"ဘယ်နေရာကို ရောက်ချင်လဲ"
Rich Dad Poor Dad ရေးတဲ့ Robert Kiyosaki
ဆိုတာမိတ်ဆက်ပေးစရာမလိုလောက်အောင် လူသိ
များပြီးသားဖြစ်မယ်ထင်ပါတယ် ။ သူပြောပြခဲ့တဲ့ ESBI
အကြောင်းကိုနည်းနည်းလောက် ပြန်လည်မျှဝေပါရစေ။
P.S ဒီဆောင်းပါးနဲ့ MLMဘယ်လိုမှ မပက်သက်ပါ။
ကျွန်တော်သည် MLM အားပေးသူ တစ်ယောက်
မဟုတ်ပါ။ အချို့လူများက Robert Kiyosaki ဆို
တာနဲ့ MLM ပြေးမြင်တတ်ကြလို့ ကြိုတင်အသိပေး
ထားခြင်းဖြစ်ပါတယ်။
E=> Employed ( ဝန်ထမ်းဘဝ)*
ဒီအချိန်ကတော့ သူများအတွက် အလုပ်လုပ်ပေးရတဲ့
အချိန်ပါ။ အချိန်နဲ့ ငွေနဲ့ကို လဲလှယ်ယူနေရတဲ့ အချိန်
ဖြစ်ပါတယ်။ ဒီဘဝမှာ လက်လှုပ်မှ ပါးစပ်လှုပ်ရလေ့
ရှိပါတယ်။ အားလပ်ချိန်လည်း ရှားပါးတတ်ပါတယ်။
ဒီလိုဝင်နေတဲ့ဝင်ငွေကို Active Incomeလို့ခေါ်ပါ
တယ်။ မိမိဘဏ္ဍာရေးဟာ ရေရှည်အတွက် စိတ်မချ
ရပါဘူး။ အကြီးအကျယ်နေမကောင်းဖြစ်ပြီး အကုန်
အကျများစွာကုရတော့မယ်ဆိုရင် ကုစရာပိုက်ဆံက
မရှိဖြစ်တတ်ပါတယ်။ သို့မဟုတ် မလုံမလောက်
ဖြစ်တတ်ပါတယ်။ ဘဝအတွက် အာမခံချက်အပြည့်
မရှိပါဘူး။
ဒီဘဝကို ကျေနပ်လား?
ဒီမေးခွန်းကို ရွဲ့ပြီးမေးတာတော့ မဟုတ်ပါဘူး။ တကယ်
ကို ကျေနပ်နေတတ်သူတွေရှိတတ်လို့ ပါ။ တကယ်ကို
လောဘနည်းပြီး စိတ်ချမ်းသာနေရင်တော့ သင့်ရဲ့
အလိုအတိုင်းပါပဲ။ ဒီလိုမှ မဟုတ်ပဲ အဲ့ဒီဘဝကို
မကျေနပ်ရင် သင်စပြီး ပြောင်းလဲဖို့လိုနေပါပြီ။
လုပ်နေကျအရာတွေပဲ လုပ်နေရင် ရနေကျအရာ
တွေပဲ ရနေပါလိမ့်မယ်။ မိမိရဲ့ဝင်ငွေတိုးဖို့ မိမိရဲ့
အရည်အချင်းတွေကိုတိုးတက်အော င် လုပ်ရပါ
လိမ့်မယ်။ အလုပ်မှာ သင်ယူရပါလိမ့်မယ်။ ငါသိ
ငါတတ်ဆိုတဲ့ စိတ်ကြီးကို ဖျောက်ရပါလိမ့်မယ်။
သူများထက်ပိုကြီးစားရပါလိမ့် မယ်။
S=> Self-empoyed ( ကိုယ်ပိုင်လုပ်ငန်းစလုပ် ချိန်)
ဒီအဆင့်က ကျွန်တော့်ရဲ့ အဆင့်ပါ။ ကျွန်တော်လက်ရှိ
ရောက်နေတဲ့အရာလည်းဖြစ်ပါတယ် ။ ဒီအဆင့်ဟာ
လည်း နားရတဲ့ အဆင့်မဟုတ်သေးပါဘူး။ ဒီအဆင့်
မှာလည်း တော်တော်ကြိုးစားရပါတယ်။ စိတ်ဖိစီးမှု
တွေလည်း ရှိပါတယ်။ ကိုယ်ပိုင်လုပ်ငန်းတစ်ခု (သို့)
Start-up တစ်ခုအောင်မြင်ဖို့ဆိုတာ တော်ရုံတန်ရုံ
ဇွဲနဲ့ မရပါဘူး။ အရင်းအနှီးတွေ ကုန်သွားလို့စိတ်ညစ်
ရတာမျိုးလည်း ရှိတတ်သလို၊ လုပ်ငန်းက မိမိထင်
ထားသလောက် တိုးတက်မှုမရှိလို့ စိတ်ညစ်ရတာ
တွေလည်း ရှိပါတယ်။ အခန့်မသင့်ရဲ့ အကြွေးတွေ
လည်း ရှိလာနိုင်ပါတယ်။ ကိုယ့်ဝန်ထမ်းတွေထက်
ဘော့စ်ဖြစ်တဲ့ ကိုယ်က ပိုတောင်ကြိုးစားရပါတယ်။
ဘော့စ်ဆိုပြီး ဆုံလည် ထိုင်ခုံပေါ်မှာ ထိုင်နေလို့မရ
ပါဘူး။ သူများတွေကိုလည်း Manage လုပ်ရပါ
တယ်။ ဝန်ထမ်းဘဝတုန်းက သင်ခန်းစာတွေကို
ကိုယ်က Manage ပြန်လုပ်တဲ့ အခါမှာ အသုံးချ
ရပါတယ်။
ဒီဘဝကို ကျေနပ်လား?
ဒီဘဝကိုတော့ ခဏတာ ကျေနပ်ပေမယ့် အမြဲ
ကျေနပ်ဖို့ မလွယ်ပါဘူး။ တစ်သက်လုံး ဒီလိုလုပ်
နေဖို့ ဆိုတာ မလွယ်ပါဘူး။ မိသားစု၊ သူငယ်ချင်း
တွေအတွက် အချိန်ပေးဖို့မလွယ်ပါဘူး။ လူလည်း
ပင်ပန်းပါတယ်။ ကိုယ့်လုပ်ငန်းမို့ မမောနိုင်၊မပန်း
နိုင်လုပ်နေပေမယ့် ရှေရှည်တော့မလွယ်ပါဘူး။
ဒီဘဝကို မကျေနပ်ရင်တော့ သင်ဆက်ပြီးကြိုးစား
ရပါလိမ့်မယ်။
B=> Business Owner or Big Business
ဒီအဆင့်ကတော့ အနေချောင်သွားပါပြီ။ နေရာ
တကာ ကိုယ်သိပ်ပါစရာမလိုတော့ပါဘူး။ ကိုယ့်
အတွက် အလုပ်လုပ်ပေးနေမယ့်သူတွေရှိနေပါ
ပြီ။ အားလပ်ချိန်လေးတွေလည်းရနေပါ ပြီ။ ဘဝ
အတွက် ငွေအားဖြင့် အာမခံချက်လေးလည်း
ရှိနေပါပြီ။ ဒီအဆင့်ကို Passsive Incomeလို့
ခေါ်ပါတယ်။ လုပ်ငန်းတွေက ကိုယ်ပါစရာမလို
သလောက်ဖြစ်အောင် ချောမွေ့နေပါပြီ။
ဒီဘဝကို ကျေနပ်လား?
ကျေနပ်မယ်ဆိုရင် ကျေနပ်လို့ရနေပါပြီ။ ဒါပေမယ့်
မကျေနပ်ချင်သေးဘူးဆိုရင်လည်း မကျေနပ်လို့
ရပါတယ်။ နောက်တစ်ဆင့်ကတော့ အောက်မှာ
ဆက်ဖက်ပါ။
I=> Investor (ရင်းနှီးမြှုပ်နှံသူ)
ဒီအဆင့်ကတော့ အလားအလာရှိတဲ့ လုပ်ငန်းတွေ
မှာ ရင်းနှီးမြှုပ်နှံပြီး ထိုင်စားတဲ့ အဆင့်ဖြစ်သွားပါပြီ။
2005, Yahoo ရဲ့ co-founder Jerry Yangဟာ
အလီဘာဘာCompanyတည်ထောင်သူ Jack Ma
ဆီမှာ ဒေါ်လာ 1Billion ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ (Jack
Ma အကြောင်းကို ကျွန်တော့်ရဲ့"သူစိတ်ဓာတ်ကျ တိုင်း
ဖတ်ဖို့"စာအုပ်ထဲမှာ ဖော်ပြဖူးပါတယ်။) Jerry Yang
တကယ့်တကယ် ပြန်ရတဲ့အချိန်မှာတော့ အဆပေါင်း
များစွာ အမြတ်ထွက်ခဲ့ပါတယ်။ ဒါဟာ ဥပမာ အကြီးကြီး
ကိုပြောတာပါ။ အသေးလေးတွေမှာလည်း ရနို်င်ခြေတွေ
အများကြီးရှိပါတယ်။ အလားအလာရှိတဲ့ လုပ်ငန်းလေး
တွေမှာ ရင်းနှီးမြှုပ်နှံပြီး အဲ့ဒီ Companyရဲ့ ပိုင်ဆိုင်မှု
ရာခိုင်နှုန်းအချို့ကို ဝယ်ယူတာပဲ ဖြစ်ပါတယ်။
ဒီဘဝကို ကျေနပ်လား?
ဒီဘဝကတော့ အေးအေးဆေးဆေးပါပဲ။ လွတ်လွတ်
လပ်လပ် နေလို့ရပါပြီ။ ဝင်ငွေအလိုလျောက်ဝင်နေ
တဲ့နေရာတွေ အများကြီးရှိနေပါပြီ။ တစ်ခုခုရှုံးသွား
ရင်လည်း အခြားအရံတွေက ရှိနေပါအုံးမယ်။ ရှိသမျှ
အကုန် တစ်ပြားမကျန်ရင်းနှီးပြီး ရှုံးသွားရင်တော့
လည်း မသိဘူးပေါ့။ ဒီအဆင့်ထိရောက်လာတဲ့
လူတစ်ယောက်မှာတော့ Warren Buffett ရဲ့
"don't put all your eggs in one basket"
ဆိုတဲ့ အတွေးအခေါ်ကို သိနေပြီး လောက်ဖြစ်မှာ
ပါ။
ဒီစာဖတ်ပြီးသွားရင်
၁)သင်ဘယ်နေရာရောက်နေသလဲ ပြန်စဉ်းစားပါ။
၂) အဲ့ဒီထက်အရေးကြီးတာသင်ဘယ်နေ ရာ
ကိုသွားချင်လဲဆိုတာကိုလည်း ပြန်စဉ်းစားပါ။
၃)အဲ့ဒီထက်ပိုပြီးအရေးကြီးတာ ဘာတွေပြောင်းလဲ
ရမလဲ စဉ်းစားပါ။
၎) အဲ့ဒီထက် ပိုပြီး အရေးကြီးတာ တကယ်လုပ်ဖြစ်
အောင် ကြိုးစားဖို့ပါ။
Credi to #မိုးရှင်း (I.M.T) ရေးသားသည်။
Rich Dad Poor Dad ရေးတဲ့ Robert Kiyosaki
ဆိုတာမိတ်ဆက်ပေးစရာမလိုလောက
များပြီးသားဖြစ်မယ်ထင်ပါတယ်
အကြောင်းကိုနည်းနည်းလောက် ပြန်လည်မျှဝေပါရစေ။
P.S ဒီဆောင်းပါးနဲ့ MLMဘယ်လိုမှ မပက်သက်ပါ။
ကျွန်တော်သည် MLM အားပေးသူ တစ်ယောက်
မဟုတ်ပါ။ အချို့လူများက Robert Kiyosaki ဆို
တာနဲ့ MLM ပြေးမြင်တတ်ကြလို့ ကြိုတင်အသိပေး
ထားခြင်းဖြစ်ပါတယ်။
E=> Employed ( ဝန်ထမ်းဘဝ)*
ဒီအချိန်ကတော့ သူများအတွက် အလုပ်လုပ်ပေးရတဲ့
အချိန်ပါ။ အချိန်နဲ့ ငွေနဲ့ကို လဲလှယ်ယူနေရတဲ့ အချိန်
ဖြစ်ပါတယ်။ ဒီဘဝမှာ လက်လှုပ်မှ ပါးစပ်လှုပ်ရလေ့
ရှိပါတယ်။ အားလပ်ချိန်လည်း ရှားပါးတတ်ပါတယ်။
ဒီလိုဝင်နေတဲ့ဝင်ငွေကို Active Incomeလို့ခေါ်ပါ
တယ်။ မိမိဘဏ္ဍာရေးဟာ ရေရှည်အတွက် စိတ်မချ
ရပါဘူး။ အကြီးအကျယ်နေမကောင်းဖြစ်ပြီ
အကျများစွာကုရတော့မယ်ဆိုရင်
မရှိဖြစ်တတ်ပါတယ်။ သို့မဟုတ် မလုံမလောက်
ဖြစ်တတ်ပါတယ်။ ဘဝအတွက် အာမခံချက်အပြည့်
မရှိပါဘူး။
ဒီဘဝကို ကျေနပ်လား?
ဒီမေးခွန်းကို ရွဲ့ပြီးမေးတာတော့ မဟုတ်ပါဘူး။ တကယ်
ကို ကျေနပ်နေတတ်သူတွေရှိတတ်လို့
လောဘနည်းပြီး စိတ်ချမ်းသာနေရင်တော့ သင့်ရဲ့
အလိုအတိုင်းပါပဲ။ ဒီလိုမှ မဟုတ်ပဲ အဲ့ဒီဘဝကို
မကျေနပ်ရင် သင်စပြီး ပြောင်းလဲဖို့လိုနေပါပြီ။
လုပ်နေကျအရာတွေပဲ လုပ်နေရင် ရနေကျအရာ
တွေပဲ ရနေပါလိမ့်မယ်။ မိမိရဲ့ဝင်ငွေတိုးဖို့ မိမိရဲ့
အရည်အချင်းတွေကိုတိုးတက်အော
လိမ့်မယ်။ အလုပ်မှာ သင်ယူရပါလိမ့်မယ်။ ငါသိ
ငါတတ်ဆိုတဲ့ စိတ်ကြီးကို ဖျောက်ရပါလိမ့်မယ်။
သူများထက်ပိုကြီးစားရပါလိမ်
S=> Self-empoyed ( ကိုယ်ပိုင်လုပ်ငန်းစလုပ်
ဒီအဆင့်က ကျွန်တော့်ရဲ့ အဆင့်ပါ။ ကျွန်တော်လက်ရှိ
ရောက်နေတဲ့အရာလည်းဖြစ်ပါတယ်
လည်း နားရတဲ့ အဆင့်မဟုတ်သေးပါဘူး။ ဒီအဆင့်
မှာလည်း တော်တော်ကြိုးစားရပါတယ်။ စိတ်ဖိစီးမှု
တွေလည်း ရှိပါတယ်။ ကိုယ်ပိုင်လုပ်ငန်းတစ်ခု (သို့)
Start-up တစ်ခုအောင်မြင်ဖို့ဆိုတာ တော်ရုံတန်ရုံ
ဇွဲနဲ့ မရပါဘူး။ အရင်းအနှီးတွေ ကုန်သွားလို့စိတ်ညစ်
ရတာမျိုးလည်း ရှိတတ်သလို၊ လုပ်ငန်းက မိမိထင်
ထားသလောက် တိုးတက်မှုမရှိလို့ စိတ်ညစ်ရတာ
တွေလည်း ရှိပါတယ်။ အခန့်မသင့်ရဲ့ အကြွေးတွေ
လည်း ရှိလာနိုင်ပါတယ်။ ကိုယ့်ဝန်ထမ်းတွေထက်
ဘော့စ်ဖြစ်တဲ့ ကိုယ်က ပိုတောင်ကြိုးစားရပါတယ်။
ဘော့စ်ဆိုပြီး ဆုံလည် ထိုင်ခုံပေါ်မှာ ထိုင်နေလို့မရ
ပါဘူး။ သူများတွေကိုလည်း Manage လုပ်ရပါ
တယ်။ ဝန်ထမ်းဘဝတုန်းက သင်ခန်းစာတွေကို
ကိုယ်က Manage ပြန်လုပ်တဲ့ အခါမှာ အသုံးချ
ရပါတယ်။
ဒီဘဝကို ကျေနပ်လား?
ဒီဘဝကိုတော့ ခဏတာ ကျေနပ်ပေမယ့် အမြဲ
ကျေနပ်ဖို့ မလွယ်ပါဘူး။ တစ်သက်လုံး ဒီလိုလုပ်
နေဖို့ ဆိုတာ မလွယ်ပါဘူး။ မိသားစု၊ သူငယ်ချင်း
တွေအတွက် အချိန်ပေးဖို့မလွယ်ပါဘူး။ လူလည်း
ပင်ပန်းပါတယ်။ ကိုယ့်လုပ်ငန်းမို့ မမောနိုင်၊မပန်း
နိုင်လုပ်နေပေမယ့် ရှေရှည်တော့မလွယ်ပါဘူး။
ဒီဘဝကို မကျေနပ်ရင်တော့ သင်ဆက်ပြီးကြိုးစား
ရပါလိမ့်မယ်။
B=> Business Owner or Big Business
ဒီအဆင့်ကတော့ အနေချောင်သွားပါပြီ။ နေရာ
တကာ ကိုယ်သိပ်ပါစရာမလိုတော့ပါဘူ
အတွက် အလုပ်လုပ်ပေးနေမယ့်သူတွေရှ
ပြီ။ အားလပ်ချိန်လေးတွေလည်းရနေပါ
အတွက် ငွေအားဖြင့် အာမခံချက်လေးလည်း
ရှိနေပါပြီ။ ဒီအဆင့်ကို Passsive Incomeလို့
ခေါ်ပါတယ်။ လုပ်ငန်းတွေက ကိုယ်ပါစရာမလို
သလောက်ဖြစ်အောင် ချောမွေ့နေပါပြီ။
ဒီဘဝကို ကျေနပ်လား?
ကျေနပ်မယ်ဆိုရင် ကျေနပ်လို့ရနေပါပြီ။ ဒါပေမယ့်
မကျေနပ်ချင်သေးဘူးဆိုရင်လည
ရပါတယ်။ နောက်တစ်ဆင့်ကတော့ အောက်မှာ
ဆက်ဖက်ပါ။
I=> Investor (ရင်းနှီးမြှုပ်နှံသူ)
ဒီအဆင့်ကတော့ အလားအလာရှိတဲ့ လုပ်ငန်းတွေ
မှာ ရင်းနှီးမြှုပ်နှံပြီး ထိုင်စားတဲ့ အဆင့်ဖြစ်သွားပါပြီ။
2005, Yahoo ရဲ့ co-founder Jerry Yangဟာ
အလီဘာဘာCompanyတည်ထောင်သူ Jack Ma
ဆီမှာ ဒေါ်လာ 1Billion ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ (Jack
Ma အကြောင်းကို ကျွန်တော့်ရဲ့"သူစိတ်ဓာတ်ကျ
ဖတ်ဖို့"စာအုပ်ထဲမှာ ဖော်ပြဖူးပါတယ်။) Jerry Yang
တကယ့်တကယ် ပြန်ရတဲ့အချိန်မှာတော့ အဆပေါင်း
များစွာ အမြတ်ထွက်ခဲ့ပါတယ်။ ဒါဟာ ဥပမာ အကြီးကြီး
ကိုပြောတာပါ။ အသေးလေးတွေမှာလည်း ရနို်င်ခြေတွေ
အများကြီးရှိပါတယ်။ အလားအလာရှိတဲ့ လုပ်ငန်းလေး
တွေမှာ ရင်းနှီးမြှုပ်နှံပြီး အဲ့ဒီ Companyရဲ့ ပိုင်ဆိုင်မှု
ရာခိုင်နှုန်းအချို့ကို ဝယ်ယူတာပဲ ဖြစ်ပါတယ်။
ဒီဘဝကို ကျေနပ်လား?
ဒီဘဝကတော့ အေးအေးဆေးဆေးပါပဲ။ လွတ်လွတ်
လပ်လပ် နေလို့ရပါပြီ။ ဝင်ငွေအလိုလျောက်ဝင်နေ
တဲ့နေရာတွေ အများကြီးရှိနေပါပြီ။ တစ်ခုခုရှုံးသွား
ရင်လည်း အခြားအရံတွေက ရှိနေပါအုံးမယ်။ ရှိသမျှ
အကုန် တစ်ပြားမကျန်ရင်းနှီးပြီး ရှုံးသွားရင်တော့
လည်း မသိဘူးပေါ့။ ဒီအဆင့်ထိရောက်လာတဲ့
လူတစ်ယောက်မှာတော့ Warren Buffett ရဲ့
"don't put all your eggs in one basket"
ဆိုတဲ့ အတွေးအခေါ်ကို သိနေပြီး လောက်ဖြစ်မှာ
ပါ။
ဒီစာဖတ်ပြီးသွားရင်
၁)သင်ဘယ်နေရာရောက်နေသလဲ ပြန်စဉ်းစားပါ။
၂) အဲ့ဒီထက်အရေးကြီးတာသင်ဘယ်နေ
ကိုသွားချင်လဲဆိုတာကိုလည်း ပြန်စဉ်းစားပါ။
၃)အဲ့ဒီထက်ပိုပြီးအရေးကြီးတ
ရမလဲ စဉ်းစားပါ။
၎) အဲ့ဒီထက် ပိုပြီး အရေးကြီးတာ တကယ်လုပ်ဖြစ်
အောင် ကြိုးစားဖို့ပါ။
Credi to #မိုးရှင်း (I.M.T) ရေးသားသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။