Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, March 4, 2018

ဘီလ်ဂိတ်စ်ထံမှ အတုယူစရာများ

ဘီလ်ဂိတ်စ်ထံမှ အတုယူစရာများ

ကမ္ဘာကျော် Microsoft ကုမ္ပဏီကြီးကို ထူထောင်ခဲ့သူ ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံကြွယ်သူဌေးကြီး ဘီလ်ဂိတ်စ်ကို ကောင်းကောင်းသိကြပါသည်။ သူ့ဘဝ သူ့အကြောင်းလေးတွေက စိတ်ဝင်စားစရာဖြစ်သလို လူငယ်တို့အတွက် စံနမူနာကောင်းတစ်ရပ်အနေနှင့် လိုက်လံကျင့်ဆောင်စရာတွေကလည်း များပါသည်။

ဘီလ်ဂိတ်စ်သည် ၁၉၇၄ ခုနှစ်တွင် ဟားဗတ်တက္ကသိုလ်က အပြီးတိုင်ထွက်ခဲ့သည်။ သူကျောင်းမပြီးသေးဘဲ ထွက်လာခဲ့ခြင်းဖြစ်သည်။ ၁၉၇၅ ခုနှစ်တွင် သူငယ်ချင်းတွေနှင့် ပူးပေါင်းပြီး Microsoft ကုမ္ပဏီကို ထူထောင်သည်။ ကွန်ပျူတာဆော့ဖ်ဝဲရေးသည့် ကုမ္ပဏီတစ်ခုကို မည်သူကမှ စိတ်ကူးမရသေးမီ စွန့်ဦးစွန့်စားကာ ထူထောင်ခဲ့ခြင်းဖြစ်သည်။ ထိုကုမ္ပဏီကပင် သူ့ကို ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးတစ်ယောက်ဘဝ ရောက်အောင် ပို့ဆောင်ပေးခဲ့သည်။ ကွန်ပျူတာတစ်ခေတ်ကို လူတိုင်း ကိုယ်ပိုင်ကွန်ပျူတာ ကိုင်ဆောင်နိုင်သည့် အဆင့်ရောက်သည်အထိ စိတ်ကူးယဉ်ကာ ကြိုးစားခဲ့သည်။ ယနေ့ဆိုလျှင် သူ့ကြွယ်ဝချမ်းသာမှုက ၇၂ ဘီလီယံခန့်ရှိသည်။ ၂၀၁၇ ခုနှစ်၏ ကမ္ဘာ့အချမ်းသာဆုံးစာရင်း နံပါတ် ၁ တွင် ရပ်တည်နိုင်ခဲ့သည်။

သူသည် ယနေ့ Microsoft မှ အနားယူပြီးဖြစ်သည် ဆိုသော်လည်း ကုမ္ပဏီ၏အရေးပါသည့် နေရာတွင် ရှိနေဆဲဖြစ်သည်။ ထို့ပြင်သူသည် ဇနီးသည်နှင့်အတူ Bill and Melinda Gates ဆိုသည့် ဖောင်ဒေးရှင်းကြီးတစ်ခုကို ထူထောင်ပြီး ကမ္ဘာအကျိုးပြုလုပ်ငန်းများဖြစ်သော ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းများကို ဦးဆောင်ပြီး လုပ်ဆောင်နေသူလည်းဖြစ်သည်။

သူ ကံကောင်းသလား
ဂိတ်စ်သည် အလွန်စမတ်ကျစွာ နေထိုင်တတ်သူဖြစ်သည်။ ကျောင်းသားဘဝကတည်းက ဖြစ်သလို စုတ်ပြတ်စွာ နေထိုင်လေ့မရှိ။ တင့်တယ်စွာ နေထိုင်နိုင်ခြင်းကလည်း သူ့အပေါ်ကို လူတိုင်းက အထင်ကြီးလေးစားစေသည့် အချက်ဖြစ်သည်။ သူ့ကို ကံကောင်းသဖြင့် ချမ်းသာလာသူဟု ပြော၍မရ။ သူက အလုပ်ကို ကြိုးစားတည်ဆောက်ပြီး ဘဝကို တိုးတက်မြင့်မားအောင် ငယ်စဉ်ကတည်းက လုပ်ဆောင်သည်။

၁၉၆၈ ခုနှစ်က ဂိတ်သည် ၈ တန်းအဆင့်လောက်တွင် ကျောင်းတက်နေသည်။ သူတက်နေသည့် ကျောင်းမှာ ပုဂ္ဂလိကကျောင်းဖြစ်ပြီး Lakeside အလယ်တန်းကျောင်းဖြစ်သည်။ ထိုခေတ်က အလယ်တန်းကျောင်းဆိုသော်လည်း တန်ဖိုးကြီးသည့် ကွန်ပျူတာကြီးတစ်လုံးကို ဒေါ်လာ ၃၀၀၀ ခန့် အကုန်ခံပြီး ကျောင်းတွင် တပ်ဆင်ထားခြင်းကလည်း ထူးခြားသည်ဟုဆိုရမည်။

အသက် ၁၃ နှစ်သာရှိသေးသည့် ဘီလ်ဂိတ်စ်သည် ကျောင်းကွန်ပျူတာကလပ်ကို ဝင်သည်။ ချက်ချင်းပင် ကွန်ပျူတာကို စိတ်ဝင်စားပြီး မခွဲနိုင်မခွာနိုင် ဖြစ်သွားခဲ့သည်။ သူနှင့်ဝါသနာတူ ကျောင်းသား အနည်းငယ်ခန့်သည် ကျောင်းကွန်ပျူတာတွင် ဘာတွေလုပ်နိုင်သနည်းဆိုခြင်းကို လေ့လာစမ်းသပ်ခဲ့ကြသည်။ သူတို့သည် နာရီပေါင်းများစွာ ကွန်ပျူတာတစ်လုံး မည်သို့ လုပ်ဆောင်နိုင်သနည်းဆိုသည့် ကွန်ပျူတာပရိုဂရမ်များကို နာရီပေါင်းများစွာကြာအောင် လေ့လာကြသည်။ စမ်းသပ်ပြီး အမှားတွေလည်း ရင်ဆိုင်ခဲ့ကြရသည်။ သို့သော် ကွန်ပျူတာကြီးတစ်လုံးကို သူရှာဖွေတွေ့ရှိပြီး စိတ်ကူးထုတ်နိုင်ခဲ့ခြင်းကပင် သူ့ဘဝခရီးအစကို လှမ်းနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

သူတို့ ကြိုးပမ်းအားထုတ်ရကျိုးနပ်သည်ဟု ပြောရမည်။ ၁၉၆၀ ဝန်းကျင်တွင် တက္ကသိုလ်၊ ကောလိပ်များ၌ ကွန်ပျူတာအကြောင်းတွေ ပြောလာကြသည်။ ကွန်ပျူတာတွေကို အပြိုင်အဆိုင်ထားလာကြသည်။ အထက်တန်း၊ အလယ်တန်းကျောင်းတွေလည်း ကွန်ပျူတာဆိုသည်ကို စိတ်ဝင်စားလာကြသည်။ Lakeside ကျောင်းသည် ကွန်ပျူတာကို ဦးဆုံးထားနိုင်သည့် ကျောင်းတစ်ကျောင်းဖြစ်ပြီး ကွန်ပျူတာကို အချိန်ပိုင်းနှင့်လည်း ငှားသုံးနိုင်သည်။ အကယ်၍သာ Lakeside တွင် ကွန်ပျူတာမရှိခဲ့လျှင်၊ ၁၃ နှစ်သား ဘီလ်ဂိတ်စ်လို ဝင်ကလိချင်သူတွေမရှိခဲ့လျှင် ကွန်ပျူတာခေတ်သည် နောက်ကျသွားနိုင်ပေလိမ့်မည်။ ထို့ကြောင့် ဘီလ်ဂိတ်စ် ကံကောင်းသလားဟုမေးလျှင် ကံကောင်းသောကြောင့် သူသည် Lakeside တွင် ရောက်ခဲ့သည်ဟုလည်း ပြောနိုင်မည်ထင်သည်။

အခွင့်အရေးများ
ကံကောင်းသောကြောင့် သူနေသည့်ကျောင်းက ကွန်ပျူတာကို ဈေးကြီးပေးပြီး ဝယ်ထူထောင်နိုင်သည်။ သူကလည်း ကံကောင်းစွာ လေ့လာသင်ယူနိုင်ရန် အခြေအနေပေးသည်။ သူ့မိဘတွေက ချမ်းသာသည် မဟုတ်ပါလား။ သူကလည်း စိတ်ပါလက်ပါဖြင့် ကွန်ပျူတာဆိုသည်မှာ ဘာလဲဟူ၍ သိရအောင် အချိန်ပြည့်ကြိုးစားရှာသည်။ ကျောင်းကွန်ပျူတာရှေ့တွင် ဂိတ်စ်သည် နာရီပေါင်းများစွာ အချိန်ကုန်နိုင်ခဲ့ခြင်းက အနာဂတ်ကို ပုံဖော်ဆောင်နိုင်ရန် စိတ်ကူးအင်အားတွေကို ဖြစ်စေခဲ့ပါသည်။ သူသည် ကွန်ပျူတာနှင့် ရင်းနှီးကျွမ်းဝင်စေရန် ကြိုးစားရင်း အနာဂတ်တွင် ကွန်ပျူတာများကို ခိုင်းစေနိုင်မည့် ဆော့ဖ်ဝဲကုမ္ပဏီကို ထူထောင်ရန်တွေးနေသည်။

လူတိုင်း ဂိတ်စ်လို အခွင့်အရေးမျိုးရရန် မလွယ်ပါ။ လူတိုင်း ဂိတ်စ်လို အခွင့်အရေး ရသည့်တိုင်၊ ကိုယ့်ရှေ့ရောက်နေသည့် အခွင့်အရေးကို အပိုင်အနိုင် အသုံးချတတ်ချင်မှ ချနိုင်ပေမည်။ အောင်မြင်မှုတစ်ခုဆိုသည်မှာ လွယ်လွယ်နှင့်မရပါ။ ကိုယ့်ရှေ့တွင် ရောက်လာသည့် အခွင့်အရေးကို စိတ်ကူးပုံဖော်မတတ်လျှင်လည်း လွဲသွားတတ်သည်။ ကံတရားဆိုသည်မှာ ကိုယ်က မည်မျှ ဖမ်းကိုင်နိုင်သနည်းဆိုသည့် အပေါ်တွင်လည်း တည်မှီနေတတ်သည်။

လိုသည်ထက်ပိုယူခဲ့
ဂိတ်စ်သည် MITS ကုမ္ပဏီကို ဆက်သွယ်လိုက်သည်။ ယင်းကွန်ပျူတာကုမ္ပဏီကို သူက သူတို့တီထွင်ထားသော BASIC ဆိုသည့် ဆော့ဖ်ဝဲတစ်ခုကို သုံးကြည့်ရန်ဖြစ်သည်။ ၁၉၇၅ ခုနှစ်တွင် ဂိတ်စ်နှင့် သူ့သူငယ်ချင်း ပေါလ်အယ်လန်တို့ပူးပေါင်းပြီး အနာဂတ်စိတ်ကူးတွေကို တစ်ဆင့်ချင်းဖော်ဆောင်နေကြသည်။ အသေးစား မိုက်ခရိုကွန်ပျူတာဖြစ်သည့် Altair 8800 အတွက် သူတို့ BASIC ဆိုသည့် ပရိုဂရမ်ကိုရေးထားသည်။

MITS ကုမ္ပဏီကလည်း ဂိတ်စ်တို့ကမ်းလှမ်းချက်ကို စိတ်ဝင်စားသည်။ သူတို့ MITS ကို ရောက်လာကြပြီး ဆော့ဖ်ဝဲကို သရုပ်ပြကြသည်။ သူတို့ကို ကုမ္ပဏီက အထင်ကြီးလေးစားသွားရသည်။ ဤသို့ဖြင့် ချာတိတ်နှစ်ယောက်သည် ၁၉၇၅ ခုနှစ် ဧပြီလတွင် Microsoft ကို တရားဝင် ကုမ္ပဏီတစ်ခုအဖြစ် စတင်ထူထောင်လိုက်နိုင်သည်။ ရွိုင်းအက်ရှ်ဆိုသူက ပြောဖူးသည်။

“စွန့်ဦးတီထွင်ရှင်ဆိုသည်မှာ သူတို့ဝါးနိုင်သည် ထက်ပိုပြီး ကိုက်ထားလေ့ရှိသည်။ သူတို့ကိုက်ထားသည်ကိုလည်း အမြန်ဝါးစားနိုင်စွမ်းရှိသည်”ဟူ၍ ဖြစ်သည်။ ဂိတ်စ်နှင့်အယ်လန်တို့သည် ထိုသို့သောသူများ ဖြစ်နေသည်။ သူတို့ထံတွင် မြှုပ်ကွက်တွေရှိနေသည်။ သူတို့ဘာလုပ်နိုင်သည်ဆိုခြင်းကို နည်းနည်းချင်းထုတ်ပြပြီး သူတို့လုပ်ငန်းကို စိတ်ဝင်စားလာအောင် ဖမ်းစားသည့်ပညာများ သူတို့နှစ်ယောက်စလုံးထံတွင် ရှိနေကြသည်။

အရည်အသွေးကိုထိန်း
Microsoft ဆိုသည့် နာမည်ပေါ်လာပြီးနောက် ဂိတ်စ်သည် တစ်နိုင်ငံလုံးတွင် ကွန်ပျူတာ ပရိုဂရမ်မာတွေကိုလှည့်ရှာပြီး တစ်ဦးပြီးတစ်ဦး ငှားရမ်းတော့သည်။ သို့သော် သူတို့ကုမ္ပဏီထုတ် ဆော့ဖ်ဝဲများရေးသားရာတွင် သူကိုယ်တိုင်ပါသည်။ မကြာမကြာလည်း သူ့စိတ်ကြိုက် ပြန်ရေးတတ်သည်။ ကုမ္ပဏီကထုတ်သည့် ပရိုဂရမ်ရေးထားသော လိုင်းတိုင်းကို သူက တာဝန်ယူသည်။ စိတ်ကျေနပ်မှ ထုတ်သည်။

ဂိတ်စ်သည် Microsoft ၏ CEO တာဝန်နှင့် နေရာကိုရလာခြင်းမှာ အကြောင်းမဲ့မဟုတ်။ အားလုံးကို သူသိအောင် လုပ်နိုင်စွမ်းရှိသောကြောင့်ဖြစ်သည်။ သူက Microsoft ထုတ်သမျှ ဆော့ဖ်ဝဲများကို အရည်အသွေးပြည့်နေသည့် ဆော့ဖ်ဝဲဖြစ်နေရမည်ဟု သတ်မှတ်ပြီး အသေးစိတ်ကအစ ဂရုစိုက်သည်။ ထို့ကြောင့် ပရိုဂရမ်ရေးဆွဲနေသည့် အဖွဲ့ထဲတွင် သူလည်းပါသည်။ လုပ်ငန်းတိုးတက်လာပြီးသည့် နောက်တွင်လည်း သူသည် နေရာတကာမပါသည့်တိုင်အောင် ဆော့ဖ်ဝဲတိုင်းကို သေချာအောင် စမ်းသပ်ပြီးလေ့လာသည်။ သူလိုချင်သည်မှာ အရေအတွက်မဟုတ်၊ အရည်အသွေးဖြစ်သည်။

အပြောမဟုတ် အလုပ်လက်တွေ့
၁၉၈၀ ဝန်းကျင်တွင် ဘီလ်ဂိတ်စ်နှင့် စတိဘောမားတို့သည် တစ်နိုင်ငံလုံးကို လှည့်လည်သွားလာခဲ့ကြသည်။ သူတို့သည် ကွန်ပျူတာအသုံးပြုနေရမှုများနှင့် ပတ်သက်ပြီး သုံးစွဲသူတို့၏အသံကိုလိုက်ပြီး နားထောင်ကြည့်ကြခြင်းဖြစ်သည်။ သူတို့တီထွင်ထားသည့် ဆော့ဖ်ဝဲပေါ်တွင် လူတွေက မည်သို့တုံ့ပြန်ကြသနည်း။

လူငယ်လေးနှစ်ယောက်က ဈေးကွက်လေ့လာရေးတွေ လျှောက်လုပ်နေသည်ကို လူတွေက အံ့အားသင့်နေကြသည်။ ထိုစဉ်က Microsoft တီထွင်ထားသည့် ကွန်ပျူတာမြင်ကွင်းပေါ်ရှိ ပုံလေးများကို Click နှိပ်ပြီး အသုံးပြုနေရမှုမှာ သိပ်ပြီး အားရစရာမကောင်းသေးပေ။ တုံ့ပြန်ချက်က နှေးကွေးလွန်းနေသည်။ ၁၉၈၃ ခုနှစ်တွင် Windows ဆိုသည့် စက်လည်ပတ်ရေးစနစ်ကို ထုတ်မည်ဟု သူတို့ကြေညာထားသည်။ လက်ရှိတုံ့ပြန်မှုတွေက အားရစရာမကောင်း။

၁၉၈၄ ခုနှစ်တွင် Apple ကုမ္ပဏီက Macintosh ကွန်ပျူတာကို ထုတ်လိုက်သည်။ သူတို့၏ မျက်နှာပြင်ပုံလေးများကို Click လုပ်ပြီး အသုံးပြုရသည့် GUI စနစ်က ပိုပြီးကောင်းနေသည်။ ထို့ကြောင့်လည်း ပြိုင်ဘက် Apple က အောင်မြင်သွားသည်။

ဂိတ်စ်နှင့် သူ့အပေါင်းအဖော်များ လေ့လာဆန်းစစ်နေချိန်တွင် Apple ကုမ္ပဏီထုတ် ကွန်ပျူတာများနှင့် သူတို့၏ စက်လည်ပတ်ရေး OS စနစ်က ပေါက်သွားသည်။ ထိုအထဲတွင် Microsoft လုပ်ချင်နေသည့် အရာတွေလည်း ပါဝင်သွားသည်။

Microsoft သည် Windows 1.0 ကို ၁၉၈၅ ခုနှစ်မှ ထုတ်နိုင်ခဲ့သည်။ ထိုအချိန်တွင် Mac ဆိုသည့် Apple ကုမ္ပဏီထုတ် ကွန်ပျူတာတွေက အောင်မြင်နေပြီ။ သူတို့က Apple ကုမ္ပဏီထက် ၂ နှစ်ခန့်စောပြီး တီထွင်နေသော်လည်း နောက်လူက ရှေ့ကျော်တက်သွားသည်။ သို့သော် ဂိတ်စ်တို့က စိတ်မပျက်။ အားမလျှော့။ သူတို့က တော်လှန်သည့်စိတ်ကူးတစ်ခုကို သူများတွေ မည်သို့ရသည်ဖြစ်စေ၊ ဦးသည်ဖြစ်စေ စိတ်ဓာတ်ကျစရာမလို။ သူ့အချိန်ရောက်လာလျှင် အောင်မြင်ရမည်။ အချိန်ရောက်လာရန် ထိုင်နေ၍မရ။ လုပ်ပြနေရမည်။ အားထုတ်နေရမည်။ ဂိတ်စ်သည် ရပ်မသွား။ ဆက်ကြိုးစားသည်။ ထို့ကြောင့်လည်း Windows ကလည်း နေရာတစ်နေရာ၊ အဆင့်တစ်ခုကို ရောက်လာခဲ့ရသည်။

ဇွဲသန်ကြိုးစား
Microsoft သည် Windows 2.0 ကို ၁၉၈၇ ခုနှစ်မှ ထပ်ထုတ်နိုင်သည်။ သို့သော် အကောင်းချည်း ဖြစ်မလာသေး။ သို့သော် ၁၉၈၅ ထုတ် Windows 1.0 ထက်တော့ ပိုကောင်းလာသည်။ ပူးတွဲပါသည့် Excel, Word, Aldus Pagemaker ဆိုသည့် ဆော့ဖ်ဝဲတွေကို လူတွေသဘောကျလာကြသည်။

၁၉၉၀ ပြည့်နှစ်မှ နောက်ထပ်အသစ်ဖြစ်သည့် Windows 3.0 ကို ထပ်ထုတ်နိုင်သည်။ စက်လည်ပတ်မှု စနစ်ကလည်း ပိုကောင်းပြီး ပြည့်စုံလာသည်။ ထုတ်ပြီး ၂ နှစ်အတွင်း ကွန်ပျူတာ အလုံးပေါင်း ၁၀ သန်းကျော်တွင် အသုံးပြုလာခြင်းက အောင်မြင်မှုတစ်ခုဖြစ်သည်။ Microsoft ကိုလည်း ကွန်ပျူတာဆော့ဖ်ဝဲ ကုမ္ပဏီတစ်ခုအဖြစ် အသိအမှတ်ပြုလာကြသည်။ ဘီလ်ဂိတ်စ်တီထွင်မှုမှန်သမျှ အောင်မြင်ခဲ့သလားဟု မေးရန်ရှိသည်။ မအောင်မြင်မှုပေါင်းများစွာလည်း ရှိခဲ့သည်။ Windows အသစ်တွေ ပေါ်ထွက်လာတိုင်း ပြဿနာပေါင်းစုံ တစ်မျိုးမဟုတ်တစ်မျိုး ရှိခဲ့ပါသည်။ သို့သော်လည်း လူတိုင်းမသုံးမဖြစ် သုံးနေကြရသည်သာဖြစ်သည်။

၁၉၉၀ ပြည့်နှစ်လောက်မှ ၂၀၁၁ လောက်အထိ ကမ္ဘာ့ကွန်ပျူတာဈေးကွက်၏ ၈၂ ဒသမ ၅ ရာခိုင်နှုန်းကို Windows OS က သိမ်းပိုက်ထားနိုင်ခဲ့သည်။ ကောင်လေးတစ်ယောက် ကွန်ပျူတာခန်းတစ်ခုအတွင်း စခဲ့သည့် စိတ်ကူးတစ်ခုကို မအောင်မြင်ဟု မည်သူပြောနိုင်ပါမည်နည်း။ သူ့တွင် အောင်မြင်ရန် ကံပါလာသည်ဆိုစေ၊ သူတိုက်ပွဲဝင်ပြီး ဆင်နွှဲခဲ့ရသည်များကိုတော့ လူသိနည်းသည်။ သူက တစ်ခွန်းပဲပြောသည်။

“ခင်ဗျားမှာ စိတ်ပျက်နေတဲ့ ဖောက်သည်တွေ များလေလေ၊ ခင်ဗျားဟာ ပိုပိုပြီးလေ့လာလေပဲ”ဟူ၍ ဖြစ်သည်။ မအောင်မြင်ခြင်းသည် စိတ်ပျက်ရန်မဟုတ်။ မအောင်မြင်ခြင်းက သင်ခန်းစာယူပြီး ရှေ့ဆက်သွားရန် သူက နည်းလမ်းများပြခဲ့သည်။

E-01
(Ref: The News York Times

=============

The Voice

http://thevoicemyanmar.com/relax/18040-bil

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။