ကောင်လေး သို့မဟုတ် ကောင်မလေး ဖတ်ဖို့.....
~~ဘဝဆိုတာ အချိုးအကွေ့များတဲ့လမ်းတစ်ခုလိုပဲ
ဖြောင့်ဖြူးတဲ့အချိန်ရှိသလို ခက်ခဲတဲ့အချိန်လည်း ရှိတယ်
အေးချမ်းတဲ့ အချိန်ရှိသလို မောပန်းရတဲ့အချိန်လည်းရှိတယ်
သာယာတဲ့အချိန်ရှိသလို ပူလောင်ရတဲ့အချိန်လည်းရှိတယ်
ဘယ်အခြေအနေ မှာမဆို ကိုယ်ရောက်နေတဲ့ဘဝကို လက်ခံနိုင်ရမယ်
~~မင်းအောင်မြင်နေချိန်မှာ လက်ခုပ်တီးအားပေးမယ့်သူရှိသလို မင်းမကောင်းကြောင်းသတင်းလွှင့်မယ့်သူလည်းရှိမယ်
မင်းရှုံးနိမ့်ချိန်မှာ ကူညီဖေးမမယ့်သူရှိသလို စိတ်ချမ်းသာနေမယ့်သူတွေလည်း ရှိမယ်
ဘယ်လိုလူမျိုးနဲ့ကြုံ ကြုံ ဘယ်အခြေအနေတွေရောက်ရောက် မင်းကိုယ်မင်း ယုံကြည်မှုအပြည့်နဲ့ အားပြန်ပေးဖို့ရယ် ရောက်နေတဲ့နေရာကနေ ရပ်တန့်မနေဖို့ရယ်က မင်းရဲ့ဝတ္တရားပဲ
~~အရှုံးတွေကြုံ လာတိုင်း"ငါ့လောက်ကံဆိုးတဲ့သူရှိပါ့ဦးမလား"လို့ စိတ်ပျက်အားငယ်နေမယ်ဆိုရင် မင်းရည်မှန်းချက်တွေပြည့်ပါ့ဦးမလား။
တစ်ခါလဲကျတိုင်း ပန်းတိုင်နဲ့ ပိုနီးလာပါလား ဆိုပြီး အားတင်းရှေ့လျှောက်စမ်းပါ။
ဝေဖန်သံ ကဲ့ရဲ့သံတွေက အချိန်အတိုင်းအတာ တစ်ခုအတွင်းရပ်တန့်သွားကြမှာမို့ အသံတိုင်းကိုသာမင်းဂရုစိုက်နေရင် မင်းရဲ့စိတ်ဓာတ်တွေ အမှိုက်ထုပ်လို ညစ်ပတ်နံစော်နေလိမ့်မယ်
~~မင်းသိထားရမှာက "ကိုယ့်ရဲ့ပျော်ရွှင်မှု ဝမ်းနည်းမှု စိတ်ချမ်းသာမှုတွေဟာ ကိုယ်တိုင်ပဲ ဖန်တီးလို့ရတဲ့အရာတွေပါ။သူတစ်ပါး ရဲ့လက်ထဲက အရာတွေမဟုတ်ဘူး ဆိုတာပါပဲ။"သူများတကာပေးတဲ့
စိတ်အနှောင့်အယှက် တွေကို အလေးခံသယ်နေပြီး စိတ်မချမ်းမသာ
ဖြစ်နေတာထက် ကိုယ့်ဘာသာ ပျော်စရာတွေ တွေးပြီး အေးချမ်းနေတာ
ပိုမကောင်းဘူးလား။ငွေတွေ အပေါင်းအသင်းတွေကမှ မင်းကိုပျော်ရွှင်စေတာမဟုတ်ဘူး။မင်းတစ်ယောက်ထဲလည်း မင်းစိတ်ပါဝင်စားတဲ့ အရာတစ်ခုခုကို လုပ်ဆောင်ရင်း ပျော်အောင်နေလို့ရနေတာပဲ။အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာ ငွေကြေးအမြတ်အစွန်းရမှ မဟုတ်ပါဘူး။ကိုယ်လုပ်နေတဲ့ အလုပ် လုပ်ငန်းနဲ့ပတ်သက်ပြီး စိတ်ချမ်းသာပျော်ရွှင်နေတာ ကလည်း ကိုယ့်အောင်မြင်မှုပဲလေ
~~နေတတ်ရင် လောကကြီးက ကျေနပ်စရာပါ တဲ့
သူများစကားနားမယောင်ဘူး။နားမထောင်ဘူး။သူများပေးသမျှ စိတ်ညစ်စရာတွေကို အလေးခံသယ်မသွားဘူး။အတိတ်ကအကြောင်းအရာတွေကိုလည်း စဉ်းစားပြီးဝမ်းနည်းမနေတော့ဘူး။
မဖြစ်သေးတဲ့အနာဂတ်အတွက်လည်း စိုးရိမ်ကြောင့်ကြမနေဘူး။မင်းရဲ့လက်ရှိဘဝကို အရှိအတိုင်းလက်ခံနိုင်ရင် မင်းလောက်ပျော်စရာကောင်းတဲ့သူ စိတ်ချမ်းသာစရာကောင်းတဲ့သူ ရှိမယ်မထင်ဘူး။
ကောင်လေး သို့မဟုတ် ကောင်မလေး ရေ
ကိုယ်သာလျှင် ကိုယ့်ဘဝရဲ့ ပဲ့ကိုင်သူ အစစ်မို့
ကိုယ်လျှောက်ရမယ့် လမ်းကိုသာ ဖြည်းဖြည်း မှန်မှန်နဲ့ ယုံယုံကြည်ကြည်လျှောက်စမ်းပါ။
တစ်နေ့ ပန်းတိုင်မရောက်နိုင်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ဒါပေမဲ့ လမ်းတော့ မလွဲစေနဲ့။ဖြတ်လမ်းနည်းတွေမသုံးမိပါစေနဲ့။
#su#
— with Cho.~~ဘဝဆိုတာ အချိုးအကွေ့များတဲ့လမ်းတစ်ခုလ
ဖြောင့်ဖြူးတဲ့အချိန်ရှိသလို ခက်ခဲတဲ့အချိန်လည်း ရှိတယ်
အေးချမ်းတဲ့ အချိန်ရှိသလို မောပန်းရတဲ့အချိန်လည်းရ
သာယာတဲ့အချိန်ရှိသလို ပူလောင်ရတဲ့အချိန်လည်းရ
ဘယ်အခြေအနေ မှာမဆို ကိုယ်ရောက်နေတဲ့ဘဝကို လက်ခံနိုင်ရမယ်
~~မင်းအောင်မြင်နေချိန
မင်းရှုံးနိမ့်ချိန်မှာ ကူညီဖေးမမယ့်သူရှိသလို စိတ်ချမ်းသာနေမယ့်သူေ
ဘယ်လိုလူမျိုးနဲ့ကြုံ ကြုံ ဘယ်အခြေအနေတွေရောက်ေ
~~အရှုံးတွေကြုံ လာတိုင်း"ငါ့လောက်ကံဆိုး
တစ်ခါလဲကျတိုင်း ပန်းတိုင်နဲ့ ပိုနီးလာပါလား ဆိုပြီး အားတင်းရှေ့လျှောက်စမ်
ဝေဖန်သံ ကဲ့ရဲ့သံတွေက အချိန်အတိုင်းအတာ တစ်ခုအတွင်းရပ်တန့်သွား
~~မင်းသိထားရမှာက "ကိုယ့်ရဲ့ပျော်ရွှင်မှု ဝမ်းနည်းမှု စိတ်ချမ်းသာမှုတွေဟာ ကိုယ်တိုင်ပဲ ဖန်တီးလို့ရတဲ့အရာတွေပါ။သ
~~နေတတ်ရင် လောကကြီးက ကျေနပ်စရာပါ တဲ့
သူများစကားနားမယောင်ဘူး။န
မဖြစ်သေးတဲ့အနာဂတ်အတွက်
ကောင်လေး သို့မဟုတ် ကောင်မလေး ရေ
ကိုယ်သာလျှင် ကိုယ့်ဘဝရဲ့ ပဲ့ကိုင်သူ အစစ်မို့
ကိုယ်လျှောက်ရမယ့် လမ်းကိုသာ ဖြည်းဖြည်း မှန်မှန်နဲ့ ယုံယုံကြည်ကြည်လျှောက်စ
တစ်နေ့ ပန်းတိုင်မရောက်နိုင်ဘ
#su#
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။