ဂျာနယ်အဟောင်းလေး တစ်စောင်ကတွေ့လို့ မဖတ်ရသေးသူတွေ ဖတ်ရအောင် စာရိုက်တင်လိုက်ပါတယ်။
========================== ====================
သီချင်းတစ်ပုဒ် ဖြစ်တည်လာဖို့ ဆိုတာဟာ လွယ်ကူတဲ့ အလုပ်တစ်ခု မဟုတ်ပါဘူး။ အဲဒါထက် ပိုပြီး လေးနက်တာက သီချင်းတစ်ပုဒ် အောင်မြင်ခြင်းပါပဲ။ သီချင်းရေးသူနဲ့ သီဆိုသူတို့က ဘယ်လောက်ပဲ နှစ်ခြိုက်နှစ်ခြိုက် ပရိသက် ရင်ဘတ်ကို သီချင်းတစ်ပုဒ် ထိမှန်သွားဖို့ ဆိုတာ အရမ်းပဲ ခက်ခဲလှပါတယ်။ အောင်မြင်တဲ့ တေးသီချင်းတွေကို ကြည့်လိုက်မယ် ဆိုရင်လည်း စာသား၊ သံစဉ်နဲ့ သီဆိုမှု အပိုင်းအားလုံးက ပြီးပြည့်စုံနေတယ်ဆိုတာကို မြင်တွေ့ကြရမှာပါ။ အောက်မြင်မှု ရရှိသွားတဲ့ တေးသီချင်းတွေရဲ့ နောက်ထပ်ထူးခြားချက်က ပရိသတ် နားစွဲဖို့ လွယ်ကူတာပါပဲ။ ဒီတစ်ပတ်မှာတော့ ပရိသတ်တွေ အကြား နာမည်ရလာပြီဖြစ်တဲ့ တေးရေးတစ်ယောက်ရဲ့ သီချင်းတစ်ပုဒ်ကို မိတ်ဆက်ပေးချင်မိပြန်ပါတယ်။ အဲဒီတေးရေးကတော့ အခြားမဟုတ်ပါဘူး။ အိုင်းရင်းဇင်မာမြင့်ရဲ့ 'နှလုံးသားအရင်းအနှီး' ကိုရေးစပ်ပေးခဲ့သူ ကိုဖိုးတုပါပဲ။ ကိုဖိုးတု အမည်နာမကို ခိုင်မာသွားစေမယ့် ဒီသီချင်းလေးကို သီဆိုခဲ့သူက ထူးအယ်လင်းပဲ ဖြစ်ပါတယ်။ "အချစ်လို့ခေါ်သလား" ဟာ ရေးသူရော ဆိုသူပါ အားထုတ်ခဲ့လို့ ပရိသတ်တွေအကြား အရမ်းပဲ ပျံ့နှံ့နေရာရရှိလို့ နေခဲ့ပါပြီ။ သီချင်းလေးကို ဘယ်ပုံဘယ်နည်း ရေးဖွဲ့ဖြစ်ခဲ့ပြီး သီဆိုဖို့အတွက် ဘာအကြောင်းတွေက ရွေးချယ်ဖြစ်ခဲ့တယ်ဆိုတာကို ထူးအယ်လင်းနဲ့ ကိုဖိုးတုတို့ကိုတွေ့ဆုံပြီး စကားတွေ ပြောဖြစ်ခဲ့ရာမှာတော့...
အချစ်ကအမြင်ကတ်ဖို့ကောင်းတယ်
-------------------------- ----------
သီချင်းကို လှပသွားအောင် ဆိုတာက စိတ်ခံစားချက်ပါပဲ။ စိတ်ခံစားချက်နဲ့ သံစဉ်စာသားကို အကောင်းဆုံး မွမ်းမံ Mood သွင်းပြီး ဆိုရတာပေါ့။ အဲဒီသီချင်းထဲကလို ကြုံဖူးလားဆိုတော့ အခုထိ အဲဒီလိုမျိုးး နှစ်နှစ်ကာကာ ချစ်တဲ့ အချစ်မျိုး မကြုံခဲ့ဖူးဘူး။ မကြုံမိဘူး လို့ ထင်နေဆဲပါ။ အိမ်ထောင်ကျတာကလည်း ရိုးရိုးလေးပဲချစ်ကြကြိုက်ြ က ညားခဲ့ကြတာပဲလေ။ တကယ်တမ်းဆို အချစ်က အမြင်ကတ်ဖို့ ကောင်းပါတယ်။ အဲဒါကြောင့် ကိုယ်ပေးသော်လည်း ပေးတိုင်းပြန်မရတာ အချစ်လို့ ခေါ်သလားပေါ့။ စိတ်ထဲက အဲဒီလိုပဲ မြင်တယ်။ မချစ်ချင်ဘူး။ ချစ်ရင်ကိုယ်ပဲ ခံရတာပါ။ အဲဒါကြောင့် မချစ်ချင်တော့ဘူး။
ဒီသီချင်းက ရှေ့မှာလေးယောက်ဆိုဖူးတယ်
-------------------------- -----------------
ဖီလင်ရှိတဲ့ အချိန်၊ အသံအခြေအနေ ကောင်းတယ် ဆိုချင်တဲ့စိတ်ရှိရင် သီချင်းဆိုတယ်။ ဘယ်အချိန်မှာ အသံသွင်းမယ်ဆိုပြီး သတ်မှတ်ထားတာမျိုး မရှိဘူး။ ဒီသီချင်းက ကိုယ့်ရှေ့မှာ လေးယောက်ဆိုထားတာ ရှိတယ်။ ရိန်မိုး၊ ကိုဆိုင်မောဝ် (စိုင်းဆိုင်မောဝ်)၊ လူကြမ်းမင်းသား ရဲဒီပတောင် ပါသေးတယ်။ ကျွန်တော့်ဆီကိုနောက်ဆုံးမှ ရောက်လာတာပါ။
သူချစ်ကိုယ်ချစ်ပဲဖြစ်စေချင်တယ်
-------------------------- -------
ရင်မှာအနက်ရှိုင်းဆုံး နားလည်ထားတာ အဖြူရောင်အချစ်၊ မင်းလေးတစ်ယောက်တည်း၊ ကိုယ်ပေးသော်လည်း ပေးတိုင်းပြန်မရတာ အချစ်လို့ ခေါ်သလား၊ အဲဒီသီချင်းစာသားကို အကြိုက်ဆုံးပါပဲ။ ကိုယ်အခု အဲဒီသီချင်းထဲက စာသားလို ခံစားနေရတယ်။ အဲဒါကြောင့် ကိုယ့်ဘော်ဒါတွေကိုလည်း အဲဒီလိုမျိုး မခံစားစေချင်ဘူး။ ချစ်ရင်လည်း သူချစ်ကိုယ်ချစ်ပဲ ကောင်းတယ်။ ကိုယ်ချစ်လည်း အဆင်မပြေဘူး... သူချစ်ချည်းပဲလည်း အဆင်မပြေဘူး။ သူချစ်ချည်းပဲဆို ကိုယ်က အနိုင်ကျင့်မိလိမ့်မယ်ဒ ကိုယ်ချစ်ဆိုရင်လည်း ကိုယ့်ကို အနိုင်ကျင့်လိမ့်မယ်။ အဲဒါကြောင့် ကိုယ်ပေးသော်လည်း ပေးတိုင်း ပြန်မရတာ အချစ်လို့ခေါ်သလား သီချင်း ထွက်လာတာပေါ့။ ပရိသတ်ကိုလည်း အဲဒီလို မဖြစ်စေချင်ဘူး။ သူချစ်ကိုယ်ချစ်ပဲ ဖြစ်စေချင်တယ်။
==========================
သီချင်းတစ်ပုဒ် ဖြစ်တည်လာဖို့ ဆိုတာဟာ လွယ်ကူတဲ့ အလုပ်တစ်ခု မဟုတ်ပါဘူး။ အဲဒါထက် ပိုပြီး လေးနက်တာက သီချင်းတစ်ပုဒ် အောင်မြင်ခြင်းပါပဲ။ သီချင်းရေးသူနဲ့ သီဆိုသူတို့က ဘယ်လောက်ပဲ နှစ်ခြိုက်နှစ်ခြိုက် ပရိသက် ရင်ဘတ်ကို သီချင်းတစ်ပုဒ် ထိမှန်သွားဖို့ ဆိုတာ အရမ်းပဲ ခက်ခဲလှပါတယ်။ အောင်မြင်တဲ့ တေးသီချင်းတွေကို ကြည့်လိုက်မယ် ဆိုရင်လည်း စာသား၊ သံစဉ်နဲ့ သီဆိုမှု အပိုင်းအားလုံးက ပြီးပြည့်စုံနေတယ်ဆိုတာကို မြင်တွေ့ကြရမှာပါ။ အောက်မြင်မှု ရရှိသွားတဲ့ တေးသီချင်းတွေရဲ့ နောက်ထပ်ထူးခြားချက်က ပရိသတ် နားစွဲဖို့ လွယ်ကူတာပါပဲ။ ဒီတစ်ပတ်မှာတော့ ပရိသတ်တွေ အကြား နာမည်ရလာပြီဖြစ်တဲ့ တေးရေးတစ်ယောက်ရဲ့ သီချင်းတစ်ပုဒ်ကို မိတ်ဆက်ပေးချင်မိပြန်ပါတယ်။
အချစ်ကအမြင်ကတ်ဖို့ကောင်းတယ
--------------------------
သီချင်းကို လှပသွားအောင် ဆိုတာက စိတ်ခံစားချက်ပါပဲ။ စိတ်ခံစားချက်နဲ့ သံစဉ်စာသားကို အကောင်းဆုံး မွမ်းမံ Mood သွင်းပြီး ဆိုရတာပေါ့။ အဲဒီသီချင်းထဲကလို ကြုံဖူးလားဆိုတော့ အခုထိ အဲဒီလိုမျိုးး နှစ်နှစ်ကာကာ ချစ်တဲ့ အချစ်မျိုး မကြုံခဲ့ဖူးဘူး။ မကြုံမိဘူး လို့ ထင်နေဆဲပါ။ အိမ်ထောင်ကျတာကလည်း ရိုးရိုးလေးပဲချစ်ကြကြိုက်ြ
ဒီသီချင်းက ရှေ့မှာလေးယောက်ဆိုဖူးတယ်
--------------------------
ဖီလင်ရှိတဲ့ အချိန်၊ အသံအခြေအနေ ကောင်းတယ် ဆိုချင်တဲ့စိတ်ရှိရင် သီချင်းဆိုတယ်။ ဘယ်အချိန်မှာ အသံသွင်းမယ်ဆိုပြီး သတ်မှတ်ထားတာမျိုး မရှိဘူး။ ဒီသီချင်းက ကိုယ့်ရှေ့မှာ လေးယောက်ဆိုထားတာ ရှိတယ်။ ရိန်မိုး၊ ကိုဆိုင်မောဝ် (စိုင်းဆိုင်မောဝ်)၊ လူကြမ်းမင်းသား ရဲဒီပတောင် ပါသေးတယ်။ ကျွန်တော့်ဆီကိုနောက်ဆုံးမှ
သူချစ်ကိုယ်ချစ်ပဲဖြစ်စေချင
--------------------------
ရင်မှာအနက်ရှိုင်းဆုံး နားလည်ထားတာ အဖြူရောင်အချစ်၊ မင်းလေးတစ်ယောက်တည်း၊ ကိုယ်ပေးသော်လည်း ပေးတိုင်းပြန်မရတာ အချစ်လို့ ခေါ်သလား၊ အဲဒီသီချင်းစာသားကို အကြိုက်ဆုံးပါပဲ။ ကိုယ်အခု အဲဒီသီချင်းထဲက စာသားလို ခံစားနေရတယ်။ အဲဒါကြောင့် ကိုယ့်ဘော်ဒါတွေကိုလည်း အဲဒီလိုမျိုး မခံစားစေချင်ဘူး။ ချစ်ရင်လည်း သူချစ်ကိုယ်ချစ်ပဲ ကောင်းတယ်။ ကိုယ်ချစ်လည်း အဆင်မပြေဘူး... သူချစ်ချည်းပဲလည်း အဆင်မပြေဘူး။ သူချစ်ချည်းပဲဆို ကိုယ်က အနိုင်ကျင့်မိလိမ့်မယ်ဒ ကိုယ်ချစ်ဆိုရင်လည်း ကိုယ့်ကို အနိုင်ကျင့်လိမ့်မယ်။ အဲဒါကြောင့် ကိုယ်ပေးသော်လည်း ပေးတိုင်း ပြန်မရတာ အချစ်လို့ခေါ်သလား သီချင်း ထွက်လာတာပေါ့။ ပရိသတ်ကိုလည်း အဲဒီလို မဖြစ်စေချင်ဘူး။ သူချစ်ကိုယ်ချစ်ပဲ ဖြစ်စေချင်တယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။