#ချစ်တဲ့သူမှန်သမျှတစ်နေ့တော့
**********************
အမေသာ သေသွားရင်၊
အဖေသာသေသွားရင်၊
ယောက်ျားသာသေသွားရင်၊
မိန်းမသာသေသွားရင်၊
မောင်လေးသာသေသွားရင်၊
ညီမလေးသာသေသွားရင်၊
ခွေးလေးသာသေသွားရင်
စသည်ဖြင့် ကိုယ်ချစ်တဲ့သူတွေ
ကွယ်လွန်သွားမှာကို တွေးမိတိုင်း
အပူကြီးပူပန်တတ်ကြပါတယ်။
ဒါပေမဲ့ စိတ်ပူနေတိုင်း၊
ကြောက်နေတိုင်း၊
လူတစ်ယောက်ရဲ့ သေဖို့ပါတဲ့
ကံတရားကို တားဆီးလို့မရနိုင်ပါ။
မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ
ဘယ်သူမှအတတ်မပြောနိုင်ပါဘူး။
Expired Date လို့ခေါ်တဲ့
သက်တမ်းကုန်ဆုံးရက်ဟာ
နောက်ထပ် တစ်ပတ်ပဲ
ကျန်တော့တာဖြစ်နိုင်သလို
အနှစ်၃၀လောက်မှရောက်ပြီး
လာတာမျိုးလဲဖြစ်နိုင်ပါတယ်။
ချစ်တဲ့သူတွေ
အရင်သေတာဖြစ်နိုင်သလို
ကိုယ်က သူတို့ထက်
အရင်သေသွားတာမျိုးလည်း
ဖြစ်နိုင်တာပါပဲလေ။
မသိနိုင်တဲ့အရာတစ်ခုကို
ကြိုတွေးပြီး ကြောက်လန့်
တုန်လှုပ်စိတ်ပူနေမဲ့အစား
အသက်ရှင်လျက် ကျန်းမာလျက်
___________________________________
#အတူတူရှိနေခိုက်မှာပိုချစ်ဖို့လိုပါတယ် ။
___________________________________
အမိအဖဆီကို ... သင်
ဖုံးမဆက်မိတာကြာပြီလား?
အခုပဲ ဖုန်းဆက်လိုက်ပါ။
အဖိုးအဖွားတွေရဲ့
အိမ်ကို မရောက်တာကြာပြီလား?
အခုပဲ သွားတွေ့ လိုက်ပါ။
မောင်နှမအချင်းချင်း
ကတောက်ကဆဖြစ်ထားလား?
အခုပဲ ချက်ခြင်းပြန်ခေါ်လိုက်ပါ။
ဒီတစ်ကြိမ်တွေ့လိုက်ရတာ၊
စကားပြောလိုက်ရတာ၊
နှုတ်ဆက်လိုက်ရတာ၊
ရယ်မောလိုက်ရတာ ဒီဘဝအတွက်
နောက်ဆုံးနေ့လည်း ဖြစ်နိုင်ပါတယ်။
ချစ်သူကို နမ်းတဲ့အခါ
ပွေ့ ဖက်တဲ့အခါ ဒါနောက်ဆုံး
ဖြစ်နိုင်ပါလားလို့ သဘောထားပြီး
ကြင်နာစွာထွေးပွေ့ပြီးနမ်းပါ။
မကြာခင် သူ့ကို
ဆုံးရှုံးရတော့မှာပါလားဆိုတဲ့
စိတ်မျိုးနဲ့  အစွမ်းကုန်ချစ်ပါ။
ကိုယ်ချစ်ရသူတွေနဲ့
အတူရှိနေရတဲ့ဘဝက
ဘယ်လောက်တောင်ကံကောင်း
လိုက်သလဲ စဉ်းစားမိပါစေတဲ့။
တစ်ခါတစ်လေ
အိမ်မှာ-
မိသားစုတွင်းမှာ-
ချစ်သူတွေကြားမှာ-
အဆင်မပြေတာတွေ၊
တစ်ယောက်နဲ့ တစ်ယောက်
ဘာမဟုတ်တာလေးနဲ့
စိတ်အခန့်မသင့်ဖြစ်ကြတာတွေ၊
ကပ်သပ်နေတာတွေ၊
စကားအနိုင်လုပြောနေတာတွေ၊
စိတ်နာအောင်ပြောနေကြတာတွေ
ရှိကောင်းရှိတတ်ပါတယ်။
အဲဒါတွေကို အချိန်မှီရပ်လိုက်ပါ။
ဘာဖြစ်လို့လဲဆိုရင်
အချိန်ဘယ်လောက်ကျန်သေးသလဲ
ဆိုတာဘယ်သူမှကိုမသိနိုင်ကြလို့ပါ။
တစ်ယောက်ထဲရပ်တည်မနေနိုင်တဲ့
ဘဝမှာ ချစ်သူခင်သူတွေဝန်းရံနေမှ
လုံခြုံနွေးထွေးတဲ့ဘဝ၊ ပျော်ရွှင်စရာ
ချမ်းမြေ့စရာဘဝ ဖြစ်တတ်တာမို့
အဆင်ပြေစွာပေါင်းသင်းနေနိုင်ရေး
ဆိုတာဟာ အရေးအကြီးဆုံးကိစ္စပါ။
ကိုယ် ကိုယ်တိုင်အပါအဝင်
ချစ်သူတွေလည်းဘယ်တော့မှန်းမသိတဲ့
တစ်နေ့မှာတော့ သေဆုံးကြရလိမ့်မယ်
ဆိုတာ သိထားရင် သူတို့နဲ့ ...
ရန်ဖြစ်ချင်တော့မှာမဟုတ်ပါဘူးလေ။
#NLS
Myat zaw Oo
**********************
အမေသာ သေသွားရင်၊
အဖေသာသေသွားရင်၊
ယောက်ျားသာသေသွားရင်၊
မိန်းမသာသေသွားရင်၊
မောင်လေးသာသေသွားရင်၊
ညီမလေးသာသေသွားရင်၊
ခွေးလေးသာသေသွားရင်
စသည်ဖြင့် ကိုယ်ချစ်တဲ့သူတွေ
ကွယ်လွန်သွားမှာကို တွေးမိတိုင်း
အပူကြီးပူပန်တတ်ကြပါတယ်။
ဒါပေမဲ့ စိတ်ပူနေတိုင်း၊
ကြောက်နေတိုင်း၊
လူတစ်ယောက်ရဲ့ သေဖို့ပါတဲ့
ကံတရားကို တားဆီးလို့မရနိုင်ပါ။
မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ
ဘယ်သူမှအတတ်မပြောနိုင်ပါဘူး
Expired Date လို့ခေါ်တဲ့
သက်တမ်းကုန်ဆုံးရက်ဟာ
နောက်ထပ် တစ်ပတ်ပဲ
ကျန်တော့တာဖြစ်နိုင်သလို
အနှစ်၃၀လောက်မှရောက်ပြီး
လာတာမျိုးလဲဖြစ်နိုင်ပါတယ်။
ချစ်တဲ့သူတွေ
အရင်သေတာဖြစ်နိုင်သလို
ကိုယ်က သူတို့ထက်
အရင်သေသွားတာမျိုးလည်း
ဖြစ်နိုင်တာပါပဲလေ။
မသိနိုင်တဲ့အရာတစ်ခုကို
ကြိုတွေးပြီး ကြောက်လန့်
တုန်လှုပ်စိတ်ပူနေမဲ့အစား
အသက်ရှင်လျက် ကျန်းမာလျက်
__________________________
#အတူတူရှိနေခိုက်မှာပိုချစ်
__________________________
အမိအဖဆီကို ... သင်
ဖုံးမဆက်မိတာကြာပြီလား?
အခုပဲ ဖုန်းဆက်လိုက်ပါ။
အဖိုးအဖွားတွေရဲ့
အိမ်ကို မရောက်တာကြာပြီလား?
အခုပဲ သွားတွေ့ လိုက်ပါ။
မောင်နှမအချင်းချင်း
ကတောက်ကဆဖြစ်ထားလား?
အခုပဲ ချက်ခြင်းပြန်ခေါ်လိုက်ပါ။
ဒီတစ်ကြိမ်တွေ့လိုက်ရတာ၊
စကားပြောလိုက်ရတာ၊
နှုတ်ဆက်လိုက်ရတာ၊
ရယ်မောလိုက်ရတာ ဒီဘဝအတွက်
နောက်ဆုံးနေ့လည်း ဖြစ်နိုင်ပါတယ်။
ချစ်သူကို နမ်းတဲ့အခါ
ပွေ့ ဖက်တဲ့အခါ ဒါနောက်ဆုံး
ဖြစ်နိုင်ပါလားလို့ သဘောထားပြီး
ကြင်နာစွာထွေးပွေ့ပြီးနမ်းပ
မကြာခင် သူ့ကို
ဆုံးရှုံးရတော့မှာပါလားဆိုတ
စိတ်မျိုးနဲ့  အစွမ်းကုန်ချစ်ပါ။
ကိုယ်ချစ်ရသူတွေနဲ့
အတူရှိနေရတဲ့ဘဝက
ဘယ်လောက်တောင်ကံကောင်း
လိုက်သလဲ စဉ်းစားမိပါစေတဲ့။
တစ်ခါတစ်လေ
အိမ်မှာ-
မိသားစုတွင်းမှာ-
ချစ်သူတွေကြားမှာ-
အဆင်မပြေတာတွေ၊
တစ်ယောက်နဲ့ တစ်ယောက်
ဘာမဟုတ်တာလေးနဲ့
စိတ်အခန့်မသင့်ဖြစ်ကြတာတွေ၊
ကပ်သပ်နေတာတွေ၊
စကားအနိုင်လုပြောနေတာတွေ၊
စိတ်နာအောင်ပြောနေကြတာတွေ
ရှိကောင်းရှိတတ်ပါတယ်။
အဲဒါတွေကို အချိန်မှီရပ်လိုက်ပါ။
ဘာဖြစ်လို့လဲဆိုရင်
အချိန်ဘယ်လောက်ကျန်သေးသလဲ
ဆိုတာဘယ်သူမှကိုမသိနိုင်ကြလ
တစ်ယောက်ထဲရပ်တည်မနေနိုင်တဲ
ဘဝမှာ ချစ်သူခင်သူတွေဝန်းရံနေမှ
လုံခြုံနွေးထွေးတဲ့ဘဝ၊ ပျော်ရွှင်စရာ
ချမ်းမြေ့စရာဘဝ ဖြစ်တတ်တာမို့
အဆင်ပြေစွာပေါင်းသင်းနေနိုင
ဆိုတာဟာ အရေးအကြီးဆုံးကိစ္စပါ။
ကိုယ် ကိုယ်တိုင်အပါအဝင်
ချစ်သူတွေလည်းဘယ်တော့မှန်းမ
တစ်နေ့မှာတော့ သေဆုံးကြရလိမ့်မယ်
ဆိုတာ သိထားရင် သူတို့နဲ့ ...
ရန်ဖြစ်ချင်တော့မှာမဟုတ်ပါဘ
#NLS
Myat zaw Oo
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။