Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, March 3, 2018

ကလေးကို လမ်းညွန်ဆုံးမရန် အကောင်းမွန်ဆုံး အချိန်အခါများ

ကလေးကို လမ်းညွန်ဆုံးမရန် အကောင်းမွန်ဆုံး အချိန်အခါများ
++++++++++++++++++++++++++++++++++++++++++

“ဒီလိုအချိန်အခါ မျိုးမှာ ကလေးကို မဆုံးမပါနဲ့ “ လို့ ရေးပြီးတင်လိုက်တော့ ဘယ်လိုအချိန်မျိုးမှာ ဆုံးမသင့်သလဲ လို့ မေးမြန်းလာကြပါတယ်။ အမှန်တော့ ကလေးကို ဆုံးမတာဟာ မှားနေတဲ့ လမ်းကြောင်းကို ရပ်တန့်ဖို့ရယ်၊ လမ်းမှန်ကို မြန်မြန်ရောက်ဖို့ရယ်၊ ပိုမိုကောင်းမွန်စေဖို့ရယ် စသည့် စေတနာ(သို့) မူလရည်ရွယ်ရင်းစိတ် ပါဝင်ပါတယ်။ ဒါကြောင့်မို့လို့ ဆုံးမခြင်းထက် ထိရောက်ဖို့ အကျိုးရှိဖို့ ကို ပိုမို အလေးပေးစေချင်ပါတယ်။ သို့မဟုတ်ရင် ဆုံးမလေ၊ ဆိုးလေ ဂျာအေးကို သူအမေရိုက်သလို ဖြစ်သွားမှာကို စိုးရိမ်ပါတယ်။ ကလေးကို ဆုံးမဖို့ထက် လမ်းညွန်ဖို့ကို ပိုမို အသားပေး ရေးသားဖေါ် ပြလိုက်ပါတယ်။ တိုက်ဆိုင်သူများ အသုံးဝင် နိုင်ကြပါစေ။

ကလေးများကို လမ်းညွန် ဖို့ အချိန်ရွေးတတ်ရင်ပိုမို ထိရောက် တတ်ပါတယ် ။ အောက်ပါအချိန်အခါများ ကြုံတွေ့ခဲ့ ပါက မိဘများအနေနဲ့ အချိန်အခါ ကိုဖမ်းပြီး ကလေးနဲ့ ဆွေးနွေး လမ်းညွန် နိုင်ရင် အောင်မြင်လွယ်ပါတယ်။

၁။ ကလေး အောင်မြင်မူ တစ်ခု ရတဲ့အချိန်

စာမေးပွဲ အောင်မှတ်ပဲ ဖြစ်ဖြစ်၊ ပြိုင်ပွဲ တစ်ခုမှာ ဆုတံဆိပ် တစ်ခု ရတဲ့ အခါပဲဖြစ်ဖြစ်၊ ကလေးဟာ တက်ကြွအားရ တဲ့ အနေအထားမှာ ရှိနေတတ်ပါတယ်။ မိဘများ အဲဒီအချိန်ကို အမိအရ ဖမ်းပြီး သူ့ရဲ့ အောင်မြင်မူကို အသိအမှတ်ပြု ချီးမွမ်းတဲ့အပြင်၊ ဒီထက် ပိုမို အောင်မြင်ဖို့၊ အခြားလိုအပ်နေသေးတဲ့ ကြိုးစားရန်လိုအပ်နေသေးတဲ့ အပိုင်းတွေကို ဖြည့်ဆီး ကြိုးစားဖို့ အားပေးအားမြောက်ပြုရင်း ဆွေးနွေးနိုင်ရင် ပိုမိုထိရောက်ပါတယ်။

၂။ ကလေးက အကြောင်းအရာ တစ်ခုခု အပေါ် အလွန်စိတ်ဝင်စားသောအချိန်

စိတ်ဝင်စားခြင်းဟာ အကောင်းဆုံး ဆရာဖြစ်တတ်ပါတယ်။ ကလေးဟာ အကြောင်းအရာ တစ်ခုခု ကို အလွန်အမင်း စိတ်ဝင်စားမူ ပြသတဲ့ အခါမှာ အဲဒီအကြောင်းအရာ ဟာလည်း ကလေးအတွက် ကောင်းကျိုး ရှိတယ်ဆိုပါစို့၊ အဲဒီအကြောင်းအရာ ကို သူလုပ်ကိုင်ဖို့ ဆန္ဒပြင်းပြ နေတတ်ပါတယ်။ မိဘများ အဲဒီအချိန်မှာ အမိအရ အားပေးအားမြောက်ပြုပြီး အဆိုပါဝါသနာကို ပျိုးထောင်ပေးလိုက်ပါ။ ၀ါသနာ စွဲသွားပါလိမ့်မည်။ ကလေးဆိုတာ ဘာကိုပဲ စိတ်အားထက်သန် ထက်သန် အချိန်မကြာတတ်တာကို မိဘများ သတိရှိသင့်ပါတယ်။ ဒါကြောင့်မို့လို့ ချက်ချင်းအကောင်အထည်ဖေါ်နိုင်ရင် လုပ်လေစိတ်ပိုဝင်စားလေ ဖြစ်သွားတတ်ပြီး ၀ါသနာအစစ်အမှန် အဖြစ် ပြောင်းလဲသွားပါတယ်။

၃။ သူများအောင်မြင်မူ ကိုတွေ့ရှိပြီး ကလေး အားကျသောအခါ

သူများအောင်မြင်မူကို တွေ့ရလို့ ကလေးအားကျတာကို သတိထားမိရင် အားပေးအားမြောက်ပြုရန် အကောင်းဆုံး အချိန်အခါ ဖြစ်တတ်ပါတယ်။ မိဘများအနေနဲ့ အဆိုပါ အောင်မြင်တဲ့သူရဲ့ အောင်မြင်ရတဲ့ အကြောင်းရင်းတွေကို ကလေးနဲ့ အတူ စမ်းစစ်ပိုင်းခြားပါ။ ထင်မြင်ယူဆချက်တွေကို ဆွေးနွေးပါ။ သင့်ကလေး လည်း အလားတူ ကြိုးစားရင် အောင်မြင်နိုင်တယ်ဆိုတာကိ ယုံကြည်လာအောင် နားသွင်းပါ။ သင့်ကလေးအား ရေတို ရည်မှန်းချက်တစ်ခု ကို ချမှတ်နိုင်ဖို့ အားပေးပါ။ အကောင်အထည်ဖေါ် နိုင်အောင် ကူညီအားပေးပါ။

၎။ ကလေးနဲ့ အတူ အပမ်းဖြေ ခရီး ထွက်တဲ့ အခါ

မိသားစု နဲ့ အတူ အပမ်းဖြေ ခရီးထွက်တဲ့ အခါ ကလေးများဟာ စိတ်လက် ပေါ့ပါးနေတတ်ပါတယ်။ အဲဒီအခါမှာ မိဘများ အနေနဲ့ မိမိတို့ ရောက်ရှိနေတဲ့ ဒေသရဲ့ သမိုင်းကြောင်းတွေကို အတူတကွ ဆွေးနွေးပြီး အမြင်ချင်းဖလှယ် လို့ ရပါတယ်။ ဥပမာ ပုဂံ ကိုရောက်ရင် အနော်ရထာ အကြောင်းတွေကို ရှင်းပြနိုင်ပြီး၊ ပျူ လူမျိုး ဘယ်ရောက်သွားတယ်ထင်သလဲ ဆိုတဲ့ခေါင်းစဉ်ကို အကျယ်တ၀င့် ဆွေးနွေးလို့ ရပါတယ်။ ငပလီ ကိုရောက်ရင် သဘာဝအလှတရားအကြောင်းကို ဆွေးနွေးနိုင်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းမူ ဆိုင်ရာ ခေါင်းစဉ်တွေကို မိသားစု စကားဝိုင်းဖြစ်အောင် ဖန်တီး နိုင်ပါတယ်။ အဲဒီ အကြောင်းတွေကို ကောင်းကောင်းမသိခဲ့ရင် သက်ဆိုင်တဲ့ စာအုပ်အချို့ ပါသွားပြီး ဖတ်ရူ့ခိုင်းတဲ့ အခွင့်ကောင်းတစ်ခုကို ရစေပါတယ်။

၅။ ကလေး အမှားတစ်ခုခု ပြုမိသော အခါ

ကလေး အမှားတစ်ခုခု ကိုပြုမိတဲ့ အခါ သူတို့လေးတွေရဲ့ စိတ်ထဲမှာ ၀မ်းနည်းနေတတ်ပါတယ်။ အဲဒီ အချိန်အခါမျိုးမှာ မိဘပြောတာကို ပိုမို လက်ခံလွယ်ပါတယ်။ အဓိက ကတော့ ကလေးကို မှားရတဲ့ အကြောင်းရင်းကို ကောင်းကောင်းသိအောင် စမ်းစစ်ခိုင်းပါ။ ပြီးရင် ဖြေရှင်းနိုင်တဲ့နည်းလမ်းကို ရှာကြံခိုင်းပါ။ ပြုပြင်ရမဲ့ အချက်တွေကို ထောက်ပြခိုင်းပါ။ ပြီးရင် ကတိတောင်းပါ။ ကလေးက ကတိတည်လိမ့်မယ်ဆိုတာကို အပြည့်အ၀ ယုံကြည်ပါ။ ကတိလည်းရရော ဆက်ပြီး တဖြစ်တောက်တောက် ပြောမနေတော့ပဲ အဲဒီခေါင်းစဉ်ကို ဖြတ်လိုက်ပါ။ အခြားစိတ်ချမ်းသာစေမည့် ခေါင်းစဉ်တစ်ခုကို ပြောင်းလိုက်ပါ။

၆။ ကလေး အခက်အခဲကို တွေ့ရှိတဲ့ အချိန်

အခက်အခဲနဲ့ အတားအဆီးတွေ တွေ့ရတဲ့ အခါ ကလေး စိတ်အားငယ်တတ်ပါတယ်။ ယုံကြည်ချက် ကျဆင်းလာတတ်ပါတယ်။ အဲဒီအချိန်မျိုးမှာ ပြစ်တင်နေမည့်အစား၊ နားလည်ပေးခြင်း၊ မူလရရှိပြီးတဲ့ အရည်အချင်းများကို ပြန်လည်ဖေါ်ထုတ်ပြီး အသိအမှတ်ပြုပေးခြင်း၊ အားပေးအားမြောက်စကား ပြောပေးခြင်းများ ပြုလုပ်ပေးရပါတယ်။ အခက်အခဲ ရဲ့ အကြောင်းရင်းကို ရှာထုပ်ခိုင်းပါ။ ဖြေရှင်းနိုင်တဲ့ နည်းလမ်းကို မိဘကညွန်ပြခြင်းထက် ကလေးကို ကြံဆခိုင်းပါ။ ယုံကြည်စိတ်ကို ပြန်လည် မွေးမြူပေးပါ။
သင့်ကလေး ပြဿနာ ရှင်းနိင်တဲ့ အရည်အချင်း တိုးတက်လာပါလိမ့်မယ်။
ကလေးချင်းကွားခြားတာမို့ ကလေးတစ်ယောက်နဲ့ တစ်ယောက် လိုအပ်တဲ့ ပုံစံချင်း မတူညီတတ်ပါဘူး၊ မိဘများအနေနဲ့ မိမိကလေးနဲ့ ကိုက်ညီတဲ့ ပုံစံ ရှာဖွေတွေ့ရှိ နိုင်ပါစေ။

Credit.

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။