Black Friday သို့မဟုတ် မင်္ဂလာမရှိသော သောကြာနေ့
ကျေးဇူးတော်နေ့ဆိုတာ နိုဝင်ဘာလရဲ့ စတုတ္ထအပတ် ကြာသပတေး မှာ လုပ်လေ့ ရှိတဲ့ အားလပ်ရက် တစ်ရက် ဖြစ်ပါတယ်။ ကျောင်းတွေ၊ ရုံးတွေ၊ အလုပ်ရုံတွေ အတော်များများ ပိတ်ရက် အဖြစ် သတ်မှတ် ကြပါတယ်။ ကျေးဇူးတော်နေ့ရဲ့ နောက်တစ်နေ့ကတော့ Black Friday (မင်္ဂလာ မရှိသောကြာနေ့... ကွကိုယ် နာမည်ပေးခြင်း 😁) ဖြစ်ပါတယ်။
မင်္ဂလာမရှိသော သောကြာနေ့ဆိုတဲ့ နာမည် ရလာခဲ့တာမှာ အတိတ်ဆိုးရှိပါတယ်။ အမေရိကန် နေထိုင်သူ တွေတောင် နှံ့စပ်သူမဟုတ်ရင် သိကြလေ့မရှိတဲ့အတွက် စိတ်ဝင်စားစရာ ကောင်းပါ လိမ့်မယ်။ လူအများလွဲမှားစွာ သိထားတာက ဒီနေ့မှာ ပစ္စည်းတွေ အရမ်းရောင်းရတဲ့အတွက်ကြောင့် 
ကုန်ထုတ်လုပ်သူတို့ စူပါမားကတ်တို့မှာ အရောင်းဟာ အနီရောင် (Red) အရှုံး
ပြနေရာက ချက်ချင်း အနက်ရောင် (Black) ဖြစ်လာစေတဲ့ အတွက်လို့ သိထားကြပါတယ်။
တကယ်ကတော့ အဲ့ဒီလိုမဟုတ်ပါ။ ဒီ နေရာမှာ စကားရပ် စတင်လာပုံနဲ့ ရှိလာခဲ့တဲ့ စကားရပ်ကို နှိုင်းမိသော ဖြစ်ရပ် ဆိုတဲ့ ဖြစ်စဉ် ၂ ခုကို ပြောရမှာ ဖြစ်ပါတယ်။ ပထမဆုံး စကားရပ် ဖြစ်ပေါ်လာပုံနဲ့ စတင် ပြောပြပေးပါ့မယ်။
မင်္ဂလာမရှိသော သောကြာနေ့ ဆိုတဲ့ ဝေါဟာရ စတင်ခဲ့တာဟာ ၁၈၆၉ အဓိကရုန်း (Panic of 1869) လို့ ခေါ်တဲ့ အမေရိကန် ရွှေဈေးကွက် ကမောက်ကမဖြစ်ခြင်း က စတင်ခဲ့ပါတယ်။ တစ်ရက်ထဲသာ ဖြစ်ခဲ့တဲ့ ကမောက်ကမမှာ ခွေးဖြစ်သွားသူတို့လည်း ရှိသလို သူဌေးဖြစ်လာသူ တို့ လည်း ရှိခဲ့ပါတယ်။
ဆိုးသွားတာက အဆိုပါအချိန် အမေရိကန် သမ္မတ Ulysses S. Grant ရဲ့ ယောက်ဖ ကိုယ်တိုင် အကြီးအကျယ်ရှုံးပြီး ခွေးဖြစ်ခဲ့ရတဲ့ အတွက်ကြောင့် မင်္ဂလာမရှိသော သောကြာနေ့ဆိုတဲ့ စကားရပ် စတင်ခဲ့တယ် လို့ အဆိုရှိပါတယ်။
နောက်တစ်ခါ ဒီ စကားရပ်ကို ကျေးဇူးတော်နေ့ရဲ့ နောက်တစ်နေ့ဖြစ်တဲ့ သောကြာနေ့မှာ သုံးဖြစ်လာခဲ့တဲ့အကြောင်းကို
ပြောပြပါဦးမယ်။ ၁၉၆၁ ခုနှစ် ဖီလာဒေးလ်ဖီးယား ပြည်နယ်မှာ ဈေးလျှော့
ရောင်းချမှုကြောင့် ခရီးသွားဧည့်သည်တွေနဲ့ မြို့နေလူထုတို့ဟာ အလုအယက်
တိုးဝယ်ကြတာ လမ်းတိုင်းနီးနီး လူတွေ ပြည့်ကုန်တယ်လို့ ဆိုပါတယ်။ ဒီမှာ
မှုခင်းတွေ လုယက်မှုတွေ လူသေမှုတွေ အလွန်များသွားပြီးတော့ မြို့နေ ရဲဌာနအတွက်
သြချလောက်အောင် အလုပ်ရှုပ်ကုန် တဲ့နေ့ဖြစ်လို့ ၁၈၆၉ အဓိကရုန်းဆန်တဲ့
မင်္ဂလာမရှိသော သောကြာနေ့လို့ တင်စားခေါ်ဝေါ်ခဲတြယ်လို့ ဆိုပါတယ်။ ဒီကနေမှ
ဒီစကားရပ်ဟာ နေ့နဲ့ စတင် တွဲဖက်မိလာခဲ့ခြင်းဖြစ်တယ် လို့ လေ့လာမှတ်သား
ခဲ့ဖူးပါတယ်။
အဆိုပါ မင်္ဂလာ မရှိသော သောကြာနေ့မှာ ညလုံးပေါက်ဈေးဆိုင်တွေ ဖွင့်ပြီး အပြိုင်အဆိုင် discount နဲ့ ရောင်းကြပါတယ်။ Official holiday မဟုတ်ပေမယ့် တချို့နေရာတွေမှာ မင်္ဂလာမရှိသော သောကြာနေ့ ကို ပိတ်ရက်ကဲ့သို့ သတ်မှတ်ပေးတဲ့ အတွက် နားရက် ၄ ရက် ရနိုင်ကြောင်း မှတ်သား ခဲ့ဖူးပါတယ်။
#kyawnge
ကျေးဇူးတော်နေ့ဆိုတာ နိုဝင်ဘာလရဲ့ စတုတ္ထအပတ် ကြာသပတေး မှာ လုပ်လေ့ ရှိတဲ့ အားလပ်ရက် တစ်ရက် ဖြစ်ပါတယ်။ ကျောင်းတွေ၊ ရုံးတွေ၊ အလုပ်ရုံတွေ အတော်များများ ပိတ်ရက် အဖြစ် သတ်မှတ် ကြပါတယ်။ ကျေးဇူးတော်နေ့ရဲ့ နောက်တစ်နေ့ကတော့ Black Friday (မင်္ဂလာ မရှိသောကြာနေ့... ကွကိုယ် နာမည်ပေးခြင်း 😁) ဖြစ်ပါတယ်။
မင်္ဂလာမရှိသော သောကြာနေ့ဆိုတဲ့ နာမည် ရလာခဲ့တာမှာ အတိတ်ဆိုးရှိပါတယ်။ အမေရိကန် နေထိုင်သူ တွေတောင် နှံ့စပ်သူမဟုတ်ရင် သိကြလေ့မရှိတဲ့အတွက် စိတ်ဝင်စားစရာ ကောင်းပါ လိမ့်မယ်။ လူအများလွဲမှားစွာ သိထားတာက ဒီနေ့မှာ ပစ္စည်းတွေ အရမ်းရောင်းရတဲ့အတွက်ကြောင်
တကယ်ကတော့ အဲ့ဒီလိုမဟုတ်ပါ။ ဒီ နေရာမှာ စကားရပ် စတင်လာပုံနဲ့ ရှိလာခဲ့တဲ့ စကားရပ်ကို နှိုင်းမိသော ဖြစ်ရပ် ဆိုတဲ့ ဖြစ်စဉ် ၂ ခုကို ပြောရမှာ ဖြစ်ပါတယ်။ ပထမဆုံး စကားရပ် ဖြစ်ပေါ်လာပုံနဲ့ စတင် ပြောပြပေးပါ့မယ်။
မင်္ဂလာမရှိသော သောကြာနေ့ ဆိုတဲ့ ဝေါဟာရ စတင်ခဲ့တာဟာ ၁၈၆၉ အဓိကရုန်း (Panic of 1869) လို့ ခေါ်တဲ့ အမေရိကန် ရွှေဈေးကွက် ကမောက်ကမဖြစ်ခြင်း က စတင်ခဲ့ပါတယ်။ တစ်ရက်ထဲသာ ဖြစ်ခဲ့တဲ့ ကမောက်ကမမှာ ခွေးဖြစ်သွားသူတို့လည်း ရှိသလို သူဌေးဖြစ်လာသူ တို့ လည်း ရှိခဲ့ပါတယ်။
ဆိုးသွားတာက အဆိုပါအချိန် အမေရိကန် သမ္မတ Ulysses S. Grant ရဲ့ ယောက်ဖ ကိုယ်တိုင် အကြီးအကျယ်ရှုံးပြီး ခွေးဖြစ်ခဲ့ရတဲ့ အတွက်ကြောင့် မင်္ဂလာမရှိသော သောကြာနေ့ဆိုတဲ့ စကားရပ် စတင်ခဲ့တယ် လို့ အဆိုရှိပါတယ်။
နောက်တစ်ခါ ဒီ စကားရပ်ကို ကျေးဇူးတော်နေ့ရဲ့ နောက်တစ်နေ့ဖြစ်တဲ့ သောကြာနေ့မှာ သုံးဖြစ်လာခဲ့တဲ့အကြောင်းကိ
အဆိုပါ မင်္ဂလာ မရှိသော သောကြာနေ့မှာ ညလုံးပေါက်ဈေးဆိုင်တွေ ဖွင့်ပြီး အပြိုင်အဆိုင် discount နဲ့ ရောင်းကြပါတယ်။ Official holiday မဟုတ်ပေမယ့် တချို့နေရာတွေမှာ မင်္ဂလာမရှိသော သောကြာနေ့ ကို ပိတ်ရက်ကဲ့သို့ သတ်မှတ်ပေးတဲ့ အတွက် နားရက် ၄ ရက် ရနိုင်ကြောင်း မှတ်သား ခဲ့ဖူးပါတယ်။
#kyawnge
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။