Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, July 24, 2014

သားကောင် အမှတ်တရများ (ညီညီစံ)


လေးဖြူရဲ့သားကောင်လို့အမည်ရတဲ့ ကိုယ်ပိုင်သံစဉ်အခွေထဲက အယ်လ်ဘန်ခေါင်းစဉ်အဖြစ်တင်ထားတဲ့ သားကောင် ဆိုတဲ့သီချင်းရေးစပ်သူ (၂) ယောက်ထဲက တယောက်ဖြစ်တဲ့ ညီညီစံဟာ ဒီသီချင်းကလေးဖြစ်ပေါ်လာပုံကို အခုလို ပြန်ပြောင်းပြောပြထားပါတယ်။

သူပြောပြသွားတာက စေ့စပ်ပြီး အထာကျလွန်းတဲ့အတွက် မြန်မာ့ဂီတလောကအတွက် တန်ဖိုးကြီးတဲ့ သမိုင်းအပိုင်းအစအဖြစ် စကော်ပီယံတို့က ထင်မြင်ယူဆလို့ အခုလို မှတ်တမ်းတင်အပ်ပါတယ်။

ခင်သောမင်သော
စကော်ပီယံများ

ကျေးဇူးမှတ်တမ်း - ချစ်သော ညီမများဖြစ်ကြတဲ့ အော်ရာနဲ့သဲပွင့်
မူရင်းဆောင်းပါးခရက်ဒစ် - ဧရာဝတီ
--------------------

သားကောင် အမှတ်တရများ (ညီညီစံ)



*****************************

လောကကြီးဟာ ထောင်ချောက်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုပါ။ တချို့ ထောင်ချောက်တွေဟာ သိသာထင်ရှားစွာ မြင်ရလို့ ရှောင်နိုင်၊ ရှားနိုင်ကြပေမယ့် ဥာဏ်နီ ဥာဏ်နက်များလွန်းတဲ့ ကောက်ကျစ်ရက်စက်ယုတ်မာတဲ့ ထောင်ချောက်ကိုတော့ ရှောင်နိုင်ဖို့ ခက်လှပါတယ်။ အဲဒီလို စက်ဆုပ်ရွံရှာဖွယ်ရာ ကောင်းတဲ့ ကလိမ်စေ့ ငြမ်းဆင်ထားတဲ့ ထောင်ချောက်တစ်ခုထဲကို ကျွန်တော်တို့ (ညီညီသွင်၊ ညီညီစံ) ကျရောက်သွားစဉ်က ရင်နင့်စွာ ခံစားရေးဖွဲ့ခဲ့တဲ့ သီချင်းလေး တစ်ပုဒ်ကိုတော့ ကျွန်တော့် တသက် ဘယ်တော့မှ မေ့ဖျောက်နိုင်မှာ မဟုတ်ပါဘူး။

အဲဒီ သီချင်းလေးကတော့ ၁၉၉၀ ခုနှစ် ၀န်းကျင်လောက် ညီညီသွင် နဲ့ ကျနော်တို့ နှစ်ယောက် အတူရေးဖွဲ့ခဲ့တဲ့ "သားကောင်" ဆိုတဲ့ ကိုယ်ပိုင်သံစဉ်လေးပါပဲ။ ခေတ်တခေတ် စနစ်တခုရဲ့ ဆိုးဝါးလှတဲ့ မူးယစ်ထောင်ချောက်ထဲ ကျနော်တို့ သက်ဆင်း ကျရောက်ပြီး သားကောင်ဖြစ်ခဲ့ရတဲ့ အကြောင်းအရာလေးပါပဲ။

၁၉၇၀ ပတ်ဝန်းကျင် ကျနော် ငယ်စဉ်ဘ၀က ဘိန်းဖြူဆိုတဲ့ မူးယစ်ဆေးဝါး ခေတ်စားခဲ့တာ ကြားဖူး သိဖူးခဲ့ပေမယ့် ၁၉၈၀ ၀န်းကျင် ကျနော်တို့ ရန်ကုန်တက္ကသိုလ် ကျောင်းတက်ချိန်မှာတော့ ကမ္ဘာက ပြောဆိုဝေဖန်မှုတွေ များလာတာကြောင့် မဆလ အစိုးရက ဘိန်းဖြူအစား အိန္ဒိယ နယ်စပ်က ၀င်လာတဲ့ ကိုဒင်းပါတဲ့ ဖင်ဆီဒိုင်း ချောင်းဆိုးပျောက်ဆေးတွေ၊ W မူးယစ်ဆေးပြားတွေနဲ့ ပြည်တွင်း B.P.I က ထုတ်တဲ့ ကိုဒင်းပါတဲ့ ကော်မတ်သာဇင် ချောင်းဆိုးပျောက်ဆေးတွေ ကို ဖောဖောသီသီ နဲ့ လွယ်လင့်တကူ သုံးစွဲရအောင် ဖန်တီးပေးထားခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းပတ်ဝန်းကျင် လှည်းတန်းဈေး စတဲ့နေရာတွေ၊ မြို့လယ်က ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာမြို့နယ်တွေရဲ့ တိုက်လှေကားရင်းတွေရဲ့ လမ်းဘေးပလက်ဖောင်း ဆေးဆိုင်တွေပါမကျန် အတားအဆီးမရှိ အဖမ်းအဆီးမရှိ အရောင်းအ၀ယ် ခွင့်ပြုပေးထားခဲ့ပါတယ်။

ခေတ်အဆက်ဆက် ရန်သူလို သဘောထားခဲ့တဲ့ ကျောင်းသားလူငယ်တွေကို နိုင်ငံရေးဘက် စိတ်ဝင်စား စွက်ဖက်မှု မရှိလေအောင် မူးယစ်ဆေးနဲ့ မှိုင်းတိုက်ထားတဲ့ သဘောပါပဲ။ စိတ်ဓါတ်ခိုင်မာပြီး ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိတဲ့ လူငယ်တချို့ကတော့ ဒီ ထောင်ချောက်ကို ကျော်လွှားနိုင်ပေမယ့် ကျနော်တို့လို ထိလွယ်ရှလွယ်ရှိတဲ့ ဂီတ၀ါသနာပါတဲ့ လူငယ်တွေ၊ စူးစမ်း စမ်းသပ်လိုတဲ့ လူငယ်တွေကတော့ မရှောင်ရှားနိုင်ခဲ့ပါဘူး။ ၁၉၈၈ အရေးအခင်း ပြီးချိန်မှာတော့ ချောင်းဆိုးပျောက်ဆေး မူးယစ်ဆေးဝါး ဂယက်ဟာ ကျောင်းသားမိဘတွေ အကြားမှာ တော်တော် ပူညံပူညံ ဖြစ်လာချိန်မှာတော့ ချောင်းဆိုးပျောက်ဆေးတွေကို မှေးမှိန်ပျောက်ကွယ်သွားအောင် လုပ်လိုက်ပြီး အဲဒီထက် ပိုမိုအားကောင်းပြီး ထိရောက်မှု ပြင်းထန်တဲ့ ဘိန်းဖြူတွေကို ရွှေသမင် ဘယ်ကထွက် ဆိုပြီး လူငယ်ထုကြားကို ပြန်လည်ပြီး လွှတ်လိုက်ပါတော့တယ်။

၁၉၉၀ ၀န်းကျင်မှာတော့ ဘိန်းဖြူကို ရန်ကုန်တက္ကသိုလ်ဝင်းထဲက ကျောင်းဆောင်တွေရဲ့ နေရာအနှံ့မှာ အင်းစိန် စက်မှုတက္ကသိုလ် (R.I.T) ကျောင်းဝင်းထဲက အဆောင်တွေမှာ လွယ်လင့်တကူ ၀ယ်ယူသုံးစွဲနိုင်တဲ့ အဆင့်အထိ ပြောင်းသွားခဲ့ပါပြီ။ ဘယ်က ရောက်လာမှန်း မသိရတဲ့ ဆေးပစ် (ဆေးရောင်း) တဲ့ သူတွေဟာ တက္ကသိုလ် ကျောင်း ပရ၀ဏ်တွေထဲ ဥဒဟို ၀င်ထွက်လာရင်း ရောင်းဝယ်နေတော့တာပါပဲ။ အစဉ်အလာ ဂုဏ်သိက္ခာ ကြီးမားခဲ့တဲ့ ကျောင်းတော်တွေရဲ့ ဂုဏ် အရှိန်အ၀ါကို ကျဆင်းစေခဲ့ပြီး အတားအဆီး အဖမ်းအဆီး မရှိခဲ့တာဟာလည်း ရိုးသားမှု လုံးဝမရှိတဲ့ မှားယွင်းမှုတခုလည်း ဖြစ်ပါတယ်။

ချောင်းဆိုးပျောက်ဆေးခေတ်ထဲက လမ်းမှား လမ်းလွှဲ လိုက်ခဲ့တဲ့ ကျနော်နဲ့ ညီညီသွင်ဟာလည်း ဘိန်းဖြူရဲ့ သားကောင်တွေ ဖြစ်မှန်းမသိ ဖြစ်ခဲ့ရပါတယ်။ ကျနော်တို့ အမှားကို သိချိန်၊ ပြန်လည်ဆင်ခြင် သုံးသပ်မိချိန်မှာတော့ ထောင်ချောက်ရဲ့ တော်တော် နက်ရှိုင်းတဲ့ အပိုင်းကို ရောက်လို့နေပါပြီ။ မူးယစ်ထောင်ချောက်ဟာ အသိတရား ရပေမယ့်လည်း ပြန်လည်ရုန်းထွက်နိုင်ဖို့ တော်တော်ခက်ခဲပါတယ်။ ရုန်းလေ နစ်လေ ဖြစ်လာတဲ့ ကျနော်တို့ နှစ်ယောက်ဟာ ခံစားမှုတွေ ပေါက်ကွဲ ပြင်းထန်လာတဲ့ အဆုံး "သားကောင်" ဆိုတဲ့ သီချင်းလေးကို ရန်ကုန်စက်မှုတက္ကသိုလ်ဝင်းထဲ အဆောင်က ကျနော့်ညီ (ဖိုးကောင်း) ရဲ့ အခန်းထဲမှာ အတူသွားခိုရင်း ရေးခဲ့မိကြတာပါပဲ။

သီချင်းမရေးခင် ကျနော်တို့ နှစ်ယောက် ခေါင်းစားခဲ့ရတဲ့ အကြောင်းကတော့ စိစစ်ရေး ကိစ္စပါ။ အဲဒီတုန်းက မူးယစ်ဆေးဝါး နဲ့ ပတ်သတ်တဲ့ ရေးဖွဲ့မှုမျိုးကို ပေါ်လစီပုံစံမျိုးကလွဲလို့ ဘယ်လိုရေးဖွဲ့မှုမျိုးကိုမှ စိစစ်ရေးက ခွင့်မပြုပါဘူး။ ခွင့်မပြုတာကလည်း သူတို့ ပယောဂမကင်းတဲ့၊ တာဝန်မဲ့တဲ့ ထောင်ချောက်တွေ အကြောင်း ပေါ်လွင်သွားမှာစိုးလို့ ဖြစ်ဟန်တူပါတယ်။ ကျနော်တို့ရှေ့မှာ ဆရာစောဘွဲ့မှူးရဲ့ (ဖင်ဆီဒိုင်း) သီချင်းကို သီဆိုထုတ်ဝေခွင့်မပြုဆိုပြီး ပိတ်ပင်ထားခဲ့တဲ့ သာဓကလည်း ရှိနေတာကြောင့် သီချင်းကို စီစစ်ရေးလွတ်အောင် ပညာသားပါပါ ရေးဖွဲ့ဖို့ တော်တော် တိုင်ပင်ယူခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ မူးယစ်ဆေးဝါးကို မာယာများတဲ့ မိန်းမတစ်ယောက်၊ နတ်မိမယ် တစ်ယောက် အဖြစ် တင်စား ဖန်ဆင်းပြီး ရေးဖွဲ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ယူကျုံးမရ နာကြည်းကြေကွဲတဲ့ ခံစားမှုတွေနဲ့ ပေါက်ကွဲရေးဖွဲ့ခဲ့တာမို့ Music ပုံစံကို Blues ဆန်ဆန် ပုံစံအဖြစ် ကျနော်တို့ ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။

V1 ရင်နာခြင်းတွေပဲ ပေးခဲ့တယ်
အိပ်မက်နက်မိမယ် .. ဘယ်မှာလဲ ...
ရီဝေညတွေ ယစ်မူး
ရူးလို့သွားတော့မယ် ... သေချာတယ် ...
V2 နာရီဘီးတွေကြား မွန်းကြပ်တယ်
ဘ၀တစ်ခု ပျက်တော့မယ် ... ဘယ်လိုလဲ ...
ဘာကို အပြစ်တင်မလဲ .... ပြော ....
ဒူးထောက်လိုက်ရတာ ... ရင်နာတယ် ...

CHO: အဓိပ္ပါယ် မရှိတဲ့ ညနေခင်းတွေ ... ၀ါးမျိုးရင်း ..... နဲ့
အစိမ်းသက်သက် ... သွေးစက်လက် ... ငါ သေဆုံးခဲ့တယ်
အဆိပ်သုတ်ထားတဲ့ မင်းမျက်လုံးကို
မုန်းကြည့်ရင်း နဲ့
တရှိုက်မတ်မတ် ... နှစ်ခြိုက်ခဲ့
ရာဇ၀င် ရိုင်းသွားခဲ့တယ် ...

သီချင်း ပထမပိုဒ်မှာ အိပ်မက်နတ်မိမယ်နဲ့ တူလှတဲ့ မူးယစ်ဆေးဝါးက ရီဝေမူးယစ်ခြင်းနဲ့ ရူးသွပ်ခြင်းတချို့ကလွဲလို့ရင်နာစရာ အဖြစ်အပျက်ဆိုးတွေပဲ ပေးအပ်ခဲ့မှာ သေချာတဲ့အကြောင်း ရေးဖွဲ့ထားခြင်းပါ။ ဒုတိယအပိုဒ်မှာတော့ ပျက်စီးခြစားနေတဲ့ အုပ်ချုပ်မှု အချိန်နာရီဘီးတွေကြားမှာ မွန်းကျပ်စွာ ရှင်သန်ရင်း ဒီလို မူးယစ်ဆေး စွဲခဲ့ရလို့ ဘ၀ပျက်မတတ် ခံစားရပုံ၊ ကိုယ် ကိုယ်တိုင်ပဲ အပြစ်တင်ရမလား၊ မှားယွင်းနေတဲ့ ခေတ်စနစ်ကိုပဲ အပြစ်တင်ရမလား။ ဘာပဲပြောပြော ဒီ ဘာမဟုတ်တဲ့ မူးယစ်ဆေးဝါးကို ကျနော်တို့ ဒူးထောက် အရှုံးပေးလိုက်ရတာတော့ ရင်နာစရာ အကောင်းဆုံးပါပဲ လို့ ရေးဖွဲ့ထားပါတယ်။

CHO: နဲ့ နောက်ဆုံး အပိုဒ်မှာတော့ လူကို ဘာဆို ဘာမှ အကျိုးမပေးတဲ့ မူးယစ်ဆေး ၀ါးမြိုခြင်း ခံရခြင်းဟာ အဓိပ္ပါယ်မဲ့စွာ ရှင်ရက်နဲ့ သေဆုံးခြင်း (အစိမ်းသက်သက် သွေးစက်လက် သေဆုံးခြင်း) ဖြစ်တဲ့အကြောင်း၊ ဒီ မူးယစ်ဆေးဝါးကြောင့် ကျနော်တို့ ဘ၀သမိုင်းစာမျက်နှာဟာ အရုပ်ဆိုး အကျည်းတန် အမည်းစက် ထင်ခဲ့ရလို့ ရာဇ၀င်ရိုင်းသွားခဲ့ရပြီ ဖြစ်တဲ့အကြောင်း ရေးဖွဲ့ခဲ့ပါတယ်။

ကျနော်တို့ ဘ၀နဲ့ ရင်းပြီး ရေးထားတဲ့ သားကောင် သီချင်း ပြီးသွားချိန် ဘယ်သူ့ကို ဆိုဖို့ ပေးရမလဲ စဉ်းစားကြတဲ့အခါ ညီညီသွင်က လေးလေးနက်နက်တွေးပြီး "ညီစံ ဒီသီချင်းကို လေးဖြူကို ပေးမယ်" လို့ ပြောချလိုက်ပါတယ်။ ကျနော် တော်တော်အံ့သြသွားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီအချိန်က ကိုလေးဖြူက တော်တော်အောင်မြင်နေတဲ့ အချိန်၊ Rocker ကြီးလဲ ဖြစ်လို့ ဒီလိုသီချင်းမျိုး ကြိုက်ပါ့မလား ဆိုပါ့မလားလို့ စိုးရိမ်စိတ်ဝင်သွားခြင်းပါ။ ညီညီသွင်ကတော့ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ထားသလိုပါပဲ။ "မနက်ဖြန် လေးဖြူကို မင်းနဲ့ငါ ဒီသီချင်း သွားပေးမယ်" ဆိုပြီး တကယ်ပဲ နောက်တရက်မှာ ကိုလေးဖြူ ရှိတဲ့ ဖဆပလ တိုက်ခန်းကို အတူသွားပြီး သီချင်းသွားပေးပါတယ်။ ကိုလေးဖြူက အသံသွင်းထားတဲ့ ခွေကြမ်းလေးကို ကျနော်တို့ ရှေ့မှာတင် တလေးတစားနဲ့ ဖွင့်ပြီး ချက်ချင်းနားထောင်ပါတယ်။ ကျနော်ကတော့ ရင်တထိတ်ထိတ်နဲ့ပေါ့။ ညီညီသွင်ကတော့ အေးအေးဆေးဆေးပုံစံနဲ့ ကိုလေးဖြူ ဧည့်ခံတဲ့ ရေနွေးကြမ်းကို တငုံချင်းသောက်နေပါတယ်။ သီချင်းဆုံးသွားတာနဲ့ ကိုလေးဖြူက "ကျနော် Blues သီချင်းတွေ သိပ်ကြိုက်တာဗျာ။ ကိုညီတို့ သီချင်း ကျနော်ယူမယ် သုံးမယ်" လို့ အရိုးခံ ဘွင်းဘွင်းကြီး ပြောချလိုက်တဲ့အပြင် သီချင်းဖိုးကိုပါ တခါတည်း ကျနော်တို့ကို ရှင်းပေးလိုက်ပါတယ်။

သီချင်းနဲ့ပတ်သတ်ရင် ရိုးသားပြီး ဟန်ဆောင်မှု ကင်းမဲ့တဲ့၊ အနုပညာ ယဉ်ကျေးမှု အပြည့်အ၀ရှိတဲ့ ကိုလေးဖြူ ရဲ့ စိတ်ဓါတ်နဲ့ ကိုယ့်သီချင်းအပေါ်ကို ယုံကြည်မှု အပြည့်အ၀ရှိတဲ့ ညီညီသွင်ရဲ့ စိတ်ဓါတ်တို့ကို သိရှိခွင့်ရခဲ့တာဟာလည်း သားကောင် သီချင်းရဲ့ မေ့မရတဲ့ အမှတ်တရပါပဲ။

သားကောင် သီချင်းနဲ့ ပတ်သတ်ပြီး ပါဝင်ပတ်သတ် အမှတ်တရဖြစ်စေခဲ့ရတဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ရှိပါသေးတယ်။ သူကတော့ ကျနော်တို့ ရောင်းရင်းကြီး ရန်ကင်း ကျောက်ကုန်း ညီပုပါပဲ။ ညီပုက ကျနော်တို့နဲ့ တွဲလာတာ နှစ်အတော်ကြာပြီ ဆိုပေမယ့် ခွေလုပ်ဖို့ကျတော့ အဲဒီကာလ ၁၉၉၀ လောက်မှ စတာပါ။ ညီပုက Blue Crazy တယောက်ဖြစ်လို့ သူ့ ပထမဆုံး စီးရီးခွေမှာ Blue သီချင်းတွေ ဦးစားပေး သီဆိုပါတယ်။ ကိုလေးဖြူကို ပေးထားတဲ့ သားကောင် သီချင်းဟာ ညီပုနဲ့လည်း လိုက်ဖက်နေတာတွေ့ရလို့ ညီပုကိုလည်း ကျနော်တို့ ဆိုစေခဲ့ပါတယ်။
ညီပုက "သားကောင်" သီချင်းကို သူ့ရဲ့ "မြေကြီးကို ဒုက္ခပေးသူ" စီးရီးမှာ သူ အားသန်တဲ့ Blue ပုံစံအပြည့်နဲ့ သီဆိုသွားသလို ကိုလေးဖြူကလည်း သူ့ပုံစံဖြစ်တဲ့ Rock ဘက်ရောက်တဲ့ ပုံစံမျိုးနဲ့ ပုံဖော်သွားခဲ့ပြီး စီးရီး Title ကိုလည်း "သားကောင်" အဖြစ် ပေးအပ်ခဲ့ပါတယ်။ "သားကောင်" သီချင်းနဲ့ ပတ်သက်ပြီး အရသာနှစ်မျိုး ခံစားခဲ့ရတာမို့ ကိုလေးဖြူရော၊ ညီပုရော ဒီနေရာကနေ ကျေးဇူးတင် ဂုဏ်ပြုအပ်ပါကြောင်း အမှတ်တရ စကားဆိုပါရစေ။

"သားကောင်" သီချင်းရေးပြီး လေးငါးနှစ်ကြာမှာတော့ ကျနော် နဲ့ ညီညီသွင် မူးယစ်သားကောင်ဘ၀က အောင်မြင်စွာ တိုက်ပွဲဝင် ရုန်းထွက်နိုင်ခဲ့ပေမယ့် ကျနော်တို့ ဂီတရဲဘော်တချို့ နဲ့ ရောင်းရင်းတချို့ကတော့ ကြွေတဲ့သူ ကြွေ၊ လေတဲ့သူ လေနဲ့ တချို့လည်း မူးယစ်ဆေးဝါးရဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် သက်ဆိုးမရှည်ဘဲ မကြာခင်မှာ သေတဲ့သူ သေတွေဖြစ်ခဲ့ရပါတယ်။
ဒီဘက်ခေတ်မှာ ကျနော်တို့တုန်းကလို ချောင်းဆိုးပျောက်ဆေးနဲ့ ဘိန်းဖြူတွေကို ထင်ထင်ရှားရှား သိပ်မတွေ့ရတော့ပေမယ့် (ရန်ကုန်မှာ ပြောတာပါ) အဲဒီအစား စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့ အရက် ဘီယာတွေ လှိုင်လှိုင်ပေါလာတာတခုကို သတိထားမိပါတယ်။ အထူးသဖြင့် အရက်နဲ့ ဘီယာတွေကို လမ်းမကြီးတွေနဲ့ လမ်းကြိုလမ်းကြားမကျန် ဆိုင်ကြီး ဆိုင်ငယ်အနှံ့နဲ့ တွေ့ရသလို စတိုးဆိုင် အိမ်ဆိုင်တွေမှာပါ မကျန် အချိန်မရွေး၊ နေရာမရွေး၊ အသက်အရွယ်မရွေး သောက်သုံးခွင့်ရနေတာ ရင်မောစွာ တွေ့နေရပါတယ်။

ဘာပဲဖြစ်ဖြစ် လူငယ်တွေ အနေနဲ့ ကျနော်တို့ ကြုံတွေ့ခဲ့ရသလို "သားကောင်" အဖြစ်မခံဘဲ စိန်ခေါ်လာတဲ့ ထောင်ချောက်အသစ်တွေကို အသိတမံ ဥာဏ်မြေကတုတ် ဆိုရိုးစကားအတိုင်း အသိတရား အသိဥာဏ်ရှိရှိနဲ့ ထိုးဖောက်ကျော်လွှားနိုင်ပါစေကြောင်း "သားကောင်" သီချင်း အမှတ်တရ အဖြစ် အမှာပါးလိုက်ပါရစေ။

ညီညီစံ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။