*** စည်းဝိုင်းအပြင်ဘက်က...လူ ***
အရိပ်မပေးနိုင်ရင်နေပါ။
အခက်ချိုးတတ်သူမဖြစ်ပါစေနဲ့ ။
မဖေးမနိုင်ရင်နေပါ။
ထိုးချတတ်သူမဖြစ်ပါစေနဲ့ ။
ဆွဲမထူပေးနိုင်ရင်နေပါ။
နင်းတက်သွားသူမဖြစ်ပါစေနဲ့ ။
မုဒိတာမပွားနိုင်ရင်နေပါ။
မစ္ဆိယထားတတ်သူမဖြစ်ပါစေနဲ့ ။
သစ္စာမပေးနိုင်ရင်နေပါ။
မေတ္တာပျက်တတ်သူမဖြစ်ပါစေနဲ့ ။
တန်ဖိုးမထားနိုင်ရင်နေပါ။
မလေးစားတတ်သူမဖြစ်ပါစေနဲ့ ။
မကြင်နာနိုင်ရင်နေပါ။
ဝေဒနာပေးတတ်သူမဖြစ်ပါစေနဲ့ ။
မချစ်နိုင်ရင်နေပါ။
အပြစ်ရှာတတ်သူမဖြစ်ပါစေနဲ့ ။
မရိုးသားနိုင်ရင်နေပါ။
လှည့်ဖျားတတ်သူမဖြစ်ပါစေနဲ့ ။
လက်မတွဲနိုင်ရင်နေပါ။
အသည်းခွဲတတ်သူမဖြစ်ပါစေနဲ့ ။
အနမ်းမပေးနိုင်ရင်နေပါ။
အလွမ်းပေးတတ်သူမဖြစ်ပါစေနဲ့ ။
ကျေးဇူးမသိတတ်နိုင်ရင်နေပါ။
ကျေးဇူးကန်းတတ်သူမဖြစ်ပါစေနဲ့ ။ ။
ပန်သုငယ်
4.3.2018
အရိပ်မပေးနိုင်ရင်နေပါ။
အခက်ချိုးတတ်သူမဖြစ်ပါစေနဲ့ ။
မဖေးမနိုင်ရင်နေပါ။
ထိုးချတတ်သူမဖြစ်ပါစေနဲ့ ။
ဆွဲမထူပေးနိုင်ရင်နေပါ။
နင်းတက်သွားသူမဖြစ်ပါစေနဲ့ ။
မုဒိတာမပွားနိုင်ရင်နေပါ။
မစ္ဆိယထားတတ်သူမဖြစ်ပါစေနဲ့ ။
သစ္စာမပေးနိုင်ရင်နေပါ။
မေတ္တာပျက်တတ်သူမဖြစ်ပါစေနဲ့ ။
တန်ဖိုးမထားနိုင်ရင်နေပါ။
မလေးစားတတ်သူမဖြစ်ပါစေနဲ့ ။
မကြင်နာနိုင်ရင်နေပါ။
ဝေဒနာပေးတတ်သူမဖြစ်ပါစေနဲ့ ။
မချစ်နိုင်ရင်နေပါ။
အပြစ်ရှာတတ်သူမဖြစ်ပါစေနဲ့ ။
မရိုးသားနိုင်ရင်နေပါ။
လှည့်ဖျားတတ်သူမဖြစ်ပါစေနဲ့ ။
လက်မတွဲနိုင်ရင်နေပါ။
အသည်းခွဲတတ်သူမဖြစ်ပါစေနဲ့ ။
အနမ်းမပေးနိုင်ရင်နေပါ။
အလွမ်းပေးတတ်သူမဖြစ်ပါစေနဲ့ ။
ကျေးဇူးမသိတတ်နိုင်ရင်နေပါ။
ကျေးဇူးကန်းတတ်သူမဖြစ်ပါစေန
ပန်သုငယ်
4.3.2018
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။