တန်းစီပြီး ပါးအရိုက်ခံဖို့ များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...
ထမင်းတစ်နပ် လျှော့စားဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...
တစ်နေ့နှစ်ထောင် ရဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...
ဖယောင်းတိုင်ထွန်းပြီး နေဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...
လိုင်းကားပေါ်မှာ အိုမင်းဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...
လမ်းပေါ်မှာ ရေကူးဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...
မဲဇာတက္ကသိုလ်မှာ စိတ်လေဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...
နွေရောက်ရင် မီးဖြတ်ဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...
ဘိုးဘွားပိုင်လယ်တွေ အသိမ်းခံဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...
ရွာပျောက်အိမ်ပျောက် ဖြစ်စေဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...
သစ်ကြီးဝါးကြီးတွေ မကုန်သေးလို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...
မြစ်တွေချောင်းတွေ မကောသေးလို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...
တောတွေတောင်တွေ ကျန်နေသေးလို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...
ဘုန်းကြီးကျောင်းတွေ ဝင်စီးဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...
ရာစုတစ်ဝက် ကြာတဲ့အခါ
ငါတို့ ရလိုက်တာက
ငွေတစ်ထောင့်ငါးရာတန်
ဆင်းမ်းကဒ်လေးတစ်ခု
ဒါတောင်မှ သိပ်နောက်ကျတယ်..
မဲဆိုတာ အသည်းကြားက လာတယ်
ငါတို့အသည်းတွေဟာ ခုထိ နာနေတုန်းပဲ
ကမ္ဘာမကြေစရာတွေနဲ့ ပူနွေးနေတုန်းပဲ
ဒါကို - စကားလေချိုသွေ့း 
'မိဘပြည်သူများခင်ဗျား' ဆိုတာလေးနဲ့
ကြေအေးရမလား...
သုမနကျောမှာ ဒါဏ်ရာတွေနဲ့
နှစ်ထောင့်တစ်ဆယ့်ငါးမှာ
မဲလာပေးမယ်
မင်းတို့ကိုတော့ မဟုတ်ဘူးနော်။ ။
==============
Soon Rit
.
April Maung Maung
==========
မင်းတို့ကို မဲပေးမယ် ထင်နေလား...
ထမင်းတစ်နပ် လျှော့စားဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...
တစ်နေ့နှစ်ထောင် ရဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...
ဖယောင်းတိုင်ထွန်းပြီး နေဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...
လိုင်းကားပေါ်မှာ အိုမင်းဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...
လမ်းပေါ်မှာ ရေကူးဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...
မဲဇာတက္ကသိုလ်မှာ စိတ်လေဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...
နွေရောက်ရင် မီးဖြတ်ဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...
ဘိုးဘွားပိုင်လယ်တွေ အသိမ်းခံဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...
ရွာပျောက်အိမ်ပျောက် ဖြစ်စေဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...
သစ်ကြီးဝါးကြီးတွေ မကုန်သေးလို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...
မြစ်တွေချောင်းတွေ မကောသေးလို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...
တောတွေတောင်တွေ ကျန်နေသေးလို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...
ဘုန်းကြီးကျောင်းတွေ ဝင်စီးဖို့များ
မင်းတို့ကို မဲပေးမယ် ထင်နေလား...
ရာစုတစ်ဝက် ကြာတဲ့အခါ
ငါတို့ ရလိုက်တာက
ငွေတစ်ထောင့်ငါးရာတန်
ဆင်းမ်းကဒ်လေးတစ်ခု
ဒါတောင်မှ သိပ်နောက်ကျတယ်..
မဲဆိုတာ အသည်းကြားက လာတယ်
ငါတို့အသည်းတွေဟာ ခုထိ နာနေတုန်းပဲ
ကမ္ဘာမကြေစရာတွေနဲ့ ပူနွေးနေတုန်းပဲ
ဒါကို - စကားလေချိုသွေ့း 
'မိဘပြည်သူများခင်ဗျား' ဆိုတာလေးနဲ့
ကြေအေးရမလား...
သုမနကျောမှာ ဒါဏ်ရာတွေနဲ့
နှစ်ထောင့်တစ်ဆယ့်ငါးမှာ
မဲလာပေးမယ်
မင်းတို့ကိုတော့ မဟုတ်ဘူးနော်။ ။
==============
Soon Rit
.
April Maung Maung
==========
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။