Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, March 4, 2018

#ကျောင်းတွေမှာပြည်သူ့နီတိသင်ကြားရေး

#ကျောင်းတွေမှာပြည်သူ့နီတိသင်ကြားရေး
*****************************
“ပညာရေးဆိုတာ
ဧကရာဇ်ကြီးဖြစ်ဖို့၊
တရားသူကြီး ဖြစ်ဖို့မဟုတ်ပါ။
ပြည်သူပြည်သားကောင်းဖြစ်အောင်
လေ့ကျင့်ပေးခြင်း”ပါတဲ့။

အတွေးအခေါ်ပညာရှင်ကြီး
“ရူးဆိုး” (Rousseau) ရဲ့
ပညာရေးနဲ့ဆိုင်တဲ့ အဆိုအမိန့်ပါ။
သူ့အဆိုဟာ ယနေ့အထိမှန်ကန်နေဆဲပါ။
သူ့အဆိုကို ဘာထရန်ရပ်ဆဲလ်က
“လူဆန်တဲ့ လူသားမွေးထုတ်ခြင်း”တဲ့။
ပညာရေးရဲ့ နောက်ဆုံးရလဒ်က
ကောင်းမှု (ဓမ္မ)နဲ့
မကောင်းမှု (အဓမ္မ)တို့ကို
ဝေဖန် ဆန်းစစ်နိုင်စွမ်းရှိပြီး
အမှန်တရားကို သစ္စာခံတဲ့
ဘက်တော်သားဖြစ်လာကာ
လောကကောင်းကျိုးစွမ်းစွမ်းတမံ
သယ်ပိုးနိုင်သူ ဖြစ်လာခြင်းပါပဲ။
အဲဒါမှ ပြည်သူ့သားကောင်း
(good citizen)ပါ။

နိုင်ငံသားကောင်း၊
ပြည်သူ့သားကောင်း
တစ်ယောက် ဖြစ်လာဖို့အတွက်
ပြည်သူပြည်သားကောင်း
တစ်ယောက်ရဲ့ အခွင့်အရေး၊
တာဝန်နဲ့ဝတ္တရား၊
လေးစားလိုက်နာရမယ့်
စည်းကမ်းတွေက ဘာတွေလဲ။
အဲဒါတွေ သိအောင်၊ ပြီးတော့
လေးစားကာ လိုက်နာကျင့်သုံးအောင်
ဘယ်လိုလုပ်မှာလဲ။
ပြည်သူပြည်သားကောင်းဆိုတာ
တစ်ဦးတစ်ယောက်အတွက်မဟုတ်ပါ
နိုင်ငံအတွင်းရှိ ဆူကြုံနိမ့်မြင့်
နိုင်ငံသားအားလုံး အတွက်ပါ။
ပြည်သူပြည်သားကောင်းတစ်ယောက်မှာ
ရှိသင့်ရှိထိုက်တဲ့ နိုင်ငံကြီးသားစိတ်ထား
အရည်အသွေးတွေပြည့်ဝမှ အဲဒီနိုင်ငံဟာ
ငြိမ်းချမ်းမှု ၊ သာာယာမှု နဲ့ ပြည့်စုံပြီး
ဖွံ့ဖြိုးတိုးတက်မှုကို အင်နဲ့အားနဲ့
ဆောင်ရွက်နိုင်မှာ။ ပြည်သူလူထုကို
နိုင်ငံသားကောင်းတွေ ဖြစ်လာအောင်
အုံနဲ့ကျင်းနဲ့ အစုအဝေးနဲ့ လေ့ကျင့်
ပေးနိုင်တဲ့လုပ်ငန်းက ပညာရေးပါပဲ။

ပညာရေးရဲ့ လုပ်ငန်းတွေ၊
မျှော်မှန်းချက်တွေကို ပြည့်ပြည့်၀၀
အကောင်အထည်ဖော်နေတဲ့
နေရာတွေကတော့ ကျောင်းတွေပါ။
မူကြို၊ မူလတန်းမှသည် ကောလိပ်
တက္ကသိုလ် အမျိုးမျိုးအထိပါ။
များသောအားဖြင့် လူတွေက
ထင်ကြပါတယ်။
ကျောင်းဆိုတာ “သင်” တဲ့နေရာ၊
အထူးသဖြင့် “စာသင်” တဲ့နေရာ၊
တကယ်တမ်းမှာ ကျောင်းဆိုတာ
လူသားတစ်ဦးချင်းကို
လူကောင်းလူတော်ဖြစ်အောင်
လေ့ကျင့်ပေး၊ ပြင်ပေးတဲ့နေရာတွေမို့
ကျနော်တို့ ဆရာကြီးတွေက
“လူပြင်” တဲ့ နေရာပါတဲ့။
လူကိုပြင်တယ်ဆိုတာ
ရုပ်ဝတ္ထုလို ရိုက်နှက်၊ ထုထက်
တပ်ဆင်လိုက်လို့ ပြီးတဲ့နေရာ မဟုတ်ပါ။
အကြိမ်ကြိမ် အထပ်ထပ်လေ့ကျင့်ပေးမှ
ရတဲ့အရာပါ။ ဘ၀ တစ်လျှောက်လုံး
လေးစားလိုက်နာကာ အထုံပါရမီလိုစွဲပြီး
ကျင့်သုံးသွားသည်ထိ လေ့ကျင့်ပေးတာပါ။
ပြည်သူပြည်သားကောင်းဆိုတာ
မိမိလိုက်နာရမယ့် ကျင့်ဝတ်ကို
သိနေရုံနဲ့ မပြီးပါ။ လေးစားလိုက်နာ
ကျင့်ကြံမှု နဲ့ ပြည့်စုံမှဖြစ်မှာပါ။

ပြည်သူပြည်သားကောင်း
တစ်ယောက်အနေနဲ့ လေးစားလိုက်နာ
တန်ဘိုးထားကျင့်သုံးရမယ့်အရာမို့
ပြည်သူ့နီတိCivicsလို့သုံးနှုန်းတာပါ။

ကမ္ဘာ့နိုင်ငံများမှ ပညာရေး
ပညာရှင်တွေလက်ခံထားတာက
ပြည်သူ့နီတိနဲ့ ကျောင်းဆိုတာ
ရုပ်နဲ့နာမ် (Body and Soul) လိုပါပဲ။
ခွဲခြားလို့ရကောင်းတဲ့အရာမဟုတ်ပါတဲ့။

ဘာလို့လဲဆိုတော့ ကျောင်းဆိုတာ
ကလေးတွေကို ထူးချွန်ထက်မြက်တဲ့
ပြည်သူပြည်သားကောင်းဖြစ်အောင်
လေ့ကျင့်ပေးတဲ့နေရာ ဖြစ်လို့ပါပဲ။
ဒါကြောင့်ပြည်သူ့နီတိဟာ
ကျောင်းမှာ မိသားစုမှာ
ရပ်ကွက်၊ ကျေးရွာ၊ မြို့တွေမှာ
ဘုရားကျောင်းမှာ၊
အလုပ်ခွင်အသီးသီးမှာ၊
ပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေမှာ၊
အားကစားအသင်းတွေ၊
မီဒီယာအမျိုးမျိုးတွေနဲ့
နောက်ဆုံးရွေးကောက်ပွဲတွေ၊
ရွေးကောက်ပွဲရဲ့စည်းရုံးရာမှာ
မိမိရဲ့ကုန်ပစ္စည်း ကြော်ငြာအဆုံး
ကျင့်သုံးလိုက်နာရမယ့် အရာပါ။
ပြည်သူ့နီတိဟာ
တစ်ဦးချင်းမှသည် မိသားစု၊
မိသားစုမှသည် ကျောင်း၊
ရပ်ကွက်၊ အဖွဲ့အစည်းနှင့်နောက်ဆုံး
မိမိနိုင်ငံနဲ့ ကမ္ဘာ့ရွာကြီးအဆင့်ထိ
ကျင့်သုံးရမယ့် အသိနဲ့ အကျင့်ပါ။

ကျွန်တော်တို့
ငယ်ငယ်တုန်းက ကျောင်းတွေမှာ
ဆရာကြီးဦးအုန်းမောင်ရေးသားတဲ့
“ပြည်သူ့နီတိ” ကို မူလတန်းမှ
အလယ်တန်းအထိ သင်ကြားခဲ့ရပါတယ်။
နံနက်ကျောင်းစတက်တဲ့အချိန်မှာ
သင်ရတာပါ။ မူလတန်းမှာ “ပြည်သူ့နီတိ”
(Civics) သက်သက်နဲ့ အလယ်တန်းမှာ
“ပြည်သူ့နီတိနှင့်ကျန်းမာခြင်း”
(Civics and hygiene)
ဆိုပြီး သင်ကြားရပါတယ်။

ဆရာကြီးရေးတဲ့
မူလတန်း ပြည်သူ့နီတိအထဲမှာ
ပေါင်းသင်းရေးနှင့် ပညာရေး၊
စည်းကမ်းသေ၀ပ်ရေး၊
မကောင်းမှုကို မပြုသင့်ကြောင်း၊
အချိန်မှန်ခြင်း၊ လမ်း၌ယဉ်ကျေးမှု ၊
ကိုယ်ချင်းစာ၊ ၀တ္တရားရှိသူ၊
ယဉ်ကျေးမှု ၊ မိဘစကား နာယူအပ်ခြင်း၊
တိရစ္ဆာန်များကို သနားခြင်း၊
ကျောင်းသမပါယမ၊ သက်ကြီးပူဇော်ပွဲ၊
ငယ်စဉ်က ပညာသင်အပ်ခြင်း၊
ကျောင်းတာဝန်ခွဲဝေမှု ၊ ထမ်းဆောင်ခြင်း၊
ကျေးရွာတာဝန်ခွဲဝေထမ်းဆောင်ရေး၊
ခန္ဓာကိုယ် သန့်ရှင်ရေး၊
အ၀တ်သန့်ရှင်းရေး၊
ကျန်းမာရေးနှင့် သန့်ရှင်းရေး၊
ယဉ်ကျေးမှု နှင့် သန့်ရှင်းရေး”...
စသည်ဖြင့် သင်ကြားခဲ့ရပါတယ်။

ထို့အတူ အလယ်တန်း
ပြည်သူ့နီတိမှာတော့
အပိုင်းနှစ်ပိုင်းရှိပါတယ်။

ပထမပိုင်းမှာ
“အုပ်ချူ ပ်ရေး အခန်း”၊
ဒုတိယအပိုင်းမှာ
“ကျန်းမာခြင်းပညာ”
ဖြစ်ပါတယ်။

ပထမပိုင်းတွင်
“ပြည်သူ့အခွင့်အရေးနှင့် ပြည်သူ့ဝတ္တရား၊
ကျေးရွာသားနှင့် သူကြီးဝတ္တရား၊
ဆယ်အိမ်ခေါင်း၊ ရွာခေါင်း၊
ကျေးရွာကော်မတီ၊ မြို့ပြအုပ်ချူ ပ်ရေး၊
မြူ နီစီပယ်၊ မြို့ကော်မတီ၊
ပေါင်းသင်းဆက်ဆံရေးလုပ်ငန်းများ၊
ဖြေဖျော်မှု ၊ ပျော်ပွဲရွှင်ပွဲများ၊
ပညာရှာမှီရာဌာနများ
စသည်တို့ရှိပါသည်။

ကျန်းမာခြင်းအပိုင်းမှာ
“အဆောက်အဦး သန့်ရှင်းရေး၊
သွားကိုဂရုစိုက်ရန်၊
ကွမ်းစားခြင်း အပြစ်များ၊
အိပ်စက်အနားယူခြင်း၊
မီးဖိုဆောင်၊ လမ်းဘေးဆေးဆိုင်၊
ကာလ၀မ်းရောဂါ၊ လေအကြောင်း၊
ပလိပ်ရောဂါ၊”စသည်တို့ပါ။

တော်သလောက် ကောင်းပြီး
စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်သော
ပြည်သူပြည် သားကောင်း
တစ်ယောက်ပေါ်ထွန်းလာရေးပါ။

ကျွန်တော်တို့ကျောင်းတွေမှာ
ပြည်သူ့နီတိဘာသာရပ်နှင့်
ဝေးခဲ့တာကြာပါပြီ။

နိုင်ငံတကာမှာ ပြည်သူ့နီတိကို
ကျောင်းတွေမှာ သင်ကြားပေးတဲ့
ရည်ရွယ်ချက်ကတော့ အဲဒီနိုင်ငံရဲ့
အနာဂတ်မှာ နိုင်ငံကြီးသားတွေ
ပေါ်ထွန်းလာစေဖို့ပါ။
နိုင်ငံကြီးသားစိတ်ထား ကြွယ်ဝသူတွေ
အနေနဲ့ ပိုင်ဆိုင် ရမယ့်အရာတွေကတော့

(က) အသိတရားမြင့်မားစေခြင်း။

၁။ စာရိတ္တ၏ တန်ဖိုး။

ဥပမာ -
ရိုးသားမှု ၊
လေးစားမှု ၊
တာဝန်သိမှု ၊
အကျင့်စာရိတ္တခိုင်မြဲမှုကိုသိရှိခြင်း။

၂။ မိသားစုစိတ်ဓါတ်
မြင့်မားမှုတန်ဖိုး။

မိသားစုအချင်းချင်း
မြတ်နိုးခြင်း၊ ဂရုစိုက်ခြင်း၊
မိသားစု၏ ဂုဏ်သိက္ခာကို
လေးစားတန်ဖိုးထားခြင်းကို
နားလည်ခြင်း။

၃။ အဖွဲ့အစည်းစိတ်ဓါတ်။

အတန်းတွင်း၊
ကျောင်းတွင်း၊
ရပ်ကွက်တွင်း
ပူးပေါင်းလုပ်ဆောင်မှု၏
တန်ဖိုးကိုသိရှိ လာခြင်းကို
သဘောပေါက်ခြင်း။

၎။ မိမိပတ်ဝန်းကျင်၏ လေးစား
တန်ဖိုးထားခြင်းကို သိရှိလာခြင်း။

အတန်း၊ ကျောင်း၊
ရပ်ရွာ ဂုဏ်တက်အောင်
ပြုမှုဆောင်ရွက်လိုစိတ်။

၅။ ရိုးရာဓလေ့ ယဉ်ကျေးမှုကို
လေးစားရမည်ဟူသော အသိရှိလာခြင်း။

၆။ အမျိုးသားစံနှုန်းနှင့်
နိုင်ငံသားကောင်း တစ်ယောက်၏
အရည်အသွေများကို သိရှိလာခြင်း။

(ခ) မြင့်မားသည့်
စိတ်သဘောထားရှိခြင်း။

၁။ မိမိကိုယ်ကို
ယုံကြည်မှု အပြည့်ရှိစွာဖြင့်
တာဝန်ကို ထမ်းဆောင်နိုင်ခြင်း။

၂။ တာဝန်သိ၍ တာဝန်ယူ
ဆောင်ရွက်လိုစိတ် ရှိခြင်း။

၃။ အခက်အခဲကို
နောက်မဆုတ်ဘဲ
ရင်ဆိုင်ကျော်လွှားနိုင်ခြင်း။

၎။ သူတစ်ပါးအား
ရိုင်းပင်းကူညီလိုစိတ်ပြည့်ဝခြင်း။

၅။ အသက်၊ ၀ါ၊ ပညာ၊ ဂုဏ်ကြီးသူကို
ရိုသေလေးစားသည့် အလေ့အထရှိခြင်း။

၆။ လူအချင်းချင်း ဘ၀နောက်ခံ
မတူမှု နှင့် စရိုက်ကွဲပြားမှုများကို
အသိအမှတ်ပြု ခြင်း။

၇။ သူတစ်ပါးအောင်မြင်အောင်
ကူညီစွမ်းဆောင်ပေးလိုခြင်း။

၈။ ကွဲပြားသောလူမျိုး၊ ဘာသာ၊
ယဉ်ကျေးမှု ၊ ဓလေ့ထုံးတမ်းများကို
လေးစားတန်ဖိုးထားခြင်း။

၉။ ရပ်ရွာအကျိုး၊ လူထုအကျိုး၊
အဖွဲ့အစည်းကောင်းကျိုး
သယ်ပိုးလိုစိတ် ပြင်းထန်ခြင်း။

၁၀။ လူမျိုးနဲ့ တိုင်းပြည်ကိုချစ်ပြီး
ပြည်သူ့နီတိ ပြည့်ဝ၍ တာဝန်သိသော
နိုင်ငံကြီးသား၏ အပြုအမူ အလေ့
အကျင့်ဖြင့် နေထိုင်ခြင်းတို့ ဖြစ်ပါသည်။

အထက်ပါအချက်အာလုံးကို
ခြုံလိုက်လျှင် ကျောင်းတွေမှာ
ပြည်သူ့နီတိ သင်ကြားရခြင်းရဲ့
နောက်ဆုံးရလဒ်ကတော့ ...

(က) နိုင်ငံသူနိုင်ငံသားကောင်း
(Good citizen)

(ခ) လူတော်လူကောင်း
(Good person)

(ဂ) ဒီမိုကရေစီ အကျင့်ကို
လေးစားတန်ဖိုးထားသူ(သို့)
ဒီမိုကရေစီဝါဒီကောင်း
(Good democrat) တွေ
ပေါ်ထွန်းလာခြင်းတို့ ပဲဖြစ်ပါတယ်။

ဒါကြောင့်မို့
ကျောင်းကထွက်သွားတဲ့
လူငယ်တစ်ယောက်ကို
လေ့ကျင့်ပေးလိုက်တဲ့အရာ
အားလုံးအနက် ရင်ထဲ၊ ဦးနှောက်ထဲ
စွဲကျန်ရစ်မယ့် အဓိကအရာကတော့
ပြည်သူ့နီတိပါပဲ။

ဆိုလိုတာက အဲဒီ
လူငယ်ဟာ ပြည်သူ့နီတိကို
လေးစားလိုက်နာကျင့်သုံးသူ
(Civic-minded person) ဖြစ်သွားဖို့ပါ။
ကမ္ဘာတစ်ဝန်းက လူ့အဖွဲ့အစည်း
အားလုံးရဲ့ ငြိမ်းချမ်းသာယာ
ဖွံ့ဖြိုးတိုးတက်မှုကို အဲဒီလို
လူတွေကသာဆောင်ရွက်ကြမှာမို့ပါ။

ကျွန်တော်တို့ရဲ့နိုင်ငံတော်က
ချီတက်သွားနေတဲ့ လမ်ကြောင်းက
ဒီမိုကရေစီလမ်းကြောင်းပါ။
ဒီမိုကရေစီဟာ
နိုင်ငံကြီးသားစိတ်ထားကြွယ်ဝတဲ့
ပြည်သူပြည်သားကောင်းတွေနဲ့မ
အောင်အောင်မြင်မြင်ကျင့်သုံးနိုင်မှာ။
ဒါ့ကြောင့် နိုင်ငံတကာကျောင်းတွေမှာ
ပြည်သူ့နီတိ သင်ကြားပေးတာဟာ
“ဒီမိုကရေစီအလေ့အကျင့်ရအောင
လေ့ကျင့်ပေးတာပါပဲ၊ ထို့အတူ
ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတွေက
ကျောင်းတွေမှာ ပြည်သူ့နီတိ
သင်ကြားပေးတာဟာ
“နိုင်ငံရေးကောင်းဖို့” ပါတဲ့။
ပြည်သူ့နီတိ ကုံလုံတဲ့
နိုင်ငံသာတွေပေါပါမှ
ဒီမိုကရေစီရဲ့“စံ” ၊ အနှစ်သာရကို
အကောင်အထည်ဖော်နိုင်မှာဖြစ်လို့ပါ။

ကလေးငယ်တွေဟာ
ပြည်သူ့နီတိသင်ကြားပေးမှု
ကင်းမဲ့ခဲ့ရင် ကြီးနိုင်ငယ်ညှဉ်းနဲ့
အတ္တစိတ်ထားကြီးသူ၊
စာနာစိတ်မဲ့သူ၊
စည်းကမ်းမလေးစားသူ၊
တာဝန်မသိတတ်သူတွေအဖြစ်
ကြီးပြင်းလာမှာပါ။ အဲဒီစိတ်ထားဟာ
ဒီမိုကရေစီလူ့အဖွဲ့အစည်းမှာ မရှိအပ်တဲ့
စိတ်ထားနဲ့အကျင့်ပါ။ အဲဒီသူတွေလက်ထဲ
ဒီမိုကရေစီရောက်သွားလို့ကတော့
_______________________________________
#၀ရုန်းသုန်းကားဒီမိုကရေစီပဲဖြစ်ပါလိမ့်မယ်
_______________________________________
ကျွန်တော်တို့မျှော်မှန်းတာက
“စံပြည့် ဒီမိုကရေစီ လူ့ဘောင်”ပါ။
အဲဒီလိုဖြစ်ဖို့ကတော့
ပြည်သူပြည်သားကောင်း၊
လူတော်၊ လူကောင်းနဲ့
ဒီမိုကရေစီ ၀ါဒီကောင်း တွေ
လေ့ကျင့်ပေးနိုင်စွမ်း ရှိတဲ့ “ပြည်သူ့နီတိ”
ဘာသာရပ်ကိုကျောင်းတွေမှာ
(အထူးသဖြင့် မူလတန်းနဲ့
အလယ်တန်းကျောင်းအဆင့်)မဖြစ်မနေ
သင်ကြားပေးဖို့ လိုတဲ့အချိန်ပါ။
ဒါမှမြန်မာတို့ရဲ့ “စံပြည့် ဒီမိုကရေစီ
နိုင်ငံဆီသို့ ချီတက်ပွဲ” မှာ
ဆူးညှောင့်ခလုပ် ကန်သင်းကင်းကင်းနဲ့
အေးချမ်းသာယာစွာ ချီတက်နိုင်မှာပါ။

#ဒေါက်တာမောင်သင်း
ပြည်သူ့ခေတ်ဂျာနယ်
အတွဲ၁၊ အမှတ် ၄၅
၂- ဇွန်-၂၀၁၁ မှကူးယူဖော်ပြသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။