Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, July 31, 2014

* မိန်ကလေးတစ်ယောက်က ရွှေဆင်လို့ယဉ်တာမဟုတ်ဘူး ဣနြေ္ဒဆင်မှ ယဉ်မှာ

* ရေဆိုတာ
အမြဲမပြတ်စီးဆင်းနေမှ
ကြည်လင်သန့်ရှင်းတယ်။
လူဆိုတာ
အမြဲမပြတ်ကြိုးစားနေမှ
အောင်မြင်မယ်။

* ရဲရင့်သူကို
ကံတရားက မျက်နှာသာပေးတယ်။
ကြိုးစားသူကို
အောင်မြင်မှုက ဆီးကြိုတယ်။
မှားယွင်းသူကို
အမှန်တရားက လမ်းပြတယ်။

Dr. Martens ဖိနပ်များအကြောင်း တစေ့တစောင်း


Scorpion Soup For Soul added 4 new photos — with KyeeKan Chucky and 7 others.

Dr. Martens ဖိနပ်များအကြောင်း တစေ့တစောင်း
----------
ဂီတသမားနဲ့ သူတို့ရဲ့ဖက်ရှင်ဒီဇိုင်းနဲ့က ဘယ်လိုဆက်စပ်သလဲ ပညာရှင်တွေပဲသိကြမှာပါ။ ကျွန်တော်တို့လို သာမန်သူတွေသိတာတခုတော့ရှိတယ်။ Slash ဆိုတဲ့ဂစ်တာသမားဆိုတာ ဦးထုပ်ဆောင်းချင်ဆောင်း၊ မဆောင်းရင်လဲ ဆံပင်ဖွာဆလန်ကျဲကြီးနဲ့ပေါ့ဗျာ။ ဒါဟာသူ့အမှတ်အသားပဲ။ အဲဒီလိုပဲ မက်တယ်လစ်ကာတို့ဆိုရင် အဝတ်အစားအနက်ရောင်ပဲဝတ်လေ့ရှိတယ်။ အဆိုတော် ဂျိမ်းကို တီရှပ် အနီရောင်နဲ့တွေ့ရမှာမဟုတ်ပါဘူး။ နှစ်တွေကြာလာတော့ ဂီတသမားရဲ့ သီချင်းတွေနဲ့အတူ သူတို့ရဲ့ဝတ်စားဆင်ယင်မှုဟာလဲ ပူးတွဲပြီး အမှတ်အသားအဖြစ် ကျွန်တော်တို့ရင်ထဲမှာ မသိစိတ်အဖြစ်ကိန်းအောင်းမိတတ်ကြပါတယ်။

ပုလဲ အကြောင်း

ပုလဲ အကြောင်း
=====================
ပုလဲသည် ပင်လယ်အတွင်း နေထိုင်သော ကမာ(သို့)မုတ်ကောင်၏ ကိုယ်တွင်းမှ ရရှိသော အရာဖြစ်သည်။ တွင်းထွက် ကျောက်မျက် မဟုတ်ပေ။ ပုလဲကို မြန်မာလူမျိုးတို့က န၀ရတ်ကိုးပါး တွင် ပါဝင်သော ရတနာတစ်ပါး အဖြစ် အမြတ်တနိုး တန်ဖိုးထား ၀တ်ဆင်ကြ ပါသည်။ န၀ရတ် ကိုးပါးစလုံးတွင် တစ်ခုခြင်း၌ ထူးခြားသည့် တန်ခိုး အာနိသင် ရှိကြ သည့်အနက် ပုလဲ၏ အာနိသင်မှာ ကျက်သရေ မင်္ဂလာ ရှိခြင်းပင် ဖြစ်သည်။ ပုလဲ၏ အားသာချက်မှာ ကျောက်မျက်များ ကဲ့သို့ ခွဲဖြတ်ခြင်း၊ သွေးယူခြင်းတို့ ဆောင်ရွက်ရန် မလိုပဲ ပုလဲ ဖော်ယူ ပြီးလျှင် ပြီးခြင်းပင် လှပနှစ်လို ဖွယ်ရာ တွေ့မြင်ရခြင်းပင် ဖြစ်ပါသည်။ ပုလဲတွင် သဘာဝပုလဲနှင့် မွေးပုလဲဟူ၍ နှစ်မျိုးရှိသည်။ မြိတ်ကျွန်းစုတွင် နေထိုင်ကြသော ဆလုံတိုင်းရင်းသားများသည် ပုလဲ ငုပ်၍ အသက်မွေးကြသည်။

ဝေါဟာရ

ဝေါဟာရ
------------------------------------------------------------------
https://www.facebook.com/hnaingyintnway
------------------------------------------------------------------
ဘာသာစကားတွေလေ့လာတဲ့အခါမှာ စကားလုံးတွေရဲ့ အနက်အဓိပ္ပာယ်ကို သိဖို့လိုပါတယ်... တူညီတဲ့အနက်အဓိပ္ပာယ်ရှိတဲ့ စကားလုံးအချင်းချင်း ဖလှယ်သုံးစွဲပြီး ဘာသာစကား တစ်ခုနဲ့တစ်ခု ချိတ်ဆက်နားလည်နိုင်ဖို့ ကြိုးစားရပါတယ်... မိမိရဲ့ဘာသာစကားမှာ မရှိတဲ့ ဝေါဟာရတစ်ချို့ကိုတော့ မွေးစားပြီး အသုံးပြုကြရပါတယ်... ကျွန်တော်တို့မြန်မာမှာ ကွန်ပျူတာ... အင်တာနက် စတာတွေကို မွေးစားအသုံးပြုတဲ့သဘောဖြစ်ပါတယ်... ဒါပေမဲ့ တစ်ချို့စကားလုံးတွေကတော့ အဓိပ္ပာယ်တူညီတဲ့ ဝေါဟာရမျိုးမရှိသလို မွေးစားသုံးစွဲထားခြင်းလည်းမရှိကြပါဘူး... ဒီလိုစကားလုံးတွေထဲက တစ်ချို့ကို သက်ဆိုင်ရာ ဘာသာစကားအမည်နဲ့အတူ ဖော်ပြပေးသွားပါမယ်...

ကချင်ဒေသ စစ်ရှောင် ကလေးငယ် များအတွက် အရုပ်လေးများ ဝယ်ယူ အားပေး လှူဒါန်းကြပါ


လတ်တလော ဖေ့စ်ဘုတ် စာမျက်နှာထက်မှာ အနုပညာရှင် များနဲ့ တခြား အပြင်က လူတွေပါ အရုပ်ကလေးတွေ နဲ့ ဓာတ်ပုံ ရိုက်တာကို တွေ့မြင်ကြ ရပါတယ်။ ဒီ အရုပ်လေးတွေက စစ်ဘေးသင့်ဒေသ အတွက် အလှူခံတဲ့ အရုပ်တွေဖြစ် ကြောင်း သိရတာကြောင့် ဓာတ်ပုံ ရိုက်ကူးခဲ့တဲ့ မို့မို့မြင့်အောင်ကို မေးကြည့် တော့

အဆင့်မြင့်(professional) သူတောင်းစား ( ဖတ်ကြည့်စေချင်ပါတယ်…)


အဆင့်မြင့်(professional) သူတောင်းစား ( ဖတ်ကြည့်စေချင်ပါတယ်…)
ကျွန်တော်ဟာ ၀ယ်ပြီးခါစ Levi’s ကိုဆွဲပြီး Shopping Mall ထဲကထွက်လာတယ်..။ အပေါက်ဝမှာ
သူငယ်ချင်းတစ်ယောက်ကို စောင့်နေတုန်း professional သူတောင်းစားတစ်ယောက်
ကျွန်တော့်ကို တွေ့သွားတယ်.။ ကျွန်တော့်ရှေ့မှာ လာရပ်တယ်..။

ကိုယ့်ဘဝနဲ့ကိုယ် (Gavin DeGraw – I Don't Want To Be)

ကိုယ့်ဘဝနဲ့ကိုယ် (Gavin DeGraw – I Don't Want To Be)
------------

ကျွန်တော်ဟာ ကျွန်တော်ပါပဲ။ ခင်များဟာ ခင်များပေါ့။ ခင်များနဲ့ကျွန်တော်က အမွှာဆိုရင်တော ကြိုက်တာတူချင်မှတူမယ်။ အစွမ်းအစ တူချင်မှတူမယ်။ အားနည်းချက်တူချင်မှတူမယ်။ ကံအကျိုးပေးတူဖို့ဆို ဝေလာဝေးပေါ့ဗျာ။ ဘဝရည်မှန်းချက်လဲ ဘယ်တူနိုင်မတုန်း။ မတူတာတွေကို ညှိလို့မရဘူးလေ။ ခက်တာက တချို့က ဇွတ်အတင်းကြီးလူရာဝင်ဆန့်ချင်ကြတယ်။ မတူတာကို ဘယ်လိုဝင်ဆန့်အောင်လုပ်လဲဆိုတော့အတုအပလုပ်ကြရတာပေါ့ဗျာ။ အဲဒီမှာ အတုတွေ ရပ်ကွက်ထဲမှာ ရှောင်လို့မလွတ်နိုင်ဘူးရယ်

သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ

သိမ်းထားသင့်တဲ့ အဖိုးတန် ဆိုစကားများ
----------------------------------------------
* မိုက်ခရိုဆော့ဖ် အိုင်တီသူဌေးကြီး ဘီလ်ဂိတ်
ခင်ဗျားသာ ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာခဲ့ရင်
အဲဒါ ခင်ဗျား အမှား မဟုတ်ဘူးဗျ။
ဒါပေမဲ့ ချို့ ချို့ တဲ့တဲ့နဲ့ သေသွားရင်တော့ ခင်ဗျား အပြစ်ပဲနော်။
***
* သူတော်စင် ၀ိဝေကနန္ဒ
တကယ်လို့ နေ့တစ်နေ့အတွင်းမှာ ပြဿနာ
တစုံတရာကို သင်မကြုံခဲ့ရသေးဘူး ဆိုရင်
သင် လမ်းမှားပေါ် လျှောက် နေပြီဆိုတာ သိပ်သေချာနေပြီ။
***

* ပြဇာတ်ဥသျှောင် ၀ီလျှံ ရှိတ်စပီးယား
အောင်ပွဲရဖို့ဆိုတာအကြောင်းသုံးချက်ပြည့်စုံ
ရတယ်။
- တခြားသူတွေထက် ပိုသိရမယ်
- တခြားသူတွေထက် ပို ကြိုးစားရမယ်
- အဲ… တခြားသူတွေလောက်တော့ အလှမ်းမကျယ်စေနဲ့။

Wednesday, July 30, 2014

#အောင်မြင်တဲ့  လူတစ်ယောက်ဖြစ်ဖို့ 


#အောင်မြင်တဲ့  လူတစ်ယောက်ဖြစ်ဖို့ 

အောင်မြင်တဲ့  လူတစ်ယောက်ဖြစ်ဖို့ ဒီအချက်တွေကို အလေးထားလိုက်နာပါ။

* ဘာလုပ်လုပ် အောင်မြင်မယ်လို့  ယုံကြည်စိတ် အပြည့် ထားပါ။

* ကိုယ့် ကိုကိုယ် အားကိုးပါ။

* သူ့ တစ်ပါးအမှား ကို သင်ခန်းစာယူပါ။

* ဘယ်သူ့ ဆီကမှ အလကား မလိုချင်ပါနဲ့ ။

* ကူညီပေးကမ်း လှူဒါန်းချင်စိတ် အမြဲ ရှိပါ။

* ရေရှည်အတွက် တွေးပြီး အလုပ်လုပ်ပါ။

ဆွေးနွေးခြင်း၏ အကျိုးကျေးဇူး


ဆွေးနွေးခြင်း၏ အကျိုးကျေးဇူး
ငြင်းခုံမူတွေ ဖြစ်နေချိန်မှာ ဆွေးနွေးမူ ပြုလုပ်ခြင်းဟာ အကောင်းမွန်ဆုံးသော အချက်ဖြစ်တယ်။ ဘာလို့ဆိုသော ငြင်းခုံသူ နှစ်ဦးနှစ်ဖက်ကြား ဆွေးနွေး မူကြောင့် အမှန်တရားကို ရှာဖွေတွေ့ရှိနိုင်တယ်။
ဒါကြောင့် အမှန်တရားဟာ ဘာလဲဆိုတာကို သိရှိနိုင်ဖို့ တစ်ယောက်နဲ့ တစ်ယောက် ဆွေးနွေး သင့်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အခြေအတင် စကားများနေတဲ့ အချိန်မှာ အသင့်တော်ဆုံးနဲ့ အလိုအပ် ဆုံးသော
အရာဟာ ဆွေးနွေးမူသာ ဖြစ်ပါတယ်။
Ref - enhancegeneralknowledge
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

အခမဲ့ ပညာရေးနဲ့ ကမ္ဘာကို ပြောင်းလဲတဲ့ Salman Khan

အခမဲ့ ပညာရေးနဲ့ ကမ္ဘာကို ပြောင်းလဲတဲ့ Salman Khan

khanပုံမှာ မြင်တွေ့နေရတဲ့သူကို Salman Khan လို့ခေါ်ပါတယ်။ အိန္ဒိယ- ဘင်္ဂလားဒေ့ရှ် လူမျိုး မိဘ နှစ်ပါးမှ အမေရိကန်နိုင်ငံမှာ မွေးဖွားပါတယ်။ ယနေ့ အသက် ၃၇ နှစ်သာ ရှိပါသေးတယ်။

ကမ္ဘာ့ အိုင်ကျူလယ်ဗယ် အမြင့်ဆုံး ပုဂ္ဂိုလ်များ စာရင်းထဲမှာ ပါဝင်ပြီး ဘွဲ့ ဒီဂရီ လေးခု ရရှိထားသူ ဖြစ်ပါတယ်။ သင်္ချာ၊ Electrical Engineer တို့မှာ BS ရရှိပြီး MIT က Computer Science မှာ မာစတာဘွဲ့ ရရှိ ပါတယ်။ ပြီးတော့ Harvard Business School ကနေ MBA ဘွဲ့လည်း ထပ်မံ ရရှိပါတယ်။ သက္ကရာဇ် ၂၀၀၉ ခုနှစ်က အလုပ်ထွက်ပြီး Youtube ကနေ စာသင်ကြားပေးတဲ့ ချယ်နယ် တစ်ခုကို စလုပ်ပါတယ်။ ရည်ရွယ် ချက် ကတော့ ကျောင်းမတက်နိုင်တဲ့သူတွေ၊ ကျောင်းတက်နိုင်သော်လည်း စာကို နားလည်ဖို့ ခက်ခဲသူတွေ အားလုံး အတွက် ကူညီဖို့အတွက် ရည်ရွယ်ပြီး သူသိသမျှ၊ တတ်သမျှကို ပြန်လည် သင်ကြားပေးခြင်း ဖြစ်ပါတယ်။

အကြိုက်ဆုံး မိန့်ခွန်း

အကြိုက်ဆုံး မိန့်ခွန်း
**************

ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ချင်ဘူးဆိုပြီးတော့ တောင့်ခံနေတဲ့ ပုဂ္ဂိုလ်များဟာ အကြောင်း(၃)ကြောင်းပဲရှိရမယ်…

* တစ်ခုကတော့ စေတနာမရှိလို့ပဲ…
ကျွန်မတို့ပြည်သူတွေအပေါ်မှာ စေတနာမရှိလို့ ကိုယ့်အတွက်ပဲ ကိုယ်စေတနာရှိလို့ မပြင်ချင်တဲ့သူတွေ ဖြစ်ရမယ်…

* နောက်တစ်ကြောင်းကတော့ ပညာမရှိလို့ဖြစ်ရမယ်…
သေသေချာချာ စဉ်းစားဆင်ခြင်ပြီးတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျွန်မတို့ နိုင်ငံအတွက် မကောင်းဘူးဆိုတာကို မဆင်ခြင်တတ်လို့ရင်လည်း ဖြစ်ရမယ်…

We are the Men.

We are the Men.

ဦးဘုန်း ►

တစ်ချိန်တုန်းက အမေရိကန်နိုင်ငံမှာ လူမည်းတွေရဲ့အိပ်မက် တစ်ခုရှိတယ်။ ကြွေးကြော်သံတစ်ခုရှိတယ်။ 
We are the men တဲ့။
မနက် မနက်ဆိုရင် ဈေးထဲမှာ နွားတွေ၊ ဆိတ်တွေ ရောင်းသလိုပဲ လူမည်းတွေက လန်ကွတ်တီနဲ့ ထိုင်နေရတယ်။ ဈေးလာဝယ်တဲ့ လူဖြူတွေက သူတို့အိမ် အတွက် ကျေးကျွန်လာဝယ်တာ။
ကျေးကျွန်ဝယ်ရင် နွားဝယ်သလိုပဲ။ ငုတ်တုတ်ထိုင်နေတဲ့ ကျေးကျွန်ကို သစ်သားတူနဲ့ ဒူးခေါင်းကို ခေါက်ကြည့် တယ်။ ပြီးရင် သွားဖြဲကြည့်တယ်။ အဓိပ္ပာယ်က ဒီလို၊
သွားဖြဲကြည့်လို့ သွားကောင်းရင် အစားကောင်းကောင်းစားမယ်။ အစားကောင်းကောင်း စားရင် ခွန်အားရှိမယ်။ ခွန်အားရှိရင် ခိုင်းကောင်းမယ်။ ဒါပဲ။
ဒူးခေါင်းကို ခေါက်ကြည့်တာ ဒီကောင် ဒူးချောင်သလား မချောင်ဘူးလား။ ဆိုလိုတာက များများခိုင်းလို့ရမလားပေါ့။ 

သင့်စမတ်ဖုန်းအား Walkie Talkie အဖြစ်ပြောင်းလဲပေးမည့်ကိရိယာ


TechSpace Journal added 2 new photos.

သင့်စမတ်ဖုန်းအား Walkie Talkie အဖြစ်ပြောင်းလဲပေးမည့်ကိရိယာ
=============================================
သင့်အနေဖြင့် တောတွင်း၌ လမ်းလျှောက်ခြင်းကိုဖြစ်စေ၊သို့မဟုတ် တောင်တက်ခြင်းကိုဖြစ်စေ နှစ်သက်သူဖြစ်ပါက goTenna ကိုယခုပင် ၀ယ်ယူအသုံးပြုသင့်သည်ဟု အကြံပေးလိုပါသည်။ အဘယ်ကြောင့် ဆိုသော် စမတ်ဖုန်းဆိုသည်မှာ ၄င်းအတွက် ထုတ်လွှင့်ပေးထားသော ဧရိယာအ၀န်း၌သာ ဖုန်းလိုင်းမိခြင်းသာ ဖြစ်ပြီးသတ်မှတ်နေရာကျော်သွားပါက သင့်ကို ဆက်သွယ်မှုဧရိယာပြင်ပတွင် ရောက်ရှိနေတော့မည်ဖြစ်သည်။

ချမ်းသာကြွယ်ဝမှု နောက်တစ်မျိုး


ချမ်းသာကြွယ်ဝမှု နောက်တစ်မျိုး
_____________________

၂ဝဝ၆ခုနှစ် ဇွန်လမှာ ကမ္ဘာ့ဒုတိယအချမ်းသာဆုံး၊ “စတော့ပ်ဘုရင်”လို့ တင်စားခံရတဲ့ အမေရိကန်နာမည်ကြီးရင်းနှီးမြှုပ်နှံသူ Warren Buffett ဟာ ဒေါ်လာ သန်း ၃၇ဝဝဝ ကို ပရဟိတ္တလုပ်ငန်းတွေအတွက် လှူဒါန်းလိုက်ကြောင်း ကြေညာခဲ့တယ်။ ဒီငွေတွေဟာ သူပိုင်ဆိုင်တဲ့ဥစ္စာပစ္စည်းရဲ့ ၈၅%ခန့်ရှိပါတယ်။

နယူးယောက်တိုင်းမ်သတင်းထောက်တစ်ဦးက Buffett ကို “ဒီလောက်များတဲ့ငွေတွေကို ခင်ဗျားလှူဒါန်းပစ်လိုက်တယ်၊ ခင်ဗျားသားသမီးတွေအတွက် ခင်ဗျားဘာချန်ထားခဲ့မှာလဲ” လို့ မေးမြန်းခဲ့တယ်။ 

မ၀လွန်း မပိန်လွန်းစေဖို့

မ၀လွန်း မပိန်လွန်းစေဖို့
ဆရာသုတ
JOB seekers Vol.3,No.7
ပုံပြင်တွေထဲမှာ အကြိုက်ဆုံးကတော့ ဆိတ်ကို အစာဝအောင် ကျွေးတဲ့ ပုံပြင်ပါ။ တစ်ခါက ရွာတစ်ရွာမှာ စိတ်ကောင်းမရှိတဲ့ သူဌေးကြီး တစ်ဦးက သူ့ဆီက ငွေချေးထားပြီး ပြန်ဆပ်ဖို့ အခက်အခဲဖြစ်နေတဲ့ ဆင်းရဲသား လယ်သမားတွေနဲ့ အလောင်းအစား လုပ်ပါသတဲ့။ သူမွေး ထားတဲ့ ဆိတ်တွေထဲက တစ်ကောင်ကို ၃ရက်ယူထားပြီး အစာဝအောင် ကျွေး၊ ၃ရက်ပြည့်လို့ ဆိတ်ကအစာဝသွားရင် သူ့ဆီက လယ်သမားက ယူထားတဲ့ ကြွေးတွေကို လျော်ပစ်ပေးမယ်။ ၃ရက်ပြည့်လို့ ဆိတ်က အစာမ၀ရင်တော့ လယ်သမားပိုင်တဲ့ လယ်ကို သိမ်းမယ်လို့ အလောင်း အစားလုပ်တာဖြစ်ပါတယ်။

ဘွန်ဇိုင်းပင်လေးများအကြောင်း

ဘွန်ဇိုင်းပင်လေးများအကြောင်း
---------------------------------------
(မေးထားလို့ ရှာဖွေစုဆောင်းတင်ပေးလိုက်ပါတယ်။ )

လူတွေရဲ့ ပြုပြင်ဖန်တီးမှုနဲ့ သိပ်ကို စိတ်ဝင်စားစရာ ချစ်စရာဖြစ်လာတဲ့ သက်ကြီးပု အပင်ငယ် ကလေးများကို လူတိုင်း တွေ့ဖူးကြပါလိမ်မယ် အဲဒီအပင်ပုလေးတွေကို ဘွန်ဇိုင်းလို့ ခေါ်ကြပါတယ်.. တစ်ချို့သော ဘွန်ဇိုင်းပင်များမှာ အပွင့်မပွင့်သော အရွက်ချည်း သက်သက် ရှိသော အပင် အမျိုးအစားများ ဖြစ်ပြီး အချို့မှာ ပန်းပွင့်လေးများ ပွင့်သော အပင်အမျိုးအစားကို ပြုပြင်ဖန်တီးထားသောကြောင့် အပင် ငယ်ငယ် သေးသေး ပုပုလေးများက တစ်ပင်လုံး ခက်ဖြာလှပစွာ ပွင့်ဝေနေတာဟာ ကြည့်လို့ ကောင်းလွန်းလှသလို စိတ်ဝင်စားဖို့လည်း ကောင်းလှပါတယ်.. သို့သော် ဘွန်ဇိုင်းဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပါယ်အမှန်ကို သေချာဂဃ သိသူ နည်းပါးပါလိမ့်မယ်.. ဘွန်ဇိုင်းရဲ့ အဓိပ္ပါယ်လေးနဲ့ ဘွန်ဇိုင်းပင် အကြောင်းကတော့ --

Tuesday, July 29, 2014

အသက်သုံးဆယ်အရွယ်မှာ သန်းကြွယ်သူဌေးဖြစ်အောင် ဒီလိုလုပ်မယ် ..

အသက်သုံးဆယ်အရွယ်မှာ သန်းကြွယ်သူဌေးဖြစ်အောင် ဒီလိုလုပ်မယ် ..
---------------------------------------------------------------------------
ဘာပဲပြောပြော ဒီအချက်တွေက အခြေခံတကယ်ကျပါတယ်........

စာဖတ်ပရိသတ်များအတွက် ကျွန်တော် Mr. Guy မှအကျိုးရှိအားတတ်စေမယ့် သတင်းဆောင်းပါးလေးကို ဆီလျှော်အောင်ဘာသာပြန်ကာပြန်လည်မျှဝေလိုက်ပါတယ်။

အသက်သုံးဆယ် အရွယ်မှာသန်းကြွယ်သူဌေးဖြစ်ဖို့ဆိုတာ စိတ်ကူးယဉ်ဆန်ရာကျတယ်လို့ ထင်ရက်နိုင်စရာရှိပေမဲ့ မဖြစ်နိုင်စရာမရှိ။ ကြိုးစားရင်ဘာမဆိုဖြစ်တယ်။ ကျွန်တော် အသက် ၂၁နှစ်အရွယ်မှာ ကျောင်းကထွက်ပြီး အကြွေးပတ်လည်ဝိုင်းကာ အလွန်တရာမွဲနေခဲ့ပါတယ်။ ဒါပေမဲ့အသက်သုံးဆယ်မှာတော့ သန်းကြွယ်သူဌေးဖြစ်ခဲ့ပါတယ်

အောက်ပါ အချက် (၁၀)ချက်ကိုလိုက်ပါလုပ်ဆောင်မယ်ဆိုရင်တော့ သင်သန်းကြွယ်သူဌေးဖြစ်ရန် အာမခံပါတယ်။

မာယာများတဲ့ အကယ်ဒမီပွဲ

မာယာများတဲ့ အကယ်ဒမီပွဲ

၁၉၅၂ ခုနှစ်က စတင်၍ အနုပညာလောကနှင့် အနုပညာသမားများကို အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံ တော်အစိုးရ၊ တနည်းအားဖြင့် ရုပ်ရှင်အနုပညာရှင်များ၏ သရုပ်ဆောင်မှု အတတ်ပညာကို အသိအမှတ်ပြု ခဲ့တဲ့ ရုပ်ရှင်အကယ်ဒမီထူးချွန်ဆု ချီးမြှင့်ပွဲသည် ယခုဆိုလျှင် အနှစ် (၆ဝ) ကျော်လွန်ခဲ့ပြီ ဖြစ်သည်။ ၁၉၅၂ ခုနှစ်မှ စတင်၍ ၂ဝ၁၃ ခုနှစ်အထိ ထူးချွန်ဆုပေါင်း (၃ဝဝ) ကျော် ဆုချီးမြှင့်ပြီးခဲ့သည်ကို ကျွန်တော်သိခဲ့ရ သည်။ ၁၉၄၅ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်ငွေရတုသဘင် အထိမ်းအမှတ်ပွဲကြီးကို မြန်မာပြည် ဘုရင်ခံ ဆာဟူး ဘတ်ရန့်(စ်)နှင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတို့သည်မြန်မာ့ရုပ်ရှင် အနုပညာရှင်များ အား တလေးတစား အသိအမှတ်ပြုစွာဖြင့် တက်ရောက်ချီးမြှင့်ခဲ့သေးသည်။

Monday, July 28, 2014

ဒိုင်နိုဆောများပျောက်ကွယ်သွားရသည့်အကြောင်းရင်း

ဒိုင်နိုဆောများပျောက်ကွယ်သွားရသည့်အကြောင်းရင်း

အေဒင်ဘတ်တက္ကသိုလ် မနုဿ ပပညာရှင် စတိဗ်ဘရက်ဆက်တီကဂြိုလ်သိမ်ဂြိုလ်မွှားများ ကမ္ဘာပေါ်သို့ကျလာချိန်တွင် ဂေဟစနစ် အားနည်းနေခြင်းကြောင့်ဒိုင်နိုဆောများ မျိုးတုန်းပေါက်ကွယ်သွားခြင်းဟု ပြောခဲ့ကြောင်း Biological reviews ဂျာနယ်တွင် ဖော်ပြသည်။ လွန်ခဲ့သည့် နှစ်သန်းပေါင်း ၁၆၀ခန့်က ကမ္ဘာပေါ်တွင် ဒိုင်နိုဆောများ ရှိခဲ့သော်လည်း ဂြိုလ်သိမ်ဂြိုလ်မွှားများ ကမ္ဘာပေါ်ကို ကျရောက်ခြင်း၏ ရိုက်ခတ်မှုအဖြစ် မီးတောင်ပေါက်ကွဲခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်း၊ အင်အားပြင်း ငလျင်လှုပ်ခတ်ခြင်း စသည့် ဘေးအန္တရာယ်ဆိုးများ ကျရောက်ခဲ့ပြီးနောက် ကမ္ဘာပေါ်မှ ပျောက်ကွယ် သွားခဲ့ခြင်းဟု သိပ္ပံပညာရှင်များက သုံးသပ်ခဲ့ကြသည်။

စာအုပ်စာပေ နှစ်မျိုးနှစ်စားရှိတယ်...

စာအုပ်စာပေ နှစ်မျိုးနှစ်စားရှိတယ်...
တစ်မျိုးက စာဖတ်တဲ့သူတွေအတွက်ရေးတဲ့စာအုပ်.. ဒီလိုစာအုပ်မျိုးက ရောင်းအားကောင်းတဲ့စာအုပ်ဖြစ်တယ်။

စာပေသမိုင်းမှာ ထင်ကျန်ရစ်တဲ့စာအုပ်ကတော့ စာဖတ်သူတွေကို မွေးထုတ်ပေးတဲ့စာအုပ်ဖြစ်တယ်။
James Joyceက စာဖတ်တဲ့သူတွေအတွက် မွေးဖွားလာခဲ့တဲ့ စာရေးဆရာမဟုတ်ဘူး။
Franz Kafkaလည်း မဟုတ်ဘူး။
William Faulknerကလည်းမဟုတ်ဘူး။

---- ပြင်သစ်စာရေးဆရာ Alain Robbe-Grillet

ဆံညှပ်အခုတစ်ရာ

ဆံညှပ်အခုတစ်ရာ
____________

ဟိုးရှေးရှေးတုန်းက ဘုရင်တစ်ပါးမှာ သမီးတော် (၇)ယောက်ရှိတယ်။ သမီးတော်တွေဟာ ချောမောလှပကြပြီး ရှည်လျားနက်မှောင်တဲ့ဆံပင်ကိုယ်စီ ပိုင်ဆိုင်ထားကြတယ်။ ဒါကြောင့် ဘုရင်က သမီးတော်တိုင်းကို လှပတဲ့ဆံညှပ်အခု(၁ဝဝ)ဆီ လက်ဆောင်ပေးခဲ့တယ်။

တစ်နေ့မနက်မှာ ပထမသမီးတော်ဟာ အိပ်ရာကထပြီး ခါတိုင်းလိုပဲ ဆံပင်တွေကို ဖြီးသင်နေခဲ့တယ်။ အဲဒီလိုဖြီးသင်နေတုန်း သူ့ရဲ့ဆံညှပ်တစ်ချောင်း ပျောက်နေတာကို သူသတိထားမိလိုက်တယ်။ ဒါနဲ့ ဒုတိယသမီးတော်ဆီကနေ ဆံညှပ်တစ်ချောင်း သူတိတ်တိတ်လေးခိုးယူလိုက်တယ်။

မာတင်လူသာကင်း က ဒီလိုပြောခဲ့တယ်


မာတင်လူသာကင်း က ဒီလိုပြောခဲ့တယ်

( သင်မပျံသန်းနိုင်တော့ဘူးလား .. ဒါဆို ပြေးပါ
သင် မပြေးနိုင်တော့ဘူးလား .. ဒါဆို လမ်းလျှောက်ပါ
သင်မလျှောက်နိုင်တော့ဘူးလား .. ဒါဆို တွားတွား သွားပါ
ဒါသင် ဘာပဲလုပ်သည်ဖြစ်စေ
ရှေ့ကို ဆက်သွားနေဖို့ပဲလိုပါတယ် )

===============

သိပ်မှန်တဲ့စကားလေးပါပဲ

ဘိုထိုင်အိမ်သာ အသုံးပြုလျှင် ယောက်ကျားလေးများ ကာလသားရောဂါ ကူးစက်နိုင်၍ မိန်းကလေးများ ဆီးလမ်းကြောင်းထဲ ပိုးဝင်နိုင်

ဘိုထိုင်အိမ်သာ အသုံးပြုလျှင် ယောက်ကျားလေးများ ကာလသားရောဂါ ကူးစက်နိုင်၍ မိန်းကလေးများ ဆီးလမ်းကြောင်းထဲ ပိုးဝင်နိုင်
=======================================
အများသုံး ဘိုထိုင်အိမ်သာများသုံးရာတွင် ကျန်းမာရေး သတိပေါ့ဆမှုကြောင့် ကူးစက်မြန်ရောဂါများ ဖြစ်သည့် အရေပြားရောဂါ၊ ကာလသားရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ရောဂါ များကူးစက်မှု လွယ်ကူနိုင် ကြောင်း ဆရာဝန်ကြီးများက ပြောကြား လိုက်သည်။

ယင်းကဲ့သို့ ဘိုထိုင်အိမ်သာများ မသန့်ရှင်းခြင်းအားဖြင့် ကူးစက်ရောဂါများဖြစ်သော ကာလ ဝမ်းပျက်ရောဂါ၊ လူ့ခန္ဓာကိုယ်မှ ထွက်သောအရည်များမှတစ်ဆင့် ကူးစက်နိုင်သောရောဂါများ၊ ဘီပိုး၊ စီပိုး၊ အရေပြားရောဂါ များနှင့် ယင်း အိမ်သာရေများမှတစ်ဆင့် ကူးစက် နိုင်သည်ဟု သိရသည်။

Menstruation ရာသီလာရင် ဘာဆင်ခြင်ရမလဲ

Menstruation ရာသီလာရင် ဘာဆင်ခြင်ရမလဲ

ဆရာရှင့်သမီးက အသက် ၁၇ နှစ်ပါ။ menstruation ဖြစ်နေတုံး ခေါင်းလျှော်ရင် ဘာဖြစ်နိုင်လဲဆိုတာကို အငြင်းပွားနေကြလို့ပါ။ အကုန်လုံးက ဝါးတားတားနဲ့ပါ။ ဘယ်သူမှသေချာမသိပါ။ သမီးသူငယ်ချင်းတွေလဲ သေချာ သိသွားအောင် ရှင်းပြပေးပါရှင့်။

တန်ဖိုးထား မြတ်နိုးပါ

တန်ဖိုးထား မြတ်နိုးပါ
တစ်ခါက ရှင်ဘုရင်တစ်ပါးဟာ ပန်းခြံထဲ ခြေစင်္ကြာဖြန့်နေတုန်း လှပတဲ့ မြွေလေးတစ်ကောင် စည်းရိုးနားက ဆူးခက်တွေကြားမှာ ငြိနေတာကို တွေ့လိုက်တယ်။ မြွေငယ်ကို ဘုရင်က ကယ်တင်လိုက်တယ်။
နောက်တစ်နေ့ ဘုရင်ကြီး ပန်းခြံထဲ လှည့်လည်နေတုန်း အ၀တ်အစား သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်တယ်။
“အသင်ဟာ ဘယ်သူလဲ..? ဘယ်နည်းနဲ့ နန်းတော်ထဲ ကျူးကျော်ဝင်ရောက်လာသလဲ”
“မထိတ်လန့်ပါနဲ့ အရှင်။ ကျွန်တော်မျိုးက နဂါးမင်းပါ။ ကျေးဇူးဆပ်ဖို့အတွက် ရောက်ရှိလာခြင်း ဖြစ်ပါတယ်”
“ဘာကျေးဇူးများလဲ”

လွယ်ကူ မှတ်သား နည်းလမ်းများ

လွယ်ကူ မှတ်သား နည်းလမ်းများ
☻☻ ၁။ လှီးပြီးသား သံပုရာသီးကို ကြာကြာ အထားခံချင်ရင်….မှောက်ပြီးဖန်ခွပ်နဲ့ အုပ်ထားလိုက်ပါ။
☻☻ ၂။ ဖိနပ်ကို ပြောင်လက်နေအောင် တိုက်ချင်ရင်…နိုင်လွန် ခြေအိပ်အဟောင်းတွေနဲ့ ပွတ်တိုက်ပါ။
☻☻ ၃။ ထောပတ်လှီရင် ဓါးကို ဆီပေးသွားမှား စိုးရိမ်ရင်…ပလပ်စတစ် အစလေးတင်ပြီး ဖြည်းဖြည်း လှီးချပါ။
☻☻ ၄။ မိန်းကလေးတွေ အိပ်ဝယ်ရင် ဘာရွေးရမှန်း အခက်တွေ့နေသလား။ကိုယ်အမြဲသယ်ဆောင်နေကြဖြစ်တဲ့ ဟမ်းဖုန်းတို့ မှတ်စုတို့ မိတ်ကပ်တို့ဘာတို့ညာတို့ အကုန်သာထည့်ကြည့်ပြီး မှ ဝယ်ပါ။
☻☻ ၅။ အိမ်မှာ ဓါတ်ပုံ၊ ပန်ချီကားတို့ကို ဘယ်နားချိတ်ရမှန် မသိဘူး။ဟိုနေရာကပ်ကြည့်လိုက် ဒီနေရာကပ်ကြည့်လိုက်။ နိမ့်ရမလား ဒါမှမဟုတ်
မြင့်မြင့်မှာပဲ ချိတ်ရမလား ဝေခွဲမရ ဇဝေဇရာဖြစ်ပြီး အိမ်သူနဲ့ငြင်းနေတာနဲ့ အချိန်ကုန်သွားပြီ။ အကောင်းဆုံးနေရာကို သိချင်ရင်
ကိုယ်အမြဲထိုင်နေတဲ့ ဧည့်ခန်းထိုင်ခုံ၊ ဆိုဖာပေါ်က ထိုင်ပြီး မျက်စိနဲ့တန်းနေတဲ့ နေရာမှာသာ ချိတ်လိုက် ။ အံကိုက်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၊ တံတားဦးမြို့ နယ် ပြည်သူ့ လွှတ်တော်အမတ် ဒေါ်ခင်သန္တာရဲ့ ပြတ်သားသော PR စနစ်ကို ကန့်ကွက်ခြင်း။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၊ တံတားဦးမြို့ နယ် ပြည်သူ့ လွှတ်တော်အမတ် ဒေါ်ခင်သန္တာရဲ့ ပြတ်သားသော PR စနစ်ကို ကန့်ကွက်ခြင်း။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးရှင့် -

မနေ့တုန်းက အဆိုတင်သွားတဲ့ အဆိုကို ကန့်ကွက်ဖို့ ပြောသွားခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ပြောသလိုပါပဲ။ 

ကျွန်မတို့အနေနဲ့ တိုင်းရင်းသားစည်းလုံးရေး အင်မတန်အရေးကြီးပါတယ်၊ ကျွန်မ တင်ပြလိုပါတယ်။

လွှတ်တော်အတွင်းမှာရှိတဲ့ တိုင်းရင်းသားပါတီအားလုံးနီးပါးက အပြင်းအထန်ကိုပဲ တညီတညွှတ်တည်း ကန့်ကွက်နေကြပါတယ်။ လွှတ်တော်ထဲ မရောက်ရှိကြသေးတဲ့ တိုင်းရင်းသား ပါတီတွေကလည်းပဲ လက်မခံ ကန့်ကွက်ကြောင်း ကြားသိရပါတယ်။
နောက်တချက်က ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲကျင့်သုံးတာသည် နိုင်ငံရဲ့ ဒီမိုကရေစီ အရေးအတွက်လား၊ ပါတီများအတွက်လားဆိုတာကိုလည်းပဲ သေသေချာချာ ပြန်လည်ဆန်းစစ်စေလိုပါတယ်။
ပါတီစုံဖြစ်ဖို့ဆိုရင်လည်းပဲ အခုလွှတ်တော်ထဲမှာလည်း ပါတီအစုံရှိပါတယ်။ 

ဆေးသောက်ရုံဖြင့် ဘာသာစကား အသစ်တစ်မျိုး ပြောနိုင်တော့မည်

ဆေးသောက်ရုံဖြင့် ဘာသာစကား အသစ်တစ်မျိုး ပြောနိုင်တော့မည်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သိပ္ပံပညာရှင် တစ်ဦး၏ ဟောကိန်းသာ မှန်မည်ဆိုပါက ကျောင်း မှာ သဒ္ဒါစာအုပ်တွေ လှန်ကာ သဒ္ဒါ စည်းမျဉ်းတွေ ဖတ်ရ မှတ်ရသည့် ဒုက္ခက ကင်းဝေး တော့မည်။

မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်မှ သိပ္ပံပညာရှင် နီကိုလပ်စ် နီဂရိုပွန်တီက လာမည့် နှစ် ၃၀ ခန့်ဆိုလျှင် ဘာသာစကားများကို ဆေးလုံးအဖြစ် ဖန်တီးကာ ထိုဆေးလုံးကို သောက်လိုက်ရုံဖြင့် သက်ဆိုင်ရာ ဘာသာစကား များကို လူသားများ အလိုလျောက် တတ်မြောက် သွားကြမည်ဟု ဆိုသည်။