မိခင်တစ်ဦး၏ ပညာရေးအမြင်
++++++++++++++++++
သား : မေမေ၊ သားအိပ်မပျော်ဘူး၊ မေမေနဲ့ စကားပြောလို့ရမ လား၊
မေမေ : ရတာပေါ့ သားရယ်၊ ပြောလေ၊
သား : မေမေ သားရတဲ့ အမှတ်နဲ့ အဆင့်အပေါ် ကျေနပ်မူ ရှိရဲ့ လား၊
မေမေ : သားကော သားရတဲ့ အမှတ်တွေအပေါ် ကျေနပ်မူ ရှိရဲ့ လား၊
သား : မဆိုးပါဘူး၊ ကိုယ့်ကိုယ်ကို တော့ ယုံကြည်မူရှိပါတယ်။
မေမေ : ကိုယ့်ကိုယ်ကို ယုံကြည်မူရှိခြင်းဟာ ရတဲ့ အမှတ်နဲ့
အဆင့်တွေထက် အများကြီး အရေးကြီးတယ်။
သား : ဒါဆိုရင် မေမေက သားရတဲ့ အမှတ်တွေအပေါ် တကယ် အလေးမထားဘူးပေါ့၊
မေမေ : အလေးမထားပါဘူး၊ သားစဉ်းစားကြည့်လေ၊ မေမေဘယ်တုန်းက သားရတဲ့ အမှတ်နဲ့ အဆင့်တွေကို အလေးထားဖူးလို့လဲ၊
သား : ထားဖူးတာပေါ့၊ သားမူလတန်းတုန်းက အိမ်စာလုပ်တာ ပေါ့ဆမိလို့ မေမေက တအားစိတ်ဆိုးပြီး စုတ်ဖြဲ ပစ်တာလေ၊
မေမေ : အဲဒါက သားရဲ့ လေ့လာသင်ကြားမူ အပေါ် ထားတဲ့ သဘောထားကို အလေးထားတာ၊ ပညာသင်တယ်ဆိုတာ၊ အတန်းထဲမှာပဲ ဖြစ်ဖြစ်၊ အိမ်မှာ အိမ်စာလုပ်တာပဲ ဖြစ်ဖြစ်၊ စိတ်ရောကိုယ်ပါ ထဲထဲဝင်ဝင် အလေးထားပြီးလုပ်ရတယ်။ ပေါ့ဆရင် ပြသနာတက်မှာပဲ၊ ပြီးစလွယ် စိတ်ဓါတ်မျိုးကို မေမေလုံးဝလက်မခံနိုင်ဘူး၊
သား : မေမေမှန်ပါတယ်။ သားအလယ်တန်းရောက်တော့ သားအတန်းထဲမှာရှိတဲ့ အပြုအမူတွေကို မေမေအရမ်း ဂရုပြုတာကျတော့ကော၊
မေမေ : အဲဒါက သားပညာသင်ကြားတဲ့ စာရိတ္တကို အလေးထားတာ၊ ကျောင်းသားတစ်ဦးဟာ အတန်းကို မလေးစားဘူး၊ ဆရာကို မလေးစားဘူးဆိုရင် ပညာကို မလေးစားတာနဲ့ အတူတူပဲ၊ ပညာမှမလေးစားရင် သားဘယ်လို ပညာတတ်ဖြစ်နိုင်တော့မှာလဲ၊ ပညာရဲ့ အကျိုးကိုဘယ်လို ခံစားမိနိုင်တော့မှာလဲ၊
သား : သားနားလည်ပြီ၊ သားအခုဆို အထက်တန်းတက်ရတော့မယ်။ အဲဒီအခါမှာ မေမေက သားရဲ့ အမှတ်တွေကို ဂရုပြုတော့မှာ၊ ဆယ်တန်း
အမှတ်က တက်မဲ့လိုင်း( ဘာသာရပ် )ကိုဆုံးဖြတ်မှာလေ၊
မေမေ : ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင်
မေမေဒီလောက်အလေးမထားဘူး၊ မေမေက သားပညာသင်ကြားတဲ့ အရည်အသွေးကိုပဲ
အလေးထားတာ၊ ပညာသင်တဲ့ အရည်အသွေးဆိုတာ ကိုယ့်ကိုယ်ကို ပညာရှာဖွေတတ်တဲ့
အလေ့အကျင့်နဲ့ ဘာသာရပ်ထဲကို ထဲထဲဝင်ဝင် နက်နက်နဲနဲ သိအောင် လေ့လာတတ်တာကို
ဆိုလိုတယ်။ အဲဒီ အရည်အသွေးဟာ သားရဲ့ ပညာသင်ကြားသင်ကြားမူကို
ပိုမိုပျော်ရွှင်စေတယ်။ ပိုမိုလည်း ထိရောက်စေတယ်။
သား : သားတက္ကသိုလ်ရောက်ရင် မေမေသားရဲ့ အမှတ်နဲ့ အဆင့်တွေကို ပိုတောင်မှ အလေးထားတော့မှာ မဟုတ်ဘူး၊ တက္ကသိုလ် ရောက်ရင် လွတ်လပ်ပြီ၊ ပျော်စရာကောင်းပြီလို့ သူများပြောတာ ကြားဖူးတယ်။
မေမေ : မဟုတ်ဘူးသား၊ သားတက္ကသိုလ် တကယ်တက်မယ်ဆိုရင် အမေက သားရတဲ့ အဆင့်နဲ့ အမှတ်တွေကို အလေးထားတော့မှာ၊ သားစဉ်းစားကြည်လေ၊ အခြားသူများ အပျော်အပါး နောက်လိုက်နေတဲ့ အချိန်မှာ မေမေ့သားက ပညာသင်တဲ့ အခွင့်အရေးကို အပြည့်အ၀ အသုံးချနိုင်တာ၊ သားကိုယ့်စိတ်ကို ကိုယ်ထိန်းနိုင်တာ၊ မေမေအလေးထားတာပေါ့၊
သား : သားနားလည်ပြီ၊ မေမေက မူလတန်းမှာဆိုရင် ပညာဆည်းပူးတဲ့ စိတ်သဘောထား၊ အလယ်တန်းမှာဆိုရင် ပညာဆည်းပူးတဲ့ စာရိတ္တ၊ အထက်တန်းရောက်တော့ ပညာဆည်းပူးတဲ့ အရည်အသွေး၊ တက္ကသိုလ်ရောက်တော့ ပညာဆည်းပူးတဲ့ ရမှတ်နဲ့ အဆင့်တွေကိုအလေးထားတာ၊
မေမေ : မေမေသား လေးလေးနက်နက် သိမြင်တာ တော်တော်မြန်တာပဲ၊ တကယ်လို့ သားကကျောင်းပြီးလို့ ပြင်ပလောကကို ရောက်သွားတဲ့ အခါကျရင် မေမေ့သားကပညာဥာဏ်အပြည့်နဲ့ ရွေးချယ်တတ်သလားဆိုတာကို မေမေ ပို အလေးထားတယ်။ ကိုယ့် လုပ်ရမဲ့အလုပ်ကို ရွေးချယ်ရမယ်၊ ကိုယ့်အချစ်ကို ရွေးချယ်ရအုန်းမယ်။ ဘ၀ကံကြမ္မာဆိုတာ ရွေးချယ်မူ အပေါ် အများကြီး မူတည်တာ၊ ဘ၀ဆိုတာ ရွေးချယ်မူလို့တောင် ပြောလို့ရတယ်။
သား : အဲဒါတွေ အဝေးကြီး လိုပါသေးတယ်။ သား အဲဒါတွေကို မစဉ်းစားချင်သေးဘူး၊
မေမေ : အေးအေးဆေးဆေးပေါ့သားရယ်၊ ဒါပေမဲ့ မေမေ စကားလုံးလက်ဆောင်ပေးလိုက် ချင်တယ်။ “ အမျော်အမြင်”တဲ့၊ အမျော်အမြင်ဆိုတာ ရှိရတယ်။ အဝေးကို မျော်ကြည့်ပြီး တွေးမြင်ကြည့်ရတဲ့သဘော၊
သား : ဟင်းဟင်း၊ မေမေကတော့ ထွင်ပြီ၊ စကားလုံးကို လိုသလို
ဆွဲသုံးပြီ၊
မေမေ : လိုသလို စကားလုံးထွင်ပြီး အဓိပ္ဗါယ်ဖွင့်တာမဟုတ်ဘူး၊ သားပြန်စဉ်းစားကြည့်၊ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက အိုင်ဘက် ပေါ် ခါစတုန်းက သားက အဲဒါလိုချင်တော့ အော်ငိုပြီး ပွဲကြမ်းတာလေ၊ မေမေက အမျော်အမြင်ရှိလို့ သားဘယ်လောက်ပဲ ကြမ်းကြမ်း ၀ယ်မပေးခဲ့ဘူး၊ အခုသားအရွယ်တူတွေနဲ့ ယှဉ်ကြည့်လိုက်၊ သားသိပ်ပြီး ဂဏှာမငြိမ် မဖြစ်ဘူး၊ အဲဒါ သားကို ဂိမ်းပေးမဆော့ခဲ့တာနဲ့ အများကြီး သက်ဆိုင်တယ်။ အခုလည်း ဒီ လိုပဲ၊ သားက အမျော်အမြင်ရှိရှိနဲ့ အနာဂတ် ဆယ်နှစ်အတွက် ရည်ရွယ်ချက်ထားရမှာ၊ မေမေဖြစ်စေချင်တာက သားက သူများထက် ပိုတော်ရမှာ မဟုတ်ဘူး၊ သားထက် သားအမြဲတမ်းပိုထူးချွန်အော င်
ကြိုးစားနေစေချင်တာ၊ သားအမြဲတမ်းပဲ အကောင်းမြင်တတ်မယ်၊
အပြုသဘောဆောင်တဲ့ဘက်ကနေပဲ စဉ်းစားတွေးခေါ်မယ်။ အနာဂတ်မှာ ဘာနဲ့ပဲ ကြုံတွေ့ရ
ကြုံတွေ့ရ သားရင်ဆိုင်သွားနိုင်မှာပါ။
သား : ည ( ၁၂ ) နာရီတောင် ထိုးတော့မှာ၊ သားအိပ်ချင်ပြီ၊ သားသွားအိပ်တော့မယ်။ ဂွတ်နိုက် မေမေ၊
မေမေ : ဂွတ်နိုက်ပါ သား၊
သားဖြစ်သူ မိနစ်ပိုင်းအတွင်းမှာပင် အိပ်ပျော်သွားပါတယ်။ မေမေ အိပ်မပျော်တော့ပါ။ ကောင်းပါတယ်လေ၊ အဲဒီ အိပ်မပျော်တဲ့ ပီတိပျော်ရွှင်မူကို မိခင်တစ်ယောက် ခံစားကြည့်ရတာပေါ့။
ပြန်လည် သုံးသပ်ချက် : ပညာရေး အလေးထားမူမှာ
မူလတန်းမှာ ပညာသင်ကြားတဲ့ သဘောထား၊
အလယ်တန်းမှာ စာရိတ္တ၊
အထက်တန်းမှာ အရည်အသွေး၊
တက္ကသိုလ်မှာ ကောင်းမွန်တဲ့ အောင်မှတ်၊
ပြင်ပလောက ရောက်သွားရင် ရွေးချယ်မူ၊
အားလုံး အစီအစဉ် အတိုင်း ဖြစ်သင့်ပါတယ်။ ပြောင်းပြန်လုံးဝ မဖြစ်သင့်ပါ။ ပညာသင်ကြားတဲ့ လမ်းခရီးမှာ လမ်းပြောင်းပြန် မရှိလို့ပါ။
နောက်တစ်ချက်က မိဘများရဲ့ လမ်းညွန်မူ ဟာ လည်း အထူးအရေးပါပါတယ်။ မိဘများရဲ့ ပုခက် တွန်းတဲ့လက်ချောင်းဟာ သားသမီးများရဲ့ ကမ္တာကြီးကို လမ်းညွန်တဲ့လက်ချောင်းတွေလည်း ဖြစ်သွားနိုင်ပါကြောင်း။
Ref: WeChat
++++++++++++++++++
သား : မေမေ၊ သားအိပ်မပျော်ဘူး၊ မေမေနဲ့ စကားပြောလို့ရမ လား၊
မေမေ : ရတာပေါ့ သားရယ်၊ ပြောလေ၊
သား : မေမေ သားရတဲ့ အမှတ်နဲ့ အဆင့်အပေါ် ကျေနပ်မူ ရှိရဲ့ လား၊
မေမေ : သားကော သားရတဲ့ အမှတ်တွေအပေါ် ကျေနပ်မူ ရှိရဲ့ လား၊
သား : မဆိုးပါဘူး၊ ကိုယ့်ကိုယ်ကို တော့ ယုံကြည်မူရှိပါတယ်။
မေမေ : ကိုယ့်ကိုယ်ကို ယုံကြည်မူရှိခြင်းဟာ ရတဲ့ အမှတ်နဲ့
အဆင့်တွေထက် အများကြီး အရေးကြီးတယ်။
သား : ဒါဆိုရင် မေမေက သားရတဲ့ အမှတ်တွေအပေါ် တကယ် အလေးမထားဘူးပေါ့၊
မေမေ : အလေးမထားပါဘူး၊ သားစဉ်းစားကြည့်လေ၊ မေမေဘယ်တုန်းက သားရတဲ့ အမှတ်နဲ့ အဆင့်တွေကို အလေးထားဖူးလို့လဲ၊
သား : ထားဖူးတာပေါ့၊ သားမူလတန်းတုန်းက အိမ်စာလုပ်တာ ပေါ့ဆမိလို့ မေမေက တအားစိတ်ဆိုးပြီး စုတ်ဖြဲ ပစ်တာလေ၊
မေမေ : အဲဒါက သားရဲ့ လေ့လာသင်ကြားမူ အပေါ် ထားတဲ့ သဘောထားကို အလေးထားတာ၊ ပညာသင်တယ်ဆိုတာ၊ အတန်းထဲမှာပဲ ဖြစ်ဖြစ်၊ အိမ်မှာ အိမ်စာလုပ်တာပဲ ဖြစ်ဖြစ်၊ စိတ်ရောကိုယ်ပါ ထဲထဲဝင်ဝင် အလေးထားပြီးလုပ်ရတယ်။ ပေါ့ဆရင် ပြသနာတက်မှာပဲ၊ ပြီးစလွယ် စိတ်ဓါတ်မျိုးကို မေမေလုံးဝလက်မခံနိုင်ဘူး၊
သား : မေမေမှန်ပါတယ်။ သားအလယ်တန်းရောက်တော့ သားအတန်းထဲမှာရှိတဲ့ အပြုအမူတွေကို မေမေအရမ်း ဂရုပြုတာကျတော့ကော၊
မေမေ : အဲဒါက သားပညာသင်ကြားတဲ့ စာရိတ္တကို အလေးထားတာ၊ ကျောင်းသားတစ်ဦးဟာ အတန်းကို မလေးစားဘူး၊ ဆရာကို မလေးစားဘူးဆိုရင် ပညာကို မလေးစားတာနဲ့ အတူတူပဲ၊ ပညာမှမလေးစားရင် သားဘယ်လို ပညာတတ်ဖြစ်နိုင်တော့မှာလဲ၊
သား : သားနားလည်ပြီ၊ သားအခုဆို အထက်တန်းတက်ရတော့မယ်။ အဲဒီအခါမှာ မေမေက သားရဲ့ အမှတ်တွေကို ဂရုပြုတော့မှာ၊ ဆယ်တန်း
အမှတ်က တက်မဲ့လိုင်း( ဘာသာရပ် )ကိုဆုံးဖြတ်မှာလေ၊
မေမေ : ပွင့်ပွင့်လင်းလင်းပြောမယ်ဆ
သား : သားတက္ကသိုလ်ရောက်ရင် မေမေသားရဲ့ အမှတ်နဲ့ အဆင့်တွေကို ပိုတောင်မှ အလေးထားတော့မှာ မဟုတ်ဘူး၊ တက္ကသိုလ် ရောက်ရင် လွတ်လပ်ပြီ၊ ပျော်စရာကောင်းပြီလို့ သူများပြောတာ ကြားဖူးတယ်။
မေမေ : မဟုတ်ဘူးသား၊ သားတက္ကသိုလ် တကယ်တက်မယ်ဆိုရင် အမေက သားရတဲ့ အဆင့်နဲ့ အမှတ်တွေကို အလေးထားတော့မှာ၊ သားစဉ်းစားကြည်လေ၊ အခြားသူများ အပျော်အပါး နောက်လိုက်နေတဲ့ အချိန်မှာ မေမေ့သားက ပညာသင်တဲ့ အခွင့်အရေးကို အပြည့်အ၀ အသုံးချနိုင်တာ၊ သားကိုယ့်စိတ်ကို ကိုယ်ထိန်းနိုင်တာ၊ မေမေအလေးထားတာပေါ့၊
သား : သားနားလည်ပြီ၊ မေမေက မူလတန်းမှာဆိုရင် ပညာဆည်းပူးတဲ့ စိတ်သဘောထား၊ အလယ်တန်းမှာဆိုရင် ပညာဆည်းပူးတဲ့ စာရိတ္တ၊ အထက်တန်းရောက်တော့ ပညာဆည်းပူးတဲ့ အရည်အသွေး၊ တက္ကသိုလ်ရောက်တော့ ပညာဆည်းပူးတဲ့ ရမှတ်နဲ့ အဆင့်တွေကိုအလေးထားတာ၊
မေမေ : မေမေသား လေးလေးနက်နက် သိမြင်တာ တော်တော်မြန်တာပဲ၊ တကယ်လို့ သားကကျောင်းပြီးလို့ ပြင်ပလောကကို ရောက်သွားတဲ့ အခါကျရင် မေမေ့သားကပညာဥာဏ်အပြည့်နဲ့ ရွေးချယ်တတ်သလားဆိုတာကို မေမေ ပို အလေးထားတယ်။ ကိုယ့် လုပ်ရမဲ့အလုပ်ကို ရွေးချယ်ရမယ်၊ ကိုယ့်အချစ်ကို ရွေးချယ်ရအုန်းမယ်။ ဘ၀ကံကြမ္မာဆိုတာ ရွေးချယ်မူ အပေါ် အများကြီး မူတည်တာ၊ ဘ၀ဆိုတာ ရွေးချယ်မူလို့တောင် ပြောလို့ရတယ်။
သား : အဲဒါတွေ အဝေးကြီး လိုပါသေးတယ်။ သား အဲဒါတွေကို မစဉ်းစားချင်သေးဘူး၊
မေမေ : အေးအေးဆေးဆေးပေါ့သားရယ်၊ ဒါပေမဲ့ မေမေ စကားလုံးလက်ဆောင်ပေးလိုက်
သား : ဟင်းဟင်း၊ မေမေကတော့ ထွင်ပြီ၊ စကားလုံးကို လိုသလို
ဆွဲသုံးပြီ၊
မေမေ : လိုသလို စကားလုံးထွင်ပြီး အဓိပ္ဗါယ်ဖွင့်တာမဟုတ်ဘူး၊ သားပြန်စဉ်းစားကြည့်၊ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက အိုင်ဘက် ပေါ် ခါစတုန်းက သားက အဲဒါလိုချင်တော့ အော်ငိုပြီး ပွဲကြမ်းတာလေ၊ မေမေက အမျော်အမြင်ရှိလို့ သားဘယ်လောက်ပဲ ကြမ်းကြမ်း ၀ယ်မပေးခဲ့ဘူး၊ အခုသားအရွယ်တူတွေနဲ့ ယှဉ်ကြည့်လိုက်၊ သားသိပ်ပြီး ဂဏှာမငြိမ် မဖြစ်ဘူး၊ အဲဒါ သားကို ဂိမ်းပေးမဆော့ခဲ့တာနဲ့ အများကြီး သက်ဆိုင်တယ်။ အခုလည်း ဒီ လိုပဲ၊ သားက အမျော်အမြင်ရှိရှိနဲ့ အနာဂတ် ဆယ်နှစ်အတွက် ရည်ရွယ်ချက်ထားရမှာ၊ မေမေဖြစ်စေချင်တာက သားက သူများထက် ပိုတော်ရမှာ မဟုတ်ဘူး၊ သားထက် သားအမြဲတမ်းပိုထူးချွန်အော
သား : ည ( ၁၂ ) နာရီတောင် ထိုးတော့မှာ၊ သားအိပ်ချင်ပြီ၊ သားသွားအိပ်တော့မယ်။ ဂွတ်နိုက် မေမေ၊
မေမေ : ဂွတ်နိုက်ပါ သား၊
သားဖြစ်သူ မိနစ်ပိုင်းအတွင်းမှာပင် အိပ်ပျော်သွားပါတယ်။ မေမေ အိပ်မပျော်တော့ပါ။ ကောင်းပါတယ်လေ၊ အဲဒီ အိပ်မပျော်တဲ့ ပီတိပျော်ရွှင်မူကို မိခင်တစ်ယောက် ခံစားကြည့်ရတာပေါ့။
ပြန်လည် သုံးသပ်ချက် : ပညာရေး အလေးထားမူမှာ
မူလတန်းမှာ ပညာသင်ကြားတဲ့ သဘောထား၊
အလယ်တန်းမှာ စာရိတ္တ၊
အထက်တန်းမှာ အရည်အသွေး၊
တက္ကသိုလ်မှာ ကောင်းမွန်တဲ့ အောင်မှတ်၊
ပြင်ပလောက ရောက်သွားရင် ရွေးချယ်မူ၊
အားလုံး အစီအစဉ် အတိုင်း ဖြစ်သင့်ပါတယ်။ ပြောင်းပြန်လုံးဝ မဖြစ်သင့်ပါ။ ပညာသင်ကြားတဲ့ လမ်းခရီးမှာ လမ်းပြောင်းပြန် မရှိလို့ပါ။
နောက်တစ်ချက်က မိဘများရဲ့ လမ်းညွန်မူ ဟာ လည်း အထူးအရေးပါပါတယ်။ မိဘများရဲ့ ပုခက် တွန်းတဲ့လက်ချောင်းဟာ သားသမီးများရဲ့ ကမ္တာကြီးကို လမ်းညွန်တဲ့လက်ချောင်းတွေလည
Ref: WeChat
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။