တစ်ခါက. . . . ပေစုတ်စုတ်ကောင်လေးတစ်ယောက် ဟာ နွားပြာကြီးနဲ့အတူ ဆီဆုံမှာ ဆီကြိတ်နေသတဲ့။ ကောင်လေးက အပေါ်မှာထိုင်၊ နွားပြာကြီးကတော့ရုန်းပေါ့ ။
အဲဒီဆီဆုံနားကို ရောက်ရောက်လာတဲ့သူတွေက သူတို့ကိုယ် သူတို့ ပညာရှိယောင်ယောင် ဘာယောင်ယောင်နဲ့
"အင်း- အဲဒါကြောင့် ဆရာတော်ကြီးတစ်ပါးက ရေးတာ ၊ သွားတာသွားရ ရှေ့မရောက် ၊ ပြေးမလွတ်တဲ့ ဆုံလည်နွားလို" တဲ့။
အဲဒီစကား ကြားစ တုန်းကတော့ နွားပြာကြီး တော်တော်စိတ်ဆိုးသတဲ့ .....
စိတ်ဆိုးတဲ့ မျက်လုံးကြီးတွေနဲ့လည်း လှမ်းလှမ်းကြည့်သတဲ့ ။
ချိုနဲ့ ဗိုက်ကိုကော်လိုက်ရရင် ဗိုက်ပေါက်တော့မယ်လို့လည်း ကြုံးဝါးနေသတဲ့ ။ ဒါပေမယ့် ကြာလာတော့ စိတ်မဆိုးတဲ့ အပြင် လူတွေကို သနားလို့တောင်လာသတဲ့။ ပြီးတော့ ရယ်ချင်စိတ်လေးနည်းနည်းပေါက်လာတာနဲ့
"၀မ်းထရိမ်း" လို့ကောက်ရယ်လိုက်သတဲ့။
နွားကြီးရယ်တာကို သိလိုက်တဲ့ကောင်လေးက
"သူငယ်ချင်း - ဘာတွေသဘောကျပြီး ရယ်နေတာလဲ"
"လူတွေကိုသနားလို့ပါကွာ ၊ ပြီးတော့ ဘာမှနားမလည်ပဲ လျှောက်လျှောက်ပြောနေကြပါလားလို့
စဉ်းစားမိလို့ပါ။ စဉ်းစားကြည့်လေကွာ၊ ဆုံလည်နွား ရှေ့မရောက်တာ
လူတိုင်းသိတဲ့ ကိစ္စပဲ။ နွားသာဖြစ်တာ ၊ ငါကမာနကြီးတယ် ။ လူတိုင်းသိတဲ့
ကိစ္စမျိုး သိပ်ပြောချင်တာ မဟုတ်ဘူး။ လူတွေမသိတာက ရှေ့မရောက်ပေမယ့်
ဆီထွက်တယ်လေကွာ၊ ဆီဆုံဆိုတာ ဆီထွက်ဖို့။ ရှေ့ရောက်ဖို့ မဟုတ်ဘူးလေ။" လို့
ရှင်းပြသတဲ့။
"စိတ်မရှိပါနဲ့ကွာ၊ သူတို့မသိလို့ပါ၊ သူတို့သာ 'ဆုံလည်နွား' စကားလုံးနဲ့ ဆုံလည်နေကြတာ။ ဆီလည်းမထွက်ဘူး။
တံတွေးတွေပဲထွက်တယ် ၊ ရွံစရာကြီးကွာ။ " လို့ပြောတော့ နွားပြာကြီးက အားရပါးရ ရယ်သတဲ့။
"၀မ်းထရိမ်း"
Credit to Original Writer
အဲဒီဆီဆုံနားကို ရောက်ရောက်လာတဲ့သူတွေက သူတို့ကိုယ် သူတို့ ပညာရှိယောင်ယောင် ဘာယောင်ယောင်နဲ့
"အင်း- အဲဒါကြောင့် ဆရာတော်ကြီးတစ်ပါးက ရေးတာ ၊ သွားတာသွားရ ရှေ့မရောက် ၊ ပြေးမလွတ်တဲ့ ဆုံလည်နွားလို" တဲ့။
အဲဒီစကား ကြားစ တုန်းကတော့ နွားပြာကြီး တော်တော်စိတ်ဆိုးသတဲ့ .....
စိတ်ဆိုးတဲ့ မျက်လုံးကြီးတွေနဲ့လည်း လှမ်းလှမ်းကြည့်သတဲ့ ။
ချိုနဲ့ ဗိုက်ကိုကော်လိုက်ရရင် ဗိုက်ပေါက်တော့မယ်လို့လည်း ကြုံးဝါးနေသတဲ့ ။ ဒါပေမယ့် ကြာလာတော့ စိတ်မဆိုးတဲ့ အပြင် လူတွေကို သနားလို့တောင်လာသတဲ့။ ပြီးတော့ ရယ်ချင်စိတ်လေးနည်းနည်းပေါက
"၀မ်းထရိမ်း" လို့ကောက်ရယ်လိုက်သတဲ့။
နွားကြီးရယ်တာကို သိလိုက်တဲ့ကောင်လေးက
"သူငယ်ချင်း - ဘာတွေသဘောကျပြီး ရယ်နေတာလဲ"
"လူတွေကိုသနားလို့ပါကွာ ၊ ပြီးတော့ ဘာမှနားမလည်ပဲ လျှောက်လျှောက်ပြောနေကြပါလာ
"စိတ်မရှိပါနဲ့ကွာ၊ သူတို့မသိလို့ပါ၊ သူတို့သာ 'ဆုံလည်နွား' စကားလုံးနဲ့ ဆုံလည်နေကြတာ။ ဆီလည်းမထွက်ဘူး။
တံတွေးတွေပဲထွက်တယ် ၊ ရွံစရာကြီးကွာ။ " လို့ပြောတော့ နွားပြာကြီးက အားရပါးရ ရယ်သတဲ့။
"၀မ်းထရိမ်း"
Credit to Original Writer
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။