Unit(2)
Am,is,are (question)
=================
'အားလုံးမင်္ဂလာပါ'
ဒီနေ့ဆရာသင်မှာကတော့ "am,is,are" ကိုအမေးအဖြေပြုလုပ် ခြင်းပဲဖြစ်ပါတယ်။ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း "I" ဆို "am" နဲ့တွဲပြီးတော့ "He,She,It" ဆို is နဲ့တွဲပါတယ်။ "we, you , they " ဆိုရင်တော့ "are" နဲ့တွဲပါတယ်။ဘာမှတော့ မခက်ပါဘူး။ မေးခွန်းလုပ်တော့မယ် ဆိုရင် "am,is,are" Subject ရှေ့ပို့ရင်ရပါပြီ။

-Example Sentences
-Am I late?No, you are on time.
(ကျွန်တော်နောက်ကျလား။ မကျပါဘူး အချိန်ကွက်တိပါပဲ။)
*****English မှာတော့ in time နဲ့ on time ဆိုပြီး နှစ်မျိုးရှိပါတယ်။ in time = အချိန်မီ၊ on time = အချိန်မှန်၊ အချိန် ကွက်တိ။
-Is your mother at home? No, She's out.
(ခင်ဗျားအမေ အိမ်မှာရှိလား? မရှိဘူး။အပြင်ထွက် သွားတယ်။)
-Are your parents at home? (ခင်ဗျား မိဘတွေ အိမ်မှာ ရှိလား)
-Is it cold in your room?
(ခင်ဗျား အခန်းထဲမှာ အေးလား)
*အရေးကြီးတာကတော့ (Is she at home/Is your mother at home) လို့ပဲသုံးပါတယ်။ (Is at home your mother) လို့သုံးလို့မရပါ။
နောက်တစ်မျိုးကတော့ Wh-question တွေနဲ့ တွဲသုံးတာ ရှင်းပြပါမယ်။
-Where=ဘယ်နေရာမှာလဲ
-What=ဘာလဲ
-Who=ဘယ်သူလဲ
-How= ဘယ်လိုလဲ
-Why= ဘာကြောင့်လဲ ဆိုတာတွေနဲ့ လည်း တွဲသုံးလို့ရပါတယ်။
Eg: Where is your mother? Is she at home?
Eg:Where are you from?
Eg:What color is your car?
Eg:How old is Joe?
Eg:These shoes are nice.How much are they?
ဖိနပ်တွေ ကောင်းလှချည်လား၊ ဘယ်လောက်ပေးရလဲ။
Eg:This hotel isn't very good. Hotel က သိပ်မကောင်းဘူး။
Eg:Why it is so expensive.
(ဘာလို့ ဒီလောက်တောင် ဈေးကြီးရတာလဲ။)
- အရင်က ဝါကျတစ်ကြောင်းမေးရင် စာကြောင်း အရှည်ကြီးတွေ ဖြေခဲ့ ကြပါတယ်။ စာကြောင်း အရှည်ကြီး တွေ ဖြေစရာ မလိုပါဘူး။လိုရင်း တိုရှင်း ဆို ရပါတယ်။
Eg: Are you tired? Yes, I am.
Are you hungry? No, I am not.
Is your friend English?Yes,heis.
Are these your keys? Yes,they are.
That's my seat. No, it isn't.
ဒီခုံလူရှိလားဆိုရင်- Is this seat taken?
Is this seat free? လို့သုံးပါတယ်။
အစစအရာရာ အဆင်ပြေကြပါစေ။
ဆရာအန်တိုနီ
လေ့ကျင့်ခန်းတွေ လုပ်ပေးကြပါဦး။
1.ခင်ဗျား ဘာလို့ နောက်ကျတာလဲ။
2.ခင်ဗျား အလုပ်က စိတ်ဝင်စားဖို့ ကောင်းလား။
3. ဒီပန်းသီးတွေက ဈေးဘယ်လောက်လဲ။
4. ခင်ဗျား အမျိုးသမီးနာမည်က ဘာလဲ။
5. ခင်ဗျား အခု အိမ်မှာလား။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။