ဒေါ်စုကို ကျနော်လှိုက်လှိုက်လှဲလှဲထောက်ခံမှုဟာ
မြန်မာဘောလုံးအသင်း ရှုံးအပြီးမှာ စခဲ့တယ်။
========================== ==
ကျနော်တို့တက္ကသိုလ်ကျောင်းသားဘဝက
မြန်မာဘောလုံးငွေခေတ်ဗျ။
သန်းတိုးအောင်၊ မျိုးလှိုင်ဝင်း၊ ဝင်းအောင်
ဆိုတဲ့ တိုက်စစ်အတွဲ
အလယ်တန်း ကြည်လွင်
ဂိုးသမား အောင်ကျော်ကျော်။
ကျနော်တို့ သိပ်မျှော်လင့်ခဲ့ကြတာပေါ့။
အရှေ့တောင်အာရှပွဲသွားကန်တယ်။
မှတ်မိသေးတယ် ဗီယက်နမ်နဲ့ပွဲ။
ဒိုင်က ယိုးဒယား။ အကျင့်အတိုင်း ညစ်တာပေါ့ဗျာ
ဗီယက်နမ်ကောင်ကလည်း
ဘောလုံးကန်တာသိုင်းသမားကစ်နဲ့။
အောင်ကျော်ကျော်ကို ဆောင့်ကန်တယ်။
ပြီးတော့ သူကပဲ မူယာမာယာများနေသေးတယ်။
အောင်ကျော်ကျော်စိတ်မထိန်းနိုင်တော့
တုံ့ပြန်မိရော။ အနီကဒ်နဲ့ထွက်ရရော
ကျနော်တို့ရှုံးရော ဆိုပါတော့ဗျာ။
အဲဒီတုန်းက ကျနော်တောင် မခံရပ်နိုင်စွာနဲ့
အဲ့ဒီတုန်းက First Elevenမှာ ဝင်ရေးလိုက်သေးတယ်။
'အရှုံးသမားတစ်ယောက်ရဲ့ပေးစာ' ဆိုပြီး။
ဆိုလိုတာက အဲဒီပွဲနောက် ကိုယ့်ကိုယ်ကို
တော်တော်ဆင်ခြင်မိတယ်။
ဟာ ငါတို့ဟာ အရှုံးသမားတွေပါလား
ကမ္ဘာမှာ ငါတို့ ဘယ်နေရာမှလူရာမဝင်ပါလား
အနုပညာ၊ အားကစား၊ ပညာရေး
မြန်မာကရယ်လို့ ကမ္ဘာက ဦးညွတ်ရတာ
ကြောက်ရတာ ဘယ်နေရာများ ရှိသလဲ။
အဖိုးအဖွားတွေက ပြောပြတယ်။
ဟိုးတစ်ချိန်ကဆို ကမ်းနားမှာကမ်းကပ်တာနဲ့
သင်္ဘောပေါ်ကနေ တရုတ်တွေတထွေးကြီးတဲ့
တစ်ချို့ကန်တောင်ချခံရဆိုပဲ ။
မြန်မာပြည်မှာ အလုပ်လုပ်ဖို့ လိုက်လာကြတာ။
နောက် … ကူလီအလုပ် မိလ္လာအလုပ်
စတာတွေ မြန်မာဘယ်တော့မှမလုပ်ဘူးတဲ့ ။
အိန္ဒိယကလာတဲ့ကုလားတွေ လုပ်သတဲ့။
ကျနော်တို့ခေတ်ကျတော့ ကျနော်တို့မှာ
အဲဒီနိုင်ငံတွေမှာ ကျွန်သွားခံဖို့တောင်
တန်းစီနေရတယ် ပိုက်ဆံမနည်းပေးရတယ်။
ဒီတော့
တွေးမိရင် ကိုယ့်ကိုယ်ကို သိပ်သိမ်ငယ်တာပဲဗျာ။
ငါတို့ မြန်မာဆိုတာ တော်ပါတယ်
ကမ္ဘာမဟုတ်တောင် အနည်းဆုံးအာရှမှာတော့
လက်မထောင်ခဲ့တာပါ။
အဲဒီလိုစိတ်ကတွေးတယ်။ ပြီးတော့တကယ့်အဖြစ်
ကမ္ဘာမှာ လူရာမဝင်တာကိုလည်း
ဝမ်းနည်းမဆုံးဘူး။
မှတ်မိသေးတယ်။
ကုလသမဂ္ဂအကြောင်းဖတ်ရတော့
အဲဒီက လုံခြုံရေးကောင်စီလိုမျိုးမှာ
ငါတို့ဘာလို့ မပါရလဲ? ကြိတ်မနိုင် ခဲမရ။
မြန်မာက ဆိုတဲ့လူတစ်ယောက်ယောက်
ကမ္ဘာမှာ မော်ကြွားနေတာမျိုး
သိပ်မြင်ချင်ကြားချင်တယ်။
ကိုယ်တိုင်ဘာမှမဖြစ်တောင်
အဲဒါ ငါတို့မြန်မာကွ ဆိုတာမျိုး
လက်မထောင်ချင်တာ။
ဟာ ဟိုကမ္ဘာ့ဖလားဖိုင်နယ်တက်သွားတာ
ငါတို့မြန်မာအသင်းကွ ဆိုတာမျိုး။
ဟာ အော်စကာဆုရသွားတာ
တို့ မြန်မာပြည်ကကွ ဆိုတာမျိုး။
ဂရမ်ဘီဆုကြီးရတာ တို့မြန်မာက ကွ။
နာဆာမှာ ဦးဆောင်နေတဲ့ ဘယ်သူဘယ်ဝါ
တို့မြန်မာက ကွ။
တို့ မြန်မာက ဘာတွေ တီထွင်လိုက်တာကွ။
… စတာမျိုးတွေ သိပ်ဂုဏ်ယူချင်တာ။
တစ်နည်းပြောရရင်ဗျာ
ကမ္ဘာ့အဆင့်ဝင်ချင်တာ
တကယ်ကို ကမ္ဘာ့စံနဲ့ တန်းဝင်စံမီဖြစ်စေ့ချင်တာ။
ကျနော်တို့ငယ်ငယ်ကများ
တီထွင်လို့ဆုပေးတယ်ဆိုပြီး သတင်းစာထဲပါလာ
ဘာများလဲ ဖတ်တော့
ကားရထားထွင်တယ်ဆိုလား
ဘာကြီးမှန်းလဲ သိဘူးဗျာ။
ကားကိုယ်ထည်လိုလို မီးရထားစက်ခေါင်းလိုလို
ဗုံမဟုတ် ပတ်မဟုတ်။
နောက်ပိုင်းခေတ်ဆိုပိုဆိုး
စက်မှုဇုန်ထုတ်ကားတဲ့
ပဲခူးလောက်သွားရင် တစ်စစီ။
ပြီးတော့ Withoutကားတွေ အမြီးဖြတ်ခေါင်းဖြတ်။
အားကစားထူးခြားသတင်းဆိုလို့ ကြည့်ပါတယ်။
တစ်ချက်ထဲကျင်းဝင်တာကြီး တခမ်းတနား။
ဒီအချိန်မှာ ကံကောင်းစွာ ကျနော်တို့
ဒေါ်အောင်ဆန်းစုကြည်ကို ရခဲ့တယ်။
မြန်မာပြည်ရဲ့ရှားပါလှတဲ့ ကမ္ဘာ့တန်းဝင်ပုဂ္ဂိုလ်
ကျနော်တို့ နိုင်ငံခြားသတင်းတွေမှာသာ
မော့ငေးကြည့်ရသူမျိုးတွေက
အရေးတယူ ဖက်လဲတကင်းလုပ်ရသူ။
ဟိုတလောက
ဖိလစ်ကော်တလာ မြန်မာပြည်လာတယ်။
MBA တွေရဲ့ ဆရာ့ဆရာကြီး။
ကမ္ဘာကျော်ကုမ္ပဏီပေါင်းများစွာက ပင့်မနေရသူကြီး။
marketing ဂုရုကြီး။
အဲဒီကမ္ဘာကျော်ကြီးက …
ဒေါ်စု အိမ်ရှေ့မှာ
(ဒီနေရာ သူရောက်ခဲ့ကြောင်းပေါ့လေ)
အမှတ်တရဓါတ်ပုံလေးရိုက်ယူသွားရရှာတယ်။
ခြံတံခါးကြီးက ပိတ်လို့။
ဒေါ်စုက သူလာသွားမှန်းတောင်သိပုံမပေါ်ဘူး
သိလဲ ဟိုက ထွက်တွေ့ချင်မှတွေ့မှာ။
သူ့ဖာသာကမ္ဘာကျော်ပေမယ့်
ဒေါ်စုနဲ့ယှဉ်တော့ မှိန်သွားရောလေ။
ဒေါ်စုက ကမ္ဘာကျော်ရုံမက
ကမ္ဘာ့သမိုင်းဝင်ဖြစ်သွားပြီ ။
အဲဒီ ဒေါ်စုဆိုတာ ကျုပ်တို့မြန်မာပြည်ကဗျ။
မြန်မာပြည်သူစစ်စစ်။
ဘယ်လောက်ဂုဏ်ယူစရာကောင်းသလဲ ဗျာ။
.
.
.
Thorn Nay Soe
============
မြန်မာဘောလုံးအသင်း ရှုံးအပြီးမှာ စခဲ့တယ်။
==========================
ကျနော်တို့တက္ကသိုလ်ကျောင်းသ
မြန်မာဘောလုံးငွေခေတ်ဗျ။
သန်းတိုးအောင်၊ မျိုးလှိုင်ဝင်း၊ ဝင်းအောင်
ဆိုတဲ့ တိုက်စစ်အတွဲ
အလယ်တန်း ကြည်လွင်
ဂိုးသမား အောင်ကျော်ကျော်။
ကျနော်တို့ သိပ်မျှော်လင့်ခဲ့ကြတာပေါ့။
အရှေ့တောင်အာရှပွဲသွားကန်တယ
မှတ်မိသေးတယ် ဗီယက်နမ်နဲ့ပွဲ။
ဒိုင်က ယိုးဒယား။ အကျင့်အတိုင်း ညစ်တာပေါ့ဗျာ
ဗီယက်နမ်ကောင်ကလည်း
ဘောလုံးကန်တာသိုင်းသမားကစ်န
အောင်ကျော်ကျော်ကို ဆောင့်ကန်တယ်။
ပြီးတော့ သူကပဲ မူယာမာယာများနေသေးတယ်။
အောင်ကျော်ကျော်စိတ်မထိန်းန
တုံ့ပြန်မိရော။ အနီကဒ်နဲ့ထွက်ရရော
ကျနော်တို့ရှုံးရော ဆိုပါတော့ဗျာ။
အဲဒီတုန်းက ကျနော်တောင် မခံရပ်နိုင်စွာနဲ့
အဲ့ဒီတုန်းက First Elevenမှာ ဝင်ရေးလိုက်သေးတယ်။
'အရှုံးသမားတစ်ယောက်ရဲ့ပေးစ
ဆိုလိုတာက အဲဒီပွဲနောက် ကိုယ့်ကိုယ်ကို
တော်တော်ဆင်ခြင်မိတယ်။
ဟာ ငါတို့ဟာ အရှုံးသမားတွေပါလား
ကမ္ဘာမှာ ငါတို့ ဘယ်နေရာမှလူရာမဝင်ပါလား
အနုပညာ၊ အားကစား၊ ပညာရေး
မြန်မာကရယ်လို့ ကမ္ဘာက ဦးညွတ်ရတာ
ကြောက်ရတာ ဘယ်နေရာများ ရှိသလဲ။
အဖိုးအဖွားတွေက ပြောပြတယ်။
ဟိုးတစ်ချိန်ကဆို ကမ်းနားမှာကမ်းကပ်တာနဲ့
သင်္ဘောပေါ်ကနေ တရုတ်တွေတထွေးကြီးတဲ့
တစ်ချို့ကန်တောင်ချခံရဆိုပဲ
မြန်မာပြည်မှာ အလုပ်လုပ်ဖို့ လိုက်လာကြတာ။
နောက် … ကူလီအလုပ် မိလ္လာအလုပ်
စတာတွေ မြန်မာဘယ်တော့မှမလုပ်ဘူးတဲ့
အိန္ဒိယကလာတဲ့ကုလားတွေ လုပ်သတဲ့။
ကျနော်တို့ခေတ်ကျတော့ ကျနော်တို့မှာ
အဲဒီနိုင်ငံတွေမှာ ကျွန်သွားခံဖို့တောင်
တန်းစီနေရတယ် ပိုက်ဆံမနည်းပေးရတယ်။
ဒီတော့
တွေးမိရင် ကိုယ့်ကိုယ်ကို သိပ်သိမ်ငယ်တာပဲဗျာ။
ငါတို့ မြန်မာဆိုတာ တော်ပါတယ်
ကမ္ဘာမဟုတ်တောင် အနည်းဆုံးအာရှမှာတော့
လက်မထောင်ခဲ့တာပါ။
အဲဒီလိုစိတ်ကတွေးတယ်။ ပြီးတော့တကယ့်အဖြစ်
ကမ္ဘာမှာ လူရာမဝင်တာကိုလည်း
ဝမ်းနည်းမဆုံးဘူး။
မှတ်မိသေးတယ်။
ကုလသမဂ္ဂအကြောင်းဖတ်ရတော့
အဲဒီက လုံခြုံရေးကောင်စီလိုမျိုးမ
ငါတို့ဘာလို့ မပါရလဲ? ကြိတ်မနိုင် ခဲမရ။
မြန်မာက ဆိုတဲ့လူတစ်ယောက်ယောက်
ကမ္ဘာမှာ မော်ကြွားနေတာမျိုး
သိပ်မြင်ချင်ကြားချင်တယ်။
ကိုယ်တိုင်ဘာမှမဖြစ်တောင်
အဲဒါ ငါတို့မြန်မာကွ ဆိုတာမျိုး
လက်မထောင်ချင်တာ။
ဟာ ဟိုကမ္ဘာ့ဖလားဖိုင်နယ်တက်သွာ
ငါတို့မြန်မာအသင်းကွ ဆိုတာမျိုး။
ဟာ အော်စကာဆုရသွားတာ
တို့ မြန်မာပြည်ကကွ ဆိုတာမျိုး။
ဂရမ်ဘီဆုကြီးရတာ တို့မြန်မာက ကွ။
နာဆာမှာ ဦးဆောင်နေတဲ့ ဘယ်သူဘယ်ဝါ
တို့မြန်မာက ကွ။
တို့ မြန်မာက ဘာတွေ တီထွင်လိုက်တာကွ။
… စတာမျိုးတွေ သိပ်ဂုဏ်ယူချင်တာ။
တစ်နည်းပြောရရင်ဗျာ
ကမ္ဘာ့အဆင့်ဝင်ချင်တာ
တကယ်ကို ကမ္ဘာ့စံနဲ့ တန်းဝင်စံမီဖြစ်စေ့ချင်တာ။
ကျနော်တို့ငယ်ငယ်ကများ
တီထွင်လို့ဆုပေးတယ်ဆိုပြီး သတင်းစာထဲပါလာ
ဘာများလဲ ဖတ်တော့
ကားရထားထွင်တယ်ဆိုလား
ဘာကြီးမှန်းလဲ သိဘူးဗျာ။
ကားကိုယ်ထည်လိုလို မီးရထားစက်ခေါင်းလိုလို
ဗုံမဟုတ် ပတ်မဟုတ်။
နောက်ပိုင်းခေတ်ဆိုပိုဆိုး
စက်မှုဇုန်ထုတ်ကားတဲ့
ပဲခူးလောက်သွားရင် တစ်စစီ။
ပြီးတော့ Withoutကားတွေ အမြီးဖြတ်ခေါင်းဖြတ်။
အားကစားထူးခြားသတင်းဆိုလို့
တစ်ချက်ထဲကျင်းဝင်တာကြီး တခမ်းတနား။
ဒီအချိန်မှာ ကံကောင်းစွာ ကျနော်တို့
ဒေါ်အောင်ဆန်းစုကြည်ကို ရခဲ့တယ်။
မြန်မာပြည်ရဲ့ရှားပါလှတဲ့ ကမ္ဘာ့တန်းဝင်ပုဂ္ဂိုလ်
ကျနော်တို့ နိုင်ငံခြားသတင်းတွေမှာသာ
မော့ငေးကြည့်ရသူမျိုးတွေက
အရေးတယူ ဖက်လဲတကင်းလုပ်ရသူ။
ဟိုတလောက
ဖိလစ်ကော်တလာ မြန်မာပြည်လာတယ်။
MBA တွေရဲ့ ဆရာ့ဆရာကြီး။
ကမ္ဘာကျော်ကုမ္ပဏီပေါင်းများစ
marketing ဂုရုကြီး။
အဲဒီကမ္ဘာကျော်ကြီးက …
ဒေါ်စု အိမ်ရှေ့မှာ
(ဒီနေရာ သူရောက်ခဲ့ကြောင်းပေါ့လေ)
အမှတ်တရဓါတ်ပုံလေးရိုက်ယူသွ
ခြံတံခါးကြီးက ပိတ်လို့။
ဒေါ်စုက သူလာသွားမှန်းတောင်သိပုံမပေ
သိလဲ ဟိုက ထွက်တွေ့ချင်မှတွေ့မှာ။
သူ့ဖာသာကမ္ဘာကျော်ပေမယ့်
ဒေါ်စုနဲ့ယှဉ်တော့ မှိန်သွားရောလေ။
ဒေါ်စုက ကမ္ဘာကျော်ရုံမက
ကမ္ဘာ့သမိုင်းဝင်ဖြစ်သွားပြီ
အဲဒီ ဒေါ်စုဆိုတာ ကျုပ်တို့မြန်မာပြည်ကဗျ။
မြန်မာပြည်သူစစ်စစ်။
ဘယ်လောက်ဂုဏ်ယူစရာကောင်းသလဲ
.
.
.
Thorn Nay Soe
============
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။