်ခြင်ပါ။ တစ်ခုခု
နားလည်သွားရင် အဲဒီအတိုင်း ကျင့်ကြံကြည့်ပါ။ နောင်တစ်ချိန်မှာ
သားအဆင်ပြေမယ်ထင်တဲ့ အချိန်မှာ ဖေဖေနဲ့ လာဆွေးနွေးပါ။
၁။ သူများကို ကြည့်မရဘူးဆိုတာ ကိုယ်ကြည့်မရတဲ့လူဆီမှာ ကိုယ့်ရဲ့ အရိပ်အရောင်တချို့ တွေ့မြင်နေလို့ဖြစ်တယ်။ ဒီစကားဟုတ်မဟုတ် ကိုယ် ကြည့်မရတဲ့လူရဲ့ ကိုယ်ကြည့်မရတဲ့ အမူအကျင့်ကို ပြန်စဉ်းစားကြည့်ပါ။ အကြိမ်ကြိမ်ဆင်ခြင်ကြည့်ပါ။
၂။ လူဆိုတာ ဒေါသဖြစ်တဲ့အခါ စိတ်ဆိုးတဲ့အခါ EQ က သုည ဖြစ်နေတတ်တယ်။ တစ်မိနစ်လောက်ကြာသွားမှ ပုံမှန်အတိုင်းပြန်ဖြစ်သွားပါတယ်။ လူတစ်ဦးရဲ့ ပင်ကိုယ်အရည်အသွေးပြည့်ဝမူ ဆိုတာ ကိုယ့်ရဲ့ စိတ်လုပ်ရှားမူတွေကို ထိန်းချုပ်နိုင်တဲ့ အရည်အချင်းတွေကြောင့် ဖြစ်ပေါ်လာတာပါ။
၃။ စိတ်ကို နိုင်နင်းလာတဲ့ ကာလဟာ ကြီးပြင်းရင့်ကျက်လာတဲ့ ကာလဖြစ်ပါတယ်။ စိတ်လွတ်လပ်မူ ရရှိစေတဲ့ ကာလလည်းဖြစ်ပါတယ်။ ကိုယ့်စိတ်ကို ကိုယ်ကနိုင်နင်းမှ ကိုယ့်စိတ်ရဲ့ အရှင်သခင်ဖြစ်လာပြီး စိတ်အကျဉ်းကျပ်ထဲကနေ လွတ်မြောက်လာမှာဖြစ်တယ်။
၎။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်စိတ်ကို နိုင်နင်းဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်မြင်ယူဆစရာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်း လေ့ကျင့်ရင် လုံးဝမထိန်းချုပ်နိုင်တာေ တာင်မှ တော်တော်လေးထိန်းသိမ်းနိုင်တဲ့အဆင့် ရောက်သွားတာကို တွေ့ရပါလိမ့်မယ်။ အဲဒီနည်းလမ်းတွေကတော့ ….
က။ အာရုံလွှဲခြင်း
စိတ်တအားလုပ်ရှားလာရင်၊ စိတ်ဆိုးချင်တာဖြစ်ဖြစ်၊ စိတ်ပျက်ချင်တာဖြစ်ဖြစ် အကြောင်းပေါ်ခဲ့ရင် ကောင်းတဲ့ကိစ္စ တစ်ခုအပေါ် အာရုံလွှဲကြည့်လိုက်ပါ။
ခ။ ခွဲခြားပစ်ခြင်း
စိတ်ဆိုးဖို့ ဖြစ်ဖြစ်၊ စိတ်ပျက်ဖို့ဖြစ်ဖြစ် အကြောင်းရင်း သုံးလေးခုလောက် တစ်ပြိုင်တည်း ဆုံလာရင် အကြောင်းရင်း တစ်ခုစီကို ခွဲခြားစဉ်းစားလိုက်ပါ။ အဲဒီအကြောင်းရင်း တစ်ခုဆီ မတူညီတာကို တွေ့ရပါလိမ့်မည်။ ဒေါသကို အကျယ်ချဲ့ ခြင်းမှ ကာကွယ်ဖို့ ဖြစ်ပါတယ်။
ဂ။ လျှော့ချခြင်း
နားမထောင်ဘူး၊ မကြည့်ဘူး၊ မခံစားဘူး၊ စိတ်ထဲ အ၀င်မခံဘူး ၊ ဒါတွေကို လျှော့ချတဲ့နည်းလမ်းလို့ ခေါ်ပါတယ်။ စိတ်ဆိုးစိတ်ပျက်နေရင်လည်း ဘာမှထူးမလာတဲ့ အခါမျိုးမှာ အသုံးချကြည့်ပါ။
ဃ။ ခွင့်လွတ်ခြင်း
စိတ်ဆိုးတယ်၊ ဒေါသထွက်တယ်ဆိုတာ သူများလုပ်တဲ့အပစ်ကို ကိုယ့်ကိုယ်ကို ဒဏ်ခတ်ခြင်းဖြစ်တယ်။ သူများကိုခွင့်လွတ်တယ်ဆို တာ ကိုယ့်ကိုယ်ကို လွတ်မြောက်အောင် လုပ်ခြင်းဖြစ်တယ်။
င။ လွတ်မြောက်ခြင်း
ရူ့တောင့်ပြောင်းပြီး မြင်ကြည့်လိုက်ပါ။ ကျယ်ကျယ်ဝေးဝေး စဉ်းစားကြည့်လိုက်ပါ။ ဒီကနေ့ စိတ်ဆိုးစေတဲ့ကိစ္စဟာ မနက်ဖန်ကျရင် သိပ်အရေးမကြီးသလို ဖြစ်သွားနိုင်တယ်။ နောင်တစ်လလောက်ကျရင် အသေးအမွှားဖြစ်သွားနိုင်ပါတ ယ်။ နောက်တစ်နစ်လောက်ဆိုရင် ပုံပြင်အဆင့်လောက်ပဲကျန်ပါ တော့တယ်။
စ။ စိတ်အင်အားပြောင်းစေခြင်း
ဒေါသထွက်တယ်၊ စိတ်ဆိုးတယ်၊ စိတ်ပျက်တယ် ဆိုတာ စိတ်အင်အား ကုန်ခမ်းစေတတ်ပါတယ်။ တကယ်လို့ အဲဒီစိတ်အင်အားတွေကို အကောင်းဘက်၊ အပြုသဘောဆောင်တဲ့ဘက်၊ ကိုယ့်ကိုယ်ကို အားတက်စေတဲ့ဘက်သို့ ပြောင်းလဲအောင် ကြိုးစားကြည့်သင့်ပါတယ်။
ဆ။ ဖေါ် ပြခြင်း
စိတ်တအားမထိန်းနိုင်တဲ့ အခါကျရင် ကိုယ့်ခံစားချက်ကို ရေးချကြည့်ပါ။ တော်တော် သက်သာသွားပါလိမ့်မယ်။
ကြီးပြင်းတဲ့ ကာလဆိုတာ ရှည်ကြာတဲ့ ကာလတစ်ခုပါ။ ပိုမိုမှတ်မိစေဖို့ စကားနဲ မဆုံးမပဲ စာရေးလိုက်တာပါ။ သားစာကို အမြဲဖတ်နိုင်အောင် ဒီစာကို သိမ်းဆည်းထားပါ။ လိုအပ်မယ်လို့ သားထင်ခဲ့ရင်ပေါ့လေ။
သားအနေနဲ့ အပေါ်ကနည်းလမ်းတွေကို စိတ်မထိန်းနိုင်တဲ့ အခါကျရင် အသုံးပြုကြည့်ပါ။ အကျိုးရှိပါစေလို့ ဖေဖေစုတောင်းပေးလိုက်ပါတယ်။
မင်းကိုချစ်တဲ့
ဖေဖေ
Ref: Wechat
++++++++++++++
ချစ်တဲ့ သားရေ…..
အဖေစာရေးလိုက်ပါတယ်။ အခုခေတ်မှာ ဖုန်းတွေဘာတွေ အရမ်းအဆင်ပြေတော့ ဖေဖေ သားကို အရမ်းစာရေးခဲပါတယ်။ မရေးသလောက်ပါပဲ။ ဒါပေမဲ အခုကိစ္စက ဖုန်းနဲ့ဖြစ်ဖြစ်၊ စကားနဲ့ဖြစ်ဖြစ် မပြောတော့ပဲ သားတစ်ဖြည်းဖြည်းနဲ့ ဆင်ခြင်နိုင်အောင် စာရေးလိုက်ပါတယ်။ သားကလူပျိုပေါက်ဖြစ်လာပါပြီ
၁။ သူများကို ကြည့်မရဘူးဆိုတာ ကိုယ်ကြည့်မရတဲ့လူဆီမှာ ကိုယ့်ရဲ့ အရိပ်အရောင်တချို့ တွေ့မြင်နေလို့ဖြစ်တယ်။ ဒီစကားဟုတ်မဟုတ် ကိုယ် ကြည့်မရတဲ့လူရဲ့ ကိုယ်ကြည့်မရတဲ့ အမူအကျင့်ကို ပြန်စဉ်းစားကြည့်ပါ။ အကြိမ်ကြိမ်ဆင်ခြင်ကြည့်ပါ။
၂။ လူဆိုတာ ဒေါသဖြစ်တဲ့အခါ စိတ်ဆိုးတဲ့အခါ EQ က သုည ဖြစ်နေတတ်တယ်။ တစ်မိနစ်လောက်ကြာသွားမှ ပုံမှန်အတိုင်းပြန်ဖြစ်သွ
၃။ စိတ်ကို နိုင်နင်းလာတဲ့ ကာလဟာ ကြီးပြင်းရင့်ကျက်လာတဲ့ ကာလဖြစ်ပါတယ်။ စိတ်လွတ်လပ်မူ ရရှိစေတဲ့ ကာလလည်းဖြစ်ပါတယ်။ ကိုယ့်စိတ်ကို ကိုယ်ကနိုင်နင်းမှ ကိုယ့်စိတ်ရဲ့ အရှင်သခင်ဖြစ်လာပြီး စိတ်အကျဉ်းကျပ်ထဲကနေ လွတ်မြောက်လာမှာဖြစ်တယ်။
၎။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်စိတ်ကို နိုင်နင်းဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်မြင်ယူဆစရာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်း လေ့ကျင့်ရင် လုံးဝမထိန်းချုပ်နိုင်တာေ
က။ အာရုံလွှဲခြင်း
စိတ်တအားလုပ်ရှားလာရင်၊ စိတ်ဆိုးချင်တာဖြစ်ဖြစ်၊ စိတ်ပျက်ချင်တာဖြစ်ဖြစ် အကြောင်းပေါ်ခဲ့ရင် ကောင်းတဲ့ကိစ္စ တစ်ခုအပေါ် အာရုံလွှဲကြည့်လိုက်ပါ။
ခ။ ခွဲခြားပစ်ခြင်း
စိတ်ဆိုးဖို့ ဖြစ်ဖြစ်၊ စိတ်ပျက်ဖို့ဖြစ်ဖြစ် အကြောင်းရင်း သုံးလေးခုလောက် တစ်ပြိုင်တည်း ဆုံလာရင် အကြောင်းရင်း တစ်ခုစီကို ခွဲခြားစဉ်းစားလိုက်ပါ။ အဲဒီအကြောင်းရင်း တစ်ခုဆီ မတူညီတာကို တွေ့ရပါလိမ့်မည်။ ဒေါသကို အကျယ်ချဲ့ ခြင်းမှ ကာကွယ်ဖို့ ဖြစ်ပါတယ်။
ဂ။ လျှော့ချခြင်း
နားမထောင်ဘူး၊ မကြည့်ဘူး၊ မခံစားဘူး၊ စိတ်ထဲ အ၀င်မခံဘူး ၊ ဒါတွေကို လျှော့ချတဲ့နည်းလမ်းလို့ ခေါ်ပါတယ်။ စိတ်ဆိုးစိတ်ပျက်နေရင်လည်း
ဃ။ ခွင့်လွတ်ခြင်း
စိတ်ဆိုးတယ်၊ ဒေါသထွက်တယ်ဆိုတာ သူများလုပ်တဲ့အပစ်ကို ကိုယ့်ကိုယ်ကို ဒဏ်ခတ်ခြင်းဖြစ်တယ်။ သူများကိုခွင့်လွတ်တယ်ဆို
င။ လွတ်မြောက်ခြင်း
ရူ့တောင့်ပြောင်းပြီး မြင်ကြည့်လိုက်ပါ။ ကျယ်ကျယ်ဝေးဝေး စဉ်းစားကြည့်လိုက်ပါ။ ဒီကနေ့ စိတ်ဆိုးစေတဲ့ကိစ္စဟာ မနက်ဖန်ကျရင် သိပ်အရေးမကြီးသလို ဖြစ်သွားနိုင်တယ်။ နောင်တစ်လလောက်ကျရင် အသေးအမွှားဖြစ်သွားနိုင်ပါတ
စ။ စိတ်အင်အားပြောင်းစေခြင်း
ဒေါသထွက်တယ်၊ စိတ်ဆိုးတယ်၊ စိတ်ပျက်တယ် ဆိုတာ စိတ်အင်အား ကုန်ခမ်းစေတတ်ပါတယ်။ တကယ်လို့ အဲဒီစိတ်အင်အားတွေကို အကောင်းဘက်၊ အပြုသဘောဆောင်တဲ့ဘက်၊ ကိုယ့်ကိုယ်ကို အားတက်စေတဲ့ဘက်သို့ ပြောင်းလဲအောင် ကြိုးစားကြည့်သင့်ပါတယ်။
ဆ။ ဖေါ် ပြခြင်း
စိတ်တအားမထိန်းနိုင်တဲ့ အခါကျရင် ကိုယ့်ခံစားချက်ကို ရေးချကြည့်ပါ။ တော်တော် သက်သာသွားပါလိမ့်မယ်။
ကြီးပြင်းတဲ့ ကာလဆိုတာ ရှည်ကြာတဲ့ ကာလတစ်ခုပါ။ ပိုမိုမှတ်မိစေဖို့ စကားနဲ မဆုံးမပဲ စာရေးလိုက်တာပါ။ သားစာကို အမြဲဖတ်နိုင်အောင် ဒီစာကို သိမ်းဆည်းထားပါ။ လိုအပ်မယ်လို့ သားထင်ခဲ့ရင်ပေါ့လေ။
သားအနေနဲ့ အပေါ်ကနည်းလမ်းတွေကို စိတ်မထိန်းနိုင်တဲ့ အခါကျရင် အသုံးပြုကြည့်ပါ။ အကျိုးရှိပါစေလို့ ဖေဖေစုတောင်းပေးလိုက်ပါတယ
မင်းကိုချစ်တဲ့
ဖေဖေ
Ref: Wechat
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။