Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Showing posts with label ဖေမြင့် -နှလုံးသားအာဟာရ. Show all posts
Showing posts with label ဖေမြင့် -နှလုံးသားအာဟာရ. Show all posts

Sunday, January 15, 2017

တစ်ဖက်သားကို အရမ်းအထင်သေးမထားနှင့်

 
 
တစ်ဖက်သားကို အရမ်းအထင်သေးမထားနှင့်
*************************

(၁၀) နှစ်အရွယ် ကောင်လေးတစ်ယောက် ဟိုတယ်ကော်ဖီခန်းထဲ ၀င်ကာစားပွဲတစ်လုံးမှာ ထိုင်သည်။

စားပွဲထိုးအမျိုးသမီး တစ်ယောက် သူ့ရှေ့ရောက်လာကာ ရေတစ်ခွက် ချပေးပြီးနောက်
သူဘာမှာမလဲ စောင့်ဆိုင်းနေသည်။

“အိုက်စ်ကရင်ဆန်းဒေးတစ်ခွက် ဘယ်လောက်လဲခင်ဗျ။”
“ဆင့် ၅၀ ပါ” စားပွဲထိုးက ဖြေသည်။

Thursday, November 17, 2016

" ဖြစ်အောင်လုပ်ပါ "

" ဖြစ်အောင်လုပ်ပါ "
******************

၁၉၅၇- ခုနှစ်က ကယ်လီဖိုးနီးယားတွင် (၁၀)နှစ်အရွယ် ကောင်လေးတစ်ယောက် ရည်မှန်းချက်ပန်းတိုင် တစ်ခု ချသည်။

အဲသည်အချိန်က အမေရိကန်ကြေးစား ဘောလုံး (ရပ်ဂဘီဘော) လောကတွင် ဂျင်(မ)ဘရောင်းသည် အကျော်ကြားဆုံး နောက်တန်းအလယ်လူဖြစ်သည်။ ပိန်တာရိုးကောင်လေးကသူ့အော်တိုလက်မှတ်လိုချင်
သည်။ သည်ရည်မှန်းချက် အောင်မြင်ရေးအတွက် ကောင်လေးမှာ ကျော်လွှားရမည့် အခက်အခဲတချို့ရှိ နေသည်။

Friday, March 18, 2016

တန်ဖိုးရှိတဲ့ ကျောက်စရစ်ခဲများ ( ဖေမြင့် ဘာသာပြန်သည်။ )

တန်ဖိုးရှိတဲ့ ကျောက်စရစ်ခဲများ ( ဖေမြင့် ဘာသာပြန်သည်။ )
-------------------------------
တစ်ခါက ခြေသလုံးအိမ်တိုင် နေထိုင်သူ လူမျိုးတစ်စုဟာ ညဘက် စခန်းချရပ်နားဖို့ ပြင်ဆင်နေတုန်း ရုတ်တရက် သူတို့နေရာကို အလင်းတန်းကြီးတစ်ခု ထိုးကျလာတယ်။ ဒါဟာတော့ ထက်ကောင်းကင်က တန်ခိုးရှင်တစ်ဦးပဲလို့ သူတို့ သဘောပေါက်လိုက်ပြီ။ ဘယ်လိုအရေးကြီးတဲ့ ဗျာဒိတ်တော်များ သူတို့အတွက် အထူးမြွက်ကြွားတော်မူလေမလဲလို့ မျှော်လင့်ကြီးစွာ စောင့်စားနားထောင် ကြတယ်။
အတန်ကြာပြီးနောက် အသံတော် ထွက်ပေါ်လာတယ်။

Sunday, February 21, 2016

_______ အဖေ _________

_______ အဖေ _________

ကျွန်တော်၎နှစ်သားတုန်းက။ ။
ငါ့ဖေဖေကြီး ဘာမဆို လုပ်တတ်တယ်။

၅နှစ် ... ငါဖေဖေကြီးမသိတာ ဘာမှမရှိဘူး။

၆နှစ် ... ငါ့အဖေကမင်းအဖေထက် တတ်တယ်ကွ။

၈နှစ် ... တို့အဖေက အကုန်လုံးတော့လည်း အတိအကျ မသိဘူး။

၁၀နှစ် ... အဖေတို့ ငယ်ငယ်တုန်းကနဲ့ အခုနဲ့က တခြားစီဘဲ။

Friday, February 12, 2016

.ကောင်လေးနဲ့ ခွေးလေး

.............ကောင်လေးနဲ့ ခွေးလေး..........
စတိုးဆိုင်ပိုင်ရှင်က ဆိုင်တံခါးဝမှာ ဆိုင်းဘုတ်အသစ်တစ်ခု ထပ်ချိတ်သည်။
``ခွေးပေါက်ကလေးများ ရောင်းရန်ရှိသည်´´တဲ့။

သည်ကြော်ငြာမျိုးကို ကလေးတွေ အလွန်စိတ်ဝင်စားသည်။ သူတို့က ခွေးချစ်တတ်သူများ မဟုတ်လား။ ခဏအကြာမှာပင် ကလေးတစ်ယောက် ဆိုင်ပေါက်ဝသို့ ရောက်လာသည်။
``ခွေးလေးတစ်ကောင် ဘယ်လောက်ရောင်းသလဲ ခင်ဗျ´´ သူက မေးသည်။
``ဒေါ်လာ ၃၀ က ၅၀ အထိ ဈေးအစားစားရှိတယ်´´ ဆိုင်ရှင်က ဖြေသည်။
ကောင်လေးက သူ့အိတ်ထဲမှာရှိသည့် ပိုက်ဆံအကြွေတွေ နှိုက်ထုတ်သည်။

အဲသည်လို အစ်ကိုမျိုး

အဲသည်လို အစ်ကိုမျိုး
================

ကျွန်တော့်သူငယ်ချင်း ပေါလ်မှာ ခရစ္စမတ်လက်ဆောင်အဖြစ် သူ့အစ်ကိုကြီးထံမှ ကားတစ်စီးရသည်။
ခရစ္စမတ်အကြိုနေ့မှာ သူ့ရုံးခန်းက ထွက်လာတော့ လမ်းဘေးမှာ ကောင်လေးတစ်ယောက်က တောက်ပသော သူ့ကားသစ်ကြီးကို သဘောကျစွာ လှည့်ပတ်ကြည့်နေတာမြင်ရသည်။
ကြည့်ရုံနှင့် အားမရသေးဟန်ဖြင့် ကောင်လေးက မေးသည်။

တစ်ကြိမ်မှာတစ်ခု

တစ်ကြိမ်မှာတစ်ခု
==============

ကျွန်တော်တို့ မိတ်ဆွေတစ်ယောက်က လူသူရှင်းသော မက္ကဆီကို ကမ်းခြေတစ်နေရာမှာ သူတွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်တစ်ခုကို ပြောပြသည်။
နေ၀င်ဆည်းဆာအချိန် ကမ်းခြေမှာ သူတစ်ယောက်တည်း လျှောက်သွားရင်းက ဟိုးအဝေး ဆီမှာ လူတစ်ယောက် လှမ်းမြင်ရသည်။
နည်းနည်းနီးလာတော့ ဒေသခံတစ်ယောက်ဖြစ်ကြောင်း သတိပြုမိသည်။

သတ္တိဆိုတာ

သတ္တိဆိုတာ
=======

“အဲဒီတော့ ရှင်က ကျွန်မကို သတ္တိရှိတယ်လို့ ယူဆတယ်ပေါ့” သူမက မေးသည်။
“ဟုတ်တယ်”
“အင်းလေ…………ဟုတ်ချင်လဲ ဟုတ်မှာပေါ့၊ ဒါပေမယ့် သတ္တိရှိတယ်ဆိုရင်လဲ အဲဒီလို ရှိလာအောင် နှိုးဆွပေး ခဲ့တဲ့ ပုဂ္ဂိုလ်တချို့ကြောင့်လို့ ဆိုရမှာပါ။
ပုဂ္ဂိုလ်တစ်ယောက်အကြောင်း ကျွန်မ ပြောပြပါ့မယ် ”

……………………………………………………

လက်ဆောင်

လက်ဆောင်
=========
ဘတ်စကားတစ်စီးပေါ်မှာ………
အဘိုးကြီးတစ်ယောက် ပန်းလှလှတစ်စည်း ကိုင်လျက် လိုက်ပါလာသည်။သူနှင့်လူသွားလမ်ခြားလျက် တစ်ဖက်ထိုင်ခုံမှာ မိန်းကလေးတစ်ယောက်ထိုင်နေသည်၊
ကောင်မလေးမျက်လုံးတွေက ပန်းတွေဆီပဲ တရစ်ဝဲ၀ဲဖြစ်နေသည်။
ခဏနေတော့ မှတ်တိုင်တစ်တိုင်မှာ ဘတ်စကားရပ်သည်။
အဘိုးကြီးက အလျင်စလိုထကာ ပန်းစည်းကို ကောင်မလေးလက်ထဲထိုးထည့်သည်။`ယူပါကွာ၊ မင်းကြည့်ရတာ ပန်းသိပ်ချစ်ပုံရတယ်၊ မင်းကို ပေးခဲ့တဲ့အကြောင်း သိရရင် အဘဇနီးကလည်း ၀မ်းသာမှာပါ၊ အဘသူ့ကိုပြောပြလိုက်ပါ့မယ်´

ထိုအပြုံး

ထိုအပြုံး
=======
ပြင်သစ်စာရေးဆရာ အန်တွိုင်း ဆန်တက်ဇူပေရီ၏`မင်းသားလေး´(The Little Prince) ၀တ္ထုကို စာသမားအတော်များများသိကြပါသည်။ကလေးများအတွက် နှစ်ခြိုက်ဖွယ်ပုံပြင်တစ်ပုဒ်ဖြစ်သကဲ့သို့ လူကြီးများအတွက် အတွေးပွားစေသော စာတစ်အုပ်လည်းဖြစ်ကြောင်း ဖတ်မိသူတို့လေးစားသိမှတ်ခဲ့ကြပါသည်။
`မင်းသားလေး´ကိုသိသော်လည်း ဆန်တက်ဇူပေရီ၏ အခြားဝတ္ထုတို - ရှည်များကိုကား သိသူနည်းလှပါသည်။

နပိုလီယန်နှင့် သားမွေးဆိုင်ပိုင်ရှင်

နပိုလီယန်နှင့် သားမွေးဆိုင်ပိုင်ရှင်
==================
ဒေါသဖြင့်လည်း နောက်ကြောင်းပြန်မလှည့်နှင့်၊
ကြောက်စိတ်ဖြင့်လည်း ရှေ့ရေးမတွေးတောနှင့်၊
ပညာသတိဖြင့်သာ
ဝန်းကျင်ကိုရှုမြင်ပါ။
(ဂျိမ်းစ်သာဗာ)

လမ်းမသိသောယင်ကောင်

လမ်းမသိသောယင်ကောင်
==============
မီလ်ခရော့(ဖ)စားသောက်ဆိုင်၏ တိတ်ဆိတ်ငြိမ်သက်သော အခန်းတစ်ခုထဲမှာ ကျွန်တော်ထိုင်နေသည်။ စားသောက်ဆိုင်က တိုရွန်တိုမြို့ပြင်ဘက် တစ်နာရီခရီးလောက်မှာရှိနေသည်။ ထင်းရှူးပင်များကြားမှာ ပုန်းလျှိုးတည်ရှိသည့်ငြိမ်းချမ်းသောနေရာကလေး။

သို့သော် ကျွန်တော်နှင့် သုံးလေးပေအကွာလောက်မှာ သေရေးရှင်ရေးတမျှ အမောတကောကြိုးပမ်းရုန်းကန်နေသံတစ်ခု ကျွန်တော်ကြားနေရသည်။
ယင်ကောင်လေးတစ်ကောင် ပြတင်းမှန်ချပ်ကိုဖောက်ထွက်နိုင်ရန် အသည်းအသန်ကြိုးစားနေခြင်းပင်။ သူ့ခန္ဓာကိုယ်၌ ကြွင်းကျန်သမျှ စွမ်းအားကို ဖြစ်နိုင်စရာမရှိသည့် သည်အရေးကိစ္စကြီးအတွက် သူဖြုန်းတီးနေသည်။

ဆပ်ကပ်

ဆပ်ကပ်
=======

လူကောင်းတစ်ယောက်ရဲ့ဘ၀မှာ အကောင်းဆုံးအစိတ်အပိုင်းဆိုတာ
မကြီးမကျယ်တဲ့၊အမည်မဖော်တဲ့၊အမှတ်တရပြုမနေတဲ့
အကြင်နာ၊မေတ္တာ အပြုအမူလေးများပါ။

ဝီလျံဝါ့ဒ်စ၀ပ်
ကျွန်တော် လူပျိုပေါက်အရွယ်လောက်ကဖြစ်သည်။အဖေနှင့်ကျွန်တော် ဆပ်ကပ်ပွဲအတွက် လက်မှတ်တန်းစီနေကြသည်။ အတော်ကြာ စောင့်ဆိုင်းပြီးသည့်နောက်တွင် လက်မှတ်ပေါက်နှင့် ကျွန်တော်တို့ကြားမှာ မိသားစုတစ်ခုသာကျန်လေသည်။
သည်မိသားစုကိုကြည့်ပြီး ကျွန်တော်သဘောကျနေမိသည်။