Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 30, 2018

အဲဒီလို ပုခက်လွှဲတဲ့လက်က ကမ္ဘာကို ကိုင်လှုပ်နိုင်မယ့် မိန်းမသားတွေအတွက် Share ပါ

တကယ်လို့ သင့်အဖေ မိန်းမ,အရွေးမှားခဲ့ရင် -
သင့်ရဲ့ငယ်ဘဝက နာကျည်းမှုတွေနဲ့
စတင်ရလိမ့်မယ်၊

တကယ်လို့ သင်မိန်းမ,အရွေးမှားခဲ့ရင် -
သင့်ရဲ့ အလယ်ဘဝက နာကျင်မှုတွေနဲ့
ပြည့်နှက်နေလိမ့်မယ်၊

တကယ်လို့ သင့်သား မိန်းမ,အရွေးမှားခဲ့ရင်
တော့ - သင့်ကျန်ရှိတဲ့ နေဝင်မီးငြိမ်းဘဝမှာ
အထီးကျန်မှုတွေနဲ့ အဆုံးသတ်ရလိမ့်မယ်၊

'' လောက '' မှာ...

ဒီစာလေးကို
စိတ်အရမ်းညစ်နေတဲ့ သူတွေ
လက်ရှိ အခြေအနေ တစ်ခုမှာ
အဆင်မပြေဖြစ်နေတဲ့ သူတွေအတွက်
ရည်ရွယ်ပြီး ရေးပေးထားလို့ 
ဖတ်ကြည့်စေချင်ပါတယ်.....

'' လောက '' မှာ...

ကိုယ့်ကို စိတ်ညစ် အောင်လုပ်တာလည်း
'' ကိုယ်ပါပဲ ''

ကိုယ် ကို ပျော်ရွှင်အောင် လုပ်ပေး နိုင်တာလည်း
'' ကိုယ်ပါပဲ ''

မေးကြည့်​ချင်​လို့........

မေးကြည့်​ချင်​လို့........

ကိုယ့်​တန်​ဖိုးကိုမသိလို့ စွန့်​ခွာသွားသူကို
ဖက်​တွယ်​​နေရ​လောက်​​အောင်​ မင်းမှာ​ရွေးချယ်​စရာ
မရှိ​တော့ဖူးလား..........

ကိုယ့်​ကိုလိမ်​​နေမှန်း သိသိကြီးနဲ့
ယုံကြည်​​နေရ​လောက်​​အောင်
မင်းအတွက်​အ​ဖော်​ဆိုတာ အရမ်းရှား​နေလို့လား.......

ကိုယ့်​ကိုယ်​ အရမ်းနာကျင်​​အောင်​လုပ်​သွားသူကို
တမ်းတ​နေရ​လောက်​​အောင်​ မင်းနှလုံးသားက
အသိမဲ့​နေပီလား........

ကြိုးစားပြီးမှ နောင်တရ ရင် ရ ပါစေ၊ မကြိုးစားပဲ လွှဲသွားတဲ့ နောင်တမျိုးတော့ မလိုချင်ဘူး။

၁။ ရေညစ်တစ်စက်ကြောင့် ရေကြည်တစ်ခွက် ညစ်ပတ်သွားတယ်။ ရေကြည်တစ်စက်ကြောင့် ရေညစ်တစ်ခွက် ဘယ်တော့မှ ကြည်လင်လာမှာ မဟုတ်ပါဘူး။

၂။ ဘယ်သူ့မှ ခိုးယူမသွားနိုင်တဲ့ အရာသုံးမျိုး ရှိတယ်။ ပိုက်ထဲကို ၀င်ပြီးတဲ့ အစာ၊ စိတ်အတွင်းထဲက အိမ်မက်နဲ့ ဦးနောက်ထဲအထိ ဖတ်မှတ်ထားတဲ့ စာကောင်းပေမွန်များ ဖြစ်ပါတယ်။

၃။ မြင်းတွေဟာ ပျော့ပြောင်းတဲ့ လမ်းပေါ်မှာ ခွာလိပ်သွားတတ်တယ်။ လူတွေဟာလည်း ချိုမြသောစကားသံများကြားမှာ နှစ်မွန်းသွားတတ်တယ်။

သတ္တိရှိသောဘဝ

သတ္တိရှိသောဘဝ
_____________

"မနက်ဖြန် ဘာဖြစ်လာမလဲ မသိတဲ့အတွက် ဒီနေ့မှာ အကောင်းဆုံး ရှင်သန်မယ်"
ဒါက သတ္တိရှိတဲ့သူတွေရဲ့အတွေး။

"မနက်ဖြန် ဘာဖြစ်လာအုံးမလဲ မသိဘူး။ စိတ်ညစ်ပါတယ်ကွာ"
ဒါက သတ္တိမရှိတဲ့သူတွေရဲ့အတွေး။

ပြဿနာတွေ၊ဒုက္ခတွေဟာ သတ္တိရှိသူအတွက် သင်ခန်းစာလှေကားထစ်တွေပဲ။
ဒါတွေကို နင်းဖြတ်ပြီး အမြင့်ကို တတ်ကြတယ်။

သတ္တိမရှိသူအတွက် ပြဿနာတွေ၊
ဒုက္ခတွေဟာ အတားအဆီးတွေပဲ။
ဖြတ်ကျော်ဖို့ မကြိုးစားပဲ ငုံ့တိုးဖို့၊
ရှောင်ကွင်းဖို့ပဲ ကြိုးစားကြရင်း အောက်ကို ရောက်သွားကြပါတယ်။

ဘဝရဲ့ ရှိခြင်း နဲ့ မရှိခြင်း နှစ်ဖက်လုံးကို မြင်နိုင်ပါစေ။

မင်းက အဆင့်မြင့်ဆေးရုံမှာ မွေးခဲ့တယ်
ငါက အိမ်မှာ လက်သည်နဲ့ မွေးခဲ့တယ်။
ဒို့နှစ်ယောက်လုံး အသက်ရှင်နေထိုင်နိုင်ခဲ့ကြတယ်
.
မင်းက ပရိုက်ဗိတ်ကျောင်းကို တက်ခဲ့တယ်
ငါက အစိုးရကျောင်းကို တက်ခဲ့တယ်
ဒို့နှစ်ယောက်လုံး အထက်တန်းကို အောင်ခဲ့ကြတယ်
.
မင်းက မနက်မှာ အကောင်စားမွေ့ယာနဲ့ ကုတင်ပေါ်မှာ အိပ်ခဲ့တယ်
ငါက ကြမ်းပြင် အိပ်ယာပေါ်မှာ အိပ်ခဲ့တယ်
ဒို့နှစ်ယောက်လုံး ညကို ငြိမ်းချမ်းစွာ အိပ်စက်အနားယူနိုင်ခဲ့ကြတယ်။

မိတ်ဆွေ

မိတ်ဆွေ
👇👇👇👇👇

၁။ မပျင်းပါနဲ့

ပျင်းရိနေတာက အချိန်ကုန်စေပါတယ်။ စိတ်ကူးယဉ်မနေပါနဲ့။ လုပ်စရာရှိတာ အခုပဲ ထလုပ်လိုက်ပါ။

၂။ ဘ၀ရဲ့စိန်ခေါ်မှုတွေကို ရှောင်ဖို့မကြိုးစားပါနဲ့

ဘ၀ကို ပုံပြင်စာအုပ်တစ်အုပ်လို့ သဘောထားပါ။ တစ်ချို့စာမျက်နှာတွေ မရှိဘူးဆိုရင် အဓိပ္ပါယ်ရှိမှာ မဟုတ်ပါဘူး။ ဘာကိုမှ မကျော်ပဲ တစ်မျက်နှာချင်းလှန်ဖတ်သွားရင် ဘ၀ရဲ့ရသကို ခံစားရမှာပါ။

၃။ တသမတ်တည်း မလျှောက်လှမ်းပါနဲ့

အသံရင်းမြစ် ဖြစ်ဖို့ကြိုးစားပါ။ ပဲ့တင်သံအဖြစ်ကို ကျေနပ်မနေပါနဲ့။ ကိုယ်ပိုင်စိတ်ကူးအိပ်မက်အသစ်တွေကို ဖော်ဆောင်ဖို့ သတ္တိမွေးပါ။

ခဏလေးပါ

ခဏလေးပါ

အခက်အခဲဆိုတာ
တစ်သက်တွဲနေတာ မဟုတ်ပါဘူး။

ဘဝရဲ့ အလှည့်အပြောင်း၊
မမြဲခြင်းရဲ့ အလှည့်အပြောင်း
အကြောင်းအကျိုးရဲ့ အပြောင်းအလဲ၊
အကောင်းအဆိုးရဲ့ အပြောင်းအလဲပါပဲ။

မကောင်းတွဲလည်း ခဏ၊
အပြောင်းအလဲလည်း ခဏ
အဟောင်းတွဲလည်း ခဏ၊
အကောင်းတွဲလည်း ခဏ
ဘာပဲဖြစ်ဖြစ် အားလုံးဟာ ခဏလေးပါပဲ။

အို အသင်လောက

အို အသင်လောက

တစ်အိမ်လုံးမှာ ပိုက်ဆံ ဘယ်လောက်ရှိကြောင်းကို ပြားကစ၍ အတိအကျသိရသည့် အခြေအနေသို့ ရောက်ရှိပြီဖြစ်၏။ ကလေးတွေကို သူတို့အမေက မုန့်ဖိုး တစ်ယောက်တစ်မတ်စီ ပေးသည်။ ခါတိုင်း သုံးဆယ့်ငါးပြား ပေးနေကျ ဖြစ်သဖြင့် ကလေးတွေက မကျေနပ်ကြ။ ဘာမျှတော့ မပြောချေ။ ပြောလို့လည်း ဘာမှမထူး၊ ပိုရမည်မဟုတ်မှန်း သိသောကြောင့် လေကုန်ခံပြီး မပြောကြခြင်း ဖြစ်လိမ့်မည်။ သို့တည်းမဟုတ် သူတို့အမေ စိတ်ထွက်ပြီး ခေါင်းခေါက်မည် စိုးသောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်မည်။
အငယ်ဆုံးကောင်ကတော့ ပိုက်ဆံတစ်မတ်စီကိုင်၍ လှည့်အထွက်တွင်..
“နည်းနည်းလေး ပေးတာ မလောက်လို့.. များများကြီး ပေးပါဦးလို့”
ဟု သီချင်းတစ်ပုဒ်ကို ဖျက်ပြီး မကြားတကြား ဆိုသွားသည်။

ကောင်​​လေး သို့မဟုတ်​ ​ကောင်​မ​လေး ဖတ်​ဖို့.....

ကောင်​​လေး သို့မဟုတ်​ ​ကောင်​မ​လေး ဖတ်​ဖို့.....

~~ဘဝဆိုတာ အချိုးအ​ကွေ့များတဲ့လမ်းတစ်​ခုလိုပဲ
ဖြောင့်​ဖြူးတဲ့အချိန်​ရှိသလို ခက်​ခဲတဲ့အချိန်​လည်း ရှိတယ်
အေးချမ်းတဲ့ အချိန်​ရှိသလို ​မောပန်းရတဲ့အချိန်​လည်းရှိတယ်
သာယာတဲ့အချိန်​ရှိသလို ပူ​လောင်​ရတဲ့အချိန်​လည်းရှိတယ်
ဘယ်​အ​ခြေအ​နေ မှာမဆို ကိုယ်​​ရောက်​​နေတဲ့ဘဝကို လက်​ခံနိုင်​ရမယ်

~~မင်း​အောင်​မြင်​​နေချိန်​မှာ လက်​ခုပ်​တီးအား​ပေးမယ့်​သူရှိသလို မင်းမ​ကောင်း​ကြောင်းသတင်းလွှင့်​မယ့်​သူလည်းရှိမယ

ချစ်တဲ့သူမှန်သမျှတစ်နေ့တော့

#ချစ်တဲ့သူမှန်သမျှတစ်နေ့တော့
**********************
အမေသာ သေသွားရင်၊
အဖေသာသေသွားရင်၊
ယောက်ျားသာသေသွားရင်၊
မိန်းမသာသေသွားရင်၊
မောင်လေးသာသေသွားရင်၊
ညီမလေးသာသေသွားရင်၊
ခွေးလေးသာသေသွားရင်
စသည်ဖြင့် ကိုယ်ချစ်တဲ့သူတွေ
ကွယ်လွန်သွားမှာကို တွေးမိတိုင်း
အပူကြီးပူပန်တတ်ကြပါတယ်။

"#ပိုက်ဆံ မချမ်းသာချင်သူများ စိတ်ချမ်းသာရင်တော်ပြီဆိုသူများ ယောင်လို့တောင်မဖတ်ပါနှင့်"

"#ပိုက်ဆံ မချမ်းသာချင်သူများ စိတ်ချမ်းသာရင်တော်ပြီဆိုသူများ ယောင်လို့တောင်မဖတ်ပါနှင့်"

ကျွန်တော့် ခေါင်းထဲရှိ အိပ်ပုပ်ကြီးနေသော ကာလနဂါးကြီးအား လှုပ်နှိုးကြည့်ခြင်း၊ ခုရက်ပိုင်း လူငယ် စွန်းဦးတီထွင်စီးပွားရေးပညာရှင် တစ်ယောက်ဖြစ်တဲ့ Ameer Rosic ရဲ့ အပြောတွေကို သဘောတွေ့မနောခွေ့ဖြစ်နေတယ်။ သူရဲ့ ဘဝအောင်မြင်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတွေ ဘယ်လိုလှမ်းရမယ်ဆိုတာ ကျွန်တော် ဘာသာပြန်ထားတယ်။ ခံစားကြည့်ရအောင်ပါ

“စကားတစ်ခွန်းက ဘဝတစ်ခုကို ပြောင်းလဲစေသည် -

“စကားတစ်ခွန်းက ဘဝတစ်ခုကို ပြောင်းလဲစေသည် -
×××××××××××××××××××

ကြက်ပျံမကျ စည်ကားတဲ့ ပွဲခင်းတစ်ခုမှာ မိခင်တစ်ဦးက ၅ နှစ်သား ကလေးငယ်ကို ရောင်စုံ မိုးပျံပူစီဖောင်းတစ်လုံး ဝယ်ပေးခဲ့တယ်။
ကလေးငယ်က ပူစီဖောင်းက ကြိုးသေးလေးကိုကိုင်ပြီး ပွဲခင်းထဲမှာ ခုန်ဆွခုန်ဆွနဲ့ ပျော်နေခဲ့တယ်။
ပွဲခင်းထဲမှာ ပြေးလွှားကစားရင်း မမျှော်လင့်ဘဲ လက်ထဲက ပူစီဖောင်း လွတ်သွားခဲ့တယ်။
ရုတ်တရက်မို့ ကလေးငယ်က အံ့သြတုန်လှုပ်ပြီး ကောင်းကင်ပေါ်တက်သွားတဲ့ ပူစီဖောင်းကိုကြည့်ပြီး နှမြောတသနဲ့ ငိုမဲ့မဲ့ဖြစ်နေခဲ့တယ်။

Thursday, March 29, 2018

ဆည်မနိုင်တဲ့ စုန်ရေ



“အမေကသားကို မချစ်ပါဘူးဗျာ”
“နင်က ချစ်စရာ ကောင်းတာကိုး အကောင်ရဲ့”
“အမေက သားကို ဆိုအကောင်းကိုမပြောဘူး”
“အေးဟေ့ ငါ့သားလေး သိပ်ချစ်တာပဲ တွေ ဘာတွေ ပြောမနေအားဘူး ၊ လုပ်စားရတာ မောရတဲ့ကြား နင်ကတစ်မျိုး ရော့ ဒီမှာ လက်ဖက်ရည်ဖိုး ထားခဲ့တယ် သွားမယ် ”
ကျွန်တော်ပြုံးလိုက်သည်။ သေချာအောင် စောင်ထဲက ချောင်းကြည့်လိုက်သည်။
ပိုက်ဆံ တစ်ထောင်တန်ကိုမြင်မှ စောင်ခြုံပြီး အသာပြန်ကွေးနေလိုက်သည်။ မနက်ခင်းတိုင်းကြား
ရမြဲအသံတွေထဲ မှာ အမေ နောက်ဆုံးပြောနေကျ လက်ဖက်ရည် ဖိုး ထားခဲ့တယ် ဆိုတဲ့
အသံသည် ကျွန်တော်မနက်ခင်း တိုင်းအတွက် အသာယာဆုံး တေးသံပင်ဖြစ်သည်။ တခါ တရံ ငါးရာတန်
ထားခဲ့လျှင်ဂျီကျ တတ်လို့ အခုဆို တစ်ထောင်တန် သာထားခဲ့တာများသည်။

နာမည်အရှည်ကို နာမည်တစ်လုံးတည်းသို့ ပြောင်းနည်း ။

နာမည်အရှည်ကို နာမည်တစ်လုံးတည်းသို့ ပြောင်းနည်း ။
......................................................................
မိမိ လက်ရှိသုံးနေတဲ့ Acc ကနာမည်အရှည်ကို နာမည်တစ်လုံးတည်း
သို့ဘယ်လိုပြောင်းကမှာလဲ မေးသူတိုင်းအဆင်ပြေပါစေ ။
ဆော့ဝဲလ် ဒေါင်း Link -
MobiVPNFreeVPNServer - apk

ဖေ့စ်ဘုတ်အကောင့်ကို Name တစ်လုံးတည်းချိန်းနည်း



ညီလတ်ထွန်း-နည်းပညာ added 13 new photos.

ဖေ့စ်ဘုတ်အကောင့်ကို Name တစ်လုံးတည်းချိန်းနည်း
▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇
🇲🇲မင်္ဂလာပါ🇲🇲•••မိမိတို့လက်ရှိအသုံးပြုနေတဲ့ နာမည်
၂ လုံး ၃ လုံး နဲ့ ဖေ့စ်ဘုတ်အကောင့်ကို နာမည်တစ်လုံး
တည်းဖြစ်အောင် ဘာ ဆော့ဖ်ဝဲလ် ၊ Fb ID Card မှ
အသုံးပြုစရာမလိုပဲ လွယ်လွယ်ကူကူ Name Change နည်းလမ်းလေးကိုညွန်းပေးလိုက်ပါတယ်။ကျော် တို့
ကိုယ့် အကောင့်ကို Name တစ်လုံးတည်းChange ချင်
ပါက facebook App ထဲက ချိန်းလို့မရပါ။ Browser
တစ်ခုခုဝင်ပြီးfacebook Login Logup ရေးပြီးSearch
ကိုနှိပ်လိုက်ပါ http://m.facebook.com ပေါ်လာရင်

နာမည်တစ်လုံး {သို့} နာမည်အရှည်ကြီးဖြင့် fb-အကောက်ဖွင့်နည်း

မိုး တိမ် added 11 new photos.
နာမည်တစ်လုံး {သို့} နာမည်အရှည်ကြီးဖြင့်
fb-အကောက်ဖွင့်နည်း

Wednesday, March 28, 2018

Facebook မှာ လက်ရှိသုံးနေတဲ့ Acc ကို နာမည်တစ်လုံးတည်းChange နည်းလေးပါ...

Facebook မှာ လက်ရှိသုံးနေတဲ့ Acc ကို
နာမည်တစ်လုံးတည်းChange နည်းလေးပါ...
အခုကိုယ်သုံးနေတဲ့ Account ကို နာမည်တစ်လုံးတည်း ထားချင်သူများ လေ့လာကြည့်ပါ။
အောက်မှာ ပုံနှင့်တကွ လေ့လာကြည့်ပါ။
မှတ်ချက်။ ။ တစ်ခါပြောင်းပြီးတိုင်း ရက်၆၀ စောင့်ပေးရပါမယ်။

Tuesday, March 27, 2018

နှလုံးသားဖြင့်လုပ်သူ

နှလုံးသားဖြင့်လုပ်သူ
----------------------
"ဂျွန် မင်းကို ငါဘယ်လောက်ပေးရမလဲ"

ကျွန်တော့်ဖေဖေက ပထမလူငယ်ကိုမေးလိုက်ခြင်းဖြစ်သည်။ ဖေဖေသည်သူ့ကို ကောက်ရိတ်ချိန်ရာသီတွင် ငှားရမ်းခဲ့သည့်အတွက် အခကြေးငွေပေးရန် မေးနေခြင်းဖြစ်သည်။ ဂျွန်က

"မစ္စတာဘားရက်စ် ၅၅ ဒေါ်လာကျပါတယ်"

ဖေဖေက ၅၅ ဒေါ်လာဟု ချက်လက်မှတ်တွင်ရေးပေးလိုက်ပြီး "ကျေးဇူးတင်ပါတယ်ကွာ" ဟုတလေးတစား ပြန်ပြောလိုက်သည်။

ဖေဖေသည် ဂျွန်ကဲ့သို့အလုပ်လာလုပ်နေသည့် နောက်ထပ် လူငယ်တစ်ယောက်အား

"မိုက်ကယ် မင်းကိုရော ငါဘယ်လောက်ပေးရမလဲ" ဟု မေးလိုက်သည်။

မျက်စေ့ တစ်​​ထောက်​စာသာ

#မျက်စေ့ တစ်​​ထောက်​စာသာ
---------------------
မြင်​တတ်​သူ မဟုတ်​ပဲ . .
------------------------
မျက်​စိတစ်​ဆုံး ကြည့်​တတ်​သူ ဖြစ်​ပါ​စေ . .
------------------------------

ကိုယ်​ဟာ ဘယ်​​လောက်
အဆင်း လှသူဖြစ်​ပါ​စေ
ကျန်းမာသူဖြစ်​ပါ​စေ
ရာထူးကြီးသူ ဖြစ်​ပါ​စေ 
ချမ်းသာသူဖြစ်​ပါ​စေ
အောင်​မြင်​​ကျော်​ကြားသူ ဖြစ်​ပါ​စေ
ထိုအရာ​တွေကို ထားခဲ့ပြီး
သေသွားရမယ့်​ လူတစ်​​ယောက်​သာ
ဖြစ်​တယ်​ . .

ဆုံလည်နွား

တစ်ခါက. . . . ပေစုတ်စုတ်ကောင်လေးတစ်ယောက်ဟာ နွားပြာကြီးနဲ့အတူ ဆီဆုံမှာ ဆီကြိတ်နေသတဲ့။ ကောင်လေးက အပေါ်မှာထိုင်၊ နွားပြာကြီးကတော့ရုန်းပေါ့ ။

အဲဒီဆီဆုံနားကို ရောက်ရောက်လာတဲ့သူတွေက သူတို့ကိုယ် သူတို့ ပညာရှိယောင်ယောင် ဘာယောင်ယောင်နဲ့

"အင်း- အဲဒါကြောင့် ဆရာတော်ကြီးတစ်ပါးက ရေးတာ ၊ သွားတာသွားရ ရှေ့မရောက် ၊ ပြေးမလွတ်တဲ့ ဆုံလည်နွားလို" တဲ့။

ပိုက်ဆံကိုသုံးတတ်ကြပါစေ။

 
ပိုက်ဆံကိုသုံးတတ်ကြပါစေ။

#ပိုက်ဆံရှာရာတွင်

ဘယ်တော့မှ ဝင်ငွေတစ်ခုတည်းပေါ်မှာမရပ်တည်ပါနဲ့။
အခြားဒုတိယဝင်ငွေဝင်နိုင်အောင် ရင်းနှီးထားပါ။

လူတစ်ယောက်ဟာ ဝင်ငွေတစ်ခုထဲကို ခြေစုံပစ်ရပ်
တည်နေရင် အဲ့ဒိဝင်ငွေရပ်တန့်သွားတဲ့နေ့ ခြေမကိုင်
မိ လက်မကိုင်မိ ဖြစ်ရတတ်ပါတယ်။ ဘဝမှာလည်း
အားလုံး ဗြောင်းဆန်သွားတတ်ပါတယ်။ ဒါ့ကြောင့်
ဒုတိယဝင်ငွေရနိုင်မယ့် နည်းလမ်းကို အမြဲရှာထားပါ။

"ဘယ်နေရာကို ရောက်ချင်လဲ"

 
"ဘယ်နေရာကို ရောက်ချင်လဲ"

Rich Dad Poor Dad ရေးတဲ့ Robert Kiyosaki
ဆိုတာမိတ်ဆက်ပေးစရာမလိုလောက်အောင် လူသိ
များပြီးသားဖြစ်မယ်ထင်ပါတယ်။ သူပြောပြခဲ့တဲ့ ESBI
အကြောင်းကိုနည်းနည်းလောက် ပြန်လည်မျှဝေပါရစေ။

P.S ဒီဆောင်းပါးနဲ့ MLMဘယ်လိုမှ မပက်သက်ပါ။
ကျွန်တော်သည် MLM အားပေးသူ တစ်ယောက်
မဟုတ်ပါ။ အချို့လူများက Robert Kiyosaki ဆို
တာနဲ့ MLM ပြေးမြင်တတ်ကြလို့ ကြိုတင်အသိပေး
ထားခြင်းဖြစ်ပါတယ်။

သူတို့ ဒီလောက်အထိ စွန့်လွှတ်ခဲ့ရတယ်

 
 
သူတို့ ဒီလောက်အထိ စွန့်လွှတ်ခဲ့ရတယ်
----------------------------------------------

Deception (ဥပါယ်တံမျဉ်)က မင်းသားရဲ့ငယ်သူငယ်
ချင်း Director of photography ရဲ့အစ်ကို ရေးထား
တာပါဖတ်ကြည့်ကြပါအုံး
...
အစကတော့ ကိုယ့်ညီအရင်းက DOP လုပ်တဲ့ရုပ်ရှင်းကားမို့ ပရိုမို့ ကူလုပ်ပေးမလို့ပဲ။ ခင်တဲ့ဘော်ဒါဂရုထဲသွားပြောတော့ ကိုယ် ပရိုမို့ လုပ်စရာမလိုအောင်ကိုအဲ့ကားကို ကြည့်ဖို့စောင့်နေတဲ့သူတွေ ရှိကြောင်း..ရုပ်ရှင်ကြည့်ပရိတ်သတ်တွေကထွေလာ ကြည့်ပြီးက တည်းကကြည့်ချင်နေကြတာဖြစ်ကြောင်း ပြောပြကြတာကြောင့် ဘာမှဝင်မရေးတော့ပဲ သူတို့ ပေ့ကိုပဲရှယ်ပေးလိုက်ဖြစ်တယ်..။

Tuesday, March 20, 2018

ဆရာအောင်သင်း ပြောခဲ့သမျှ တသသ

ဆရာအောင်သင်း ပြောခဲ့သမျှ တသသ
==================

အိမ်ထောင်ပြုခြင်း

ယောင်္ကျားတစ်ယောက် အိမ်ထောင်ပြုလိုက်ခြင်းဟာ လုပ်ဆောင်ဖွယ် ကိစ္စတော်တော်များများထဲကအရေးကြီးတဲ့ ကိစ္စတစ်ခုကိုပြုလိုက်တာပဲ။
(မြန်မာတို့ရ့ဲ လူ့အဖွဲ့စည်း ပြဠာန်းချက်အရ) မိန်းမတစ်ယောက် အိမ်ထောင်ပြုလိုက်တာဟာ အရေး အကြီးဆုံး ကိစ္စတစ်ခုကို ဆောင်ရွက်လိုက်ရတာ ဖြစ်နေတယ်။

အသိပညာနှင့် ထိန်းကွပ်သောအလှ

အသက် ၂၄ နှစ်ပြည့်ပြီးနောက်ပိုင်း သင်လုံးဝမလုပ်သင့်တော့တဲ့ အရာများ

အသက် ၂၄ နှစ်ပြည့်ပြီးနောက်ပိုင်း သင်လုံးဝမလုပ်သင့်တော့တဲ့ အရာများ
*******************************
၁။ အပေါစားအ၀တ်အစားတွေဝယ်တာကို ရပ်တန့်လိုက်ပါ။

လူငယ်ဘာသာသဘာဝ ပြောင်းလဲနေတဲ့ဖက်ရှင်ရေစီးကြောင်းနဲ့အမီ သင်ဟာ ပေါ်ပင်ဖက်ရှင်တွေနောက်ကို လိုက်တဲ့လူငယ်တစ်ယောက်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အသက် ၂၄ နှစ်ကျော်ပြီဆိုရင်တော့ ပေါ်ပင်တွေနောက်ကိုမလိုက်တော့ပဲ ကိုယ်နဲ့အသင့်တော်ဆုံးအလိုက်ဖက်ဆုံးဖြစ်ပြီး လုပ်ငန်းခွင်မှာလည်း အများလေးစားခံရပြီး စတိုင်ကျတဲ့သူဖြစ်ဖို့ ကိုယ်ဝတ်ဆင်မယ့် အ၀တ်အစားတွေမှာ ရင်းနှီးမြှပ်နှံမှုကိုစတင်လိုက်ပါတော့။ တစ်လနှစ်ခါလောက် အ၀တ်အစားအသစ်တွေဝယ်ဝတ်နေမယ့်အစား အဲဒီပိုက်ဆံတွေကိုစုပြီး နှစ်လတစ်ခါလောက်မှဝယ်။ အရည်အသွေးကောင်းပြီး သင့်ကို စတိုင်ကျစေမယ့် အ၀တ်အစားမျိုးဝယ်ပါ။

အိမ်ထောင်ရေး ရှောင်ရှားနိုင်ရန်

 
အိမ်ထောင်ရေး ရှောင်ရှားနိုင်ရန်
++++++++++++++++++++++

၁။ လူရှေ့သူရှေ့ မရှောင် အိမ်ထောက်ဘက်ကို အပြစ်တင်ခြင်း

လင်နဲ့မယား လျှာနဲ့သွားပါ။ အိမ်ထောင်သက် ရလာတာနဲ့ အမျှ အထစ်အငှော့လေးတော့ ရှိတတ်ကြပါတယ်။ လူရှေ့သူရှေ့ မရှောင် တဘက်သားကို အပြစ်တင် ရန်ထောင်ရင်တော့ ရန်ပွဲ ဖြစ်လာမှာပါ။ အဲလိုရန်ဖြစ်တာ ပြဿနာကို ပြေလည်အောင် မဖြေရှင်း နိုင်တဲ့ အပြင် မီးလျှံထဲကို ဓါတ်ဆီ လောင်းလိုက်သလို ဖြစ်သွားတတ်ပါတယ်။ နောက်ဆုံးကျရင် ဘယ်သူမှ အလျှော့ ပေးလို့ မရတဲ့ အနေအထား ရောက်သွားတတ်ပြီး ပွဲသိမ်းဖို့ ခက်ခဲသွားပါတယ်။ ဒါကြောင်မို့လို့ လင်မယား မှတ်ထားရ မှာက မည်သူရဲ့ရှေ့မှာမဆို အိမ်ထောက်ဘက်ကို အပြစ်တင်မိတာမျိုး လုံးဝရှောင်ကြင်ပါ။ လက်ဝါးတဘက် ထဲ ဘယ်တော့မှ လက်ခုတ်တီးလို့ မရပါဘူး။

ပျော်ရွှင်မူ ဆိုတာ........

 
 
ပျော်ရွှင်မူ ဆိုတာ........
-------------

သင်ဖျားနာရင်
သင့်ကို ဂရုစိုက်တဲ့လူရှိတယ်။

သင်ချမ်းလာရင်...
သင့်ကို သိုင်းဖက်ထားတဲ့လူရှိတယ်။

သင်ငိုလာရင်....
သင့်ကိုချော့မော့တဲ့လူရှိတယ်။

သင်အိုလာရင်......
သင့်ကို အဖေါ် ပြုမဲ့သူရှိတယ်။

ဘာလို့ စိတ်ကို ထိန်းချုပ်တတ်ဖို့လိုတာလဲ?

 
 
ဘာလို့ စိတ်ကို ထိန်းချုပ်တတ်ဖို့လိုတာလဲ?

ဒီနှစ်ပိုင်းတွေ အတွင်း ကျွန်တော်တိုးတက်လာတာ
လေးတစ်ခုက Emotional အရမ်း မဖြစ်တော့တဲ့
အချက်ပါ။ အရင်က တစ်ခုခုဆို တုန့်ပြန်တာအရမ်း
မြန်ပြီး ခံစားလွယ်တတ်ပါတယ်။ အခုလည်း ၁၀၀%
ထိန်းချုပ်နေနိုင်ပြီလို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့်
တော်တော်လေးတော့ တိုးတက်လာပါတယ်။ အရင်
တုန်းကဆို Facebook ပေါ်မှာ ပို့စ်တွေတင်တာလည်း
ခဏခဏပဲ၊ စိတ်ထဲရှိတာတွေ အကုန်အမြဲထုတ်ဖော်
နေလေ့ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီအရာတွေက
ဘာကောင်းကျိုးမှ မပေးခဲ့ပါဘူး။ ကိုယ့်ဒေါသတွေ
လည်း သူများဆီကူးစက်ပါတယ်။ ကိုယ့်အတွက်လည်း
မကောင်းတဲ့အလေ့အကျင့် တစ်ခု ဖြစ်လာခဲ့ပါတယ်။

အလုပ်မရသေးတဲ့အချိန် ဘာတွေပြင်ဆင်ထားသင့်သလဲ...

 
 
အလုပ်မရသေးတဲ့အချိန် ဘာတွေပြင်ဆင်ထားသင့်သလဲ...

ပထဝီနဲ့ပဲ ဘွဲ့ရရ၊ ကွန်ပျူတာနဲ့ပဲ ဘွဲ့ရရ၊ Law နဲ့ပဲ ဘွဲ့ရရ
ထိုဘွဲ့ရ လူငယ်လေးတွေ သူတို့ရထားတဲ့ဘွဲ့နဲ့မသက်ဆိုင်
တဲ့ အလုပ်တွေပဲ လျှောက်ကြရတာများပါတယ်။ သူတို့
ယူခဲ့တဲ့ဘွဲ့တွေနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အလုပ်ကလည်း
မရှိသလောက် ရှားပါးလာပါတယ်။ တစ်ခါတစ်လေ ကိုယ်
ယူခဲ့တဲ့ဘွဲ့နဲ့ ကိုယ်လုပ်နေတဲ့ အလုပ် ဘာမှကို မပတ်သက်
ပဲဖြစ်နေတတ်ပါတယ်။ အသက်မွေးဝမ်းကြောင်းတွေကို
သေချာ သင်ပေးမယ့် တက္ကသိုလ်တွေ မရှိခြင်းရဲ့ ဘေးထွက်
ဆိုးကျိုးပါ။ ထားပါတော့ ဒါက ကိုယ်ပြင်လို့လည်းရတဲ့အရာ
မဟုတ်ဘူး။ ဒီတော့ ကိုယ်ဘာတွေ ပြင်လို့ရမလဲ စဉ်းစား
ရတော့မယ်။ မိမိက ဘဝမှာသူများတွေထက်ပိုအောင်မြင်
ချင်ပြီး ရည်မှန်းချက်ကြီးမားသူဆိုရင်တော့ အခုထဲက Plan
ချပြီး ကြိုးစားရမှာဖြစ်ပါတယ်။

Monday, March 12, 2018

စိုင်းထီးဆိုင်၏ ရတနာနှင့် ခေါင်းစီးတေးများ-Sai Htee Saing

01.အချစ်ဖိတ်စာ
02.ဘဝမီးအိမ်
03.ရေဒီယိုကမာရွတ်
04.နွေရာသီ
05.ဝေးနေချိန်
06.စိတ္တဇအလွမ်း
07.နွေနံနက်ခင်း
08.အားလုံးကိုပျော်စေချင်သူ
09.လူကြမ်းမင်းသား
10.လေညာအရပ်ကအချစ်
11.ရတနာ
12.စိုင်းထီးဆိုင်၏ ရတနာနှင့် ခေါင်းစီးတေးများ

Friday, March 9, 2018

ခြင်္သေ့စိတ်ဓါတ်နဲ့ Plan-B

----------------- ခြင်္သေ့စိတ်ဓါတ်နဲ့ Plan-B -----------------

ဒီမေးခွန်းကတော့ မြန်မာနိုင်ငံက လူငယ်တော်တော်များများရဲ့ ရင်ထဲမှာ ရှိနေတဲ့ မေးခွန်းတစ်ခုပါ။

‘ကိုယ့်ကိုယ်ကိုယ် ဘာဝါသနာပါမှန်း မသိတဲ့ လူငယ်တွေ၊ သိလည်း ကိုယ့်ဝါသနာကို အကောင်အထည်ဖော်လို့ မရတဲ့ လူငယ်တွေ ဘာလုပ်သင့်ပါသလဲ’ တဲ့။

ကျွန်တော်တို့ဆီမှာ မိဘတွေရဲ့ အုပ်ထိန်းမှု၊ ကျောင်းက ဆရာဆရာမတွေရဲ့ လမ်းညွှန်မှုဟာ ဘယ်ကိုပဲ အဓိကဦးတည်လဲဆိုရင် စာမေးပွဲမှာ အမှတ်များဖို့နဲ့ ဆယ်တန်းအောင်တဲ့အခါ တက္ကသိုလ်ကောင်းကောင်းတက်ရဖို့ပါပဲ။ ကလေး ဘာဝါသနာပါတယ်ဆိုတာကို ထုတ်ဖော်ဖို့ အားမပေးတတ်ကြဘူး။ အဲဒီအပြင် ပိတ်ပင်ခံရတာတွေတောင် ရှိပါတယ်။ ဒီအရွယ်မှာ အပြင်စာတွေမဖတ်နဲ့၊ ဘောလုံးချည်းပဲ ကန်နေတာပဲ၊ စသဖြင့် ကျောင်းစာမှာ အမှတ်နည်းမှာစိုးတာကြောင့် ကန့်သတ်ချုပ်ချယ်ကြတာတွေ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်ကလည်း ဒီလိုဖြစ်အောင် ဖန်တီးပေးထားတာကိုး။

``စိတ်​ညစ်​​နေတိုင်း ဖတ်​´´

``စိတ်​ညစ်​​နေတိုင်း ဖတ်​´´

မချစ်​ပါနဲ့...
မချစ်​သင့်​တဲ့ လူကို မချစ်​ပါနဲ့။

မ​မေ့ပါနဲ့...
မေ့ပစ်​သင့်​တဲ့ လူ​တွေကို ​မေ့ပစ်​နိုင်​ဖို့။

မလွမ်းပါနဲ့...
မလွမ်းသင့်​တဲ့ လူကို ဘယ်​​တော့မှ မလွမ်းနဲ့။

လူ​တိုင်းက ကိုယ့်​စိတ်​နဲ့ နှိုင်းပြီး ဘယ်​​တော့မှ မယုံကြည်​နဲ့
-လူတိုင်းက ကိုယ့်​စိတ်​လို့ မဟုတ်​ကြဘူး။

ပြင်​လိုက်​ပါ...
👉အားငယ်​တတ်​တဲ့ အကျင့်​ကိုပြင်​။
👉လူတိုင်းကို ယုံလွယ်​တဲ့ အကျင့်​ကိုပြင်​။
👉သင့်​ကိုသင်​ မယုံကြည်​တဲ့ အကျငိ့ကိုပြင်​။
👉​တွေးပြီး ၀မ်းနည်းတတ်​တဲ့ အကျင့်​ကိုပြင်​။
👉စိုးရိမ်​စိတ်​များတဲ့ အကျင့်​ကိုပြင်​ပါ။

အောင်မြင်ချင်ရင် ဒါတွေကိုရပ်လိုက်ပါ..

အောင်မြင်ချင်ရင် ဒါတွေကိုရပ်လိုက်ပါ..
==========================
သင့်အနေနဲ့ အောင်မြင်ချင်တယ်ဆိုရင် ဒီအမူအကျင့်လေးတွေကို ရပ်တန့်ပစ်ဖို့လိုပါလိမ့်မယ်။ ဒီအကျင့်လေးတွေက မသိမသာတစ်မျိုး၊
သိသိသာသာတစ်ဖုံနဲ့ သင့်ရဲ့အောင်မြင်မှုတွေကို အနှောင့်အယှက်ပေးပါလိမ့်မယ်
.
(၁) ပြီးပြည့်စုံချင်တဲ့အကျင့်။
ပြီးပြည့်စုံချင်တာ ကောင်းတဲ့အကျင့်လား၊ မကောင်းတဲ့အကျင့်လားဆိုတာ ဝေခွဲရခက်ပါတယ်။ တစ်ခါတစ်လေမှာ ပြီးပြည့်စုံချင်လွန်းတာကြောင့်
အလုပ်မတွင်တာမျိုးတွေ ရှိပါတယ်။ ဒါ့အပြင် လူတိုင်း ပြီးပြည့်စုံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကို လက်ခံရပါမယ်။ ဒီတော့ အကောင်းဆုံးကြိုးစားပါ။
ဒီ့ထက်ပိုပြီးတော့ ပြီးပြည့်စုံစရာမလိုပါဘူး။ အကောင်းဆုံးကြိုးစားဖို့သာ သေချာပါစေ။

ဆရာကြီးဦးအောင်သင်းရဲ့ ကျွန်တော်အကြိုက်ဆုံးထဲက အကြိုက်ဆုံးစကား

ဆရာကြီးဦးအောင်သင်းရဲ့
ကျွန်တော်အကြိုက်ဆုံးထဲက အကြိုက်ဆုံးစကား

လူနဲ့တိရစ္ဆာန်ဘယ်သူသာလဲမေးရင်
လူကသာတယ်လိုပဲဖြေကြတယ်
စဉ်းစားကြည့်ရအောင်
မြင်းလောက်အပြေးသန်သလား?
ဆင်လောက်ခွန်အားကြီးသလား?
ငါးလောက်ရေကူးကျွမ်းသလား?
ကျီးကန်တို့လဒတို့လောက်မျက်စိလျှင် လား?
အယ်ဇေးရှင်းခွေးလောက်အနံ့ခံကောင်းလား?
ကျွန်တော်တို့က အဖွဲ့အစည်းနဲ့ဘာနဲ့ညာနဲ့
စည်းလုံးတယ် ဘာညာနဲ့မပြောနဲ့
ပျားတွေလောက်မစည်းလုံးဘူးနော်
ပျားတွေဟာသိပ်ဝီရိယကောင်းတယ

အစွမ်းအစ

အစွမ်းအစ
~~~~~~~
မိမိကိုယ်ကို မိမိသာ အားထားစ၇ာ ဖြစ်ပါစေ။
မိတ်ဆွေတို့မှာ ခန္ဓာကိုယ်အင်အားတွေ ၇ှိတယ်။
စိတ်ဓာတ်အင်အားတွေ၇ှိတယ်။ အသိဥာဏ်အင်အားတွေ ၇ှိတယ်။
အဲဒီအင်အားတွေကို ကောင်းတဲ.နေ၇ာမှာ အပြည်.အ၀ အသုံးပြုနေရမယ်။ သုံးနေ၇င် ထွက်နေမယ်။ မသုံးဘဲထားလို့ ကြာရင်မထွက်
တော.ဘူး။

သိမ်းငှက်တစ်ကောင်မှရရှိသော ဘဝအတွက် သင်ခန်းစာ ၇ မျိုး

သိမ်းငှက်တစ်ကောင်မှရရှိသော ဘဝအတွက် သင်ခန်းစာ ၇ မျိုး

၁) သိမ်းငှက်တွေဟာ အမြင့်ပေပေါင်းများစွာဝေဟင်ထဲမှာ တစ်ကောင်ထဲပျံသန်းကြပါတယ်။
သင့်ရောက်နေတဲ့ နေရာကနေ အောက်ကိုဆွဲချစေမဲ့ သာမာန်စိတ်အခြေအနေ ရှိတဲ့ လူမျိုးတွေကို ရှောင်ပါ။ မိမိကိုမြှင့်တင်ပေးမဲ့ မိတ်ဆွေတွေပဲ အနားမှာထားပါ။