ဘဝဆိုတာ အခက်ခဲဆုံး စာမေးပွဲတစ်ခုပါ ။ ။
လူအများစု ဘဝစာမေးပွဲကို
ကျရတဲ့အကြောင်းအရင်းက
တစ်ဦးချင်းစီမှာ မတူညီတဲ့မေးခွန်းလွှာရှိတာကို
မသိပဲ အခြားတစ်ဦးဆီက ကူးယူဖို့
ကြိုးစားလို့ပါပဲ။
ငယ်ငယ်တုန်းက စာမေးပွဲတွေ
ဖြေတဲ့အခါ ကိုယ်စာမရတဲ့ အလှည့်ဆိုရင်
ဘေးကလူဆီက အရမ်းကြည့်ချင်မိတယ်။
တစ်ခါတစ်လေ ချွေးပျံနေတဲ့အချိန်
သူငယ်ချင်းကလည်း မပြရင်
ထတောင် လုပစ်လိုက်ချင်တယ်။
အဲ့ဒီအချိန်တုန်းက
အဲ့ဒီစာမေးပွဲလေးတွေကို
အခက်ဆုံးလို့ ထင်ခဲ့တာပေါ့။
တကယ်အသက်ကြီးလာတဲ့အချိန်ကျမှ
ဘဝဆိုတဲ့စာမေးပွဲကြီးကသာ
အခက်ခဲဆုံးဆိုတာ
သဘောပေါက်လာရတယ်။
ပြီးတော့ ငယ်ငယ်တုန်းကလို
သူများဆီက လှမ်းကြည့်လို့ မရမှန်းသိလာတယ်။
ကျွန်တော်တို့ ရထားတဲ့
မေးခွန်းလွှာတွေ မတူကြဘူး။
ကျွန်တော်တို့မေးခွန်းစာရွက်ပေါ်က
ခက်ခဲမှုတွေကလည်း
တစ်ယောက်နဲ့ တစ်ယောက်မတူညီကြဘူး။
အချို့လူတွေရဲ့ ဘဝက ခက်ခဲကြမ်းတမ်းပြီး
အချို့လူတွေက လွယ်ကူကြတယ်။
အရင်တုန်းကဆို
ဟိုလူ့ကိုဖြစ်ချင်၊ ဒီလူလို့ ဖြစ်ချင် နဲ့
အရမ်း စိတ်ပင်ပန်းဖူးတယ်။
အခုနောက်ပိုင်းတော့
မိမိရဲ့ မေးခွန်းလွှာက
ခြားနားနေမှန်းသဘောပေါက်လာတဲ့အတွက်
မိမိမေးခွန်းလွှာကို
မိမိဘာသာအာရုံစိုက်ပြီး
အဖြေရှာရတာကို ပိုစိတ်ဝင်စားလာတယ်။
သူများတွေ လုပ်တိုင်းလိုက်မလုပ်ဖြစ်တော့ဘူး။
သူများတွေရဲ့ အဖြေတွေလည်း
သိပ်စိတ်မဝင်စားဖြစ်တော့ဘူး ။
ကိုယ့်ဘာသာပဲ
တိတ်တိတ်လေး ကြိုးစားရင်းနေပျော်လာတယ်။
ခက်တဲ့မေးခွန်းတွေကိုလည်း
စိတ်လှုပ်ရှားဖွယ်ရာတစ်ခုအေ နနဲ့
ရင်ဆိုင်တတ်လာတယ်။
ကောင်းမွန်တဲ့နေ့ရက်တွေက
ပျော်ရွှင်မှုတွေလက်ဆောင်ပေးတ ယ်။
ဆိုးရွားတဲ့နေ့ရွက်တွေက
အတွေ့အကြုံတွေကိုလက်ဆောင်ပေးတယ်။
အဆိုးရွားဆုံးနေ့ရက်တွေကြောင့်
သင်ခန်းစာတွေရခဲ့တယ်။
အကောင်းဆုံးနေ့ရက်တွေကြောင့် 
အပျော်ရွှင်ဆုံးအမှတ်တရလေးတွေ ရရှိခဲ့တယ်။
ကိုယ့်မေးခွန်းလွှာလေးနဲ့ ကိုယ်ပျော်တတ်လာခဲ့ပါပြီ။
Credit:မိုးရှင်း (I.M.T)
လူအများစု ဘဝစာမေးပွဲကို
ကျရတဲ့အကြောင်းအရင်းက
တစ်ဦးချင်းစီမှာ မတူညီတဲ့မေးခွန်းလွှာရှိတာကိ
မသိပဲ အခြားတစ်ဦးဆီက ကူးယူဖို့
ကြိုးစားလို့ပါပဲ။
ငယ်ငယ်တုန်းက စာမေးပွဲတွေ
ဖြေတဲ့အခါ ကိုယ်စာမရတဲ့ အလှည့်ဆိုရင်
ဘေးကလူဆီက အရမ်းကြည့်ချင်မိတယ်။
တစ်ခါတစ်လေ ချွေးပျံနေတဲ့အချိန်
သူငယ်ချင်းကလည်း မပြရင်
ထတောင် လုပစ်လိုက်ချင်တယ်။
အဲ့ဒီအချိန်တုန်းက
အဲ့ဒီစာမေးပွဲလေးတွေကို
အခက်ဆုံးလို့ ထင်ခဲ့တာပေါ့။
တကယ်အသက်ကြီးလာတဲ့အချိန်ကျမ
ဘဝဆိုတဲ့စာမေးပွဲကြီးကသာ
အခက်ခဲဆုံးဆိုတာ
သဘောပေါက်လာရတယ်။
ပြီးတော့ ငယ်ငယ်တုန်းကလို
သူများဆီက လှမ်းကြည့်လို့ မရမှန်းသိလာတယ်။
ကျွန်တော်တို့ ရထားတဲ့
မေးခွန်းလွှာတွေ မတူကြဘူး။
ကျွန်တော်တို့မေးခွန်းစာရွက
ခက်ခဲမှုတွေကလည်း
တစ်ယောက်နဲ့ တစ်ယောက်မတူညီကြဘူး။
အချို့လူတွေရဲ့ ဘဝက ခက်ခဲကြမ်းတမ်းပြီး
အချို့လူတွေက လွယ်ကူကြတယ်။
အရင်တုန်းကဆို
ဟိုလူ့ကိုဖြစ်ချင်၊ ဒီလူလို့ ဖြစ်ချင် နဲ့
အရမ်း စိတ်ပင်ပန်းဖူးတယ်။
အခုနောက်ပိုင်းတော့
မိမိရဲ့ မေးခွန်းလွှာက
ခြားနားနေမှန်းသဘောပေါက်လာတ
မိမိမေးခွန်းလွှာကို
မိမိဘာသာအာရုံစိုက်ပြီး
အဖြေရှာရတာကို ပိုစိတ်ဝင်စားလာတယ်။
သူများတွေ လုပ်တိုင်းလိုက်မလုပ်ဖြစ်တေ
သူများတွေရဲ့ အဖြေတွေလည်း
သိပ်စိတ်မဝင်စားဖြစ်တော့ဘူး
ကိုယ့်ဘာသာပဲ
တိတ်တိတ်လေး ကြိုးစားရင်းနေပျော်လာတယ်။
ခက်တဲ့မေးခွန်းတွေကိုလည်း
စိတ္လႈပ္ရွားဖြယ္ရာတစ္ခုုအေ
ရင်ဆိုင်တတ်လာတယ်။
ကောင်းမွန်တဲ့နေ့ရက်တွေက
ပျော်ရွှင်မှုတွေလက်ဆောင်ပေးတ
ဆိုးရွားတဲ့နေ့ရွက်တွေက
အတွေ့အကြုံတွေကိုလက်ဆောင်ပေ
အဆိုးရွားဆုံးနေ့ရက်တွေကြေ
သင်ခန်းစာတွေရခဲ့တယ်။
အကောင်းဆုံးနေ့ရက်တွေကြောင်
အပျော်ရွှင်ဆုံးအမှတ်တရလေးတေ
ကိုယ့်မေးခွန်းလွှာလေးနဲ့ ကိုယ်ပျော်တတ်လာခဲ့ပါပြီ။
Credit:မိုးရှင်း (I.M.T)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။